အခန်း ၈ တစ်ဖက်သား၏ အပြစ်သည် ပြင်ရန် မခက်ခဲဟု ထင်လာအောင် ပြုလုပ်ပေးပါ
များမကြာမီက ကျွန်ုပ်၏ မိတ်ဆွေ အသက် ၄ဝ ရွယ် လူပျိုကြီးသည် : အိမ်ထောင်ပြုရန် စေ့စပ်ကြောင်းလမ်း ပြီးလေ၏။ သူနှင့် စေ့စပ်ထားသောမိန်းမက အကသင်ရမည်ဟု ပူဆာသောကြောင့် လူပျိုကြီးသည် အကသင်ဆရာတစ်ဦးကို `ငှား၍ သင်လေသည်။ အနှစ်၂၀ လောက်က တတ်ကျွမ်းခဲ့သော ထိုလူပျိုကြီး၏ အကသည် ခေတ်နောက်ကျလျက်ရှိ၏။ ထို့ကြောင့် ထိုခေတ်မမီသော အကကို တစ်ခါတည်းစွန့်လိုက်ပြီးလျှင် နည်းသစ်များကို အစမှပြန်၍ သင်ရမည်ဟု ဆရာသည် လူပျိုကြီးအား ပြောကြား၏။ လူပျိုကြီးသည် စိတ်အပျက်ကြီးပျက်၍ ထိုအကဆရာနှင့် ဖြတ်လိုက်၏။
`ဆရာအသစ်တစ်ဦးကို ထပ်၍ငှားသောအခါ ထိုဆရာသည် ကျွန်ုပ်အား မဟုတ်မမှန်သော စကားများကို ပြောကောင်း ပြောပေမည်။ သို့သော်လည်း ထိုဆရာ၏ စကားများကို ကျွန်ုပ် ကြိုက်၏။ “အင်း ရှင့်အကဟာ နည်းနည်းတော့ ခေတ်မမီဘူးလို့ ဆိုကောင်း ဆိုရမှာပေါ့လေ၊ သို့ပေမယ့် အကမှာ အရေးကြီးတဲ့ အချက်တွေကတော့ အကုန် မှန်တာပါပဲ၊ ဒီလောက်တတ်ထားရင်နည်းသစ် တွေကို သင်ဖို့ မခဲယဉ်းတော့ဘူး” အစရှိသည်ဖြင့် ဆရာသစ်သည် ကျွန်ုပ်အား ပြောပြလေသည်။
ပထမဆရာသည် ကျွန်ုပ်၏ အပြစ်များကို ထင်ရှားအောင်ထုတ်ဖော် . ပြောဆိုခြင်းဖြင့် ကျွန်ုပ်ကို စိတ်ပျက်စေ၏။ ဒုတိယဆရာမှာမူကား ပထမ ဆရာနှင့် ဆန့်ကျင်ဘက်ကို ပြုလုပ်၏။ ကျွန်ုပ်၏ အမှန်များကို မဆုံးနိုင်အောင် ချီးကျူးလျက်ရှိ၍ အမှားများကိုမူကား လျစ်လျူရှုလျက် ရှိလေသည်။
”ရှင့်ဓာတ်ခံထဲမှာကို စည်းဝါးနားလည်တဲ့ အသိဉာဏ် ကပ်နေတယ်။ ရှင်ဟာ က မစားလို့သာပေါ့၊ အမှန်စင်စစ်မတော့ ရှင်ဟာ အကဘက်မှာ ပါရမီထူးလာတဲ့ လူတစ်ယောက်ပဲ” အစရှိသည်ဖြင့် ကျွန်ုပ်ကို အားပေးလျက်ရှိ၏။
ကျွန်ုပ်သည် စတုတ္ထတန်းစား အကသမားမျှသာ ဖြစ်ကြောင်း ကျွန်ုပ် ကိုယ်တိုင် ကောင်းစွာ သိပါလျက် ကျွန်ုပ်၏ စိတ်တွင်း၌မူကား “အေးလေ၊ သူ တကယ်ပြောတာ ထင်ပါရဲ့”ဟူ၍ တွေးချင်သောဆန္ဒသည် ပေါ်လာလေ သည်။ အမှန်စင်စစ်ပြောရလျှင် ဤကဲ့သို့ ပြောရန်အတွက် သူ့ကို ပိုက်ဆံပေး၍ အက သင်ခိုင်းခြင်း ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ကျွန်ုပ်၏ စိတ်ဓာတ်ခံထဲမှာကို စည်းဝါး နားလည်တဲ့ အသိဉာဏ် ကပ်နေတယ်ဟူသော သူ့စကားကို ကြားရသောအခါမှ အစပြု၍ ကျွန်ုပ်တွင် အကတိုးလာသည်မှာ ကျွန်ုပ်ကိုယ်တိုင် သိရှိ၏။ ထိုစကားသည် ကျွန်ုပ်ကို များစွာ အားပေးခဲ့၏။ ထိုစကားများသည် ကျွန်ုပ်ကို မျှော်လင့်ချက်များ ပေးခဲ့၏။ ထိုစကားများသည် ကျွန်ုပ်ကိုယ်ကို တိုးတက် ကောင်းမွန်စေရန် ကျွန်ုပ် စိတ်ကို ဆွပေးခဲ့၏။
မ ကလေးကိုဖြစ်စေ၊ လင်ယောက်ျားကိုဖြစ်စေ၊ အစေခံ တစ်ဦးဦးကိုဖြစ်စေ ကိစ္စ တစ်ခုခုတွင် အ သည် န သည်ဟုလည်းကောင်း၊ ဒီကိစ္စကိုဆောင်ရွက်ရန် စွမ်းရည်သတ္တိ မရှိဘူးဟူ၍လည်းကောင်း၊ ထိုကိစ္စကို လုပ်လျှင် အမှားမှား အချော်ချော် ဖြစ်မည်ဟူ၍လည်းကောင်း ပြောကြားပါလျှင် ထိုအပြောခံရသူ၏ • စိတ်ထဲတွင် ရှိသမျှသော တိုးတက် ကောင်းမွန်အောင် စွမ်းဆောင်လိုသည့် ဆန္ဒမှန်သမျှကို အသေသတ်ပစ်လိုက်သည်နှင့် အတူတူပင် ဖြစ်၏။ ထို့ကြောင့် `ထိုနည်းကိုမသုံးပါနှင့်။ အားပေးစကားများကို ရက်ရောစွာပြောနိုင်ကြပါစေ။ လုပ်ရန်ကိစ္စသည် လွယ်ကူပါသည်ဟု သဘောပေါက်လာအောင် ပြောပေးပါ။ ထိုကိစ္စကို ဆောင်ရွက်ရန်အတွက် သူ့မှာ စွမ်းရည်သတ္တိရှိကြောင်း သင်ယုံကြည် သည်ဟု တစ်ဖက်သားအား အသိပေးပါ။ သူကိုယ်တိုင်က မသိသေးသော်လည်း (သူ့မှာ ဤကိစ္စကို ဆောင်ရွက်နိုင်ရန်အတွက် မီးခဲပြာဖုံး စွမ်းရည်သတ္တိရှိကြောင်း ကိုလည်း တစ်ဖက်သားအား သိရှိပါစေ။ ဤကဲ့သို့သာ ပြုလုပ်ပေးပါလျှင်
ထိုကိစ္စကို သင် ထင်သည့်အတိုင်း ဆောင်ရွက်ရန်အတွက် ထိုသူသည် အရုဏ် ကျင်း၍ အလင်းပေါ်သည့်တိုင်အောင် မအိပ်ဘဲ လေ့ကျင့်ပေလိမ့်မည်။
ဤနည်းကို လိုဝဲ သောမတ်”သည် အသုံးပြုခဲ့ဖူး၏။ သောမတ်သည် လူချင်းပေါင်းသင်းဆက်ဆံသည့်အတတ်တွင် ဝိဇ္ဇာဓိုရ် ရလေသည်။ သူသည် သင့်ကို ပြုစုပျိုးထောင်ပေးလိမ့်မည်။ သင့်ကို ယုံကြည်စိတ်ချသော စိတ်ဓာတ်များ မွေးမြူအောင် စွမ်းဆောင် ပေးလိမ့်မည်။ သတ္တိနှင့် ဇွဲ ကောင်းလာအောင် ရှေ့ဆောင် လမ်းပြပေးလိမ့်မည်။
သက်သေသာဓကတစ်ခုကို ထုတ်ပြပါအံ့။ များမကြာမီက ကျွန်ုပ်သည် မစ္စတာ နှင့် မစွက်သောမတ်တို့၏ အိမ်တွင် တနင်္ဂနွေ တစ်ပတ်လောက် သွားရောက်နေထိုင်ခဲ့ဖူး၏။ စနေနေ့ညတစ်ညတွင် ကျွန်ုပ်အား ဘရစ်-ခေါ် အင်္ဂလိပ် ဖဲကစားနည်းတစ်မျိုးကို ဝင်၍ ကစားရန် ခေါ်လေသည်။ ကျွန်ုပ်သည် ဘရစ်ကို အလျဉ်း မကစားတတ်သဖြင့် မကစားပါရစေနှင့်ဟု ဇွတ်ငြင်းလေသည်။
ထိုအခါ “ဟာ ဒေးကလဲ ဒီကစားမျိုးဟာ ဘာခက်လို့လဲ၊ မှတ်ဉာဏ် . ကောင်းပြီး အဆုံးအဖြတ်တတ်ရင် ကစားနိုင်တာပဲ၊ တစ်ခါတုန်းက ဒေးပဲ မှတ်ဉာဏ်အကြောင်းကို ဆောင်းပါး တစ်စောင် ရေးဖူးတယ် မဟုတ်လား၊ ကြစားကြည့်လေ၊ ခင်ဗျားနဲ့တော့ ဒီဘရစ်ဟာ အတော်ဆုံး နေမှာပဲ”ဟု သောမတ်က ပြန်ပြောလေသည်။ ။
ထိုစကားကို ကြားရသည်နှင့် ကျွန်ုပ်သည် တစ်ခါဖူးမျှ မကစားဘူးသော ဘရစ်ကို ဝင်၍ ကစားခဲ့၏။
ဘရစ်အကြောင်းကို ပြောသောကြောင့် ဘရစ်အကြောင်းကို စာအုပ်ရေး၍ ရောင်းသော အီးလီ ကာဘတ်ဆန်” ၏ အကြောင်းကို ပြေး၍ သတိရမိ၏။ ဘရစ်ကို ကစားသူတိုင်းသည် အီးလီ ကာဘတ်ဆန်ကို မသိသူ မရှိချေ။ သူ၏ စာအုပ်ကို ၁၂ မျိုးထက်မနည်း ဘာသာပြန်၍ စာအုပ်ရေပေါင်း တစ်သန်းကျော်မျှ ရောင်းချပြီးလေပြီ။ အကယ်၍ မိန်းမ တစ်ယောက်ကသာ ကာဗတ်ဆန်တွင် ဘရစ်ကြစားနိုင်သော စွမ်းရည်သတ္တိ အများကြီး ရှိသည်ဟု အားပေးစကား မပြောကြားလျှင် ဤကဲ့သို့ စာအုပ်ထုတ်၍ ရောင်းနိုင်သော အခြေအနေသို့ရောက်မည် မဟုတ်ဟူ၍ ကာဘတ်ဆန် ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုဖူးလေသည်။
သူသည် ၁၉၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်လာလေသည်။ အမေရိကန်နိုင်ငံတွင် ကျောင်းဆရာအလုပ်ကို ရှာ၍ မရရှိခဲ့ပေ။
ထိုနောက် ကျောက်မီးသွေးရောင်းရန် ကြိုးစားခဲ့၏။ အထမမြောက် ခဲ့ချေ။ ,
” ထို့ပြင် ကော်ဖီရောင်းရန် ကြံစည်ပါသော်လည်း ယခင်အလုပ်များနှင့် ထူးမခြားနားလှပေ။
ထိုစဉ်အခါက ဘရစ်ကစားနည်းကို သင်ပေးခြင်းဖြင့် အသက်မွေးတော့ မည်ဟူ၍ ကာဘတ်ဆန်သည် စိတ်ပင် မကူ ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် ကောင်းစွာမကစားတတ်သေးရုံမျှမက ကစားရာ၌လည်း အလွန် “ကြေး’ထူသောကြောင့် သူနှင့် ဘယ်သူမျှ မကစားချင်ကြပေ။
များမကြာမီက သူသည် ဂျိုးဆက်ဖင် ဒီလန်” ဆိုသူ ဘရစ်ကစားနည်း သင်ပြသော ဆရာမ တစ်ဦးနှင့် တွေ့၍ တစ်ဦးနှင့် တစ်ဦး စုံမက်ကြပြီးလျှင် လက်ထပ်ကြ၏။ ဘရစ် ကစားရာတွင် ကာဘတ်ဆန်သည် အမှုမဲ့ အမှတ်မဲ့ မကစားဘဲ အပြန်ပြန်အလှန်လှန် စူးစမ်းဝေဖန်တတ်သော အလေ့ရှိသည်ကို တွေ့ ရသောကြောင့် ဘရစ်ကစားနည်းတွင် ကာဘတ်ဆန်သည် ပါရဂူတစ်ဦး ဖြစ်နိုင်သည်ဟု သူ၏ မိန်းမက အားပေးစကား ပြောကြား၏။ ကာဘတ်ဆန် ယခုအခြေအနေသို့ ရောက်လာရခြင်းမှာ အခြားကြောင့် မဟုတ်။ သူ့မိန်းမ၏ အထက်ပါ အားပေးစကားတစ်ခုတည်းကြောင့်သာ ဖြစ်သည်ဟု သူကိုယ်တိုင်က ပြန်ပြောဖူးလေသည်။ – ထို့ကြောင့် တစ်ဖက်သားကို မျက်မုန်းကျိုး စိတ်မဆိုးစေဘဲ စိတ် ပြောင်းလာအောင် လုပ်လိုလျှင် ဥပဒေသ အမှတ် ၈ သည် အားပေးစကားကို ပြောကြားပါ။ သင် ပြင်လိုသော တစ်ဖက်သား၏ အမှားသည် ပြင်ရန် လွယ်ကူသည်ဟု တစ်ဖက်သား သဘောပေါက်အောင် ပြောပါ။ သင် လုပ်စေချင်သော အလုပ်မှာ လုပ်ရန် လွယ်ကူသည့်အကြောင်း ကိုလည်း တစ်ဖက်သား သဘောပေါက်ပါစေ။ “