အပိုင်း ၅
အကြင် လင်နှင့် မယားတို့ ကိုယ်စိတ်နှစ်ဖြာ
ချမ်းသာစေသော နည်း ၇ နည်း
အခန်း ၁ လင်နှင့်မယား အလျင်အမြန်ဆုံး မသင့်မတင့် ဖြစ်စေသောနည်း
လွန်ခဲ့သော ၇၅ နှစ်ခန့်က တစ်တိုင်းပြည်လုံး၏ ဆန္ဒကို ဖီဆန်၍ နပိုလီယန် ကြီး၏ တူ၊ တတိယ နပိုလီယန်” ဘုရင်သည် မာရီ အီဇယ်နီ’ ခေါ်သော မထင်ရှားသည့် မိန်းမလှတစ်ဦးကို တောင်ညာတင်လေသည်။
ဘုရင်မင်းမြတ်သည် မိဖုရားကြီးကို အလွန်မြတ်နိုးတော်မူသော်လည်း မိဖုရားကြီးသည် နားပူနားဆာလုပ်လွန်း အားကြီးသောကြောင့် အတန်ကြာ သော် ဘုရင်မင်းမြတ်သည် မေတ္တာတော် ပြယ်ရရှာ၏။
အလွန်ကျယ်ပြန့်သော နန်းတော်ကြီး တစ်ခုလုံးတွင် ဘုရင်မင်းမြတ် သည် ဆိတ်ငြိမ်ရာကို အနည်းငယ်မျှ ရှာမရပေ။ ဘုရင်မင်းမြတ်သည် တိုင်းရေးပြည်မှုကို စီမံခန့်ခွဲနေစဉ်၌ပင် အခြားမိန်းမ တစ်ဦးဦးနှင့် အပျော်ကျူး နေသည်ဟု အထင်တော်ပေါက်ပြီးလျှင် မိဖုရားကြီးသည် ဘုရင်မင်းမြတ်၏ . အလုပ်ခန်းတွင်းသို့ ဇွတ်အတင်း ဝင်ရောက် နှောင့်ယှက်တတ်၏။ အရေးကြီး သော တိုင်းရေးပြည်မှုများကို ဆွေးနွေးတိုင်ပင်နေစဉ်၌ပင် မိဖုရားကြီးသည် အစဉ် ဝင်ရောက် စွက်ဖက်၏။ ဘုရင်မင်းမြတ်သည် ဘယ်သောအခါမျှ နားမအေးရပေ။
ဤသို့ နားပူနားဆာလုပ်သဖြင့် ဘာဖြစ်သည်ကို ကြည့်ကြစို့။
ဘုရင်မင်းမြတ်သည် ညဉ့်နက်သန်းခေါင် အချိန်တွင် နန်းတော်၏ မလွယ်ပေါက်မှ ကိုယ်ရံတော်တစ်ဦးနှင့် ရုပ်ဖျောက်၍ ထွက်ပြီးလျှင် နားအေးရာ အရပ်၌ ကိုယ်လုပ်တော်တစ်ဦးဦးနှင့် ပျော်ပါးလေ့ ရှိ၏။
ဤသည်ကား နားပူနားဆာ လုပ်မိသောကြောင့် မိဖုရားကြီး ရရှိသော အပြစ်ဒဏ်ပေတည်း။
အချစ်ကို ပြယ်အောင်လုပ်ရန် အစွမ်းဆုံးသော ဆေးသည် နားပူနားဆာ လုပ်ခြင်းပင် ဖြစ်လေသည်။ ဤဆေးကို သုံးလိုက်လျှင် မည်သည့်အချစ်မျိုးမျှ မခံနိုင်ချေး၊ မြွေဟောက်၏ အဆိပ်သည် သတ္တဝါ ဟူသရွေ့ကို သံတ်ဖြတ် ဖျက်ဆီးပစ်နိုင်သလို နားပူနားဆာ လုပ်ခြင်းသည်လည်း အချစ် ဟူသမျှကို သတ်ဖြတ် ဖျက်ဆီးပစ်နိုင်၏။ – ။
ရုရှား စာရေးဆရာကြီး တော်စတွိုင်း” ၏ မိန်းမဖြစ်သူသည် နားပူ နားဆာ ပြုလုပ်ခြင်း၏ မကောင်းကြောင်းကို အချိန်နှောင်းမှ သိရှိရလေသည်။ သူ မသေခင်ကလေးတွင်မှ သူ့သမီးများသို့ “ညည်းတို့ အဖေ သေရတာ ငါ့ကြောင့်ပဲ”ဟု ပြောသွားခဲ့လေသည်။ သူတို့၏ မိခင်သည် သူတို့၏ ဖခင်ကို အစဉ်မပြတ် နားပူနားဆာ လုပ်ခဲ့ကြောင်းကို ကောင်းစွာ သိရှိပြီးသား ဖြစ်သော သမီးများကမူကား ဘာမျှ ပြန်မပြောဘဲ ငို၍သာ နေကြလေသည်။
သူတို့ညားစက တစ်ဦးနှင့်တစ်ဦး အလွန် ချစ်ခင် စုံမက်ခဲ့ကြ၏။ ပစ္စည်းကလည်း ချမ်းသာ၊ ဂုဏ်ဒြပ်နှင့်လည်း ပြည့်စုံသဖြင့် လိုလေသေးဟူ၍ မရှိရကား ဇနီးမောင်နှံတို့သည် အလွန် ပျော်ရွှင်လျက် ရှိကြ၏။
နှစ်အတော် ညောင်းသောအခါ တော်စတွိုင်း၏ အယူအဆတို့သည် တစ်စတစ်စ ပြောင်းလဲ လာလေသည်။ ရှေးအခါက စည်းစိမ်ဥစ္စာတို့ကို တွယ်တာခဲ့သော်လည်း ထိုသို့ စိတ်ပြောင်းလဲလာသောအခါ စည်းစိမ် ဥစ္စာ တို့သည် ဒုက္ခအပေါင်းတို့၏ တည်ရာဖြစ်သည်ဟု ယူဆပြီးလျှင် . ရှိသမျှကို စွန့်၍ ဆင်းဆင်းရဲရဲ နေထိုင်လျက် ရှိ၏။ ဤသို့ နေထိုင်ခြင်းကို သူ၏ မိန်းမသည် သည်းမခံနိုင်ချေ။
တစ်ရံရောအခါ တော်စတွိုင်းသည် အဖိုးအခမယူဘဲ မိမိ ရေးသားထား သော စာအုပ်များကို ပုံနှိပ်ရန် ပေးလိုက်သောအခါ သူ၏ ဇနီးသည် များစွာ မကြေမချမ်းဖြစ်သောကြောင့် ဆူပူရင်း တက်သွား၏။ အတက်ကျသောအခါ ကြမ်းပေါ်တွင် လူးလှိမ့်ရင်း ဘိန်းပုလင်းကို နှုတ်ခမ်းတွင် တေ့ပြီးလျှင် သူ့ကိုယ်သူ သတ်သေမည်ဟု ခြိမ်းချောက်သေး၏။ ‘ ‘ အတော်သနားစရာကောင်းသော အဖြစ်အပျက်ကလေးတစ်ခုမှာကား အောက်ပါအတိုင်းပင် ဖြစ်၏။
အိမ်ထောင်ပြု၍ အနှစ် ၄၈ နှစ်မျှ ကြာသောအခါ တော်စတွိုင်းသည် မိမိ၏ ဇနီးဖြစ်သူကို မျက်နှာချင်းပင် မဆိုင်ချင်လောက်အောင် စိတ်နာလျက် ရှိ၏။ တစ်နေ့သ၌ သူ၏ ဇနီးသည် သူ၏ ခြေရင်း၌ လာ၍ ထိုင်ပြီးလျှင် သူတို့ အိမ်ထောင်မကျမီက သူ့ အကြောင်းကို တော်စတွိုင်း ကိုယ်တိုင် ဖွဲ့နွဲ့ ရေးသားထားသော မေတ္တာစာများကို ပြန်လည်ဖတ်ပြရန် တောင်းပန်ရှာ၏ ။ ထိုစာများကို တော်စတွိုင်းသည် ဖတ်ပြပြီးသောအခါ ထိုကဲ့သို့ အချစ်များ ပျက်ပြယ်ကုန်သည့် အဖြစ်ကို တွေးမိကြသဖြင့် နှစ်ဦးစလုံး ရှိုက်ကြီးတငင် ငိုကြွေးကြလေသည်။ – နောက်ဆုံးတွင် တော်စတွိုင်းသည် အသက် ၈၂ နှစ်ရှိသောအခါ မိန်းမ ဖြစ်သူ၏ နားပူနားဆာလုပ်ခြင်းကို အလျဉ်း သည်းမခံနိုင်တော့ပြီ ဖြစ်ရကား ညတစ်ညတွင် ဆီးနှင်းများ ပြင်းထန်စွာ ကျလျက်ရှိစဉ် နေအိမ်မှ ခြေဦး တည့်ရာသို့ ထွက်ပြေးလေသည်။ ၁၁.ရက် ကြာသောခါ မီးရထားဘူတာရုံ တစ်ရုံတွင် အအေးမိပြီးလျှင် အဆုတ်ရောင်ရောဂါနှင့် အနိစ္စရောက်ရရှာ၏။ ” အနိစ္စမရောက်မီကလေးတွင် နောက်ဆုံး တောင်းပန်သွားသော စကားများမှာ သူ့ဆီသို့ သူ့မိန်းမကို ဘယ်နည်းနှင့်မျှ ခေါ်မလာရန်ပင် ဖြစ်လေသည်။
ဤသည်ကား နားပူနားဆာလုပ်မိသဖြင့် ဖြစ်ရသော အဖြစ်အပျက် ပေတည်း။
သမ္မတမင်း လင်ကွန်း၏ မိန်းမသည်လည်း အလွန် နားပူနားဆာလုပ်တတ် ၏။ အခြား ပြောစရာမရှိလျှင် လင်ဖြစ်သူကို နားရွက်ကြီးက ကြီးလိုက်တာ၊ နှာခေါင်းကလဲ ကောက်သေးရဲ့ ၊ အောက်နှုတ်ခမ်းကြီးကလဲ တွဲလို့၊ ကိုယ်လုံး . ကိုယ်ပေါက်ကလဲ ရှူနာသည်နဲ့ တူ က တူနဲ့၊ လက်တွေခြေတွေ သိပ်ကြီးပြီး” ခေါင်းက သိပ်သေးတာပဲ အစရှိသဖြင့် တောင်စဉ်ရေမရ စကားများကို ပြောကာ လင်ဖြစ်သူကို နားပူနားဆာ လုပ်တတ်၏။
ယခုခေတ်တွင် လင်ကွန်း၏ အတ္ထုပ္ပတ္တိကို အသိဆုံးဖြစ်သူတစ်ဦး ဖြစ်သော အမေရိကန် အထက်လွှတ်တော်အမတ် အယ်လဘတ် ဂျေဘဲဗာရစ်” သည် လင်ကွန်း၏ ဇနီးသည် အကြောင်းကို အောက်ပါအတိုင်း ရေးသား ခဲ့ဖူးသည်။ : “မစ္စက်လင်ကွန်း၏ စူးရှကျယ်လောင်သော အသံကို လမ်းတစ်ဖက်မှ ကြားနိုင်လေသည်။ မကြာခဏ ဒေါသနှင့် အော်ဟစ်ကြိမ်းမောင်းသော အသံ ကို အိမ်နီးနားချင်းတို့သည် ကောင်းစွာ ကြားရ၏။ ဒေါသ ဖြစ်လာသော အခါ အော်ဟစ် ကြိမ်းမောင်းရုံဖြင့် မကျေနပ်သေးဘဲ မကြာခဏ ကိုယ်ထိ လက်ရောက် ကျူးလွန်တတ်လေသည်။” – – သူတို့လင်မယား ညားပြီး၍ မကြာမီ လူအများရှေ့တွင် မစ္စက်လင်ကွန်း သည် သူ့ယောက်ျား၏ မျက်နှာကို ပူလျက်ရှိသော ကော်ဖီထည့်ထားသည့် ပန်းကန်နှင့် တအားကုန် ပေါက်ခဲ့ဖူးလေသည်။ ။
လင်ကွန်းနေထိုင်သော စပရင်းဖီးမြို့တွင် ရှေ့နေ ၁၁ ဦး ရှိ၏။ ထိုတစ်မြို့တည်းနှင့် မစားလောက်သဖြင့် ရှေ့နေ ၁၁ ဦးသည် တရားသူကြီး ဒေးဗစ် ဒေးဗီဒီ လှည့်လည်ရုံးထိုင်ရာ အရပ်များသို့ အတူလိုက်၍ ရှေ့နေလိုက် ကြရ၏။ လင်ကွန်းမှလွဲ၍ အခြား ရှေ့နေများသည် စနေနေ့ ညနေတွင် ရောက်ရာအရပ်မှ စပရင်းဖီးသို့ ပြန်ကြပြီးလျှင် မိမိတို့၏ သားမယားနှင့် ရုံးပိတ်ရက်အတွင်း အတူတူနေကြလေသည်။ လင်ကွန်းမှာမူကား အိမ်ပြန်ရ မည်ကိုပင် ကြောက်လျက် ရှိ၏။ တစ်နှစ်တွင် ခြောက်လလောက် အိမ်မပြန်ဘဲ အနီးအနားရှိ `ဟိုတယ်များတွင် ဖြစ်သလို ကြည့်၍နေသွားခဲ့၏။ ထိုအချိန် အခါက ဟိုတယ်များတွင် နေထိုင်ရခြင်းသည် ချမ်းမြေ့သက်သာခြင်း မရှိသေး သော်လည်း လင်ကွန်းသည် နားပူနားဆာလုပ်ခြင်း ခံနေရသော အိမ်ထက် ဟိုတယ်များကို ပိုမို၍ နှစ်ခြိုက်၏။
မစ္စက်လင်ကွန်း၊ မိဖုရားကြီး မာရီ အီဇယ်နီနှင့် တော်စတွိုင်း၏ ဇနီး သည်တို့သည် သူတို့၏ ခင်ပွန်းသည်များအပေါ်တွင် နားပူနားဆာလုပ်မိကြ သောကြောင့် စွန့်ပစ်ခြင်းခံရသော အပြစ်ဒဏ်တို့ကို ရရှိခဲ့ကြလေပြီ။ ဤသို့ နားပူနားဆာ ပြုလုပ်ခြင်းဖြင့် သူတို့ လိုရာကို မရဘဲ စိတ်မချမ်းမြေ့ခြင်းသာ လျှင် အဖတ်တင်လေသည်။ နားပူနားဆာလုပ်ခြင်းသည် သူတို့၏ အသက်ဘူး ဖြစ်သော အချစ်ကိုပင် ပြန်၍ ဖျက်ဆီးပစ်လေသည်။
ဘက်စီ ဟမ်ဘာဂါသည် နယူးယောက်မြို့၏ လင်ခန်း မယားခန်းရုံးတွင် ၁၁ နှစ်တိုင်တိုင် အမှုထမ်းဖူး၍ မယားကို ပစ်ပြေးသော ယောက်ျားတို့၏ အမှုပေါင်း ထောင်ပေါင်းများစွာကို စစ်ဆေးကြည့်ရှုဖူး၏။
“ယောက်ျားများ အိမ်မှ ထွက်ပြေးခြင်း၏ အကြောင်းရင်း တစ်ရပ်မှာ အခြားမဟုတ်၊ အိမ်ကမိန်းမ နားပူနားဆာလုပ်သောကြောင့်ပင် ဖြစ်ပေသည်” ဟူ၍ ဘက်စီဟမ်ဘာဂါက ပြောပြခဲ့ဖူး၏။
ဘော်စတန် ပို့’ ခေါ် သတင်းစာ တစ်စောင်ကမူကား “များစွာသော မိန်းမတို့သည် ဘာမဟုတ်သည့် အရာကလေးများဖြင့် မိမိတို့၏ အိမ်ထောင် များကို ဖျက်ဆီးပစ်တတ်ကြလေသည်” ဟူ၍ အတိအလင်း ရေးသားခဲ့ဖူးလေ သည်။
ထို့ကြောင့် အကြင်လင်နှင့် ́မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ . လိုကြပါလျှင် ဥပဒေသ အမှတ် ၁ သည် နားပူနားဆာ မလုပ်နှင့်။