အခန်း ၆ အောင်မြင်ရန် တွန်းတင်ပေးနည်း
ကျွန်ုပ်သည် ပိဘာလိုနှင့် သိကျွမ်းခဲ့ဖူး၏။ သူ့တွင် မြင်းနှင့် ခွေးဆပ်ကပ် တစ်ခုရှိ၍ ဆပ်ကပ်ပွဲ – များ ပြပွဲကြီးများနှင့် တစ်သက်လုံးလှည့်လည်လျက် ရှိလေသည်။ သူ၏ ခွေးများကို သူကိုယ်တိုင် သင်ကြားပြသလျက် ရှိစဉ် ထိုင်၍ ကြည့်ရသည်မှာ အလွန် နှစ်သက်စရာ ကောင်းပေသည်။ အကယ်၍ ခွေးတစ်ကောင်သည် တိုးတက်လာသည့် လက္ခဏာအနည်းငယ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ပိသည် ထိုခွေးကို ကျောသပ်ရင်သပ်ပြုလုပ်ပြီးလျှင် အစားအသောက် များကျွေး၊ နောက်ထပ် ကြိုးစားချင်အောင် ချီးကျူးလျက် ရှိ၏။
ဤနည်းသည်အဆန်းမဟုတ်ပါ။ တိရစ္ဆာန်များကို သင်ကြားပြသပေး ရသော သူတိုင်းပင် ကမ္ဘကမ္ဘာက စပြီးလျှင် ဤနည်းကို အသုံးပြုခဲ့ဖူးလေသည်။ သို့ဖြစ်ရာ ခွေးများကို ပြုပြင် ပြောင်းလဲရန်အတွက် သုံးသော နည်းများကို လူ အများအား ပြောင်းလဲပြုပြင်ရန်အတွက် အဘယ့်ကြောင့်မသုံးကြသနည်းဟု ကျွန်ုပ်စဉ်းစား၍ မရအောင် ဖြစ်ခဲ့၏။ ခွေးများကို ပြုပြင်ရာ၌ ကျာပွတ်အစား အမဲ သား ငါးကို အဘယ့်ကြောင့် မသုံးဘဲ နေမည်နည်း။ ပြစ်တင်မောင်းမဲမည့် အစား ချီးကျူးခြင်းကို အဘယ့်ကြောင့် မသုံးဘဲ နေမည်နည်း။ တိုးတက်လာသည့် အရိပ် နမိတ်အနည်းငယ်လောက် ပြလျှင်ပင် ကျွန်ုပ်တို့သည် ချီးကျူးကြပါစို့။ ဤနည်းသည် တစ်ဖက်သားကို တိုးတက်သည်ထက် တိုးတက်လာအောင် ကြိုးစားရန် တွန်းတင်ပေးမည် ဖြစ်၏။
ဆင်းဆင်း” ထောင်ကဲ့သို့ အလွန့်အလွန်ဆိုးသွမ်းသောရာဇဝတ်သားများ၊ နေထိုင်ကြသည့်နေရာမျိုး၌ပင်လျှင် အနည်းငယ် တိုးတက်လာသည့်လက္ခဏာကို ပြသည်နှင့် တစ်ပြိုင်နက် ချီးမွမ်းလိုက်ခြင်းသည် အလွန် တာသွားသည့် အကြောင်းကို ထောင်ပိုင် လူဝီ အီ လောစ် ကိုယ်တိုင်တွေ့ခဲ့ဖူး၏။ ထို့ကြောင့် ကျွန်ုပ်ထံသို့ ပေးလိုက်သော စာတစ်စောင်တွင် “အကျဉ်းသမားများ၏ အကူအညီကို ရရန်နှင့် သူတို့ကို လူကောင်း ပကတိ ပြန်၍ ဖြစ်လာအောင် ပြုလုပ်ရန်အတွက် သူတို့၏ ကြိုးစားချက်များကို ကြမ်းတမ်းစွာ ပြစ်တင်မောင်းမဲ ခြင်းထက် သင့်တော်သော ချီးကျူးခြင်းက ပို၍ ခရီးရောက်သည်ကို ကျွန်ုပ် တွေ့ခဲ့သည်” ဟု လောစ်သည် ထုတ်ဖော် ရေးသားထားလေသည်။
ကျွန်ုပ်သည် ဆင်းဆင်းထောင်သို့ တစ်ခါမျှ မကျဖူးပါ။ ယနေ့ထက်တိုင် မကျသေးဘူးဆိုပါတော့။ သို့ရာတွင် ကျွန်ုပ် လူမှန်းသိသည့်နေ့ကစ၍ လွန်ခဲ့ သော ရက်များကို ပြန်ကြည့်လိုက်လျှင် ချီးမွမ်း စကားကြောင့် ကျွန်ုပ်၏ နောင်ရေးမှာ တစ်မျိုးတစ်ဖုံ တိုးတက်ကောင်းမွန်လာသည်ကို ယခုထက်တိုင် မြင်နိုင်ပါသေးသည်။ သင်သည်လည်း သင့်ကိုယ်ကိုကျွန်ုပ်ကဲ့သို့ မပြောနိုင်ပေ ဘူးလား။
သာဓက တစ်ခုကို ထုတ်ဆောင်၍ ပြပါဦးအံ့။ နှစ်ပေါင်း ၅၀ လောက်က အသက် ဆယ်နှစ်အရွယ် လူမမယ်လေးတစ်ဦးသည် နေပယ် မြို့ရှိ အလုပ်ရုံ တစ်ခုတွင် အလုပ်လုပ်လျက်ရှိ၏။ သူသည် သီချင်းဆိုသမားတစ်ဦးအဖြစ်ဖြင့် အသက်မွေးလို၏။ သို့ရာတွင် သူ၏ ဆရာသည် “ဟေ့ မင်း သီချင်း မဆိုနိုင် ပါဘူးကွာ၊ မင်းအသံဟာ ကောင်းတာလဲ မဟုတ်ဘူး၊ တရုတ်ကပ်ကြားထဲက လေတိုးဝင်နေတဲ့ အသံလိုပဲ”ဟု ပြောပြီးလျှင် ထိုသူငယ်၏ အကြံကိုဖျက်၏ ။
သို့ရာတွင် ‘ မိခင်ဖြစ်သူ တောသူမကြီးက “ငါ့သား အားမငယ်နဲ့၊ ဘယ်သူဘာပြောပြော ငါ့သားရဲ့ အသံဟာ ကောင်းတယ်၊ စိတ်မပျက်ပါနဲ့ကွယ်” ဟု မိမိသားငယ်ကို ယုယပိုက်ထွေး အားပေးစကားကို ပြောကြားပြီးလျှင် on ထိုသားငယ်အား ဂီတပညာသင်ကျောင်းတွင် သင်ကြားနိုင်စေရန်အတွက် မိခင်ကိုယ်တိုင် အပင်ပန်းခံ၍ စရိတ်စကကို ရှာဖွေထောက်ပံ့၏။ ထိုမိခင်၏ ချီးမွမ်းခြင်း အားပေးစကား ပြောကြားခြင်းတို့သည် ထိုသူငယ်ကလေး၏ နောင်ရေးကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေလေသည်။ ထိုသူငယ်၏ အကြောင်းကို သင်သည် ကြားဖူးကောင်း ကြားဖူးပေမည်။ သူ့နာမည်သည် ကရူးဆိုး ဖြစ်လေသည်။
နှစ်ပေါင်းအတော်ကြာလောက်က လန်ဒန်မြို့ရှိသူငယ်တစ်ဦးတွင် စာရေးဆရာ ဖြစ်ချင်သောဆန္ဒ ပြင်းပြစွာ ရှိ၏။ သို့ရာတွင် စာရေးဆရာဘဝနှင့် ထိုသူငယ် တို့၏ စပ်ကြားတွင် ပင်လယ်ခြားလျက် ရှိ၏။ ခြားနေပုံကို ပြောပြပါအံ့။ ထိုသူငယ်သည် စာဆို၍ လေးတန်းအထိသာသင်ကြားဖူးလေသည်။ သူ့ဖခင် ဖြစ်သူမှာလည်း ကြွေးမပေးနိုင်သောကြောင့် ထောင်ကျလျက် ရှိ၏။ ထိုသူငယ် ကိုယ်တိုင်လည်း ထမင်းကိုပင် နပ်စေ့အောင် မစားရပေ။ နောက်ဆုံး၌ အလွန် ကြွက်ထူထပ်ပေါများသော ဂိုထောင်တစ်ခုတွင် ပုလင်းတံဆိပ်ကပ်နေ ရသော အလုပ်တစ်ခုကို ရရှိ၏။ ညဘက်တွင်လန်ဒန်မြို့ရှိ အခြားတေလေကလေး နှစ်ဦးနှင့်အတူ အလွန်ညစ်ပေနေသော အခန်းထဲ၌ အိပ်ရ၏။ သူ့အရေးအသားကို သူကိုယ်တိုင် စိတ်မချသောကြောင့် မည်သူမျှ ဝိုင်း ၊ မလှောင်နိုင်အောင် ညဉ့်နက်သန်းခေါင် လူခြေတိတ်ချိန်တွင် တစ်ယောက်တည်း တိတ်တဆိတ်ထ၍ သူ့ဝတ္ထုများကို သတင်းစာတိုက်များသို့ ပို့ရန် စာတိုက်ပုံးထဲသို့ထည့်လေ့ရှိ၏။ သူ့ဝတ္ထုများသည် တစ်ခုပြီးတစ်ခု ပယ်ချခြင်း ခံရခဲ့လေသည်။ နောက်ဆုံးတွင် သူ၏ ဝတ္ထုတစ်ခုကို သတင်းစာတိုက် တစ်တိုက်မှ လက်ခံလိုက်၏။ ထိုဝတ္ထု အတွက် ပိုက်ဆံတစ်ပြားမျှ မရချေ။ သို့ရာတွင် ထိုဝတ္ထုကို ရွေးချယ်လိုက်သော အယ်ဒီတာသည် သူ့ကိုချီးမွမ်းလိုက်၏။ သူ၏ စွမ်းရည်သတ္တိကိုအသိအမှတ် ပြုလိုက်၏။ ဤကဲ့သို့ အသိအမှတ်ပြုခြင်းခံရသဖြင့် ဝမ်းသာလုံးဆို့နေသော ကြောင့် သူ့ပါးပေါ်သို့ မျက်ရည်များ စီးကျလျက် ခြေဦးတည့်ရာသို့ အတော်ကြာစွာ လျှောက်နေမိ၏။
သူ့ဝတ္ထုတစ်ပုဒ်ကို ရွေးချယ်လိုက်ခြင်းဖြင့် သူ ရရှိသော ချီးမွမ်းခြင်း၊ သူ့ အရည်အချင်းကို အသိအမှတ်ပြုခြင်းတို့သည် သူ၏ နောင်ရေးကို လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်၏။ အကယ်၍သာ ဤကဲ့သို့ ချီးမွမ်းခြင်းကို မခံခဲ့ရပါလျှင် သူ့တစ်သက်လုံးကြွက်ပေါသော အလုပ်ရုံများထဲတွင် ပုလင်း တံဆိပ်ကပ်ခြင်းဖြင့် အချိန်ကုန်ရတော့မည်ဖြစ်၏။ ထိုသူငယ်၏ အကြောင်း ကိုလည်း သင် ကြားဖူးကောင်း ကြားဖူးပေမည်။ သူ့နာမည်မှာ ကမ္ဘာကျော် . ဝတ္ထုရေးဆရာကြီး များ ဒစ်ကင်း” ပင် ဖြစ်လေသည်။ ။
. နှစ်ပေါင်း ၅ဝ လောက်က လန်ဒန်မြို့ရှိ ကုန်တိုက်တစ်တိုက်တွင်စာရေး , အလုပ်ကို လုပ်နေသော သူငယ်တစ်ဦး ရှိလေသည်။ သူသည် နံနက် ငါးနာရီ အချိန်တွင် ထ၍ ကုန်တိုက်ကို တံမြက်စည်းလှဲပြီးနောက် တစ်နေ့လျှင် ၁၄ နာရီကျ ပင်ပန်းကြီးစွာ အလုပ်လုပ်ရသည်။ ထိုအလုပ်သည် အလွန်ငြီးငွေ့ဖွယ်ရာ ကောင်းသောကြောင့် သူသည် ထိုအလုပ်ကို အလွန် ရွံရှာ မုန်းတီးလေသည်။
နှစ်နှစ်လောက် ကြာသောအခါ ထိုအလုပ်ကို ကြာရှည် သည်းမခံနိုင်တော့ သဖြင့် တစ်နေ့နံနက်တွင် အိပ်ရာမှ ခပ်စောစောထ၍ နံနက်စာ စားပြီးသည် တိုင်အောင်မစောင့်ဘဲ ၁၅ မိုင်မျှဝေးသော အရပ်ရှိ သူများအိမ်တွင် အငှား | လုပ်နေရရှာသော မိခင်ထံသို့ ခြေကျင် လျှောက်သွား၏။ .. သူ့မိခင်သို့ အကြောင်းအလုံးစုံ ပြောပြီးလျှင် စိတ်ထဲတွင် အောင့်၍ မထားနိုင်သောကြောင့် ရှိုက်ကြီးတငင် ငိုကြွေး၏။ ထိုဆိုင်တွင် အလုပ်ပြန်လုပ် ရလျှင် သူ့ကိုယ်သူ သတ်သေမည် ဟူ၍လည်း သူ့မိခင်ကို ပြောပြ၏။ ထို့နောက် သူသည် လောကကြီးကို ငြီးငွေ့သဖြင့် အသက်ရှင်၍ မနေချင် တော့ကြောင်း သူ၏ ဆရာဟောင်းထံသို့ သနားစဖွယ် ရှည်လျားသော စာတစ်စောင်ကို ရေးသားလိုက်၏။ သူ၏ ဆရာသည် သူ့ကို ခေါ်ပြီးလျှင် “ငါ့တပည့်လိုဉာဏ်မျိုးနဲ့ စာရေးအလုပ်နဲ့လဲ မတော်ပါဘူးကွာ၊ ဒါထက် အလုပ်ကောင်း မရသေးခင် ဆရာ့ကျောင်းမှာပဲ ဆရာ ဝင်လုပ်သေးတာပေါ့” အစရှိသည်ဖြင့် ချီးကျူး၍ သူ့ကို ဆရာခန့်လိုက်၏။ ဤကဲ့သို့ ချီးကျူးလိုက် ခြင်းသည် ထိုသူငယ်၏ နောင်ရေးကို တစ်မျိုးတစ်ဖုံ ပြောင်းလဲလိုက်သဖြင့် အင်္ဂလိပ်စာပေသမိုင်းတွင် စာတင်ရမည့်သူတစ်ဦး ထွန်းကားပေါ်ပေါက်လာ ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူငယ်သည် ထိုအချိန်အခါကစ၍ ယနေ့အထိ စာအုပ် ၇၇ အုပ်ထက်မနည်း ရေးသားခဲ့ပြီးလျှင် ထိုစာအုပ်များမှ ဒေါ်လာငွေတစ်သန်းကျော် ရရှိပြီးသောကြောင့်ပင် ဖြစ်လေသည်။ သူ့အကြောင်း ကိုလည်း သင်သည် ကြားဖူးကောင်း ကြားဖူးပေမည်။ သူ့နာမည်သည် ၊ အိပ်ချ် ဂျီဝဲ” ဖြစ်လေသည်။
၁၉၂၂ ခုနှစ်လောက်က ကယ်လီဖိုးနီးယားတွင် ဆင်းရဲသော လင်မယားနှစ်ဦး ရှိ၏။ ယောက်ျားလုပ်သူသည် တနင်္ဂနွေနေ့များတွင် ဘုရားရှိခိုးကျောင်းတစ်ခု၌ – ဘုရားရှိခိုးသီချင်းများကို သီဆိုရလေသည်။ တစ်ခါတစ်ရံ မင်္ဂလာဆောင်များ ရှိလျှင်လည်း “ယုံပါကွယ် မောင့်သက်လှယ်” ကဲ့သို့သော သီချင်း ကို သီဆိုသဖြင့် ဒေါ်လာငါးပြားလောက် ရလေသည်။ သူသည် အလွန်ဆင်းရဲလွန်းသောကြောင့် မြို့ထဲတွင် မနေနိုင်ရှာဘဲ ́ စပျစ်သီးခြံ၏ အလယ်တွင် ဆောက်ထားသော အိမ်စုတ်ကလေးတစ်ခုတွင် ငှား၍နေရလေသည်။ သူ၏ အိမ်လခမှာ တစ်လမှ ၁၂ ဒေါ်လာခွဲသာ ပေးရသော်လည်း မှန်မှန်မပေးနိုင်သောကြောင့် ၁၀ လခ လောက် သူ့အပေါ်တွင် အကြွေးတင်လျက် ရှိ၏။ ထို့ကြောင့် အိမ်လခ အကြွေးများကို ကြေအောင် စပျစ်သီးများကို ခူးပေးခဲ့ရလေသည်။ တစ်ခါတစ်ရံ စပျစ်သီးမှ လွဲ၍ အခြားစားစရာ မရှိခဲ့ပေ။ ထိုသူသည် စိတ်အပျက်ကြီးပျက်လျက် ရှိသောကြောင့် မိမိ၏ သီချင်းဆိုသောအလုပ်ကို စွန့်ပြီးလျှင် မော်တော်ကား ကိုယ်စားလှယ်အဖြစ်ဖြင့် အသက်မွေးတော့အံ့ဟု စိတ်ကူးလျက်ရှိစဉ် ရူပတ် ဟယူး နှင့် တွေ့ရ၏။ ဟုယူးက “မင်းအသံနဲ့ ရှေ့ကို အပုံကြီး ကြီးပွားနိုင် တယ်။ နယူးယောက်မြို့မှာ မင်းအသံအတွက် ကျကျနနသွားသင်ပါလား”ဟု ချီးမွမ်းစကား ပြောကြားလေသည်။
ထို ချီးမွမ်းအားပေးသော စကားသည် ထိုသူငယ်၏ နောင်ရေးကို တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲပေးလိုက်လေသည်။ ထိုစကားကိုကြားရသည်နှင့် အားတက်လာသောကြောင့် ဒေါ်လာပေါင်း . ၂,၅ဝဝကို ချေးယူပြီးလျှင် အရှေ့ဘက်သို့ထွက်လာခဲ့၏။ ထိုသူငယ်၏ အကြောင်းကို သင်သည် ကြားဖူးပေ မည်။ သူ့နာမည်မှာ လောရင့် တစ်ဖက် ဖြစ်လေသည်။
သင်နှင့် ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့လျက်ရှိကြသော သူများကို သူတို့ စွမ်းရှိသရွေ့ စွမ်းဆောင်နိုင်အောင် ချီးမွမ်းစကား ပြောကြားပေးနိုင်လျှင် ထိုသူများကို ပြုပြင်ပြောင်းလဲရုံသာမက လူသစ်ပကတိဖြစ်အောင်ပင် ပြုလုပ် ပေးနိုင်မည် ဖြစ်၏။
ဤစကားကို ကြားပြောသောစကားဟု ထင်ပါသလား။ ကြွားသည်ဟု ထင်ပါလျှင် အမေရိကန်ပြည်၏ အကျော်ကြားဆုံးသော စိတ်ပညာ ပါရဂူကြီး ပရော်ဖက်ဆာ ဝီလျံဂျိမ်း” ပြောသည့် စကားများကို အောက်တွင်ဖတ်ကြည့်ပါ။
ကျွန်ုပ်တို့တွင်ရှိသော အစွမ်းများနှင့် ကျွန်ုပ်တို့ဆောင်ရွက်နေပုံကို စာကြည့်လိုက်လျှင် ကျွန်ုပ်တို့မှာ တစ်ပိုင်းတစ်စသာ နိုးသေးသော သူများနှင့် တူနေပေ၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွင်ရှိသော လူအား ဉာဏ်အားများကို အနည်းငယ်မျှလောက်သာ အသုံးပြုလျက်ရှိကြသေး ၏။ ထိုအကြောင်းကို ရှင်းပြရလျှင် လူတို့သည် မိမိတို့၌ ရှိသော . ` အစွမ်းထက် လျော့၍သာ အစွမ်းပြကြသည်ဟု ဆိုရပေမည် ဖြစ်၏။
လူတို့တွင် သူတို့အသုံးပြုရမှန်းပင် မသိသေးသော စွမ်းရည်သတ္တိများ အများအပြားဝင် ရှိသေး၏။
ဟုတ်တယ်။ ယခုလို ဤစာကို ဖတ်လျက်ရှိသော သင့်မှာပင်လျှင် သင့်ကိုယ်တိုင်သုံးရမှန်း မသိသေးသော စွမ်းရည်သတ္တိပေါင်းများစွာ ရှိလေသည်။ ထိုစွမ်းရည်သတ္တိများထဲမှ တစ်ခုသော စွမ်းရည်သတ္တိသည် အခြားမဟုတ်။ . တစ်ဖက်သားကို အစွမ်းကုန်ဆောင်ရွက်အောင် ချီးမွမ်းစကားများဖြင့် တွန်းတင် ပေးနိုင်သော မျက်လှည့်ကဲ့သို့ စွမ်းသည့် သင်၏ စွမ်းရည်သတ္တိပင် ဖြစ်လေ : သည်။
ထို့ကြောင့် တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်း လာအောင် လုပ်လိုလျှင် ဥပဒေသ အမှတ် ၆ သည် . တစ်ဖက်သား၏ တိုးတက်မှု အနည်း အများကို ပဓာန မထားဘဲ ချီးကျူးပါ။ ထိုသို့ ချီးကျူးသောအခါ ရက်ရက်ရောရော ရှိပါစေ။ ။