မိတ္တဗလဋီကာ

အခန်း ၆ စိတ်ချမ်းသာလိုလျှင် ဤနည်းကို မမေ့သင့်

ဝေါ်လတာ ဒင်မရော့” သည် အမေရိကန်သမ္မတ ရာထူးကိုပင် ဝင်ရောက် အရွေးခံဖူးသူ နိုင်ငံကျော် စကားပြောသမားတစ်ဦးဖြစ်သည့် ဂျိမ်း ဂျီဗလိန်း ၏ သမီးနှင့် အိမ်ထောင်ကျလေသည်။ သူတို့နှစ်ဦးသည် စကော့တလန်ပြည်ရှိ သူဌေးကြီး အန်ဒရူးကာနက်ဂျီ ၏ အိမ်တွင် တွေ့သည့်အချိန်အခါမှစ၍ ယနေ့ထက်တိုင် ပျော်ရွှင်စွာ ပေါင်းသင်းလျက် ရှိကြ၏။

| အဘယ်ကြောင့် ဤကဲ့သို့ နေနိုင်ကြသနည်း။ .. “မိမိနှင့် သင့်လျော်မည့် အိမ်ထောင်ဖက်ကို ဂရုစိုက်၍ ရွေးချယ်ခြင်း သည် ပထမ အရေးကြီးဆုံး ဖြစ်၏။ ဒုတိယ အရေးကြီးဆုံးမှာ အိမ်ထောင် ကျပြီးနောက် လင်မယား နှစ်ဦးစလုံးသည် တစ်ဦးကို တစ်ဦး ရိုသေကိုင်းရှိုင်း ခြင်းပင် ဖြစ်လေသည်။ သူစိမ်းတစ်ရံစာများ ရိုသေကိုင်းရှိုင်းဘိသကဲ့သို့ မိမိ၏ လင်သားများအပေါ်၌ မယားဖြစ်သူတို့က ရိုသေကိုင်းရှိုင်းခဲ့ပါလျှင် မည်မျှ လောက် ကောင်းပေမည်နည်း။ နှုတ်ထွက်ကြမ်းတမ်းသော မိန်းမမျိုးကို မည်သည့်ယောက်ျားမဆို စွန့်၍ ပြေးမည်သာတည်း” ဟူ၍ မစ္စက် ဒင်မရော့က ထုတ်ဖော် ပြောဆိုခဲ့ဖူး၏။

ကိုယ်နှုတ် မယဉ်ကျေးမှုသည် အချစ်ကို ပျက်ပြယ်ရာ ပျက်ပြယ် ကြောင်း ဖြစ်၏။ ဤအကြောင်းကို လူတိုင်းလည်း သိ၏။ သို့ရာတွင် ကျွန်ုပ်

တို့သည် မိမိတို့၏ ဆွေမျိုးသားချင်းများအပေါ်တွင် သူစိမ်းတစ်ရံစာများ အပေါ်မှာလောက် ရိုသေ ကိုင်းရှိုင်းခြင်း မရှိသည်မှာ ဆိုးရွားလှပေသည်။

ကြားဖူးသော စကားတစ်ရပ်ကို သူစိမ်းတစ်ရံစာ တစ်ဦးဦးက ထပ်၍ ပြောနေလျှင် “ဘယ့်နှယ်လဲ ဆရာ၊ ချေးဟောင်းကြီးကို ရေပြန်နှုနေမလို့လား” အစရှိသော စကားမျိုးဖြင့် ကျွန်ုပ်တို့သည် အနှောင့်အယှက်ပြုမည် မဟုတ်၊ ပြောသမျှကိုသာ ထိုင်၍ နားထောင်နေမည် ဖြစ်၏။ မိတ်ဆွေများ၏ စာများ ကိုလည်း သူတို့၏ အခွင့်မရဘဲ ကျွန်ုပ်တို့သည် ဖောက်၍ ကြည့်မည်မဟုတ်။ သူတို့၏ အတွင်းရေးများကိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးလားမြန်းလားလုပ်မည် မဟုတ်။

ကျွန်ုပ်တို့နှင့် အရင်းအချာဆုံးသော မိသားတစ်စုကိုသာ ဘာမဟုတ် သည့် အသေးအဖွဲကလေးကအစ ကျွန်ုပ်တို့သည် အနှောင့်အယှက် ပေးခဲ့ကြ လေသည်။

ဒေါ်ရသီ ဒစ်သည် ဤအကြောင်းနှင့် စပ်လျဉ်း၍ ဘာများ ပြောစရာ ရှိသေးသည်ကို ကြည့်ကြဦးစို့။ “ကျွန်ုပ်တို့ကို စိတ်နာကြည်းအောင် ရုန့်ရင်း ကြမ်းတမ်းသော စကားများကိုပြောပြီးလျှင် စော်ကားသူများမှာ အခြားသူများ မဟုတ်၊ ကျွန်ုပ်တို့၏ အိမ်သားများသာလျှင် ဖြစ်၏။ ဤစကားသည် အံ့သြ စရာ ကောင်းသလောက် မှန်၏။”

“လှပသော ပန်းပွင့်များကို မြင်ရလျှင် စုတ်ချာနေသော ခြံစည်းရိုးကို သတိ မရဘိသကဲ့သို့ ယဉ်ကျေးမှုဆိုသည်မှာ လူတစ်ယောက်၏ အပြစ်ကို ` မကြည့်ဘဲ အကောင်းကိုသာ ကြည့်ခြင်းဖြစ်လေသည်”ဟူ၍ ဟင်နရီကလေး ရစ်ဇနားက ထုတ်ဖော် ပြောဖူးလေသည်။

သင်၏ မော်တော်ကား အင်ဂျင်စက်တွင် စက်ဆီသည် အရေးကြီးဘိ သကဲ့သို့ လင်နှင့်မယား ပေါင်းသင်း ဆက်ဆံရာ၌လည်း ယဉ်ကျေးမှုသည် အရေးကြီးလေသည်။ – စာရေးဆရာကြီး အော်လီဗာ ဝင်ဒယ် ဟုမ်း” သည် အိမ်သူအိမ်သား များကို မည်မျှ ညှာတာ ထောက်ထားသနည်းဆိုသော် သူ့၌ စိတ်ညစ်စရာ ရှိလျှင် တစ်ယောက်တည်း ကြိတ်မှိတ်၍ ခံ၏။ သူ စိတ်ညစ်နေကြောင်း သူ့ အိမ်သအိမ်သားများကိုပင် အသိမပေးချေ။

အော်လီဗာ ဝင်ဒယ် ဟုမ်းကဲ့သို့ ဘယ်နှစ်ယောက်များ ကျင့်ကြံဖူးပါ သလဲ။ အလုပ်ခွင်မှာ တစ်ခုခု မှားယွင်းခဲ့သော် လည်းကောင်း၊ ဝယ်သူတွေ လွတ်သွားခဲ့သော် လည်းကောင်း၊ အထက်လူကြီး၏ အကြိမ်းအမောင်းကိုခံရခဲ့ သော်လည်းကောင်း အိမ်သူ အိမ်သားများအပေါ်တွင် မဲ၍ ဆူပူတတ်ကြ၏။ . ဟော်လန်ပြည်၌ အိမ်တွင်းသို့မဝင်မီ ဖိနပ်ချွတ်တွင် စီးလာသော ဖိနပ်များကို ချွတ်ထားခဲ့ရသည့် ထုံးစံရှိလေသည်။ ဤထုံးစံကို ယူ၍ ကျွန်ုပ် တို့သည် ကျွန်ုပ်တို့၏ စိတ်ညစ်စရာများကို ကျွန်ုပ်တို့၏ အိမ်တွင်းသို့ မဝင်မီ ဖိနပ်ချွတ်တွင် စွန့်ပစ်ခဲ့လျှင် မကောင်းပေဘူးလား။ – စိတ်ပညာပါရဂူကြီးဖြစ်သော ဝီလျံ ဂျိမ်းသည် “ပုထုဇဉ်တို့၏ အကန်း တစ်ရပ်” ခေါ်သည့် ဆောင်းပါးတစ်စောင်ကို ရေးဖူး၏။ ထိုဆောင်းပါးကို ဖတ်ဖြစ်အောင် ဖတ်ပါ ဖတ်ရကျိုးနပ်ပါလိမ့်မည်။ ထိုဆောင်းပါးထဲမှ စကား တစ်ရပ်ကို ကောက်နုတ် ဖော်ပြလိုက်ပါအံ့။

“ပုထုဇဉ်တို့ မမြင်နိုင်သော အရာတစ်ခုသည်ကား အခြားမဟုတ်၊ မိမိ တို့မှလွဲလျှင် ကျန်လူများနှင့် တိရစ္ဆာန်တို့စိတ်၌ မည်သို့ဖြစ်သည်ကို မသိခြင်း ပင် ဖြစ်လေသည်။”

မိမိတို့၏ ဖောက်သည်များကိုသော်လည်းကောင်း၊ မိမိတို့နှင့် စီးပွားဖက် များကိုသော်လည်းကောင်း ခပ်ထန်ထန်ကလေးပင် မပြောရဲသူတို့သည် မိမိတို့ သားမယားများအပေါ်တွင်မူကား ဟိန်းလိုက်ဟောက်လိုက်နှင့် ပြုကျင့်တတ် ကြလေသည်။ သို့ရာတွင် သူတို့၏ စိတ်ချမ်းသာရေး၌ စီးပွားရေးထက် အိမ်ထောင်ရေးက ပို၍ အရေးကြီးကြောင်း ထိုလူများ မတွေးမိကြချေ။ . . သားမယားနှင့် စိတ် ချမ်းချမ်းသာသာ ပေါင်းသင်းနေထိုင်ရသော လူသာမန်တစ်ဦးသည် တစ်ကိုယ်တည်းနေရသော ပညာရှိကြီးထက် ပို၍ ပျော်ရွှင်၏။ ရုရှားဝတ္ထုရေးဆရာကြီး တူရဂေးညက်’ သည် တုစ်ကမ္ဘာလုံး၏ ချီးကျူးခြင်းကို ခံရ၏။ သို့ရာတွင် ထိုစာရေးဆရာကြီးက “အကယ်၍သာ “

ကျွန်ုပ်သည် ညစာ ထမင်းစားရန် အိမ်အပြန်နောက်ကျသည် ဖြစ်စေ၊ မကျသည် ဖြစ်စေ ဂရုစိုက်မယ့် မိန်းမတစ်ယောက်ကိုသာရမယ်ဆိုရင် ကျွန်ုပ်၏ စာအုပ်များနှင့် ကျွန်ုပ်၏ စာရေးတတ်သည့် ဉာဏ်တို့ကို စွန့်ပစ်ပါရဲ့”ဟု ထုတ်ဖော် ပြောဆိုဖူးလေသည်။

အထက် တစ်နေရာတွင် ဒေါ်ရသီ ဒစ်က အိမ်ထောင်ဖက်များသည် – တစ်ရာလျှင် ငါးဆယ်လောက် စိတ်မချမ်းမသာ ဖြစ်ရကြောင်း ထုတ်ဖော် ပြောဆို ခဲ့ဖူးသည်ကို ဖတ်မိကြပေမည်။ သို့ရာတွင် ဒေါက်တာ ပေါ ပိုပီနိုး” ဆိုသူကမူကား တစ်မျိုး ပြောပြန်၏။ ဒေါက်တာပေါ၏ အလိုအရဆိုလျှင် – “လူတစ်ယောက်သည် အခြား စီးပွားရေးများမှာထက် အိမ်ထောင်ပြုရာတွင် စိတ်ချမ်းသာရန် အခွင့်အလမ်း သာလေသည်။ ထောပတ်၊ သကြား၊ ကာဖီ၊ `လက်ဖက်ခြောက် စသော ကုန်ခြောက်ရောင်းသော လူတစ်ရာလျှင် ၇ဝ တို့သည် အရှုံးနှင့် တိုးနေကြသော်လည်း အိမ်ထောင်ဖက်တစ်ရာလျှင် ၇ဝ တို့မှာ စိတ်ချမ်းသာရာ ရရှိနိုင်ပေသည်။ . ဒေါ်ရသီဒစ်သည် ဤအကြောင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ကောက်ချက်ချလေသည်။

“အိမ်ထောင်ပြုတာနှင့် စာလိုက်လျှင် သေတာနှင့် မွေးတာသည် သာမညကိစ္စများသာ ဖြစ်လေသည်။

“ယောက်ျားများသည် သူတို့၏ စီးပွားရေး၌ တိုးတက်အောင် ပြုလုပ် သကဲ့သို့ သူတို့၏ သားမယားများနှင့် ပေါင်းသင်းဆက်ဆံရေး၌ အဘယ့်ကြောင့် တိုးတက်ကောင်းမွန်အောင် မပြုလုပ်သည်ကို မိန်းမများသည် တွေးမရအောင် ဖြစ်ကြရသည်။

“အကယ်စင်စစ် ဒေါ်လာတစ်သန်းရအောင် ကြိုးစားခြင်းထက် မိမိတို့ အိမ်ကို ချမ်းချမ်းသာသာရှိအောင် ကြိုးစားခြင်းက ပို၍ အရေးကြီးသော်လည်း . လူတစ်ရာမှာ တစ်ယောက်မျှပင် ထိုကိစ္စကို ထိထိရောက်ရောက် မစဉ်းစား ကြချေ။ မိမိတို့က တစ်သက်တာတွင် အရေးတကာ့ အရေးအကြီးဆုံးသော ကိစ္စကြီးကိုမူကား ယောက်ျားများသည် ဖြစ်သလို လျစ်လျူရှုနေကြလေသည်။” . “မိန်းမများအား ချော့ခိုင်းလျှင် ဘာမဆို လုပ်ပေးတတ်ကြောင်း ယောက်ျားများ အသိပင် ဖြစ်၏။ ‘ငါ့မိန်းမဟာ အစီအမံ အအုပ်ချုပ် တယ် ကောင်းပါလား” စသည့် မြှောက်လုံး ပင့်လုံးကလေးများကို သုံး၍ မိန်းမ များအား ခိုင်းချင်ရာ ခိုင်းနိုင်ကြောင်း ယောက်ျားများ ကောင်းစွာ သိကြ၏ ။ “ဟေ့ မနှစ်က ခင် ဝတ်တဲ့ လုံချည်ကလေးဟာ ခင်နဲ့ သိပ်ကြည့်ကောင်း တာပဲ”ဟု ပြောလျှင် ထိုလုံချည်ကို ခေတ်ဆန်း လုံချည်နှင့် လဲမည်မဟုတ်ကြောင်း ယောက်ျားများ အသိပင် ဖြစ်၏။”

”ဤအချက်များကို ယောကျာ်းဖြစ်သူသည် ကောင်းစွာ နားလည်ကြောင်း မိန်းမဖြစ်သူသည် သိ၏။ အဘယ့်ကြောင့်ဆိုသော် သူ့မိန်းမ ဘာကြိုက်တတ် သည်ကို သူသည် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသောကြောင့် ဖြစ်၏။ သို့ရာ တွင် မိန်းမ ဖြစ်သူမှာ သူ့ကို အစွဲကြီးပဲ စွဲရတော့မလို၊ အမုန်းကြီးပဲ မုန်းရ တော့မလို ဖြစ်လျက် ရှိ၏။ အကြောင်းတစ် ယောက်ျားဖြစ်သူက ခုပဲ စိတ်ဆိုးအောင် လုပ်လိုက်၊ တော်တော်ကြာ ချော့သည့်သဘောဖြင့် အဝတ်အစား တွေ မော်တော်ကားတွေ ဝယ်ပေးလိုက်နှင့် ပြုလုပ်လျက်ရှိသောကြောင့်တည်း။ အကယ်၍သာ ယောကျာ်းဖြစ်သူက အနည်းငယ် ဂရုစိုက်၍ သူ့မိန်းမကြိုက် သည့် မြှောက်လုံးပင့်လုံးကလေးများကို အခါအခွင့်ရတိုင်း သင့်သလို ပြောဆို ပေးနိုင်လျှင် ယခုကဲ့သို့ ပိုက်ဆံ အကုန်အကျခံကာ အဝတ် ဝယ်ပေးရခြင်း မော်တော်ကား ဝယ်ပေးရခြင်း အလုပ်မျိုးကို လုပ်ရတော့မည် မဟုတ်ပေ”. . ထို့ကြောင့် အကြင် လင်နှင့်မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ လိုပါလျှင် ဥပဒေသအမှတ် ၆ သည် ရိုသေ လေးစားပါ။