အခန်း ၂ အချစ်ပြယ်ဆေး
“ကျွန်ုပ်၏ တစ်သက်တွင် ကျွန်ုပ်သည် များစွာ အမှားတို့ကို ပြုလုပ်ကောင်း ပြုလုပ်ခဲ့ဖူးပေလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်သည် အချစ်တစ်ခုတည်းကြောင့် မိန်းမယူရန် ဘယ်အခါမျှ စိတ်မကူးပေ”ဟု ကမ္ဘာကျော် အင်္ဂလိပ်နန်းရင်းဝန် ဒစ်ဇရေလီ သည် ထုတ်ဖော် ပြောဆိုဖူးလေသည်။ ။
ထိုကဲ့သို့ပြောသည့်အတိုင်းလည်း မယူဘဲ နေခဲ့၏။ လူပျိုကြီးဘဝနှင့် နေခဲ့ရာ အသက် ၃၅ နှစ်သို့ ရောက်မှ သူ့ထက် အသက် ၁၅ နှစ်ကြီးသော ပိုက်ဆံ ချမ်းသာကြွယ်ဝသည့် မုဆိုးမတစ်ဦးကို လက်ထပ်ထိမ်းမြားလိုကြောင်း နှင့် ကြောင်းလမ်း၏။ ထိုမုဆိုးမကြီး၏ ဆံပင်တို့မှာ ဖြူ၍ပင် နေလေပြီ။ သူ့ကို ချစ်၍မဟုတ်ဘဲ ပိုက်ဆံချမ်းသာသောကြောင့်သာ လက်ထပ်သည်ဟု မုဆိုးမကြီးသည် ကောင်းစွာ သိရှိ၏။ ထို့ကြောင့် ကြောင်းလမ်းသောအခါ တစ်နှစ်လောက် စောင့်ပြီးလျှင် ဒစ်ဇရေလီကို အကဲခတ်ပါရစေဦးဟူ၍သာ တောင်းပန်လိုက်၏။ တစ်နှစ် စေ့သောအခါ မုဆိုးမကြီး မေရီ အန်း သည် ဒစ်ဇရေလီနှင့် လက်ထပ်လိုက်၏။
ငွေကြောင့် လက်ထပ်သည်ကား မှန်၏။ သို့ရာတွင် ထိုဇနီးမောင်နှံ တို့သည် ပျော်တပြုံးပြုံး မော်မဆုံးနိုင်အောင် ရှိကြ၏။
မေရီအန်းသည် ရုပ်ရည်ရူပကာယမှာ မပြည့်စုံ၊ ငယ်ဂုဏ်ကလည်း မဖြာသာ၊ ပညာဉာဏ်မှာတော့ အလွန် နည်းသူတစ်ဦး ဖြစ်လေသည်။ စကား ပြောရာ၌လည်း အမှားမှားအယွင်းယွင်းတို့ကိုသာ ပြောတတ်လေသည်။
ဥဒါဟရုဏ်၊ ရောမနှင့် ဂရိရှိသည့်အနက် ဘယ်သင်းသည် အလျင်ကျကြောင်း အလျဉ်း မသိချေ။ အဝတ်အစားကိုလည်း ကြောင်ကြောင်ကျားကျားမှ ဝတ် တတ်၏။ အိမ်ကို ပြင်ဆင်ရာ၌လည်း ရယ်စရာ ကောင်းလောက်အောင် သူများထက် ဆန်း၏။ . ၊ သို့ရာတွင် တစ်ခုတော့ ချီးမွမ်းစရာရှိ၏။ ထိုချီးမွမ်းစရာအချက်သည် အခြားမဟုတ်။ ယောက်ျားကို ပြုစုရာ၌ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင် ခြင်းပင် ဖြစ်လေသည်။ ။
မေရီအန်းသည် ဒစ်ဇရေလီကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ပညာဉာဏ်အရာတွင် ဘယ်အခါမျှ မယှဉ်ပြိုင်။ လင်လုပ်သူကိုသာ အနိုင်ပေးလေ့ ရှိသည်။ အလုပ် လုပ်ရာမှ မောပန်း၍ ပြန်လာသောအခါ လင်တော်မောင်အား ယုယပိုက်ထွေး ကျွေးမွေး ပြုစုခြင်းဖြင့် အမောပြေစေ၏။ မေရီအန်း ရှိသော အရပ်သည် ဒစ်ဇရေလီ၏ ပင်ပန်းခြင်း အပေါင်းတို့ ချုပ်ငြိမ်းရာ လောကနိဗ္ဗာန် သဖွယ် • ဖြစ်နေလေသည်။ – ဒစ်ဇရေလီသည် အမတ်ကြီးဘွဲ့” ကို မေရီအန်း ကွယ်လွန်မှ ရ၏။ အရပ်သားအဖြစ်နှင့် နေရစဉ်ကပင် သူ့မိန်းမအား မင်းပိုင်းစိုးပိုင်းဝင် ဖြစ်အောင် ဝိတိုရိယ ဧကရီ ဘုရင်မကြီးအား တောင်းပန်ဖူးလေသည်။ ထို့ကြောင့်လည်း ၁၈၆၈ ခုနှစ်တွင် မေရီအန်းမှာ ဗိုင့်ကောင့်တက် ဗီးကွန်စဖီး- ဖြစ်သွားလေ သည်။ ၊ ဘယ်လောက်ပင် ထူထူ အအ ဒစ်ဇရေလီသည် ဇနီးသည်ကို ပရိသတ်တွင် ကြိမ်းမောင်းခြင်း၊ အပြစ်ပြောခြင်း မပြုလုပ်ခဲ့ပေ။ အကယ်၍ တစ်စုံတစ်ယောက်သောသူက သူ့ဇနီးကို ရှုတ်ချ ပြောဆိုသောအခါ သူသည် အသက်ပေး၍ ကာကွယ် ပြောဆိုခဲ့လေသည်။ ။
မေရီအန်းလည်း အနှစ် ၃၀ ကျော် ပေါင်းသင်း ဆက်ဆံခဲ့သည့် အတောအတွင်း လင်တော်မောင်၏ အကြောင်းကို ချီးကျူးရတော့မည်ဆိုလျှင် မင္းတမ်း ချီးကျူးလေ့ ရှိ၏။
“ကျွန်ုပ်တို့ လက်ထပ်လာခဲ့ကြသည်မှာ အနှစ် ၃ဝ ရှိလေပြီ၊ ကျွန်ုပ်၏ ဇနီးပေါ်တွင် တစ်ခါဖူးမျှ မငြီးငွေ့ခဲ့ဘူး” ဟု၍ ဒစ်ဇရေလီက ထုတ်ဖော် ပြောခဲ့ဖူး၏။
”ကျွန်ုပ်တို့၏ စိတ်ကို အတင်းအကျပ် အနှောင့်အယှက် မဖြစ်စေဘဲနှင့် တစ်ဖက်သားတို့ စိတ်ချမ်းမြေ့အောင် နေတတ်သော အလေ့အကျင့်များကို ကျွန်ုပ်တို့သည် အနှောင့်အယှက် မပြုသင့်ပေ၊ ဤနည်းသည် လူတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် ရှေးဦးစွာ လိုက်နာရသောနည်း ဖြစ်လေသည်”ဟု ဟင်နရီ ဂျိမ်း သည် ရေးသားခဲ့ဖူးလေသည်။
“အိမ်ထောင်တည်မြဲရေး” စာအုပ်ထဲတွင် လေလန် ဖို့စတာ ၃” သည် အောက်ပါအတိုင်း ရေးထား၏။
“အိမ်ထောင် တည်တံ့ရန်အရေးတွင် လူကောင်းကို ရှာယူရုံနှင့် မပြီးသေး ဘဲ မိမိကိုယ်တိုင်ကလည်း လူကောင်းဖြစ်ရန် လိုပေသေးသည်။” , ထို့ကြောင့် အကြင် လင်နှင့်မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ လိုကြပါလျှင် ဥပဒေသ အမှတ် ၂ သည် အကြင်လင်မယားတို့သည် တစ်ဦးကို တစ်ဦး ငြီးငွေ့အောင် မလုပ် သင့်ချေ။