မိတ္တဗလဋီကာ

အခန်း ၇ အိမ်ထောင်ရေးတွင် မအ စမ်းပါနှင့်

ဆိုရှယ် ဟိုက်ဂျင်းဌာန ”၏ အထွေထွေ အတွင်းရေးမှူးဖြစ်သော ဒေါက်တာ ကက်သရင်း ဗီးမင့် ဒေးဗီ) သည် အိမ်ထောင်သည် မိန်းမတစ်ယောက်ထံသို့ အိမ်ထောင်ရေးနှင့် သက်ဆိုင်သော အလွန်အတွင်းကျသည့် မေးခွန်းများကို မေးမြန်းဖူးလေသည်။ သူတို့၏ ပြန်ကြားစာများကို ဖတ်ကြည့်ရာ ရာဂစိတ် ပြေငြိမ်းမှုတွင် အမေရိကန်သူများသည် ပြောမယုံနိုင်လောက်အောင် စိတ် မချမ်းမသာ ဖြစ်နေရကြောင်း တွေ့ရှိရ၏။ . ။

ထိုစာများကို ရရှိပြီးနောက် အမေရိကန်ပြည်၌ လင်မယားကွာရှင်းမှု များ ဖြစ်ရသည့် အကြောင်းရင်းများတွင် အိမ်သူ မိန်းမများ ရာဂစိတ်ပြေငြိမ်းမှု မရှိခြင်းလည်း အပါအဝင်ဖြစ်ကြောင်းကို ဒေါက်တာ ဒေးဗီသည် မဆိုင်းမတွဘဲ ဖွင့်ချလိုက်လေသည်။

ဒေါက်တာ ဂျီဗီ ဟယ်မီလတန်” ဆိုသူကလည်း တစ်နည်းတစ်လမ်း စုံစမ်းစစ်ဆေးရာ ဒေါက်တာ ဒေးဗီ၏ ရေးသားချက် မှန်ကန်ကြောင်းတွေ့ရှိရ . လေသည်။ ဒေါက်တာ ဟယ်မီလတန်သည် အိမ်ထောင်သည် ယောက်ျား တစ်ရာ မိန်းမတစ်ရာတို့၏ အိမ်ထောင်ရေးကို လေးနှစ်တိုင်တိုင် စုံစမ်းခဲ့ဖူး၏။ ထိုအိမ်ထောင်သည်များကို တစ်ဦးစီခေါ်၍ မေးခွန်းပေါင်း ၄၀၀ ကျော် မေးမြန်း၏။ မေးမြန်းရာ၌ အလွန်စေ့စပ်လွန်းသဖြင့် လေးနှစ်ကြာမှ မေး၍ ပြီးလေသည်။ ထိုလုပ်ငန်းသည် လူမှုရေးရာတွင် အလွန့်အလွန် အရေးကြီး ရကား ထိုလုပ်ငန်း ထမြောက် အောင်မြင်ရန်အတွက် လူထုကောင်းစားရေး ” သူဌေးကြီးများက ငွေကုန်ကြေးကျခံကြ၏။ စုံစမ်းသိရှိရသမျှကို “အိမ်ထောင်ရေး ချွတ်ယွင်းချက်” ဟူ၍ အမည်ပေးပြီးလျှင် စာအုပ်တစ်အုပ် ထုတ်ဝေခဲ့လေသည်။

ကောင်းပြီ၊ အိမ်ထောင်ရေးတွင် ဘာများ ချွတ်ယွင်းနေသလဲ။ “တစ်ဖက် သတ် အယူသီးလှသော စိတ္တဇဆရာဝန် များသာလျှင် လင်နှင့်မယား မသင့်မတင့်ဖြစ်ရခြင်း အကြောင်းရင်းသည် ရာဂစိတ် ပြေငြိမ်းမှု မရရှိသော ကြောင့် မဟုတ်ဟု ပြောဆိုကြပေမည်။ ထိုသူများက ဘာပဲပြောပြော ရာဂ စိတ် ပြေငြိမ်းမှုသည် အရင်းခံ ဖြစ်လေသည်။ ရာဂစိတ် ပြေငြိမ်းမှုကိုသာ ရရှိပါစေ။ အခြားအကြောင်းများကြောင့် ဖြစ်ပေါ်လာရသော မသင့်မတင့်မှု များကိုပင် သည်းခံနိုင်ကြမည် ဖြစ်ပေသည်”ဟူ၍ ဒေါက်တာ ဟယ်မီလတန်က သူ၏ စာအုပ်ထဲတွင် ထုတ်ဖော်ရေးသားခဲ့၏။

လော့ အိန်ဂျယ်လီ မြို့ရှိ မိသားစုဆက်ဆံရေးအဖွဲ့ ၁ ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ပေါ ပိုပီနိုးသည် အမေရိကန်ပြည်တွင် အိမ်ထောင်ရေးကို နားအလည်ဆုံးသော ပါရဂူကြီးများတွင် တစ်ယောက် အပါအဝင် ဖြစ်လေသည်။ သူကိုယ်တိုင် ထောင်ပေါင်းများစွာသော အိမ်ထောင်သည်တို့၏ အကြောင်းကို လေ့လာ စုံစမ်းခဲ့ဖူးလေသည်။ သူ့အလိုအတိုင်းဆိုလျှင် အိမ်ထောင်များ – `ပျက်စီးရသည်မှာ အကြောင်း လေးရပ်ကြောင့် ဖြစ်လေသည်။ ထိုအကြောင်း လေးရပ်ကို ဒေါက်တာ ပိုပီနိုးသည် အောက်ပါအတိုင်း ကြီးစဉ်ငယ်လိုက် စီစဉ်ထားလေသည်။

၁။ ရာဂစိတ် ပြေငြိမ်းမှု မရရှိခြင်း ၂။ အားလပ်ချိန်ကို အသုံးချရာ၌ လင်နှင့်မယား သဘောကွဲလွဲခြင်း . ၃။ ငွေရေးကြေးရေး ကျပ်တည်းခြင်း ၊ ၄။ သူတစ်ပါးနှင့်မတူသော ကိုယ်လုံးကိုယ်ပေါက်နှင့် စိတ်နေ သဘောထား ရှိခြင်း ၊ အထက်ပါအကြောင်း လေးရပ်တွင် ရာဂစိတ်ပြေငြိမ်းမှုကို ပထမထား သည်ကို ကြည့်ပါ။ ငွေရေးကြေးရေး ကျပ်တည်းခြင်းမှာ တတိယလိုက်၏။ မထူးဆန်းပေဘူးလား။ ။

လင်မယားကွာရှင်းမှုတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြသော သူများ အားလုံးပင် ရာဂစိတ် ပြေငြိမ်းမှုမှာ အရေးတကာ့ အရေးဖြစ်ကြောင်း တစ်သံတည်း ထွက်ကြ၏။ သက်သေထုတ်၍ ပြပါအံ့။ နှစ်ပေါင်း အနည်းငယ် ‘ ခန့်က စင်စင်နားတီးမြို့ ရှိ အိမ်တွင်းရေးအမှုများကို စီရင်ရသော တရားသူကြီး ဟော့ဖမန်- က “လင်မယားကွာရှင်းမှု ဆယ်ခုတွင် ကိုးခုမှာ ရာဂစိတ် ပြေငြိမ်းမှု မရခြင်းကြောင့် ဖြစ်လေသည်”ဟူ၍ ထုတ်ဖော် ပြောဆိုခဲ့၏။

“ရာဂစိတ် ပြေငြိမ်းမှုသည် လူတို့တွင် အလွန် အရေးကြီးသော ကိစ္စ တစ်ရပ် ဖြစ်လေသည်။ လင်ခန်း မယားခန်း ပြတ်စဲရာတွင် ထိုကိစ္စသည် အလွန် အရေးပါအရာရောက်ခဲ့သည်” ဟူ၍ စိတ်ပညာရပ်တွင် ပါရဂူမြောက်ပြီး ဂျွန် ဗီ ဝပ်ဆန်” ဆိုသူ ပုဂ္ဂိုလ်ကြီးကလည်း မြွက်ဟဖူးလေသည်။

ခရစ်ယန်ဘုန်းကြီး အော်လီဗာ အမ် ဘတ္တာဖီး) သည် အောက်ပါ အတိုင်း ပြောဖူး၏။ ။

“ကျွန်ုပ် ဘုန်းကြီးဖြစ်စက ကျွန်ုပ်ထံသို့ လက်ထပ်ရန် လာရောက် ကြသော ဇနီးမောင်နှံတို့သည် တစ်ဦးကိုတစ်ဦး အထူးချစ်ခင်စုံမက်ကြသော် လည်း အိမ်ထောင်မှုကိစ္စတွင် ဘာတစ်ခုမျှ နားမလည်ကြသေးသည်ကို ကျွန်ုပ် ကိုယ်တိုင် တွေ့ရှိရလေသည်။”

ဤမျှလောက်ခက်ခဲသော အိမ်ထောင်ရေးပြဿနာကို ဖြစ်သလိုထား လိုက်ပါလျက်နှင့် လင်ကွာ မယားကွာများသည် ၁၆ ရာခိုင်နှုန်းသာရှိခြင်းမှာ အံ့သြစရာကောင်းသလို ရှိ၏။ အလွန်မြားမြောင်လှစွာသော လင်နှင့် မယားတို့ သည် စင်စစ်မှာ တစ်ဦးနှင့် တစ်ဦး မကွာနိုင်ကြသေးသောကြောင့် လူမြင် ကောင်းရုံနှင့် အတူတူနေထိုင်ကြသော်လည်း ရင်းနှီးစွာ ဆက်ဆံခြင်း မရှိကြ တော့ချေ။ သူတို့သည် လောကငရဲတွင် ခံစားလျက်ရှိသောသူများနှင့် တူနေ လေသည်။

ဖြစ်ချင်ရာဖြစ်ဟူသော သဘောမျိုးနှင့် ကောက်ယူလိုက်ခြင်းဖြင့် စိတ်တိုင်းကျ အိမ်ထောင်ဖက်ကို ရနိုင်ခဲလေသည်။ အိမ်ထောင်ရေးသည် အိမ်ဆောက်သည်နှင့် တူ၏။ အိမ်ကောင်းကောင်းဆောက်ချင်လျှင် ပုံစံကောင်း ကောင်း ထုတ်သကဲ့သို့ အိမ်ထောင်ရေးတွင်လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရာ ရချင်လျှင် ထိုသို့ရရှိအောင် ဆင်ခြင်တိုင်းထွာတတ်သော ဉာဏ်နှင့် ကြိုတင်၍ ရွေးချယ်စီစဉ်သင့်ပေသည်။

ဤသို့ စီစဉ်ရာ၌ အကူအညီ ရရှိအောင် ဒေါက်ဘတ္တားဖီးသည် သူ ကိုယ်တိုင် လက်ထပ်ပေးရသော ဇနီးမောင်နှံတို့ကို ရှေ့ရေးအတွက် သူနှင့် လွတ်လပ်စွာ တိုင်ပင်နှီးနှောစေ၏။ ဤသို့ တိုင်ပင်နှီးနှောရာတွင် များစွာသော ဇနီးမောင်နှံတို့မှာ အိမ်ထောင်မှုကိစ္စတွင် ဘာတစ်ခုမျှ နားမလည်သေးသည်ကို တွေ့ရှိရလေသည်။

“ရာဂစိတ် ပြေငြိမ်းမှုသည် အိမ်ထောင်သည်တို့ ရရှိနိုင်သော စည်းစိမ် များအနက် တစ်ခု အပါအဝင်မျှသာ ဖြစ်လေသည်။ သို့ရာတွင် ရာဂစိတ် ပြေငြိမ်းမှုကိုမျှ မရနိုင်ခဲ့လျှင် အခြား မည်သည့် စည်းစိမ်မျှ ရနိုင်တော့မည် မဟုတ်ချေ”ဟု ဒေါက်တာဘတ္တားဖီးက ဆိုလေသည်။

ရာဂစိတ်ပြေငြိမ်းမှုကို ရရှိအောင် မည်ကဲ့သို့ ကြိုးစားရမည်နည်း။

ဒေါက်တာ ဘတ္တားဖီး၏ ရေးသားချက်ကိုပင် ဆက်လက်၍ ဖော်ပြပါ ဦးအံ့။

“ရှက်ကိုးရှက်ကန်းဖြစ်နေသော စိတ်များကို ဖယ်ရှားပစ်လိုက်ပြီးလျှင် အိမ်ထောင်သည်တို့ လိုက်နာရမည့် နည်းနာ နိဿများကို ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးနိုင်ပါစေ။ ဤကဲ့သို့ တိုင်ပင်ဆွေးနွေးနိုင်သော သတ္တိထူးမှာ စာအုပ်ကောင်းများကို ဖတ်ခြင်းဖြင့်သာ ကောင်းစွာရရှိနိုင်လေသည်။ ကျွန်ုပ် ကိုယ်တိုင် ရေးသားသော “အိမ်ထောင်ပြုခြင်းနှင့် အိမ်ထောင်မှု ပျော်မွေ့ခြင်း စာအုပ်ငယ်အပြင် အခြား စာအုပ်ကောင်းများကိုလည်း ကျွန်ုပ်သည် အသင့် ဆောင်ထား၏။” . . . ၊ ယခု ရောင်းချလျက်ရှိသော စာအုပ်များထဲတွင် ဗဟူသုတ တိုးပွားရန် အတွက် ဖတ်ရန် အကောင်းဆုံးဟု ကျွန်ုပ် ထင်သော စာအုပ်မှာ သုံးအုပ်” ဖြစ်ပါသည်။ ။

ထို့ကြောင့် အကြင် လင်နှင့် မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလိုကြပါလျှင် ဥပဒေသ အမှတ် (၇ သည် ။

အိမ်ထောင်သည်တို့၏ ရာဂစိတ်ပြေငြိမ်းကြောင်း စာအုပ်ကောင်းကို – ဖတ်ပါ။ ဖတ်ပါ။

တစ်ဖက်တွင် ဖော်ပြထားသော စာရင်းရှိ ပထမ သုံးအုပ်ပင် ဖြစ်သည်။

ရာဂစိတ်အကြောင်းနှင့် စပ်လျဉ်း၍ အဘယ့်ကြောင့် စာအုပ်ကောင်း များကို မဖတ်သင့်သနည်း။ နှစ်အနည်းငယ်ခန့်က ကိုလံဘီယာ ယူနီဗာစီတီ အုပ်ချုပ်သူများနှင့် အမေရိကန် လူမှုကျန်းမာရေးအသင်းကြီး တို့သည် အမေရိကန်ပြည်ရှိ ပါရဂူကြီးများကို ယူနီဗာစီတီသို့ – ဖိတ်မန္တကပြုပြီးလျှင် ကျောင်းသားများ၏ အိမ်ထောင်ရေးနှင့် ရာဂစိတ်အကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့စေသည်။ ထိုဆွေးနွေးပွဲတွင် ဒေါက်တာ ပေါ ပိုနိုးက “ယခုအခါ လင်မယား ကွာရှင်းမှုများ နည်းပါးသွားလေပြီ။ ဤသို့နည်းပါးရခြင်းသည် အခြားအကြောင်းကြောင့် မဟုတ်၊ တိုင်းသူပြည်သားများသည် ရာဂစိတ်နှင့် အိမ်ထောင်ရေး အကြောင်းများကို ရေးသားထားသော အသိအမှတ်ပြုခြင်းခံရ သည့် စာအုပ်ကောင်းများကို ဖတ်ကြသောကြောင့်ပင် ဖြစ်လေသည်” ဟူ၍ ထုတ်ဖော် ပြောဆိုဖူးလေသည်။ – ထို့ကြောင့် ယခုအခန်းကို နိဂုံးမချုပ်မီ အောက်ပါ အရေးပါအရာရောက် မည့် စာအုပ်ကောင်းများကို ဖော်ပြခဲ့ပါရစေ။

1. The Sex Factor in Marriage, by Helena Wright, M.D.

2. The Sexual Side of Marriage, by M J. Exner, M.D.

3. The Sex Technique in Marriage, by Isabel E. Hutton, M. D.

4. Perpartion for Marriage, by Kenneth Walker, M. D . .

5. Married Love, bu Marie C. Stopes

6. Sex in Marriage by Emest R and Gladys H. Groves

7. The Sex Side of Life, by Mary Ware Dennett ·

8. Marriage and Sexual Harmony, by Dr. O. M, Butterfield

9. À Marriage Manual, by Dr. Hannah and A. Stone

10. Ideal Marriage, by T. H. Van de Velde, M.D. D. on Columbia University jo The American Social Hygiene Association .