အခန်း ၅ မိန်းမများအတွက် ဤပစ္စည်းများသည် အလွန် အဖိုးတန်သည်
ရှေးပဝေသဏီမှစ၍ ပန်းများကို အချစ်၏ အထိမ်းအမှတ်ဟူ၍ ယူဆခဲ့ကြ၏။ , စင်စစ်မှာ ပန်းများ၏ တန်ဖိုးသည် မများလှချေ။
မနက်ဖြန် သင်သည် အလုပ်မှ ပြန်သောအခါ သင်၏ မိန်းမအဖို့ ပန်းတစ်ခိုင်လောက် ဝယ်သွားရလျှင် မကောင်းပေဘူးလား၊ ဒီလို ဝယ်သွားလျှင် ဘာဖြစ်မလဲ၊ စမ်းကြည့်စမ်းပါ။
ဂျော့ အမ် ကော်ဟန်” ဆိုသူသည် အလွန် အလုပ်များသူ တစ်ဦး ဖြစ်၏။ ထိုသို့ အလုပ် များလျက်နှင့်ပင် သူ၏ မိခင်ထံသို့ အလုပ်လုပ်ရာမှနေ၍ တစ်နေ့လျှင် နှစ်ကြိမ်ကျ စကားပြော ကြေးနန်းနှင့် ပြောလေ့ ရှိ၏။ ဤသို့ ပြောခြင်းသည် အရေးတကြီး ပြောစရာစကားများ ရှိ၍ပင်လော။ မရှိပါ။ သူ၏ မိခင်အား အစဉ်သတိရကြောင်း ပြချင်သောကြောင့်ပင် ဖြစ်ပါသည်။
ရှီကာဂိုမြို့ရှိ တရားသူကြီး ဂျိုးဆက် ဆက်ဘက်” သည် မသင့်မတင့်၍ ရုံးသို့ရောက်လာသော အိမ်ထောင်သည်ပေါင်း လေးသောင်းကျော်၏ အမှုကို စစ်ဆေးဖူး၍ အိမ်ထောင်သည် နှစ်ထောင်လောက်ကို ပြန်လည်စေ့စပ်ပေးခဲ့ ဖူး၏။ ထိုတရားသူကြီးက အောက်ပါအတိုင်း ထုတ်ဖော် ပြောဆိုဖူးလေသည်။ – “များသောအားဖြင့် လင်မယားအချင်းချင်း မသင့်မတင့်ဖြစ်ရခြင်းမှာ အခြားကြောင့် မဟုတ်၊ အသေးအဖွဲ ကိစ္စကလေးများကြောင့်ပင် ဖြစ်၏။ ဥဒါဟရုဏ်၊ လင်ဖြစ်သူ အလုပ်သို့ သွားခါနီးတွင် မယားဖြစ်သူက “အလုပ် သွားတော့မလား ကိုကို” အစရှိသည်ဖြင့် နှုတ်ခွန်းဆက်သရုံလောက်နှင့် လင်ကွာ မယားကွာ ကိစ္စများသည် ပျောက်ကွယ်သွားနိုင်သည်။
ကမ္ဘာကျော် လင်္ကာဆရာကြီး ရောဘတ် ဘရောင်းနင်း” သည် သူ၏ မယားကို ယုယ ပိုက်ထွေးပုံမှာ စာတင်လောက်ပေသည်။ သူ၏ မယား နာတာရှည်အား မပြယ်သောမေတ္တာ ကြင်နာသော ယုယခြင်းတို့ဖြင့် အမြဲတစေ ပြုစုနေလေရာ သူ၏ မိန်းမဖြစ်သူက ညီမများထံသို့ “ရောဘတ်ဟာ မမကို သိပ်ပြီး ဂရုစိုက်တာပဲ၊ တစ်ခါတလေ မမကိုယ်ကို မမ ဘုံကြိုးပြတ်တဲ့ နတ်ဒေဝီများ ဖြစ်နေလို့ ရောဘတ်ဟာ မမအပေါ်မှာ ဒါလောက်တောင် အချစ်တိုးနေရော့သလားလို့ အောက်မေ့မိတယ်”ဟူ၍ ရေးသားဖူး၏။
လင်နှင့်မယား ပေါင်းသင်းဆက်ဆံကြရာတွင် ရေရှည်ကျသောအခါ ကိစ္စ အသေးအဖွဲများကို အများအစား တွေ့ရပေမည်။ ထိုကိစ္စကလေးတွေကို ဂရုမစိုက်သော လင်မယားသည် ဒုက္ခရောက်တော့သည်။ အက်ဒနာ စိန့်ဗင်ဆင့် မီလေ! ဆိုသူက ထိုအကြောင်းကို
”သူ အချစ်ပြယ်လို့ ကျွန်မ စိတ်မညစ်ပါ။ အသေးအဖွဲကလေးတွေကြောင့်သာ ကျွန်မတို့ အချစ် ပြယ်ရတာ” ဟု လင်္ကာစပ်ဆိုခဲ့ဖူးလေသည်။ ထိုလင်္ကာကလေးကို အရကျက်ထားနိုင်လျှင် ကောင်းပေမည်။ ရီနို? အရပ်၌ တနင်္ဂနွေတစ်ပတ်လျှင် ခြောက်ရက်မျှ လင်မယား ကွာရှင်းမှုများကို စီရင်ဆုံးဖြတ်ပေးရ၏။ ထိုအမှုမျိုး မည်မျှများပြားသနည်း ဆိုသော် ဆယ်မိနစ်လျှင် တစ်မှုကျ ဆုံးဖြတ်ပေးရပါ၏။ ဤမျှ များပြားသော လင်မယားကွာရှင်းမှုများတွင် အလွန်ကြီးကျယ်သောအကြောင်းကြောင့် ကွာရှင်း ရသောအမှုပေါင်း မည်မျှပါမည်နည်း။ များပြားလှမည် မဟုတ်ချေ။ ထိုရုံး များတွင် တစ်နေကုန် တစ်နေခန်း ထိုင်၍ နားထောင်လျှင် “အသေးအဖွဲ့ ကလေးတွေကြောင့်သာ ကျွန်မတို့ အချစ်ပြယ်ရတာ’ဟူသော စကားမှန်ကြောင်း သင်သည် ကြားရပေလိမ့်မည်။
သင်၏ မောင်းချဓားကို ထုတ်ယူ၍ အောက်ပါစာပိုဒ်ကို ဖြတ်ယူပြီး လျှင် သင်အမြဲကြည့်သော မှန်ပေါ်တွင် ကောင်းမွန်စွာ ကပ်ထားပါ။
”ငါသည် သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်၏။ ထိုကြောင့် တစ်ဖက် သား စိတ်ချမ်းသာအောင် ငါလုပ်နိုင်သော အလုပ်ကို ယခုပင် ငါလုပ်အံ့။ ထိုသို့ လုပ်ရန်အတွက် နေ့ရွှေ့ ညရွှေ့ ရွှေ့မနေပါရစေနှင့်။ မေ့လည်း မေ့ မနေပါရစေနှင့်။ အကြောင်းတစ်မှု ငါသည် သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်သောကြောင့်တည်း။”
| ထို့ကြောင့် အကြင် လင်နှင့်မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ လိုကြပါလျှင် ဥပဒေသ အမှတ် ၅ သည် တစ်ဖက်သားကို ကြင်နာ ယုယပါ။