အခန်း ၄ လူတိုင်းကို ပျော်ရွှင်အောင် ပြုလုပ်သောနည်း
ပြင်သစ်ပြည်တွင် အထက်တန်းစား လူငယ်များသည် သူတို့နှင့် တွဲလျက်ရှိသော မိန်းကလေးများ၏ အဝတ်အစားကို တစ်နေ့ထဲတွင် တစ်ကြိမ်မဟုတ် အကြိမ် ပေါင်းများစွာ ချီးကျူးရန် အလေ့အကျင့် ပြုလုပ်ထားကြလေသည်။
ဇာဘုရင်အုပ်စိုးစဉ်က ရုရှားပြည်၏ မှူးကြီးမတ်ရာ သေနာပတိတို့သည် ထမင်းမြိန်သောအခါ စားတော်ကဲများကို သူတို့၏ ရှေ့သို့ ခေါ်ပြီးလျှင် ကိုယ်တိုင် ချီးကျူးကြလေသည်။ ။
သင်၏ မိန်းမအပေါ်၌လည်း ထိုမျှလောက် ကြင်နာသော စိတ်ထားမျိုး ၊ မရှိနိုင်ပေဘူးလား။ နောက်တစ်ကြိမ် ကြက်သားဟင်းကို နူးနေအောင် အချက်ကောင်းလျှင် ကောင်းကြောင်းကို သင်၏ အိမ်ရှင်မအား ချီးကျူးပါ။ ဤသို့ ချက်ပုံကို သင် အလွန်ကြိုက်သည်ဟု ပြောပြပါ။ ။
ဤသို့ ဆက်ဆံနေစဉ် သင်၏ စိတ်ချမ်းသာမှုအတွက် သင်၏ ဇနီး သည်သည် မည်မျှ အရေးပါ အရာရောက်သည်ကို ဖွင့်ပြောရန် မကြောက် ပါနှင့်။ ဒစ်ဇရေလီသည် အင်္ဂလန်ပြည်၏ နိုင်ငံရေးခေါင်းဆောင်ကြီး တစ်ဦး ဖြစ်သော်ငြားလည်း သူ့မိန်းမထံမှ မည်သည့်အကျိုးကျေးဇူးမျိုး ရရှိခဲ့သည်ကို တစ်ကမ္ဘာလုံးသိအောင် ထုတ်ဖော်ပြောဆိုရန် မရှက်ခဲ့ပေ။
တစ်နေ့က မဂ္ဂဇင်းတစ်စောင်ကိုဖတ်ရာ၌ ကမ္ဘာကျော်ရုပ်ရှင်မင်းသား အက်ဒီ ကန်တာ” ၏ ပြောကြားသော စကားရပ်ကို အောက်ပါအတိုင်း တွေ့ ရ၏။
”ကမ္ဘာပေါ်တွင် ကျွန်တော်၏ မိန်းမထက်ပို၍ ကျွန်တော် ကျေးဇူးတင် `ထိုက်သူ မရှိပါ၊ ကျွန်တော်တို့ နှစ်ဦးသည် ငယ်စဉ်ကတည်းက တစ်ဦးနှင့် တစ်ဦး အလွန်အမင်း ချစ်ခင်ခဲ့ကြပါသည်။ ကျွန်တော်သည် အထက်တန်းသို့ ရောက်အောင် သူသည် ကျွန်တော့်အား အတော် ကူညီခဲ့ပါသည်။ ကျွန်တော်တို့ လက်ထပ်ပြီးသည့်နောက် သူသည် ပိုသမျှငွေကို အကုန်စုပြီးလျှင် တိုးပွားအောင် လုပ်ပါသည်။ ဤနည်းဖြင့် ကြိုးစား၍ ပိုက်ဆံအတော်ချမ်းသာခဲ့ပါသည်။ ကျွန်တော်တို့မှာ ကလေး ငါးယောက် ရှိပါသည်၊ သူ့ကြောင့် ကျွန်တော်တို့ အိမ်မှာ လောကနိဗ္ဗာန်သဖွယ် ဖြစ်နေပါသည်၊ ကျွန်တော်သည် မည်သည့် အထက်တန်းကိုပဲ ရောက်စေကာမူ ဤသို့ရောက်အောင် ပေးပို့သောသူမှာ ကျွန်တော်၏ ဇနီးပင် ဖြစ်ပါသည်။”
လင်ကွာမယားကွာများ ကြောက်ခမန်းလိလိဖြစ်အောင် ထူထပ်ပေါများ သော ဟောလီဝု” အရပ်၌ပင်လျှင် အလွန် ပျော်ရွှင်လျက်ရှိသော အိမ်ထောင် သည်များအနက် တစ်ဦး အပါအဝင်ဖြစ်သော အိမ်ထောင်သည်မှာ ဝါနာ ဘက္ကစတာ တို့ လင်မယားပင် ဖြစ်လေသည်။ မစ္စက် ဝါနာ ဘက္ကစတာသည် လက်မထပ်မီက နာမည်ကျော် ကချေသည်မဖြစ်၍ လက်ထပ်လိုက်သောအခါ ကချေသည်မ အလုပ်ကို စွန့်ပစ်လိုက်လေသည်။ သူ့မိန်းမအကြောင်းနှင့် စပ်လျဉ်း၍ “ကတဲ့အလုပ်ကို စွန့်လိုက်ရလို့ ကျွန်တော့်မိန်းမဟာ ပရိသတ်ရဲ့ အချီးမွမ်းတော့ မခံရဘူး၊ သို့ပေမယ့် ကျွန်တော့် အချီးမွမ်းကိုတော့ အမြဲတမ်း ရရှိနေပါတယ်၊ မိန်းမတစ်ယောက်ဟာ . လင်ယောက်ျားနဲ့ နေရတဲ့ အခါ ပျော်တယ်ဆိုတာ အခြားမဟုတ်ပါဘူး၊ လင်ယောက်ျားရဲ့ ချီးကျူးခြင်း နှင့် မယားအပေါ်တွင် စွဲစွဲလမ်းလမ်းရှိခြင်းရဲ့ အရသာကို ခံစားခြင်း ဖြစ်ပါ တယ်၊ လင်ယောက်ျားရဲ့ ချီးကျူးခြင်းနှင့် စွဲလမ်းခြင်းတို့ဟာ အစစ်အမှန် ဖြစ်ခဲ့လျှင် လင်ဖြစ်သူမှာလည်း အလိုလို စိတ်ချမ်းသာလာပါလိမ့်မယ်”ဟူ၍ ဝါနာ ဘက္ကစတာက ထုတ်ဖော် ပြောဆိုဖူးလေသည်။ ။
ထို့ကြောင့် အကြင်လင်နှင့် မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ လိုကြပါလျှင် ဥပဒေသ အမှတ် ၄ သည် . . . .. စေတနာဖြင့် ချီးကျူးရန် မမေ့နှင့်