မိတ္တဗလဋီကာ

အခန်း ၉ သင် လုပ်စေလိုသော အလုပ်ကို တစ်ဖက်သားသည် ဝမ်းမြောက်ဝမ်းသာစွာနှင့် လုပ်ရန်နည်း

၁၉၁၅ ခုနှစ်လောက်က အမေရိကန်ပြည် တစ်ပြည်လုံး စိတ်မချမ်းမသာ ဖြစ်လျက် ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ၁၉၁၄ ခုနှစ်မှ အစပြု၍ ဖြစ်ပွား သော ကမ္ဘာစစ်ပွဲကြီး၌ ဥပရောပတိုက်ရှိ ပြည်ထောင်အချင်းချင်းတို့သည် ကမ္ဘာ့သမိုင်းတွင် မကြုံဖူးအောင် တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်လျက်ရှိကြ၏။ ထိုကဲ့သို့ ဒေါသမီး ဟုန်းဟုန်းတောက် လျက်ရှိသော အချိန်အခါတွင် ငြိမ်းချမ်းရေးကို ဆောင်ရွက်၍ ရပါမည်လော။ ရနိုင်မည်ဟု မည်သူမျှ မခန့်မှန်းနိုင်ချေ။ သို့ရာတွင် အမေရိကန်သမ္မတ ဝုဒရိုး ဗီလဆင်သည် မိမိ၏ ငြိမ်းချမ်းရေး သံတမန်တစ်ဦးကို ဥရောပတိုက်သို့ စေလွှတ်၍ နိုင်ငံအသီးသီး၏ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိစ္စကို နှီးနှောစေခြင်းဖြင့် ငြိမ်းချမ်းရေးကို စမ်းကြည့်လိုက်၏။

ထိုကိစ္စအတွက် အမေရိကန် ပြည်ထဲရေးဝန်ကြီး ဝီလျံ ဂျင်းနင်း ဘရိုင်ယန်” သည် ဥရောပတိုက်သို့ သွားလို၏။ ဤကိစ္စကို ဆောင်ရွက်ခြင်း ဖြင့် သူ့ကိုယ်ကို ကမ္ဘာ့သမိုင်းတွင် ထင်ရှားစေလို၏။ သို့ရာတွင် ဝီလဆင်သည် ကာနယ်ဟောက် ခေါ် သူ့မိတ်ဆွေရင်းတစ်ဦးကို ငြိမ်းချမ်းရေး သံတမန် အဖြစ် ခန့်ထားလိုက်၏။

ဤကဲ့သို့ ခန့်ထားလိုက်သည့် အကြောင်းကိုလည်း ဘရိုင်ယန်ကို ကာနယ်ဟောက် ကိုယ်တိုင် ပြောပြရမည် ဖြစ်၏။ ဘရိုင်ယန် စိတ်မဆိုးအောင် ပြောရန် ကိစ္စမှာ မလွယ်ကူလှချေ။ ကာနယ်ဟောက်၏ နေ့စဉ်မှတ်တမ်းထဲတွင် အောက်ပါ ရေးသားချက် များကို ကျွန်ုပ် တွေ့ရှိရ၏။

ငြိမ်းချမ်းရေး သံတမန်အဖြစ်ဖြင့် ဥရောပတိုက်သို့ ကျွန်ုပ် သွားရမည့် . အကြောင်းကို ကြားရသောအခါ ဘရိုင်ယန်သည် အတိအလင်း စိတ်ပျက်သွား လေသည်။ ဥရောပတိုက်သို့ သွားရန် သူကိုယ်တိုင် အစီအစဉ်များကို ပြုလုပ် ပြီးပြီဟု ဘရိုင်ယန်က ပြောပြ၏။

ထိုအခါ ဤကိစ္စတွင် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် သွား၍ သင့်လျော် မည်ဟု သမ္မတမင်းက မယူဆကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ ခံလုံး သွားခဲ့ပါလျှင် နေရာတကာတိုင်း၌ အုတ်အော် သောင်းသဲဖြစ်၍ ဘာကိစ္စနဲ့ ဒီကို လာပါလိမ့်ဟု လူတိုင်း တွေးစရာ ဖြစ်မည့် အကြောင်းကိုပါ ကျွန်ုပ်က ပြောပြရလေသည်။”

ပြောပြပုံကို အသင် မြင်ပြီ မဟုတ်လား။ ဘရိုင်ယန်၏ ဂုဏ်ဒြပ်သည် ပြုလုပ်ရမည့်ကိစ္စထက် ကြီးမြင့်နေသောကြောင့် ဘရိုင်ယန်ကိုယ်တိုင် သွားလျှင် မသင့်လျော်ဟူသော အကြောင်းကို ကာနယ်ဟောက်သည် ဘရိုင်ယန်ကို ပြောပြ၏။ ဘရိုင်ယန်သည် မိမိကိုယ်တိုင် အလွန်အမင်း သွားလိုပါသော်လည်း ကာနယ်ဟောက် အပြောကောင်းသောကြောင့် ကျေနပ်လိုက်ရ၏။

လောကီရေးရာတွင် ကျွမ်းကျင်ပြီးသားဖြစ်သော ကာနယ်ဟောက်သည် ပေါင်းသင်းဆက်ဆံရာတွင် အရေးအကြီးဆုံးသော နည်းတစ်နည်းကို အသုံး ပြုလိုက်ခြင်း ဖြစ်လေသည်။ ထိုနည်းမှာ သင် လုပ်စေလိုသော အလုပ်ကို တစ်ဖက်သားသည် ဝမ်းမြောက် ဝမ်းသာစွာနှင့် လုပ်ချင်အောင် ခိုင်းပါ။

သမ္မတ ဝီလဆင်သည် အစိုးရအဖွဲ့ကို ဖွဲ့ပြီးနောက် ထိုအဖွဲ့ တွင် ပါဝင်ရန် ဝီလျံဂစ် မက်အဒူး” ဆိုသူကို ဖိတ်ကြားရာ၌ အထက်ပါနည်းကိုပင် အသုံးပြုခဲ့ဖူးလေသည်။ ထိုအစိုးရအဖွဲ့တွင် လူတိုင်း ဝင်ရောက် ဆောင်ရွက် လို၏။ သို့ရာတွင် ဝီလဆင်ကမူကား သူ့ကို ထောက်သွားသောအားဖြင့် သူ၏ အစိုးရအဖွဲ့တွင် ပါဝင် အမှုထမ်းပါဟု မက်အဒူး ထံသို့ စာရေး အကြောင်းကြားလိုက်၏။

သို့ရာတွင် ဝီလဆင်သည် ဤနည်းကို သုံးသင့်သည့်အခါတိုင်း အသုံး ‘ မပြုခဲ့သည်မှာ ဝမ်းနည်းစရာပင် ဖြစ်၏။ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် . စစ်ပြေငြိမ်းစာချုပ်ကို လက်မှတ်ရေးထိုးရန် ဥရောပတိုက်သို့သွားစဉ်က သမ္မတ ” ဝီလဆင်သည် တစ်ဖက်ဂိုဏ်းမှ အရေးပါ အရာရောက်သော နိုင်ငံရေး ခေါင်းဆောင်ကြီးများကို ပင့်ဖိတ်ခြင်း မပြုဘဲ မိမိဂိုဏ်းမှ မထင်ရှားသော သူ အချို့ကိုသာ ဥရောပတိုက်သို့ ခေါ်သွားခဲ့၏။ သမ္မတ ဝီလဆင်သည် တစ်ဖက်ဂိုဏ်းသားတို့ကို အလွန် အရေးကြီးသောအခါတွင် နေရာမပေးဘဲ တမင်သက်သက် နှိမ်၍ ထားလိုက်၏။ ထို့ကြောင့် တစ်ဖက်ဂိုဏ်းသားတို့ သည် သူ လက်နှင့်ရေးခဲ့သော အရာဟူသရွေ့ ကို ခြေဖြင့် လိုက်ဖျက်ကြ၏။ အထက်ပါ ပေါင်းသင်းဆက်ဆံနည်းကို လျစ်လျူရှုမိသောကြောင့် ဝီလဆင်၏ အသက်နှင့် နိုင်ငံရေးသက်တမ်းတို့မှာ တိုသွားရုံမျှမက အမေရိကန်သမ္မတ ဝီလဆင် ထူထောင်ပေးခဲ့သော နိုင်ငံပေါင်းချုပ် အသင်းကြီးတွင် အမေရိကန် ပြည်သည် မပါဝင်ဘဲ နေခဲ့သဖြင့် ကမ္ဘာ့သမိုင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလွဲ သွားခဲ့လေသည်။

ဒယ်ဘယ်ဒေး ပေ့ဂျ်” ပုံနှိပ်တိုက်သည် ဤနည်းကို အမြဲ လိုက်နာလေသည်။

သင်လုပ်စေလိုသော အလုပ်ကို တစ်ဖက်သားသည် ဝမ်းမြောက် ဝမ်းသာစွာနှင့် လုပ်ချင်အောင် ခိုင်းပါ။

ဤနည်းကို အသုံးပြုရာ၌ ဒယ်ဘယ်ဒေးသည် အလွန် ကျွမ်းကျင်သော ကြောင့် စာရေးဆရာ အို ဟင်နရီ- က သူ၏ စာအုပ်ကို ဒယ်ဘယ်ဒေးက လက်မခံဘဲ ငြင်းပယ်လိုက်သောအခါ အခြားတိုက်များက လက်ခံခြင်းထက် ပို၍ ဝမ်းသာသည်ဟု ထုတ်ဖော် ပြောဆိုဖူးလေသည်။ – မိတ်ဆွေများနှင့် မသွားမဖြစ်သောသူများထံမှ စကား လာရောက် ပြောကြားရန် ဖိတ်ကြားချက်များကို မကြာခဏ ငြင်းဆန်ရသော သူတစ်ဦး နှင့် ကျွန်ုပ်သည် သိကျွမ်းဖူး၏။ သူ စာအပြန်ကောင်းသောကြောင့် ဖိတ်ကြား သူများမှာ ကျေနပ်ကြလေသည်။ သူသည် မည်ကဲ့သို့ ရေးသနည်း။ အလုပ်ရှုပ် နေသောကြောင့် ဘာကြောင့် ညာကြောင့် လာရောက် စကားမပြောကြားနိုင်ပါ ဟူ၍သာ မရေးသားဘဲ အခြားအချက်များကိုလည်း ရေးသားလိုက်သေး၏။ ဥဒါဟရုဏ်၊ ဖိတ်ကြားစာ တစ်စောင်ကို ငြင်းဆန်ရာ၌ ဤကဲ့သို့ ဂရုတစိုက် ပြုလုပ်၍ ဖိတ်ကြားခြင်းကို ကျေးဇူးများစွာ တင်ပါသော်လည်း မလာရောက် နိုင်လောက်သော အကြောင်းများ ပေါ်ပေါက်လျက်ရှိသောကြောင့် များစွာ ဝမ်းနည်းကြောင်း အစရှိသည်တို့ကို ပဏာမခံပြီးနောက် သူ့အစား ဘယ်သူ့ကို ဖိတ်ကြားလျှင် ကောင်းမည်ဟူ၍ အကြံပေးလိုက်၏။ ဤကဲ့သို့ ငြင်းဆန် လိုက်သည့်အတွက် တစ်ဖက်သားသည် စိတ်ပျက်သွားရန် အချိန်မရနိုင်မီ သူသည် အခြားစကားပြောကောင်း တစ်ဦး၏ နာမည်ကို အကြံပေးလိုက်၏။

“ဘရွတ်ကလင်း အီးဂဲ” သတင်းစာက စာတည်း ကလီဗလန် ရော့ဂျာကို ဘာဖြစ်လို့ မဖိတ်သလဲ၊ သို့မဟုတ် ဝိုင်း ဟစ်ကော့” ကို ဖိတ်ကြားရန် စဉ်းစားထားပြီးပြီလား၊ ဘာဖြစ်လို့လဲဆိုရင် သူသည် ပဲရစ်မြို့တော်တွင် ၁၅ နှစ်တိုင်တိုင် နေခဲ့ဖူးသူဖြစ်သောကြောင့် သတင်းထောက်အနေနှင့် ပြောစရာ စကားတွေ အများကြီးရှိပေလိမ့်မည်၊ သို့မဟုတ် လစ်ဗင်းစတန် လောင်းဖဲလိုး” ကို စမ်းကြည့်စမ်းပါလား၊ သူ့မှာ အိန္ဒိယပြည်တွင် ရိုက်ကူးခဲ့သော အမဲလိုက် သည့် ရုပ်ရှင်ကားဆန်းတွေ အများကြီး ရှိပါသည်” အစရှိသည့် အကြံမျိုးကို ပေးလေ့ရှိ၏။ + ဂျေ အေ ဝမ့်ပ အလုပ်တိုက်တွင် စက်ပြင်ဆရာ တစ်ဦး ရှိလေသည်။ ထိုစက်ပြင်ဆရာသည် အလွန် “ကြေး များသော လူတစ်ယောက် ဖြစ်၏။ အလုပ်ချိန်များတွင် အလုပ်တွေ ပုံနေသည်၊ တပည့် တစ်ယောက် ပေးပါ အစရှိသည်ဖြင့် မကြာခဏ ဆူပူလေ့ ရှိ၏။ , မန်နေဂျာ ဂျေ အေ ဝမသည် အလုပ်ချိန်ကိုလည်း လျှော့မပစ်၊ အလုပ် ကိုလည်း မလျှော့။ တောင်းသော တပည့်ကိုလည်း မပေးဘဲနှင့် ထိုစက်ပြင် ဆရာကို ကျေနပ် နှစ်သိမ့်စေ၏။ မည်ကဲ့သို့ လုပ်သနည်း။ ထိုစက်ပြင်ဆရာ ကို အခန်းတစ်ခုပေး၍ အခန်းတံခါးပေါ်တွင် “အလုပ်ဘက်ဆိုင်ရာ မန်နေဂျာ” ဟူသော ဆိုင်းဘုတ် ကို တပ်ပေး၏။

ထိုကဲ့သို့ အလုပ်ခန်းနှင့် ဆိုင်းဘုတ်ကို ရရှိသဖြင့် ထိုစက်ပြင်ဆရာ သည် ရှေးကကဲ့သို့ လူတိုင်း ခိုင်းရာ လုပ်နေရသည့် စက်ပြင်ဆရာ ဟူ၍ သဘောမထားဘဲ သူ့ကိုယ်ကိုသူ ဌာနတစ်ခု၏ မန်နေဂျာဟု သဘောထား လေသည်။ ထိုနေ့မှစ၍ သူ၏ အလုပ်များကို ညည်းညိုခြင်းမရှိတော့ဘဲ ကျေနပ်စွာ လုပ်ကိုင်လျက် ရှိ၏။

ဤကဲ့သို့ လုပ်ပေးခြင်းကို ကလေးကလားနိုင်သည်ဟု ဆိုမည်လား။ ဆိုချင်လျှင်လည်း ဆိုပေတော့။ နပိုလီယန်” သည် လီဂျင်း အော့ အော်နာ ခေါ် စစ်ဘွဲ့ထူးတစ်ခုကို တီထွင်ပြီးလျှင် သူ၏ စစ်သားများအား ထိုဘွဲ့ထူး ၁,၅ဝဝ ဖြင့် ချီးမြှင့်၍ သူ၏ စစ်ဗိုလ်ချုပ်ကြီးများအနက် ၁၈ ဦးကို ပြင်သစ် ပြည်၏ သေနာပတိ ဘွဲ့ထူးများဖြင့် ချီးမြှင့်ပြီးလျှင် သူ့စစ်တပ်ကို “မဟာ စစ်တပ်”” ဟူ၍ အမည်ပေးစဉ်က နပိုလီယန်ကိုလည်း ကလေးကလားနိုင်သည် ဟု လူများက ဝိုင်း၍ အပြစ်ဆိုကြဖူး၏။

အကယ်၍ ဂုဏ်ထူး ဘွဲ့ထူးများကို ပေးသောနည်းသည် နပိုလီယန် အတွက် ထမြောက်အောင်မြင်ခြင်း ရှိခဲ့ပါလျှင် ထိုနည်းများသည် သင့်အတွက် လည်း ထမြောက်အောင်မြင်ခြင်း ရှိပေလိမ့်မည်။ သာဓက တစ်ခုကို ပြပါအံ့။ နယူးယောက်မြို့ရှိ ကျွန်ုပ်၏ မိတ်ဆွေဖြစ်သူ မစ္စက်ဂျင့်သည် ကလေးများ၏ နှောက်ယှက်ခြင်းကြောင့် များစွာ စိတ်ရှုပ်လျက် ရှိ၏။ ကလေးများသည် . သူ့ခြံအတွင်းရှိ မြက်ခင်းများပေါ်၌ ပြေးလွှားကြသဖြင့် မြက်ခင်းသည် များစွာ ပျက်စီးလေသည်။ မစ္စက်ဂျင့်သည် ကြိမ်းမောင်းခြင်း ချော့မော့ခြင်း စသော နည်းများဖြင့် စမ်းသပ် ကြည့်သေး၏။ သို့သော် တစ်နည်းမျှ မအောင်မြင်ခဲ့ပေ။

ဤနည်းများဖြင့် မအောင်မြင်သောအခါ နည်းသစ်တစ်ခုကို ရှာဖွေ လေသည်။ သူ့ခြံထဲတွင် အဆော့ဆုံး သူငယ်ကလေးကို ခေါ်ပြီးလျှင် “စုံထောက် ဗိုလ်” ရာထူးကို အပ်နှင်း၍ မြက်ခင်းကို စောင့်ရှောက်ရန် တာဝန်အရပ်ရပ် ကို ထိုသူငယ်အား လွှဲအပ်လေသည်။ စုံထောက်ဗိုလ်သည် ခြံနောက်ဖေးတွင် မီးဖိုပြီးလျှင် သံချောင်းတစ်ချောင်းကို နီရဲနေအောင် မီးဖုတ်ပြီးနောက် မြက် ခင်းပေါ်သို့ တက်၍ဆော့သော ကလေးများအား သံပူနှင့် ကပ်မည်ဟု ခြိမ်းချောက်လေသည်။ ထိုနေ့မှစ၍ မည်သူမျှ မြက်ခင်းပေါ်သို့ မဆော့တော့ချေ။

လူတို့၏ စိတ်ထားသည်လည်း ဤသို့ပင်တည်း။

ထို့ကြောင့် တစ်ဖက်သားကို မျက်မုန်းကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာအောင် လုပ်လိုလျှင် ဥပဒေသ အမှတ် ၉ သည် သင် လုပ်စေလိုသော အလုပ်ကို တစ်ဖက်သားသည် ဝမ်းမြောက်ဝမ်းသာ စွာနှင့် လုပ်ချင်အောင် ခိုင်းပါ။

တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာစေသော နည်း ၉ နည်း (အကျဉ်းချုပ်)

ဥပဒေသ အမှတ် ၁။ ။ ချီးမွမ်းခြင်း၊ ရိုးသားစွာ ချီးကျူးခြင်းတို့ဖြင့် စ၍ ပြောပါ။

ဥပဒေသ အမှတ် ၂။ ။ တစ်ဖက်သားတို့၏ အပြစ်များကို သွယ်ဝိုက်သော – ( နည်းဖြင့် သတိရအောင် လုပ်ပါ။

ဥပဒေသ အမှတ် ၃။ ။ တစ်ဖက်သားကို အပြစ် မပြောမီ သင်၏ အမှား `များကို ဖော်ပြပါ။ .

ဥပဒေသ အမှတ် ၄။ ။ တိုက်ရိုက် သြဇာပေးမည့်အစား လိုရင်းကိစ္စကို ပြီးစီးစေမည့် မေးခွန်းများကို မေးပါ။

ဥပဒေသ အမှတ် ၅။ တစ်ဖက်သားအား သူ့ ဂုဏ်ကို သူပြန်ဆယ်ပါစေ။

ဥပဒေသ အမှတ် ၆။ ။ တစ်ဖက်သား၏ တိုးတက်မှု အနည်းအများကို ပဓာနမထားဘဲ ချီးကျူးပါ။ ထိုသို့ ချီးကျူးသော အခါ- ရက်ရက်ရောရော ရှိပါစေ။

ဥပဒေသ အမှတ် ၇။ ။ တစ်ဖက်သားကို သိဒ္ဓိတင်ပါ။

ဥပဒေသ အမှတ် ၈။ ။ အားပေးစကားကို ပြောကြားပါ။ သင်ပြင်လိုသော တစ်ဖက်သား၏ အမှားသည် ပြင်ရန် လွယ်ကူ သည်ဟု တစ်ဖက်သားကို သဘောပေါက်အောင် ပြောပါ။ သင်လုပ်စေချင်သော အလုပ်မှာ လုပ်ရန် လွယ်ကူသည့် အကြောင်းကိုလည်း တစ်ဖက်သား သဘောပေါက်ပါစေ။ ။

ဥပဒေသ အမှတ် ၉။ ။ သင် လုပ်စေလိုသော အလုပ်ကို တစ်ဖက်သား , သည် ဝမ်းမြောက်ဝမ်းသာစွာနှင့် လုပ်ချင်အောင် ခိုင်းပါ။