မိတ္တဗလဋီကာ

အကြင် လင်နှင့်မယားတို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော နည်း ၇ နည်း (အကျဉ်းချုပ်)

ဥပဒေသ အမှတ် ၁။ ။ နားပူနားဆာ မလုပ်နှင့်။

ဥပဒေသ အမှတ် ၂။ ။ အကြင်လင်မယားတို့သည် တစ်ဦးကိုတစ်ဦး , ငြီးငွေ့အောင် မလုပ်သင့်။

ဥပဒေသ အမှတ် ၃။ ။ ဆူပူကြိမ်းမောင်းခြင်း မပြုနှင့်။

ဥပဒေသ အမှတ် ၄။ ။ စေတနာဖြင့် ချီးကျူးရန် မမေ့နှင့်။

ဥပဒေသ အမှတ် ၅။ ။ တစ်ဖက်သားကို ကြင်နာယုယပါ။

ဥပဒေသ အမှတ် ၆။ ။ ရိုသေ လေးစားပါ။ ။

ဥပဒေသ အမှတ် ၇။ ။ အိမ်ထောင်သည်တို့၏ ရာဂစိတ် ပြေငြိမ်း ကြောင်း စာအုပ်ကောင်းကို ဖတ်ပါ။

[ ၁၉၃၃ ခုနှစ် ဇွန်လတွင် ထုတ်ဝေသော အမေရိကန် မဂ္ဂဇင်းတွင် အမ္မက် ကရိုဇီယာ ရေးသားသော “အိမ်ထောင်များ အဘယ်ကြောင့်ပျက်ရသနည်း” ဆောင်းပါးတစ်စောင်ပါရှိလေသည်။ အောက်ပါ မေးခွန်းတို့သည် ထိုဆောင်းပါးမှ ကောက်နုတ်၍ ဖော်ပြလိုက်ခြင်း ဖြစ်လေသည်။ ထိုမေးခွန်းများကို သင်ကိုယ်တိုင် ဖြေနိုင်လျှင် အကျိုးရှိပေလိမ့်မည်။ “ဟုတ်ကဲ့” ဟု ဖြေနိုင်သော အဖြေတိုင်းကို အမှတ် ၁၀ မှတ်ပေးပါ။ အားလုံးကို ဖြေပြီးလျှင် သင်သည် အမှတ် မည်မျှ ရသည်ကို တွက်ကြည့်ပါလေ။

ယောက်ျားများအတွက်

၁။ သင်သည် သင်၏ မိန်းမကို မညားမီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေးအစ လက်ဆောင်ကလေးအစ ပေးလျက်ရှိပါသေး သလား။ မညားမီကကဲ့သို့ သင်၏ မိန်းမအပေါ်တွင် ကြင်ကြင်နာနာ နှင့် ယုယပိုက်ထွေးခြင်း ရှိပါသေးရဲ့လား။ ။

၂။ အခြားလူများရှေ့တွင် သင့်မိန်းမကို ပြစ်တင် ဆူပူကြိမ်းမောင်းခြင်း မျိုးမှ အထူးဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။

၃။ သူ သဘောကျသလို သုံးစွဲနိုင်ရန် သင့်မိန်းမကို အိမ်စရိတ်အပြင် . ငွေပိုများ ပေးပါရဲ့လား။ ။

၄။ သင့်မိန်းမ၏ အလိုဆန္ဒတို့ကို ကောင်းစွာ သိရှိအောင် သင် ကြိုးစားပါ ရဲ့လား။ သင့်မိန်းမသည် ပင်ပန်းနွမ်းနယ်လျက်ရှိသောအခါ၌လည်း ကောင်း၊ စိတ်မအီမသာ ဖြစ်နေသည့်အခါ၌လည်းကောင်း သင်သည် သင့်မိန်းမကို အကူအညီပေးပါရဲ့လား။ ။

၅။ သင်သည် သင်ရသော အားလပ်ချိန်ကို တစ်ဝက်ခွဲ၍ သင့်မိန်းမနှင့် အတူတူ ကြည်ဖြူစွာ နေထိုင်ပါရဲ့လား။

၆။ သင့်မိန်းမ၏ အချက်အပြုတ်နှင့် အိမ်ထောင်ထိန်းသိမ်းမှုသည် သင့်မိခင် သို့မဟုတ် ကိုဖြူမိန်းမ၏ အချက်အပြုတ် အိမ်ထောင်ထိန်းသိမ်းမှု ထက် ညံ့သည်ဟု မပြောဘဲ ပို၍ကောင်းသည်ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား။ ။

၇။ သင့်မိန်းမ ဖတ်ကြားသော စာအုပ်များ၊ သင့်မိန်းမ၏ အပေါင်းအဖော် များ၊ မြို့ရွာအရေးနှင့် စပ်လျဉ်း၍ သင့်မိန်းမ၏ ယူဆချက်များအပေါ် တွင် သင်သည် အသေအချာ စိတ်ဝင်စားပါရဲ့လား။

၈။ သင်သည် သဝန်ကြောင်သော စကားမျိုးကို မသုံးဘဲနှင့် သင့်မိန်းမအား အခြား ယောက်ျားများနှင့်အတူ စကားပြောဆိုသည်ကိုလည်းကောင်း၊ မိတ်ဆွေတို့ဘာဝ ဂရုတစိုက်ပြုစုသည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါ ရဲ့လား။

၉။ အခွင့်အလမ်းများ ပေါ်တိုင်း သင့်မိန်းမကို ချီးကျူးရန်နှင့် မြှောက် စားရန်အတွက် သင့်မှာ အသင့် ရှိပါရဲ့လား။ ၁၀။ သင့်အင်္ကျီ ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း၊ သင့်ခြေအိတ် ပေါက်နေသည် ဖာပေးခြင်း၊ သင့် အဝတ်အစားများကို ဖွပ်လျှော် ပေးခြင်း စသော အလုပ်ကလေးများအတွက် သင်သည် သင့်မိန်းမကို ကျေးဇူးတင်စကားများ ပြောကြားပါရဲ့လား။ “

မိန်းမများအတွက်

၁။ သင့်ယောက်ျား၏ အလုပ်တွင် ဝင်မစွက်ဘဲ သီးသန့်နေပါရဲ့လား။ . သူ့ အပေါင်းအသင်းများကို ဘယ်သူနဲ့ မပေါင်းနဲ့၊ ဘယ်သူဟာ လူရှုပ်ပဲ အစရှိသည်ဖြင့် အပြစ်ပြောခြင်း၊ သူ့အလုပ်လက်ထောက်ကို ခန့်ထားရာ၌ ဝင်ရောက်ပြောဆိုခြင်း၊ သူ သွားလာ လည်ပတ်ရာ၌ ဆူပူခြင်းများမှ ကင်းလွတ်ပါရဲ့လား။

၂။ သင့်နေအိမ်နှင့်တကွ သင့်အပေါ်တွင် သင့်ယောက်ျားသည် စိတ်ဝင်စား နေအောင် သင်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား။

၃။ “ယနေ့တော့ ဟိုဟင်းကြီးကို စားရဦးတော့မှာပဲ”ဟူ၍ စိတ်ထဲမှာ မတွေးတောနိုင်အောင် စားဖွယ်သောက်ဖွယ် အမျိုးမျိုးတို့ကို သင် ကိုယ်တိုင် စီမံ၍ သင့်ယောက်ျားအား ချက်ပြုတ်ကျွေးမွေးပါရဲ့လား။

၄။ သင့်ယောက်ျားသည် သူ့အလုပ်အတွက် သင့်ထံမှ အကူအညီလိုချင် ခဲ့ပါလျှင် အကူအညီပေးနိုင်အောင် သင့်ယောက်ျား၏ အလုပ်အကြောင်း ကို သင်သည် လေ့လာပါရဲ့ လား။ ။

၅။ – စီးပွားပျက်သောအခါ “ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာ သွားတာပဲ၊ သူ လုပ်ပုံကိုက ဒီလို ဖြစ်မှာပေါ့” အစရှိသည်ဖြင့် သင့် ယောက်ျားကို ဆူပူခြင်း မလုပ်ဘဲ အေးအတူ ပူအမျှ ခံနိုင်သောသတ္တိ သင့်မှာ ရှိပါရဲ့လား။

၆။ သင့်ယောက်ျား၏ မိခင်နှင့်သော်လည်းကောင်း၊ ဆွေမျိုးဉာတိများနှင့် သော်လည်းကောင်း သင့်တင့်ညီညွတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန် ကြိုးစားပါရဲ့လား။

၇။ အဝတ်အစားဝတ်ရာ၌လည်း သင့်ယောက်ျား မကြိုက်သော အဆင်နှင့် အဝတ်အစားများကို ရှောင်ရှားပြီးလျှင် သင့်ယောက်ျားကြိုက်သော အဆင်နှင့် အဝတ်အစားများကို ဝတ်ဆင်ပါရဲ့ လား။ –

၈။ လင်မယားချင်း သင့်မြတ်စွာ ပေါင်းသင်း ဆက်ဆံနိုင်ရန်အတွက် အနည်းငယ် သဘောကွဲလွဲချက်များကို သင်သည် လျှော့ပေးပါရဲ့လား။

၉။ သင့်ယောက်ျားနှင့် အားလပ်ချိန်များတွင် အတူနေနိုင်ရန် သင့်ယောက်ျား , ဝါသနာပါသော အားကစားများကို သင်ကိုယ်တိုင် သင်ကြားထားပါ ရဲ့လား။

၁၀။ သင့်ယောက်ျား၏ ပညာပါရမီကို ကူညီသောအားဖြင့် နေ့စဉ် သတင်း ထူးများ၊ စာအုပ်သစ်များ အကြံအစည်သစ်များကို သင်ကိုယ်တိုင် စုဆောင်းပေးပါရဲ့လား။

တိုက်တွန်းချက် အိမ်ထောင်သည် ယောက်ျားတိုင်း မိန်းမတိုင်း အထက်ပါမေးခွန်းများ အနက် မိမိတို့နှင့် ဆိုင်ရာ မေးခွန်းများကို ဖြေပြီးလျှင် အမှတ် ၁ဝဝ မရသေး မချင်း မလျှော့သော လုံ့လဖြင့် အမှတ် ၁ဝဝ ရနိုင်အောင် ကြိုးစားကြပါစေ သတည်း ။