မိတ္တဗလဋီကာ

အခန်း ၇ သူ့ကိုယ်ကို သူ အထင်ကြီးပါစေ

နယူးယောက်မြို့ စကားစဒေးရပ် ဗရူးစတားလမ်း အမှတ် ၁၇၅ နေ ကျွန်ုပ်၏ မိတ်ဆွေဖြစ်သူ မစ္စက် အားနက်ဂျင့်” သည် အစေခံ မိန်းကလေးတစ်ယောက်ကို – အိမ်တွင် ခိုင်းရန် ငှားလိုသဖြင့် သူငယ်မလေး တစ်ဦးအား ရှေ့လာမည့် တနင်းလာနေ့တွင် အိမ်အရောက်လာခဲ့ရန် မှာကြားလိုက်၏။ ထိုအတောအတွင်း မစ္စက်ျသည် ထိုသူငယ်မကလေး ရှေးက အလုပ်လုပ်ခဲ့ဖူးသော အိမ်တစ်အိမ်သို့ ထိုသူငယ်မ၏ အကြောင်းကို တယ်လီဖုန်းနှင့် လှမ်း၍ စုံစမ်း၏။ ကြားရသော သတင်းမှာ စိတ်ကျေနပ်ဖွယ်ရာ မရှိချေ။ တနင်းလာနေ့သို့ ရောက်၍ အစေခံမကလေးသည် အလုပ်ဆင်းသောအခါ နယ်လီရေ၊ ညည်းအရင်တုန်း က နေခဲ့ဖူးတဲ့ အိမ်ကို တစ်နေ့တုန်းက တယ်လီဖုန်းနဲ့ လှမ်းပြီးတော့ ညည်း အကြောင်းကို ငါ မေးကြည့်တယ်၊ အဲဒီအိမ်က မိန်းမကြီးက ညည်းဟာ ရိုးလဲ ရိုးပါရဲ့တဲ့၊ စိတ်လဲ ချရပါရဲ့တဲ့၊ အချက်အပြုတ်လဲ ကောင်းပါရဲ့ တဲ့၊ ကလေးတွေကိုလဲ အထိန်းကောင်းပါရဲ့တဲ့၊ သို့ပေမယ့် ညည်းဟာ ပေပေကျံကျံ နဲ့ နေတတ်တယ်တဲ့၊ နောက်ပြီးတော့ အိမ်တွေ ဘာတွေကိုလဲ သန့်သန့်ရှင်းရှင်း – မထားတတ်ဘူးတဲ့၊ ခု ညည်းကို မြင်ရတော့ ဒီမိန်းမဟာ ညည်း အပေါ်မှာ မဟုတ်မတရားပြောတယ်လို့ ငါယူ ဆတာပဲ၊ ကဲ ကြည့်လေ။ ညည်း ဝတ်ထားတဲ့ အဝတ်အစားတွေကလဲ သပ်သပ်ရပ်ရပ်ရှိတယ်၊ ဒါကို ဘယ်သူမဆို မြင်နိုင်တာပဲ၊ ညည်းကိုညည်း သပ်သပ်ရပ်ရပ် နေသလို အိမ်ကိုလဲ သပ်သပ်ရပ်ရပ် ထားမယ်လို့ ငါတော့ လောင်းရဲတယ်အေ၊ ညည်းနဲ့ငါတော့ တည့်မှာပဲအေ” အစရှိသည်ဖြင့် မစ္စက် ဂျင့်သည် အစေခံမကလေး နယ်လီကို ပြောပြ၏။

တည့်မည်ဟု ပြောသည့်အတိုင်းကောင်းစွာ တည့်ကြ၏။ မစ္စက်ဂျင့်က ချီးကျူးထားသည့်အတိုင်း အမှန်ဖြစ်စေရန် တစ်နေ့လျှင် တစ်နာရီလောက်ပို၍ အိမ်ကိုရှင်းလင်းအောင် လုပ်ပေးရလျှင်လည်း လုပ်ပေးမည်ဖြစ်၏။ ထို့ကြောင့် – မစ္စက်ဂျင့်၏ အိမ်သည် ဖိတ်ဖိတ်တောက်လျက် ရှိလေသည်။

“ယေဘုယျအားဖြင့် လူများက သူတို့ကို အထင်ကြီးနေလျှင် သော်လည်း . ကောင်း၊ သူတို့၏ စွမ်းရည်သတ္တိတစ်ခုကို သင်ကိုယ်ကိုင်က အထင်ကြီးနေသည့် အကြောင်းကို ပြလျှင်သော်လည်းကောင်း သင်ခိုင်းစရာကို လွယ်လွယ်နှင့် လိုက်နာဆောင်ရွက်တတ်လေသည်”ဟု ဘော်လဒွင် လိုကို မိုးတစ် အလုပ်ရုံကြီး ၏ မန်နေဂျာ ဖြစ်သူ ဆယ်မျူရယ် ဗိုကလိန်က ထုတ်ဖော်ပြောဆိုဖူးလေသည်။

အတိုချုပ် ပြောရမည်ဆိုသော် လူတစ်ဦးဦးကို မိမိ အလိုရှိသော ကိစ္စ တစ်ခုခုနှင့် စပ်လျဉ်း၍ စွမ်းစွမ်းတမံ ဆောင်ရွက်စေချင်လျှင် ထိုကိစ္စမျိုးကို ဆောင်ရွက်ရာ၌ ထိုသူသည် အထူးကျွမ်းကျင်သည်ဟူသော အနေမျိုးသို့ ရောက် အောင် ပြောပါလေ။ ။ . “သင့်ကိုယ်မှာ သမာဓိမရှိလျှင် ရှိချင်ယောင်ဆောင်ပါ”ဟူ၍ ရှိတ်စပီးယား က ပြောခဲ့ဖူးလေသည်။ သမာဓိ မရှိသော လူတစ်ဦးတစ်ယောက်၌ သမာဓိ ရှိစေချင်လျှင် ထိုသူ၌ သမာဓိ ရှိသည်ဟူ၍ ယူဆပြီးလျှင် ဤကဲ့သို့ သမာဓိ ရှိသည်ဟု ယူဆကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုရလျှင် မကောင်းပေဘူးလား။ တစ်ဖက်သားကို သိဒ္ဓိ တင်ပေးပါ။ ထိုသို့ သိဒ္ဓိတင် ပေးသည့်အတိုင်း အမှန်ဖြစ်အောင် ထိုလူသည် အစွမ်းကုန် ကြိုးစားပေလိမ့်မည်။

– မေယတာလင့်နှင့် ကျွန်ုပ် နေထိုင်ခဲ့ရပုံ” စာအုပ်ထဲတွင် အလွန်ဆင်းရဲ လှသော ဘယ်လ်ဂျီယံ တောသူမလေးတစ်ဦး၏ အံ့ဩလောက်အောင်ပြုပြင် ပြောင်းလဲလာပုံကို ဂျော့ဂျက် လေဗလန်း စာရေးဆရာမကြီးသည် အောက်ပါ အတိုင်း ရေးသားခဲ့ဖူးလေသည်။

အနီးအနားရှိ ဟိုတယ်ဆိုင် တစ်ဆိုင်မှ သူငယ်မလေး တစ်ဦးသည် ကျွန်မထံသို့ စားဖွယ်သောက်ဖွယ်များ ယူလာလေသည်။ သူ့နာမည်မှာ ` ပန်းကန်ဆေးသူမကလေး မေရီ” ပင် ဖြစ်လေသည်။ အဘယ့်ကြောင့် ဤကဲ့သို့ခေါ်သနည်းဆိုသော် အိမ်တစ်အိမ်၏ မီးဖိုချောင်တွင် ပန်းကန် ဆေးခြင်းဖြင့် အလုပ်စ၍ လုပ်ကိုင်ခဲ့ဖူးသောကြောင့်ပင် ဖြစ်လေသည်။ – ထိုသူငယ်မကလေးသည် မျက်စိကလည်း စေ့၊ ခြေကလည်းကောက်၊ နဖူးလည်းမောက်လျက်ရှိရသည့်အထဲတွင် စိတ်ထားကလည်း အလွန်ဆိုး သဖြင့် ဘီလူးမကလေးသဖွယ် ထင်မှတ်ရ၏။ ” တစ်နေ့သ၌ ကျွန်မဖို့ မုန့်ဟင်းခါးပန်းကန်ကို သူ၏ နီကြမ်းသော လက်ထဲတွင်ကိုင်လျက်ရှိစဉ် “မေရီ ညည်းကိုယ်ထဲမှာ အဖိုးထိုက် အဖိုးတန် ကျောက်ကောင်းရတနာတွေ ရှိတယ်ဆိုတာ ညည်း မသိဘူး” ဟူ၍ ကျွန်မက ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ လက်ထဲ က ပန်းကန်ပြားလွတ်ကျ သွားမည် စိုးသောကြောင့် မေရီသည် မိမိ လက်ကို အနိုင်နိုင် ထိန်းထားရ၏။ ထို့နောက် မေရီသည် ပန်းကန်ပြားကို စားပွဲပေါ်တွင် အသာတင်လိုက်ပြီးလျှင် သက်မကြီးချ၍ “ရှေးတုန်းက ကျွန်မကိုယ် ကျွန်မ အလကားပဲလို့အောက်မေ့မိခဲ့ပါတယ်”ဟု ပြန်ပြော ၏။ ကျွန်မ၏ ပြောဆိုချက်ကို သူသည် အနည်းငယ်မျှ သံသယ မဖြစ်ချေ။ ထို့ကြောင့် ဟုတ်မှ ဟုတ်ရဲ့လားဟူ၍ ပြန်လှန်စစ်ဆေး မေးမြန်းခြင်းကိုပင်မလုပ်တော့ဘဲ သူ့အိမ်သို့ ပြန်သွားပြီးလျှင် ကျွန်မ ပြောလိုက်သော စကားများကို စမြုံ့ပြန်လျက် ရှိ၏ ။ ထိုနေ့မှစ၍ သူ့ တန်ဖိုးကိုသူ အလွန်အကျူးယုံကြည်လျက်ရှိသောကြောင့် ရှေးအခါက . သူ့ကို မထီမဲ့မြင်ပြုသော သူများနှင့် လှောင်ပြောင်ကြသော သူများတို့ပင် လျှင် ရှေးကကဲ့သို့ မပြုရဲကြတော့ရုံသာမက သူ့ကိုပင်အနည်းငယ် အရေးတယူ ပြုလာကြရ၏။ ထူးဆန်း အံ့သြဖွယ် အကောင်းဆုံးသော အချက်မှာ အခြားမဟုတ်။ ထိုနေ့မှ အစပြု၍ မေရီ၏ ရုပ်ရည်ရူပကာပါ တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲလာခြင်းပင် ဖြစ်လေသည်။ ကျွန်မ ပြောသကဲသို့ သူ့ကိုယ်တွင်း၌ အဖိုးထိုက်တန်သော အရည်အချင်းများ ရှိသည်ဟု အကယ်ပင် ထင်မှတ်ပြီးလျှင် ရှေးအခါက ဖြစ်ချင်သလိုဖြစ်၊ ပစ်၍ ထားခဲ့သော မျက်နှာနှင့် ကိုယ်ကာယတို့ကို အထူးတလည် OR Mary

ဂရုစိုက်၍ ပြုပြင်လေရာ ပြုပြင်ခြင်းနှင့် စိတ်ဓာတ်တို့၏ အဟုန်ကြောင့် ရေမတွေ့ရသော ကြာပန်းပင်ကဲ့သို့ ရှေးက ညှိုးနွမ်းလျက်ရှိသော သူ ကိုယ်ကာယ ကလေးသည် စိုစိုပြည်ပြည် တစ်သွေးတစ်မွေး ဖြစ်၍လာ၏။

နှစ်လလောက် ကြာသောအခါ ထိုနေရာမှ ကျွန်မသည် ထွက်ခွာ သွားတော့မည်ဟု ပြင်ဆင်လျက်ရှိစဉ် မေရီသည် ကျွန်မထံသို့ လာပြီးလျှင် “ကျွန်မတို့ ဆရာ့တူနဲ့ ကျွန်မ လက်ထပ်တော့မယ်၊ သခင်မရဲ့ကျေးဇူးဟာ အင်မတန် ကြီးလှပါတယ်”ဟူ၍ ကျွန်မကို ပြောပြ၏။ ကျွန်မ ပြောလိုက်သော စကား လေးငါးခွန်းသည် မေရီ၏ ဘဝကို အသစ်ပြုပြင် ပြောင်းလဲ ပေးလိုက်လေသည်။ ။

ဂျော့ဂျက် လေဗလန်းသည် ပန်းကန်ဆေးသူမလေး မေရီကို သိဒ္ဓိ တင်ပေးလိုက်သဖြင့် ထိုသို့ သိဒ္ဓိတင်ပေးလိုက်ခြင်းသည် မေရီ၏ ဘဝကို `အသစ်ပြုပြင် ပြောင်းလဲ လိုက်စေခြင်းပင် ဖြစ်လေသည်။

ပြင်သစ်ပြည်ရှိ အမေရိကန် ခြေကျင်စစ်သားများကို ပြုပြင်ရာ၌ ဟင်နရီ ကလေး ရစ်ဇနား”ဆိုသူသည် ဤနည်းကိုပင် အသုံးပြုခဲ့ဖူးလေသည်။

| ဂျိမ်း ဂျီဟာတေ့ ဆိုသူ လူချစ်လူခင်အများဆုံး အမေရိကန်စစ်ဗိုလ်ချုပ် ကြီးသည် ရစ်ဇနားနှင့် တွေ့စဉ်က ပြင်သစ်ပြည်ရှိ နှစ်သန်းကျော်မျှရှိသော အမေရိကန်စစ်သားများသည် သူတွေ့ခဲ့ရသောစစ်သားများထဲတွင် အစင်ကြယ် ဆုံးနှင့် သူစိတ်တိုင်းအကျဆုံးသော စစ်သားများဖြစ်သည်ဟု ထုတ်ဖော်ပြောဆို ဖူးလေသည်။

. ဤစကားသည်အလွန်အမင်းပို၍ ချီးကျူးထားသော စကား ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့ရာတွင် ရစ်ဇနားသည် ထိုစကားကို မည်ကဲ့သို့အသုံးချသည် ကြည့်ကြဦးစို့။

“စစ်ဗိုလ်ချုပ်ကြီးက ဤကဲ့သို့ပြောသည့်အကြောင်းကို စစ်သားများ အား ပြန်ပြောပြရန် ကျွန်ုပ်သည် မမေ့ချေ။ ဤစကားသည် မှန်မမှန်ကို ကျွန်ုပ်သည် တစ်ခါဖူးမျှ စစ်ကြော မေးမြန်းခြင်း မပြုချေ။ အဘယ့်ကြောင့် ဆိုသော် စစ်ဗိုလ်ချုပ်ကြီးပြောသည့်အတိုင်းပင် စစ်သားများကိုယ်တိုင်က မကောင်းစေကာမူ တာတွေလို စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်လုံးက ဤကဲ့သို့ ပြောဆိုသည်ကို စစ်သားများကြားရလျှင် သူတို့သည် . စစ်ဗိုလ်ချုပ်ကြီး ထင်သည့်အတိုင်း အမှန်ဖြစ်အောင် ဧကန်ကြိုးစားကြပေလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်သောကြောင့်ပင် ဖြစ်ပေသည် ́။ ,

”ခွေးပင် ဖြစ်သော်လည်း နာမည်ဆိုး တစ်ခု အပေးခံရလျှင် သေရသည် လောက် နာကြည်း၏”ဟူသော စကားပုံဟောင်းတစ်ခု ရှိလေသည်။ သို့ရာတွင် ထိုခွေးကို နာမည်ကောင်း တစ်ခု ပေးလိုက်လျှင် ဘာဖြစ်မည်ကို သင်ကိုယ်တိုင် ` စောင့်ကြည့်ပါလော့။ . . “

များမကြာမီက အိတ်ချိန်း ဘူဖေးမှ အရာရှိ တစ်ယောက်နှင့် ကျွန်ုပ်သည် တွေ့ဆုံခဲ့ဖူး၏။ အိတ်ချိန်ဘူဖေးသည် အခြားမဟုတ်။ ပျော်ပွဲစားရုံ ၂၆ ရုံကို စီမံအုပ်ချုပ်ရာဌာန ဖြစ်လေသည်။ ထိုဌာနလက်အောက်ခံ ပျော်ပွဲစားရုံများတွင် စားသောက်ကြသောသူများထံမှ ဆိုင်ရှင်သည် မည်ရွေ့မည်မျှ ကျသည်ဟု – တောင်းခံခြင်း မပြုချေး၊ စားသောက်သောသူများက မိမိတို့စားသောက်သည့် အတွက် မိမိတို့ကိုယ်တိုင် တွက်ချက်ပြီးလျှင် ပေးသရွေ့ကို ဆိုင်ရှင်က ယူလေသည်။ အိတ်ချိန်းဘူဖေးကို ၁၈၈၅ ခုနှစ်က အစပြု တည်ထောင်ခဲ့၏။ `ထိုအချိန်အခါကစ၍ ယနေ့တိုင်အောင် လာရောက် စားသောက်သူများသို့ ဆိုင်ရှင်များက တစ်ခါဖူးမျှ စာရင်းတွက်၍ မတောင်းဖူးချေ။

ထို့ကြောင့် ကျွန်ုပ်သည် ထိုအိတ်ချိန်း ဘူဖေး၏ အရာရှိ တစ်ဦးနှင့် တွေ့ဆုံသောအခါ “ခင်ဗျားတို့ ဆိုင်တွေမှာ လာပြီးစားတဲ့လူတွေကို စောင့်ကြည့် ဖို့လူတွေ မထားရဘူးလား၊ လာစားကြတဲ့လူတွေအားလုံးဟာ ဘယ်နည်းနဲ့မျှ လူကောင်းတွေချည်း မဖြစ်နိုင်ဘူးဗျာ” ဟု အံ့အားသင့်စွာနှင့် ကျွန်ုပ်က မေးလေသည်။

“စောင့်ကြည့်ဖို့လူတွေကို ကျွန်တော်တို့မထားပါဘူး၊ လိမ်ချင်တဲ့လူတွေလဲ လိမ်မှာပဲ၊ ကျွန်တော်တို့တော့ မသိဘူး၊ သို့ပေမယ့် ကျွန်တော်တို့ရဲ့ စနစ်ဟာ လုပ်လို့ တော့ ဖြစ်တာပဲ၊ အကယ်၍ ဒီစနစ်ဟာ လုပ်မဖြစ်ဘူးဆိုင်ရင် ခုလို နှစ်ပေါင်း ၅၀ ကျော်အောင် ဘယ့်နှယ်ခံနိုင်ပါ့မလဲ” ထိုအရာရှိက ကျွန်ုပ်အား ပြန်ပြောဖူးလေသည်။

အိတ်ချိန်းဘူဖေးသည် လူတိုင်းရိုးသားဖြောင့်မတ်သည်ဟု ယုံကြည် ကြောင်း လူတိုင်းအား သိစေလေသည်။ ထို့ကြောင့် သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသား ဖြစ်ဖြစ်၊ သူတောင်းစားဖြစ်ဖြစ်၊ သူခိုးပဲဖြစ်ဖြစ် လူတိုင်းသည် သူတို့ကို ရိုးသားသည်ဟု သိဒ္ဓိတင်ထားသည့်အတိုင်း ရိုးသားဖြောင့်မတ်စွာ ဆက်ဆံကြ လေသည်။ )

”ကလိမ်ချုံတစ်ဦးဦးနှင့် ဆက်ဆံရမည်ဆိုလျှင် ထိုကလိမ်ချုံကို ကောင်း လာအောင် လုပ်ရန် နည်းတစ်နည်းသာ ရှိလေသည်။ ထိုနည်းမှာ အခြား မဟုတ်၊ ထိုကလိမ်ချုံကို သမာဓိရှိသော ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦးကဲ့သို့ သဘောထား၍ ဆက်ဆံပါ။ ထိုသို့ဆက်ဆံခြင်းကို ခံရသောအခါ ထိုကလိမ်ချုံသည် အတော်ကြီးသွေးမြောက်ပြီးလျှင် ဂုဏ်သရေရှိ လူကြီး လူကောင်း တစ်ဦးအနေဖြင့် ပြန်၍ ဆက်ဆံပေလိမ့်မည်။ သူ့ကို ယုံကြည်သော လူများလည်း ရှိသေးရဲ့ ဟူ၍ ဂုဏ်ယူပေလိမ့်မည်” အစရှိသဖြင့် ဆင်းဆင်းထောင် ၏ ထောင်ပိုင်ကြီးဖြစ်သူ ကမ္ဘာကျော် လောစ် ဆိုသူက ထုတ်ဖော် ပြောဆို ဖူးလေသည်။ ထောင်ပိုင်ကြီးသည် `ဆိုးပေ့ လိမ်ပေ့ဆိုသော လူဆိုးလူလိမ် များနှင့် အမြဲတမ်းဆက်ဆံနေရသောကြောင့် သူ၏ အကြံပေးချက်မှာ အထူး လေးနက်လှပေသည်။

ဤအကြံပေးချက်မှာ အထူးမှတ်သားဖွယ်ကောင်းသောကြောင့် တစ်ကြိမ် ထပ်၍ အောက်တွင် ဖော်ပြ လိုက်ပါဦးအံ့။” . ကလိမ်ချုံတစ်ဦးဦးနှင့် ဆက်ဆံရမည်ဆိုလျှင် ထိုကလိမ်ချုံကို ကောင်းလာ အောင် လုပ်ရန် နည်းတစ်နည်းသာလျှင် ရှိလေသည်။ ထိုနည်းမှာ အခြား မဟုတ်။ ထိုကလိမ်ချုံကို သမာဓိရှိသော ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦးကဲ့သို့ သဘောထား၍ ဆက်ဆံပါ။ ထိုသို့ဆက်ဆံခြင်းကိုခံရသောအခါ – ထိုကလိမ်ချုံသည် အတော်သွေးမြောက်ပြီးလျှင် ဂုဏ်သရေရှိလူကြီးလူကောင်း အနေဖြင့် ပြန်၍ ဆက်ဆံပေလိမ့်မည်။ သူ့ကို ယုံကြည်သောသူများလည်း ရှိသေးရဲ့ ဟူ၍ ဂုဏ်ယူပေလိမ့်မည်။

ထို့ကြောင့် တစ်ဖက်သားကို မျက်မုန်းကျိုး စိတ်မဆိုးစေဘဲ ထိုသူ၏ အကျင့်စာရိတ္တကို ပြုပြင်ပြောင်းလဲပေးချင်လျှင် ဥပဒေသအမှတ် ၇ သည် တစ်ဖက်သားကို သိဒ္ဓိတင်ပေးပါ။