အခန်း ၅ တစ်ဖက်သားအား သူ့ ဂုဏ်ကိုသူ ပြန်ဆယ်ပါစေ
နှစ်ပေါင်းအတော်ကြာလောက်က ဂျင်နရယ် အီလက်ထရစ် ကုမ္ပဏီတွင် ဌာနတစ်ခုကို အုပ်ချုပ်စီမံလျက်ရှိသူတစ်ဦးအား အလုပ်မှ ထုတ်ပစ်ရမည့်ကိစ္စ အကျပ်အတည်းတစ်ခုနှင့် ပက်ပင်း တွေ့ကြုံလျက်ရှိ၏။ အုပ်ချုပ်စီမံလျက်ရှိသူမှာ စတိန်းမက် ” ဖြစ်လေသည်။ သူသည် လျှပ်စစ်ဖက်ဆိုင်ရာတွင် ပထမတန်းစား ပါရဂူကြီးပင် ဖြစ်လင့်ကစား သူ အုပ်ချုပ်လျက်ရှိသော အတွက်အချက်ဘက် ဆိုင်ရာဌာနတွင် အပိုသက်သက်ဖြစ်နေ၏။ သို့ရာတွင် ထိုကုမ္ပဏီတွင် သူ မရှိလျှင် မဖြစ်သောကြောင့် တစ်ကြောင်း၊ စိတ်လည်း အလွန်ထိခိုက်လွယ် သောကြောင့်တစ်ကြောင်း သူ့ကို စိတ်ဆိုးအောင် မလုပ်ဝံ့ချေ။ ထို့ကြောင့် နည်းတစ်နည်းကို ကြံပြီးလျှင် “ဂျင်နရယ် အီလက်ထရစ်ကုမ္ပဏီ၏ အတိုင်ပင်ခံ အင်ဂျင်နီယာ ́ဟူသော ဘွဲ့ထူးအသစ်ကို ပေးပြီးလျှင် သူ့ နေရာဟောင်းတွင် အခြား သင့်တော်သူတစ်ယောက်အား ခန့်ထားလိုက်လေသည်။
ဘွဲ့ ထူးသစ်ကိုရသဖြင့် စတိန်းမတ်သည် ဝမ်းသာ၏။ စကားမများရဘဲ သူတို့လိုရင်းကို ရောက်သဖြင့် ကုမ္ပဏီ၏ အမှုဆောင်များလည်း ဝမ်းသာကြ ၏။
တစ်ဖက်သားအား သူ ၏ ဂုဏ်ကို ပြန်၍ ဆယ်နိုင်အောင်ပြုလုပ်ပေးခြင်း သည် မည်မျှ အရေးပါသလဲ။ သို့ပင်ဖြစ်ငြားသော်လည်း ထိုနည်းသည် အရေးကြီးမှန်းကို ဘယ်နှစ်ဦးလောက် သိရှိပါသလဲ။ ကျွန်ုပ်တို့သည် တစ်ဖက် သားတို့ မည်ကဲ့သို့ စိတ်ထဲတွင် ထိခိုက်သွားမည်ကို ဂရုမစိုက်၊ ကိုယ့်လိုဘ o Steinmetz. .
ပြည့်အောင်သာ ကြိမ်းလိုက် မောင်းလိုက် အပြစ်ပြောလိုက်၊ ကလေးကလေးများ – လိုပင် အပြစ်တင်လိုက်၊ တစ်ဖက်သားရဲ့ ဂုဏ်ကို ဘယ်လောက်ပင် ထိခိုက် သွားစေကာမူ ဂရုမစိုက်ဘဲ ကိုယ့်လက်အောက်ငယ်သားများကို သူစိမ်းတစ်ရံစာ လူများ ရှေ့တွင် အော်လိုက်ငေါက်လိုက် လုပ်တတ်ကြလေသည်။ ဤသို့ ပြုလုပ်မည်ကြံ လျှင် တစ်မိနစ်လောက် ဆိုင်းငံ့ပြီးနောက် ဆင်ခြင်တုံတရားကို လက်ကိုင်ထား၍ တစ်ဖက်သား၏ အကြောင်းကို ကောင်းစွာ စုံစမ်းကာ ထောက်ထားညှာတာသော စကားကလေး တစ်လုံးနှစ်လုံးကို သုံးလိုက်မိပါမူ တစ်ဖက်သားမှာ များစွာ အခံရသက်သာပေလိမ့်မည်။ . နောက်တစ်ကြိမ် ကျွန်ုပ်တို့၏ အစေခံများကိုသော် လည်းကောင်း၊ အလုပ်သမား တစ်ဦးဦးကိုသော် လည်းကောင်း အလုပ်မှ ထုတ်ပစ်ကြရမည် ဖြစ်သောအခါ ဤစကားများကို ကောင်းစွာ သတိရပါစေ။
မာရှယ် အေ ဂရန်းဂါး”ဆိုသူ စာရင်းစစ် အရာရှိတစ်ဦးသည် ကျွန်ုပ်ထံသို့ အောက်ပါအတိုင်း စာတစ်စောင် ရေးသားဖူးလေသည်။ ‘မိမိ၏ အလုပ်သမားများကို အလုပ်ထုတ်ခြင်းသည် စိတ်မချမ်းသာစရာ ကောင်းသော အလုပ်တစ်ခုဖြစ်လေသည်။ အလုပ် ထုတ်ခံရလျှင် သာ၍ပင် စိတ်မချမ်းသာစရာ ကောင်းဦးမည် ဖြစ်၏။ ကျွန်ုပ်တို့၏ အလုပ်သည် များသောအားဖြင့် ရာသီအလိုက် လုပ်ရသော အလုပ်မျိုး ဖြစ်လေသည်။ ထို့ကြောင့် မတ်လလောက်ကျလျှင် အလုပ်သမားများကို တစ်ပြုံကြီး ထုတ်ပစ် ရလေသည်။
သူများကို အလုပ်ဖြုတ်ပစ်ရသည့် အလုပ်ကို မည်သူမျှ မလုပ်ချင်” ဟူသော စကားသည် ကျွန်ုပ်တို့၏ နှုတ်ဖျားတွင် သီးလျက်ရှိ၏။ ထို့ကြောင့် ထိုစိတ်မချမ်းသာစရာ အလုပ်ကို ကြာရှည်ဆွဲမနေကြဘဲ အောက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်လေသည်။ “ကဲ မစ္စတာ ဆမစ်ထိုင်ပါဦး၊ အလုပ်လုပ်ချိန် တော့ ကုန်သွားပြီ၊ ခင်ဗျားအတွက် အလုပ်မရှိတော့ဘူး၊ ခင်ဗျားကို အလုပ် ကျတဲ့လအတွက်သာ ငှားထားတယ်ဆိုတာ ခင်ဗျား အသိပဲ မဟုတ်လား” အစရှိသည်ဖြင့် ပြောပြီးလျှင် အလုပ်ရပ်စဲလိုက်လေသည်။
ဤသို့ အလုပ်ရပ်စဲခြင်းခံရသော သူများသည် အတော်စိတ်ပျက် ကြ၏။ ထိုလူများသည် စာရင်းစစ်အလုပ်တွင်တစ်သက်လုံးလုပ်လာကြသော သူများဖြစ်ရာ သူတို့ကို ဤကဲ့သို့ ခပ်လွယ်လွယ်ပြောကာ ထုတ်ပစ်သော အလုပ်တိုက်ပေါ်တွင် ခင်မင်တွယ်တာလိုသောစိတ်များ ကုန်ခန်းကြလေသည်။ . ထိုအလုပ်ကျသည့် လများတွင် ခေါ်ထားသည့် စာရင်းစစ်များအား အလုပ်ရပ်စဲရမည့်အခါ သူတို့ကို ခင်ခင်မင်မင်ဖြစ်အောင်ပြောဆိုပြီးမှ အလုပ် ရပ်စဲရန် အကြံပြုမိ၏။ ထို့ကြောင့် သူ့တို့ကို တစ်ယောက်စီ အခန်းထဲသို့ခေါ်ခါနီး တွင် သူတို့လုပ်ခဲ့သည့် အလုပ်ကို သေချာစွာ စစ်ဆေး၏၊ ထိုသို့ပြုလုပ်ပြီးမှ ထိုသူသည် အလုပ်ကောင်းလျှင် “မစ္စတာစမစ်၊ ခင်ဗျားလုပ်ခဲ့တဲ့အလုပ်က အင်မတန်ကောင်းတယ်၊ ခင်ဗျားကို နယူးဝပ်ကို ပို့လိုက်တုန်းက အတော်ကလေး မှားသွားတာပဲ၊ အလုပ်က အလွန်ခက်ပေမယ့် ခင်ဗျားကိုယ်တိုင် အင်မတန် ကောင်းအောင် လုပ်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့ ကုမ္ပဏီဟာ ခင်ဗျားရဲ့ အလုပ်ပေါ်မှာ အင်မတန် ဂုဏ်ယူကြောင်းကို ခင်ဗျားသိစေချင်တယ်။ ခင်ဗျားမှာ အရည်အချင်းတော့ ရှိပြီ၊ ဒီအရည်အချင်းနဲ့ဆိုရင် ဘယ်မှာပဲ အလုပ်ကိုလုပ်လုပ် ရှေ့ကို အပုံကြီး ကြီးပွားဖို့ ရှိတာပဲ။ ဒီကုမ္ပဏီက ခင်ဗျားရဲ့ အလုပ်ကို အင်မတန် စိတ်ချတယ်၊ ခင်ဗျားကို ထားနိုင်တဲ့အခါမှာ ပြန်ထားဖို့ အမြဲတမ်း ကြံစည်လျက်ရှိပါတယ်၊ ဒီအကြောင်းကိုလဲ ဘယ် . တော့မှ မမေ့ပါနှင့်” အစရှိသဖြင့် ကောင်းမွန်စွာ ပြောပြလိုက်၏။
ဤကဲ့သို့ ပြောလိုက်သောအခါ ထိုလူများ၏ စိတ်ထဲတွင်ဘယ့်နှယ် ဖြစ်သွားသလဲ။ သူတို့တွင် တမင်သက်သက် အညှဉ်းခံရသည် ဟူသော စိတ်ထားများ မရှိကြတော့ပါ။ အကယ်၍ ကျွန်ုပ်တို့မှာသာ အလုပ်ရှိခဲ့ပါလျှင် သူတို့ကိုဆက်၍ ခန့်ထားမှာပဲဟု ယုံကြည်လျက်ရှိကြ၏။ ထို့ကြောင့် သူတို့ကို ခိုင်းရန် အလုပ်များ ပေါ်လာကြသောအခါ ကျွန်ုပ်တို့ထံသို့ ချစ်ချစ်ခင်ခင် နှင့်ပင် ပြန်လာကြလေသည်။
ကွယ်လွန်သူ ဒွိုက် မောရိုး” တွင် တစ်ဦးနှင့်တစ်ဦး သတ်မတတ် ဖြတ်မတတ်ဖြစ်နေသော ရန်သူများကို တည့်အောင် လုပ်ပေးနိုင်သည့် အစွမ်း ကောင်း တစ်ခု ရှိလေသည်။ မည်ကဲ့သို့ တည့်အောင် လုပ်ပေးသနည်း။ နှစ်ဦးနှစ်ဖက်စလုံး၏ မှန်ကန်၍ တရားသောအချက်များကို တွေ့အောင်ရှာဖွေပြီး နောက် ထိုအချက်များကို အထူးဂရုပြု၍ ချီးကျူးပြီးလျှင် ထိုအချက်များကို ထင်ရှားအောင်ပြုလုပ်၏။ မည်ကဲ့သို့ပင် စေ့စပ်၍ ပြီးစီးသွားသည် ဖြစ်စေ မည်သည့်ဘက်ကိုမျှ မှားသည်ဟု မစွပ်စွဲချေ။
ဤကဲ့သို့ တစ်ဖက်သားအား မိမိ၏ ဂုဏ်ကို ပြန်၍ ဆယ်နိုင်အောင် ပြုလုပ်ပေးသောနည်းသည် ကြားဖြန်သူတိုင်းလက်ကိုင်ထားသော နည်းဖြစ်လေ သည်။
. ကမ္ဘာ့ထိပ်တန်းသို့ရောက်နေသော လူကြီးများသည် တစ်ဖက်သားကို နှိမ်ပြီးလျှင် မိမိတို့၏ ဂုဏ်ပုဒ်များကို ချီးကျူးခြင်း မပြုကြပေ။ သာဓက တစ်ခု ထုတ်၍ ပြပါအံ့။
လူတစ်မျိုးနှင့် တစ်မျိုး နှစ်ပေါင်းရာပေါင်းများစွာ အပြင်းအထန်တိုက်ခိုက် ခဲ့ကြပြီးနောက် တူရကီ လူမျိုးတို့သည် ဂရိလူမျိုးများကို သူတို့ပိုင် တူရကီ မြေပြင်မှ တစ်ခါတည်း နှင်ထုတ်ပစ်ရန် သံန္နိဋ္ဌာန်ချလိုက်၏။
တူ ရကီတို့၏ ခေါင်းဆောင် မူစတာဖာ ကီးမာ” သည် သူ၏ စစ်သား များသို့ “သင်တို့၏ နောက်ဆုံး ချီတက်ရမည့် စခန်းသည် မြေထဲ ပင်လယ် ကမ်းခြေပင် ဖြစ်လေသည်”ဟု စိတ်ကို မြှင့်တင်ပေးပြီးလျှင် ဂရိ လူမျိုးတို့နှင့် စစ်မက် အကြီးအကျယ်တိုက်ခိုက်ကြ၏။ ထိုစစ်ပွဲတွင် တူရကီဘက်မှ နိုင်၍ ဂရိလူမျိုးတို့၏ စစ်ဗိုလ်ကြီးများဖြစ်သော ထရိကောက်ပစ်” နှင့် ဒိုင်အွန်နစ် ၅ တို့သည် လက်နက်ချရန် ကမာရှိရာစခန်းသို့ လာခဲ့ကြရာ တူရကီ ပြည်သူ ပြည်သားတို့သည် စစ်ရှုံးသော ဂရိစစ်သားတို့ကို အမျိုးမျိုးကျိန်ဆဲကြ၏။
သို့ရာတွင် ကြီးမာမှာမူကား စစ်နိုင်သည့် လက္ခဏာကို အရိပ်အမြွက်မျှ မပြခဲ့ချေ။
ထို့ကြောင့် သူ၏ အခန်းထဲသို့ ဂရိ စစ်ဗိုလ်ကြီးများဝင်လာသောအခါ . သူကိုယ်တိုင် လက်ဆွဲနှုတ်ဆက်လျက် ခရီးဦးကြိုပြုကာ “ထိုင်ကြပါ၊ ထိုင်ကြပါ။ အတော်ပဲ ခရီးပန်းလာကြတယ်ထင်တယ်”ဟု ပြော၏။ အနည်းငယ် တိုင်ပင် ဆွေးနွေးပြီးနောက် “စစ်ပွဲဆိုတာ ကစားသလိုပဲ၊ တစ်ခါတလေလဲ အတော်ဆုံး လူတွေဟာ ရှုံးကြတာမျိုးပဲ” ဟူ၍ စစ်သား တစ်ဦးက စစ်သား တစ်ဦးသို့ • ပြောသည့် အနေမျိုးဖြင့် ပြောလေသည်။ ။
စစ်အကြီးအကျယ် နိုင်နေစဉ်ပင် ကီးမာသည် ဤဥပဒေသ အမှတ် ၊ ၅ ကို သတိရသေး၏။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ထိုဥပဒေသသည်ကား တစ်ဖက်သားအား သူ့ဂုဏ်ကိုသူ ပြန်ဆယ်ပါစေ