ဤစာအုပ်ကို ဘယ်လိုရေးသည် ဘာ့ကြောင့် ရေးသည်
လွန်ခဲ့သော ၃၅ နှစ်အတွင်းက အမေရိကန်ပြည်ရှိ ပုံနှိပ်တိုက်များ သည် စာအုပ် အမျိုးကွဲပေါင်း နှစ်သိန်းကျော် ပုံနှိပ်ထုတ်ဝေခဲ့၏။ `ထို များစွာသော စာအုပ်တို့မှာ လွှင့်ပစ်ချင်စဖွယ် ငြီးငွေ့စရာ ကောင်း၏။ ဤစာအုပ်များအတွက် ပုံနှိပ်ထုတ်ဝေသူများသည် ပုံနှိပ်ခ ရှုံးလေသည်။ “များစွာသော ‘ စာအုပ်များ” ဟု ကျွန်ုပ် ပြောသည် မဟုတ်လား။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပုံနှိပ်တိုက် တစ်တိုက်၏ ဥက္ကဋ္ဌတစ်ဦးက “၇၅ နှစ်အတွင်း ကျွန်ုပ်၏ ပုံနှိပ် တိုက်သည် စာအုပ် ရှစ်အုပ် ပုံနှိပ်တိုင်း ခုနစ်အုပ်မှာ အရှုံးပေါ် သည်” ဟု ကျွန်ုပ်အား ဝန်ခံဖူး၏။
ဒီလိုဆိုလျှင် ကျွန်ုပ်သည် အဘယ့်ကြောင့် မဆင်ခြင် မစဉ်းစားဘဲ အရဲစွန့်ကာ စာအုပ်တစ်အုပ်ကို နောက်ထပ် ရေးချင်ရ သနည်း။
ကျွန်ုပ် ရေးပြီးသည့်တိုင်အောင် စာအုပ်တွေ ဒီလောက် များနေတဲ့အထဲမှာ ဒီစာအုပ်ကို သင်သည် အဘယ့်ကြောင့် စိတ်ရှုပ် ခံကာ ဖတ်ရမည်နည်း။
နှစ်ခုစလုံး မေးသင့်သော မေးခွန်းများပေ။ ထိုမေးသင့်သော မေးခွန်းတို့ကို ကျွန်ုပ် ကြိုးစား၍ ဖြေကြားပါအံ့။
ဤစာအုပ်ကို ဘယ်လိုရေးသည်၊ ဘာကြောင့်ရေးသည်ကို ” ဖြေရှင်းရာ၌ လိုဝဲသောမတ် ရေးသားပြီးခဲ့သော “ထင်ပေါ်ရန် ဖြတ်လမ်း’ စာတမ်းတွင် ပါဝင်သည့် အချက် အချို့ကို ချုံး၍ ထပ်မံရေးသားရဦးမည် ဖြစ်၏။ ,
၁၉၁၂ ခုနှစ်က အစပြုသည့် ကျွန်ုပ်သည် ကုန်သည်များနှင့် ပညာသည်များအတွက် ပညာရေးလမ်းစဉ်ကို နယူးယောက်မြို့တွင် ကြီးကြပ်ခဲ့လေသည်။ လက်ဦးတွင် ကျွန်ုပ်သည် လူတော စကား ပြောနည်း သင်ခန်းစာများကိုသာ ပို့ချလျက်ရှိသည်။ ထိုသင်ခန်းစာ များဖြင့် အရွယ်ရောက်ပြီး သူတို့အား လူအများရှေ့မှောက်တွင် သော်လည်းကောင်း၊ အလုပ်အကိုင်နှင့် စပ်လျဉ်း၍သော်လည်းကောင်း ၊ စကားပြောရာ၌ မိမိတို့၏ အကြံဉာဏ်များကို ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက် ဟန်ပန် လေသံနှင့် ပြောဆိုပြသနိုင်အောင် သင်ကြား ပြသပေးရန် ကျွန်ုပ် ရည်ရွယ်ချက် ရှိလေသည်။
သို့ရာတွင် ထိုအရွယ်ရောက်ပြီးသူများသည် ထိရောက်သော စကားပြောအတတ်ကို တတ်မြောက်ရန် လိုသည်နှင့်အမျှ အလုပ် အကိုင်နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ပေါင်းသင်းဆက်ဆံ ‘ ရေး၌သော်လည်းကောင်း လူအများနှင့် သင့်တင့်စွာ စခန်းသွားနိုင်မည့် ” သင်ခန်းစာများကိုလည်း ပို၍ လိုအပ်ကြောင်း နှစ်များစွာ လွန်လာ . သောအခါ ကျွန်ုပ်သည် တဖြည်းဖြည်း သိလာပါသည်။
ကျွန်ုပ်ကိုယ်တိုင်ပင် ဤသင်ခန်းစာများကို လေ့လာရန် လိုသေးကြောင်းကို တစ်စတစ်စ သိလာ၏။ ကုန်ခဲ့ပြီးသော နှစ်များကို ပြန်လည် ကြည့်လိုက်သောအခါ အခါပေါင်းများစွာ ကျွန်ုပ်ကိုယ်တိုင် ပါးနပ်မှု သိနားလည်မှု ချို့တဲ့ခဲ့သည်ကို ပြန်၍ မြင်မိ၏။ သို့မြင်မိတိုင်း ကျွန်ုပ်၏ စိတ်သည် များစွာ တုန်လှုပ် :: ချောက်ချားလေသည်။ အနှစ် ၂၀ လောက်က ဤလို စာအုပ်မျိုး တစ်အုပ် ကျွန်ုပ်၏ လက်တွင်းသို့ ရောက်ပါစေတော့ဟု များစွာ တောင့်တမိ၏။ အကယ်လို့များ ရောက်လာခဲ့လျှင် ဘယ်လောက် အဖိုးတန်လိုက်မလဲ။
လူအများနှင့် ပေါင်းသင်းဆက်ဆံရေးသည် သင့်အတွက် အရေးအကြီးဆုံးသော ပြဿနာ ဖြစ်ကောင်း ဖြစ်ပေမည်။ အထူး သဖြင့် သင်သည် ကုန်သည်ဖြစ်ခဲ့လျှင် ထိုစကားသည် မှန်ကန် ပေမည်။ ဟုတ်တယ်လေ။ အကယ်၍ သင်သည် အိမ်ရှင်မ သို့ မဟုတ် ဗိသုကာ သို့မဟုတ် စက်ဆရာဖြစ်လျှင်လည်း ထိုစကားဟာ `မှန်ဦးမှာပဲ။ ဆရာ့တက်လမ်းကာနက်ဂျီအခြေခံအဖွဲ့က ကြီးကြပ်၍ မဟုတ်။ ရက်တွင် ငွေဝင်ဆုံး ဖြစ်သော သာဓကဆောက် နှစ်အနည်းငယ်ခန့်က စုံစမ်းဖူးရာ အလွန် အရေးပါ အရာရောက် သည့် အချက်တစ်ချက်ကို တွေ့ရ၏။ ထိုအချက်မှန်ကြောင်းကို လည်း “ကာနက်ဂျီလုပ်ငန်း အတတ်သိပ္ပံအဖွဲ့ က ထပ်မံ ရှာဖွေ ရရှိသော အချက်များက ထောက်ခံပြန်လေသည်။ စက်ဆရာလုပ်ငန်း မျိုး၌ပင်လျှင် စက်ဆရာအတတ်ကို ကျွမ်းကျင်ခြင်းတစ်ခုတည်းနှင့် သူဌေးဖြစ်သူများမှာ ၁၅ ရာခိုင်နှုန်းသာဖြစ်၍ ကျန် ၈၅ ရာခိုင်နှုန်း မှာ လူရည်သန့်ခြင်း၊ လူထုကို ဆွဲဆောင်နိုင်ခြင်းတည်းဟူသော ပေါင်းသင်းဆက်ဆံရေး၌ ကျွမ်းကျင်သောကြောင့် ဖြစ်လေသည်။ . ဖီလဒယ်လဖီးယားနှင့် နယူးယောက်မြို့များတွင် ကျွန်ုပ်သည် နှစ်ပေါင်းများစွာ စက်ဆရာများနှင့် လျှပ်စစ်ဘက်ဆိုင်ရာ စက် ဆရာများကို သင်ကြားပြသပေးဖူး၏။ စက်ဆရာပေါင်း ၁,၅ဝဝ ထက်မနည်း ကျွန်ုပ်လက်ထဲမှ ထွက်သွားဖူး၏။ ထိုသူများသည် ကျွန်ုပ်ထံသို့ ပညာသင် လာရောက်ကြခြင်းမှာ အခြားကြောင့် မဟုတ်။ နှစ်ပေါင်းများစွာ တွေ့ကြုံမှတ်သားကြပြီးနောက် စက်ဆရာ လုပ်ငန်းဘက်တွင် ငွေဝင် အဖြောင့်ဆုံးလူသည် များသောအားဖြင့် စက်ဆရာအတတ်ကို အတတ်ဆုံး ဖြစ်သောကြောင့် မဟုတ်ကြောင်း ကို သိလာကြသောကြောင့်ပင် ဖြစ်လေသည်။ သာဓကဆောင်ကြစို့။
လူတစ်ဦးသည် အရည်အချင်းရှိသော စက်ဆရာ၊ သို့မဟုတ် .: စာရင်းကိုင်၊ သို့မဟုတ် ဗိသုကာ၊ သို့မဟုတ် မည်သည့်ပညာသည်
တစ်ဦးဦးကိုမဆို တနင်္ဂနွေတစ်ပတ်လျှင် ဒေါ်လာ ဒင်္ဂါး ၂၅ ပြားမှ အပြား ၅၀ – အထိ ပေး၍ ငှားနိုင်လေသည်။ ဤကဲ့သို့သော ပညာသည်များသည် အပြည့်အနှက် ရှိလေသည်။ သို့ရာတွင် သက်ဆိုင်ရာ အတတ်အပြင် မိမိ၏ အကြံဉာဏ်တို့ကို တိတိ ကျကျ ထုတ်ဖော် ပြောပြနိုင်သည့် သတ္တိ၊ ခေါင်းဆောင်နိုင်သည့် အရည်အသွေး၊ တစ်ဘက်သားကို စိတ်ပါလာအောင် ဆွပေးနိုင်သော စွမ်းရည်တို့သည် ထိုပညာသည်၌ ပြည့်စုံလုံလောက်ပါမူကား ထိုသူသည် ဝင်ငွေ မို့မောက်ဖို့ လမ်းဖြူးနေလေသည်။
ဂျွန်ဒီ ရော့ဖဲလား’ သူဌေးကြီးသည် မိမိလုပ်ငန်း အတက်ဆုံး အချိန်တွင် “လူအများနှင့် ပေါင်းသင်းဆက်ဆံနိုင်သည့် စွမ်းရည် သတ္တိသည် သကြားတို့ ကော်ဖီတို့လို ပိုက်ဆံပေးပြီး ဝယ်ရင်ရနိုင်တဲ့ ကုန်တစ်မျိုးပဲ။ ကျုပ်တော့ ဒီစွမ်းရည်သတ္တိကို ကမ္ဘာပေါ်ရှိ အခြား ပစ္စည်းများထက် ပိုက်ဆံပိုပေးပြီး ဝယ်မှာပဲ”ဟု မက်သယူး စီဘရပ်’ ” အား ပြောပြဖူး၏။
ကမ္ဘာပေါ်တွင် ဤမျှ အဖိုးတန်ဆုံးသော စွမ်းရည်သတ္တိကို တိုးပွားအောင်လုပ်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာ သင်ခန်းစာ များကို တိုင်းပြည်အတွင်းရှိ ကောလိပ်ကျောင်းတိုင်းတွင် သင်ကြား ပြသပေးလိမ့်မည်ဟူ၍ သင်တို့ မထင်မိဘူးလား။ ထိုကောလိပ် ကျောင်းမျိုး ‘တစ်ကျောင်းတလေလောက် ရှိကောင်းရှိပေမည်။ သို့သော် ကျွန်တော်သည် ထိုကျောင်းကို ယခုထက်တိုင် မတွေ့ရ သေးပါ။ . ရှီကာဂို ယူနီဗာစီတီနှင့် ယူနိုက်တက် ဝိုင် အမ် စီ အေ ကျောင်းများအဖွဲ့ က ကြီးကြပ်၍ အရွယ်ရောက်ပြီး သူများ ဘာကို သင်ကြားလိုကြသည်ကို စုံစမ်းခဲ့ဖူး၏။
ဤကဲ့သို့ စုံစမ်းခစရိတ်ငွေ ဒေါ်လာပေါင်း ၂၅,ဝဝဝ ကုန် ကျ၍ နှစ်နှစ်ကြာလေသည်။ ထိုအဖွဲ့ ၏ နောက်ဆုံး စုံစမ်းသော မြို့မှာ ကနက်တိကပ် ၊ ပြည်နယ် မရိဒင် ၃ မြို့ ဖြစ်လေသည်။ ထိုမြို့သည် အမေရိကန်စစ်စစ် မြို့ကလေးတစ်မြို့ ဖြစ်၏။ ထိုမြို့ရှိ အရွယ်ရောက်ပြီးသူတိုင်းအား “သင် ဘာလုပ်သလဲ၊ ဘယ်နှစ်တန်း အထိ သင်ဖူးသလဲ၊ အားလပ်ချိန်၌. ဘာလုပ်သလဲ။ ဝင်ငွေ ဘယ်လောက်လဲ၊ ဘယ်ဟာတွေကို အပျင်းပြေ လိုက်စားသလဲ၊ သင် အလိုရှိသော ရည်မှန်းချက်ဟာ ဘာလဲ၊ သင် တွေ့ကြုံရတဲ့ ပြဿနာများဟာ ဘာလဲ၊ ဘယ်ပညာရပ်ကို သင်ကြားရန် စိတ် အဝင်စားဆုံးလဲ” စသော မေးခွန်းပေါင်း ၁၅၆ မျိုးကို မေးလေသည်။ ထိုအဖွဲ့ ၏ စုံစမ်းချက်အရဆိုလျှင် ကျန်းမာမှုသည် အရွယ်ရောက်ပြီး သူတို့၏ အရေးအကြီးဆုံးသော အချက်ဖြစ်ကြောင်းကို တွေ့ရ လေသည်။ သူတို့၏ ဒုတိယ စိတ်အဝင်စားဆုံးသော အချက်သည် “လူမှု”ပင် ဖြစ်လေသည်။ သူ့အကြောင်းကို နားလည်အောင် ဘယ်လိုလုပ်မလဲ။ လူများနှင့် သင့်မြတ်အောင် မည်ကဲ့သို့ ဆက်ဆံ မလဲ။ လူကြိုက်အောင် ဘယ်လိုလုပ်မလဲ။ လူတွေကို ကိုယ့်ဘက် ပါအောင် ဘယ်လိုဆွဲမလဲ စသော ‘လူမှု “လူ့ ကိစ္စ”များပင် ဖြစ်လေသည်။
ထိုအချက်များကို စုံစမ်းရရှိပြီးနောက် ထိုသူတို့လိုလားချက် များကို သင်ကြားရန်အတွက် ရေးပြီးသား လက်စွဲကျမ်းတစ်အုပ်ကို စုံစမ်းရေးအဖွဲ့ က အပတ်တကုတ် ရှာဖွေပြန်သည်။ သို့သော် တစ်အုပ်ကိုမျှ မတွေ့ရပေ။
နောက်ဆုံး၌ စုံစမ်းရေးအဖွဲ့သည်သက်ကြီးပညာရေးတွင် ကမ္ဘာပေါ်၌ ထိပ်တန်းအကျဆုံးသော . ပါရဂူကြီးတစ်ဦးထံ အထက်ပါ အရေးနှင့် စပ်လျဉ်း၍ မည်သည့် စာအုပ်ကို ဖတ်ရမည်နည်းဟု စုံစမ်းပြန်ရာ အရွယ်ရောက်ပြီးသူတိုင်း ဘာကို လိုသည်ဆိုတာကို ကျွန်ုပ် ပြောပြနိုင်သည်။ သို့ရာတွင် ထိုသူများ ဖတ်ရန် ကျမ်းစာအုပ်မှာ ယခုထက်တိုင် တစ်အုပ်မျှ မပေါ်ဖူးသေးချေဟု ပြန်ပြောလိုက်လေသည်။ . ။
ထိုပြောပြချက် မှန်ကန်ကြောင်းကို ကျွန်ုပ်ကိုယ်တွေ့အား ဖြင့် သိရှိပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူများနှင့် ပေါင်းသင်းဆက်ဆံရေးအတွက် စည်းကမ်းတကျ အသုံးချရလောက်အောင် ရေးသားထားသော စာအုပ်တစ်အုပ်ကို ကျွန်ုပ် ကိုယ်တိုင် စုံစမ်းရှာဖွေနေသည်မှာ နှစ်ပေါင်း အတော်ကြာညောင်း လေပြီ။ သို့သော် တစ်အုပ်တလေမျှ မတွေ့ရသေးချေ။
ထိုကျမ်းမျိုး တစ်ကျမ်းမျှ မရှိသဖြင့် ကျွန်ုပ်၏ သင်တန်း – တွင် အသုံးပြုရန် စာအုပ်တစ်အုပ်ကို ကျွန်ုပ်ကိုယ်တိုင် ရေးသားရန် ကြိုးစားရလေသည်။ ယခုအခါ ထိုစာအုပ်မှာ ပြီးစီးပြီဖြစ်ရာ သင်တို့ ကြိုက်နှစ်သက်လိမ့်မည်ဟု မျှော်လင့်၏။
ဤစာအုပ်ကို ရေးရန်အတွက် ဒေါ်ရသီ ဒစ်” အရေးအသား များ၊ လင်မယားကွာလိုမှု စီရင်ချက်များနှင့် မိဘမဂ္ဂဇင်း / တို့မှ အစပြု၍ ပရော်ဖက်ဆာ အိုဗာစထရိ”၊ အယ်ဖရက် အက်ဒလား ? နှင့် ဝီလျံဂျိမ်းတို့ ရေးသားချက်များအထိ ဖတ်ခဲ့ရလေသည်။ ထိုမျှ နှင့် မပြီးသေး။ စာအရှာကျွမ်းကျင်သူ သုတေသီပုဂ္ဂိုလ်တစ်ယောက်ကို
ငှားရမ်းလျက် ကျွန်ုပ်ကိုယ်တိုင် မဖတ်ဖူးသေးသော စာအရပ်ရပ်၊ နက်နဲသော စိတ်ပညာကျမ်းများ၊ ရာပေါင်းများစွာသော မဂ္ဂဇင်း ဆောင်းပါးများ၊ မရေမတွက်နိုင်သော အတ္ထုပ္ပတ္တိများထဲတွင် ရှေးပဝေသဏီကစ၍ ယခုခေတ်အတွင်း ထင်ရှား ကျော်စောခဲ့သော သူများသည် လူတို့နှင့် မည်ကဲ့သို့ ဆက်ဆံပေါင်းသင်းကြသည်ကို သိရှိရန် အရပ်ရပ်ရှိ စာကြည့်တိုက်များသို့ သွားရောက်၍ တစ်နှစ်ခွဲ လုံးလုံး စုံစမ်းရှာဖွေမှတ်သားစေ၏။ ဂျူလီယက် ဆီဇာ” မှ အစပြု၍ သောမတ် အက်ဒီဆင် အထိ ထင်ရှားကျော်ကြားသော ခေါင်းဆောင် ကြီးတို့၏ အတ္ထုပ္ပတ္တိပေါင်း မြောက်မြားစွာကို ဖတ်ပြီးလေပြီ။ သီအိုဒို ရုစဗဲ့ တစ်ယောက်တည်း၏ အတ္ထုပ္ပတ္တိအမျိုးပေါင်း တစ်ရာကျော်ကို ဖတ်ပြီးခဲ့ကြောင်းကို ကျွန်ုပ် မှတ်မိ၏။ ခေတ်အမျိုး မျိုးတို့တွင် လူအမျိုးမျိုးတို့သည် မိတ်ဆွေပေါများရန်နှင့် လူများကို မိမိဘက်သို့ပါအောင် မည်သည့်နည်းများ သုံးခဲ့သည်ကို စုံစုံလင်လင် သိရှိရန်အတွက် အချိန်နှင့်ငွေ မည်မျှပင် ကုန်စေကာမူအကုန်ခံမည် ဟူ၍ သန္နိဋ္ဌာန်ချပြီး ဖြစ်လေသည်။ ။
ဤကိစ္စနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ကိုယ်တိုင် မာကိုနီ ဖရန့်ကလင် ရုစဗဲ၊ အိုဝင် ဒီ ယန်း ၊ ကလတ်ဗယ်၊ မေရီပစ်ဖို့ မာတင် ဂျွန်ဆင် အစရှိသော ကမ္ဘာကျော် ပုဂ္ဂိုလ်ထူးများနှင့် သွားရောက် တွေ့ဆုံ၍ လူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ ထိုသူများ – အသုံးပြုသော “တစ်ခုကောင်း” များကို စုံစမ်းခဲ့ဖူး၏။ .
ဤကဲ့သို့ စုံစမ်းရှာဖွေ စုဆောင်းခဲ့သော အဆီအနှစ်များမှ . ခပ်တိုတိုပြော၍ ပြီးနိုင်မည့် ဟောစာတစ်ပုဒ်ကို ဖြစ်အောင်ရေးပြီး လျှင် “မိတ်ဆွေပေါ၍ လူများအပေါ် သြဇာညောင်းအောင်လုပ်နည်း” (ဝါ) “မိတ္တဗလဋီကာ” ဟု အမည်ပေးလေသည်။ ခပ်တိုတို ဆိုသော စကားကို ကျွန်ုပ် သုံးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရေးစက ခပ်တိုတို ဖြစ်ခဲ့သော်လည်း ယခု အခါမှာမူကား တစ်နာရီခွဲလောက် ပြောရသော ဟောစာတစ်ပုဒ် အဖြစ်သို့ အနည်းငယ်ရှည်၍ သွားလေပြီ ဖြစ်သောကြောင့်တည်း။ နယူးယောက်မြို့ရှိ ကာနက်ဂျီကျောင်း သင်တန်းများတွင် ထိုဟောစာများကို နှစ်စဉ်ပင် နှစ်ပေါင်းများစွာ ၊ ကျွန်ုပ် ဟောပြောခဲ့၏။ , . ထိုဟောစာများကို ဟောပြောပြီးနောက် ကျွန်ုပ်သည် ကျွန်ုပ်၏ လက်စွဲ တပည့်များအား သူတို့၏ ပေါင်းသင်းဆက်ဆံရာတွင် အသုံးပြုသည့်နည်းများနှင့် တွေ့ကြုံရသည့် အဖြစ်အပျက်များကို ကျောင်းတွင် ပြန်ရောက် ပြောဆိုရန် အမြဲ တိုက်တွန်းလွှတ်လိုက်၏။
ဤစာအုပ်ကို အခြားစာအုပ်များ “ရေးနည်းကား”ကဲ့သို့ ရေးသည်မဟုတ်။ ကလေးသည် တစ်စတစ်စ ကြီးပြင်းလာသလို ထိုစာအုပ်သည်လည်း တစ်နှစ်ထက် တစ်နှစ် ကျယ်ဝန်းလာရလေ သည်။ ကျွန်ုပ်ထံတွင် လာရောက်သင်ကြားသော တပည့် ထောင် သောင်း၏ အတွေ့အကြုံများမှ ထိုစာအုပ်သည် ကြီးပွားလာခဲ့ လေသည်။
နှစ်ပေါင်းများစွာက ပို့စကတ် စာရွက်ထက် မကြီးလှ သော စက္ကူကတ်ပြားကလေးပေါ်တွင် စည်းမျဉ်းတစ်ပုံကို ပုံနှိပ်၍ သင်ခန်းစာများကို စတင် သင်ကြားခဲ့လေသည်။ နောက်တစ်နှစ်သို့ ရောက်သောအခါ စည်းမျဉ်းများကို ထိုထက်ကြီးသော စက္ကူကတ် ပြားပေါ်တွင် ပုံနှိပ်ရလေသည်။ နောက်တစ်နှစ်တွင် စာရွက်မှ စာအုပ်ငယ် သည်ဖြင့် တစ်နှစ်ထက်တစ်နှစ် ချဲ့ထွင်ရလေသည်။ ၁၅ နှစ်လောက် စမ်းသပ်ရှာဖွေ စုဆောင်းပြီးနောက် ယခုအခါတွင် ကျမ်းတစ်စောင် ဖြစ်မြောက်အောင်မြင်လာလေသည်။
ကျမ်းတွင် ပါဝင်သောနည်းများမှာ တွေ့ကရာစဉ်းစားပြီး ရေးထားသော စိတ်ကူးများမဟုတ်။ ထင်ကြေးများ မဟုတ်။ ယင်း တို့ကို သုံးကြည့်လျှင် မျက်လှည့်ကဲ့သို့ ထူးဆန်းအံ့သြဖွယ်ရာ ကောင်းသည်ကို တွေ့ရမည် ဖြစ်၏။ ပြောလျှင် ယုံနိုင်စရာမရှိ။ သို့သော် ဤစာအုပ်တွင် ပါသောနည်းများကို အသုံးပြုခြင်းဖြင့် လူများတို့၏ အခြေအနေမှာ ပြောင်းပြန်လှန်ပစ်လိုက်ဘိသို့ ဖြစ်သွား သည်ကို ကျွန်ုပ်ကိုယ်တိုင် တွေ့ရဖူး၏။
သက်သေပြအံ့။ လုပ်သား ၃၁၄ ယောက်ရှိသော အလုပ်တိုက် ကြီး တစ်တိုက်၏ ပိုင်ရှင်တစ်ဦးသည် မနှစ်က ကျွန်ုပ်ထံတွင် နည်းနာယူရန် လာရောက်ခဲ့၏။ သူ၏ လုပ်သားများကို မဆုတ် မနစ် ဆူပူကြိမ်းမောင်း ဆဲရေးခဲ့၏။ သနားခြင်း၊ ချီးမွမ်းခြင်း၊ အားပေးခြင်းကို နားမလည်ခဲ့ပေ။ သူ၏ နှုတ်မှ တစ်ကြိမ်တစ်ခါမျှ မထွက်စဖူးပေ။ ဤစာအုပ်တွင် ဆွေးနွေးထားသော အခြေခံနည်း များကို လေ့လာပြီးနောက် ထိုသူသည် ရှေးကထားခဲ့သော သူ၏ စိတ်ထားကို ပြင်လုပ်လိုက်သလို တစ်ခါတည်း ပြောင်းလိုက်၏။ မှ ယခုအခါမှာမူကား သူ့အလုပ်ရုံတစ်ခုလုံးတွင် စိတ်အားတက်ကြွ ခြင်း၊ ရိုသေလေးစားခြင်း၊ စုရုံးညီညွတ်ခြင်းတည်းဟူသော စိတ်ဓာတ် အသစ်များ ပျံ့နှံ့လျက်ရှိလေသည်။ ရှေးက ရန်သူသဖွယ်ဖြစ်ခဲ့ဖူး သော အလုပ်သမား ၃၁၄ ဦးသည် ယခုအခါ မိတ်ဆွေစစ် ၃၁၄ ဦး ဖြစ်လျက်ရှိလေသည်။ ။
“ရှေးက ကျွန်ုပ်၏ အလုပ်ရုံထဲကို လျှောက်သွားလျှင် ကျွန်ုပ်အား တစ်ဦးတစ်ယောက်ကမျှ နှုတ်ဆက်ခြင်းမပြု၊ အလုပ် ၊ သမားများသည် ကျွန်ုပ် လျှောက်လာသည်ကိုမြင်သည်နှင့်တစ်ပြိုင် နက် တစ်ဘက်သို့ မျက်နှာလှည့် နေကြလေသည်။ ယခုမူကား အားလုံးသော အလုပ်သမားများသည် ကျွန်ုပ်၏ မိတ်ဆွေများ ဖြစ်ကုန်ကြလေပြီ။ ကျွန်ုပ်၏ တံခါးစောင့်ကပင်လျှင် ကျွန်ုပ်၏ ငယ်နာမည်ကိုခေါ်၍ နှုတ်ဆက်၏” ဟု ထိုအလုပ်ရှင်သည် အတန်း ထဲရှိ အခြားတပည့်များရှေ့တွင် အားပါးတရ ပြောဖူးလေသည်။
ယခုအခါ ထိုသူသည် အမြတ်အစွန်း ပို၍ရခြင်း၊ အားလပ်ချိန် ပို၍ရခြင်း စသော အကျိုးထူးများသာမက အလုပ်ခွင်နှင့် နေအိမ် ၌ပင် စိတ်ရွှင်လန်း ချမ်းမြေ့ခြင်းကိုလည်း ခံစားရလေသည်။
မရေမတွက်နိုင်သော အရောင်းသမားတို့သည်လည်း ဤနည်း များကို အသုံးပြုခြင်းဖြင့် ဝင်ငွေ သိသိသာသာ တိုးကြလေပြီ။ ရှေးအခါက ချော့မရဘူးသော ဝယ်သူများထံမှလည်း အမှာစာများ ရရှိကြလေပြီ။ ညွှန်ကြားသူ လူကြီးများလည်း လခနှင့် အာဏာများ တိုး၍ ရကြလေပြီ။ ညွှန်ကြားသူလူကြီးတစ်ဦးသည် ဤနည်းများကို အသုံးချမိသည့်အတွက် တစ်နှစ်လျှင် ဒေါ်လာငွေ ငါးထောင်စာမျှ လစာ တိုးတက်ရရှိသည်ဟု မနှစ်က အကြောင်းကြားဖူး၏။ ဖီလ ဒယ်လဖီးယား ဓာတ်ငွေ့ ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်နေသူ ညွှန်ကြားသူ လူကြီးတစ်ဦးအား လက်အောက် အလုပ်သမားများကို လိမ္မာရေးခြားစွာ မထိန်းသိမ်းနိုင်မှုအပြင် သူ၏ ရန်လိုမှုတို့ကြောင့် ရာထူးလျှော့ပစ်ရန် စီစဉ်ပြီးသား ဖြစ်လေသည်။ သို့ရာတွင် ထိုညွှန်ကြားသူ လူကြီးသည် ထိုစာအုပ်တွင် ပါသည့်နည်းများကို အသုံးပြုသဖြင့် အသက် ၆၅ နှစ် အရွယ်တွင် အလုပ်လျှော့ခံရမည့် ဘေးမှ လွတ်ကင်းရုံသာမက ရာထူးနှင့် လခလည်း တိုး၍ ရခဲ့ဖူး လေသည်။
သင်တန်းများ ပြီးဆုံးသည့်နောက် ကျွေးမွေးသော ညစာ စားပွဲများသို့ တက်ရောက်ကြသည့် အိမ်ရှင်မတို့က သူတို့၏ ခင်ပွန်းများသည် ဤနည်းလမ်းများကို သင်ကြားပြီးမှ သူတို့၏ အိမ်များသည် ရှေးကထက် ပို၍ စိုပြည်ကာ စိတ်ချမ်းသာကြရ သည်ဟု ကျွန်ုပ်အား ဖွင့်ဟ ပြောဆိုကြ၏။
ဤနည်းများကို သုံးသောသူများသည် သုံးပြီး၍ အကျိုးရှိမှန်း ကို မျက်မှောက် တွေ့ရှိသောအခါ များစွာ အံ့အားသင့်လျက်ရှိ ကြ၏။ မျက်လှည့်ပြသကဲ့သို့ အံ့သြဖွယ်ရာကောင်းလျက်ရှိ၏။ အချို့မှာ ကျောင်းဖွင့်အောင် စောင့်နေရသည်မှာ ကြာလွန်းသဖြင့် တနင်္ဂနွေနေ့၌ပင် ကျွန်ုပ်ထံသို့ စကားပြောကြေးနန်းဆက်၍ သူတို့၏ ထမြောက်အောင်မြင်ချက်တို့ကို ပြောကြားကြ၏။
လူတစ်ယောက်သည် မနှစ်က ဤနည်းများကို သင်ကြား ပြီးသည်နှင့် တစ်ပြိုင်နက် အလွန်အမင်း စိတ်ထက်သန်လျက်ရှိရကား အတန်းထဲရှိ အခြားသူများနှင့် လင်းအားကြီး ၃ နာရီလောက်အထိ ထိုင်၍ ဆွေးနွေးဖူး၏။ အခြားသူများ အိမ်ပြန်ကြသော်လည်း ထိုသူသည် မအိပ်နိုင်။ သူရှေးက မှားခဲ့သော ယူဆချက်များကို လည်းကောင်း၊ ရှေ့အဖို့၌ ဤနည်းများကို သုံးရသဖြင့် ထမြောက်အောင်မြင်တော့မည့် အချက်များကိုလည်းကောင်း ဆင်ခြင် တွေးတော နေသည့်အတွက် နောက်တစ်နေ့နှင့် တစ်ည ဆက်ပြီး မအိပ်နိုင် တော့ချေ။
ထိုလူ မည်သူလဲ။ တွေ့ကရာ ပေါက်ကရ နည်းလမ်း တွေကို လျှောက်၍ လေ့လာနေသည့် လူရိုး လူအ တစ်ဦးလား။ မဟုတ်ပါ။ နိုင်ငံခြား ယူနီဗာစီတီ ၂ ခုမှ ဘွဲ့ရ၍ စကား ၃ မျိုးကို ချက်ချက်ချာချာ ပြောပြီးလျှင် လက်မှုပစ္စည်းများကို မပျင်းမရိ ဇွဲ ကောင်းကောင်းနှင့်လျှောက်ရောင်းနေသူ တကယ့်မြို့သားတစ်ဦးပင် . ဖြစ်လေသည်။
ဤအခန်းကိုရေးနေစဉ် ဂျာမန်တစ်ဦးထံမှ စာတစ်စောင် ရရှိလေသည်။ ထိုသူ၏ မျိုးရိုးမှာ ရှေးဂျာမန်မင်းများလက်ထက်မှ စ၍ စစ်မှုထမ်းခဲ့ကြသော စစ်ဖက်ဆိုင်ရာ အရာရှိ အရာခံများ ဖြစ်ကြသည်။ သူ့စာကို ပင်လယ်ကူးသင်္ဘောပေါ်မှနေ၍ ထည့် လိုက်ရာ ကျွန်ုပ်၏ နည်းများကို အသုံးပြု၍ အောင်မြင်ကြောင်း တို့ကို ရေးထားသည်မှာ ဘာသာရေး ကိုင်းရှိုင်းသည်တမျှ အင်မတန် စိတ်အားတက်ကြွဖွယ်ရာ ကောင်းတော့၏။
အခြားလူတစ်ဦးအကြောင်းကို ပြောဆိုဦးအံ့။ ထိုလူသည် ကော်ဇောစက်ရုံပိုင် နယူးယောက်မြို့သား ဟားဗတ် ယူနီဗာစီတီဘွဲ့ရ သူဌေးကြီးတစ်ဦးဖြစ်၍ မြို့မျက်နှာဖုံး နာမည်အတော်ကြီးသူ ဖြစ် လေသည်။ ထိုသူက “ကောလိပ်ကျောင်းတွင် လေးနှစ် သင်ခဲ့ရ သည်ထက် ဤစာအုပ်ပါနည်းများကို တနင်္ဂနွေ ၁၄ ပတ်မျှ သင်ကြားလိုက်ရခြင်းက ပို၍ အကျိုးရှိသေးသည်” ဟု ထုတ်ဖော် ပြောဖူး၏။ မယုံဘူးလား။ ရယ်စရာကောင်းသလား။ ယုံတမ်းစကား ပြောတယ်လို့ ထင်သလား။ ကောင်းပြီး၊ ဤစကားကို ယုံဖို့ မယုံဖို့ ဆိုတာကတော့ သင့်သဘောပဲ။ ကျွန်ုပ်ကမူ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၃ ရက် ကြာသပတေးနေ့ညက နယူးယောက်မြို့ရှိ ယေးကလပ်” တွင် ဟားဗတ်ယူနီဗာစီတီ ဘွဲ့ရပြီးသော အကျော်တစော ထင်ရှားသူ တစ်ဦး၏ ပြောသော စကားများကို အပိုမပါဘဲ ဖောက်သည်ချ ပါမည်။
“ကျွန်ုပ်တို့ ဖြစ်သင့်တာနှင့် ယခုဖြစ်နေကြတာကို နှိုင်းစာ ကြည့်လျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ဖြစ်သင့်တာထက် ထက်ဝက် လောက်သာ ပြည့်စုံသေး၏။ ကျွန်ုပ်တို့၌ရှိသော ကိုယ်နှင့်စိတ်ပါ သက်ဆိုင်သည့် တန်ခိုးများကို ကျွန်ုပ်တို့သည် အနည်းငယ်မျှသာ သုံးစွဲလျက်ရှိ၏။ ဘွင်းဘွင်းကြီး ဖွင့်ပြောရလျှင် `လူတစ်ဦးတွင် မိမိသုံးစွဲနေသည့် သတ္တိထက်ပိုသော သတ္တိထူးများ ရှိသေး၏။ ထိုသူ၌ သူကိုယ်တိုင် မသုံးဖူးသေးသော တန်ခိုးသတ္တိများစွာ တို့သည် ကျန်ရှိနေသေး၏” စသည်ဖြင့် ဟားဗတ်တက္ကသိုလ် ပရော်ဖက်ဆာ ဝီလျံဂျိမ်းက ထုတ်ဖော် ပြောပြဖူး၏။
ဤစာအုပ်၏ ရည်ရွယ်ချက်မှာ သင့်အား သင်မသုံးဘူး သေးသော သတ္တိထူးများကို တွေ့အောင် ရှာစေခြင်း၊ တွေ့လျှင် ယင်းတို့ကို တိုးချဲ့စေခြင်း၊ တိုးချဲ့ပြီးနောက် အကျိုးရှိအောင် ” အသုံးချစေခြင်းဖြင့် ကိစ္စအဝဝကို အပြည့်အစုံ ဆောင်ရွက်စေရန်ပင် ဖြစ်လေသည်။ ။ . ပရင်းစတန် ယူနီဗာစီတီ ” ၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာ ဂျွန် ဟစ်ဗင် ‘ က “ပညာဆိုသည်မှာ လူ့တစ်သက်တွင် တွေ့ကြုံရသော အဖြစ်အပျက်အမျိုးမျိုးတို့ကို နိုင်နင်းစွာ ထိန်းသိမ်း စီမံ အုပ်ချုပ်နိုင်သော စွမ်းရည်သတ္တိပင် ဖြစ်သည်”ဟု ထုတ်ဖော် ပြောခဲ့ဖူး၏။
အကယ်၍ ဤစာအုပ်၏ ပထမ အခန်း ၃ ခန်းကို ဖတ်ပြီး သည့် အချိန်၌ သင် တွေ့ကြုံရသော အဖြစ်အပျက်တို့ကို နိုင်နင်း စွာ ထိန်းသိမ်းစီမံ အုပ်ချုပ်နိုင်သော စွမ်းရည်သတ္တိ အနည်းငယ်မျှ ကိုပင် သင်သည် မရသေးဟု ဆိုပါလျှင်၊ ဤစာအုပ်သည် သင့်အဖို့ အသုံးမဝင်တော့ပြီဟု ကျွန်ုပ် ဆိုရမည်ဖြစ်၏။ အကြောင်း မူကား “ပညာ၏ ရည်ရွယ်ချက်မှာ ဗဟုသုတ စုရန်မဟုတ်၊ စုပြီးသားဗဟုသုတကို အသုံးချရန်ပင် ဖြစ်သည်” ဟု ဟားဘတ်စပင် စာ” က ဆိုဖူးရာ ကျွန်ုပ်၏ စာအုပ်သည် ရရှိသော ဗဟုသုတကို လက်ငင်း အသုံးချခိုင်းသော စာအုပ်ဖြစ်သောကြောင့်တည်း။
ဤနိဒါန်းသည် အခြားသော နိဒါန်းများကဲ့သို့ အတော်ပင် ရှည်သွားလေပြီ။ ထို့ကြောင့် တစ်စခန်း သွားကြဦးစို့။ တကယ် လက်တွေ့ ချက်ချင်း လုပ်ကြစို့။ ကိုင်း ကျေးဇူးပြု၍ အခန်း ၁ကို မဆိုင်းမတွဘဲ မြန်မြန် လှန်ကြည့်လိုက်ပေတော့။