အပိုင်း ၁ လူအများနှင့် ဆက်သွယ်ရာ၌ အခြေခံနည်းကောင်းများ
အခန်း ၁ ။ ။ ပျားရည်ကိုလိုသော် ပျားအုံကို မဖျက်နှင့်
၁၉၃၁ ခုနှစ် မေလ ၇ ရက်နေ့က နယူးယောက်မြို့တော်၌ ရှေးက တွေ့ကြုံ ခဲ့ရဖူးသော “လူဖမ်းပွဲ” တို့အနက် တုန်လှုပ်ချောက်ချားဖွယ်ရာ အကောင်းဆုံး ဖြစ်သော လူဖမ်းပွဲတစ်ခုကို နယူးယောက်မြို့သူမြို့သားတို့ တွေ့မြင်ကြရ လေသည်။ တနင်္ဂနွေအပတ်ပေါင်းများစွာ လိုက်လံရှာဖွေရပြီးနောက် ဆေးလိပ်နှင့် အရက်ကို မသောက်တတ်သော သေနတ် နှစ်လက်ကိုင် ကရိုလီ” ခေါ် လူသတ် သမားကို အနောက်ဖျားရိပ်သာ ! အရပ်ရှိ သူ၏ ရည်စားသည်အိမ်တွင် ပုလိပ်များ ဝိုင်းမိလေ၏။
သူပုန်းနေသော အပေါ်ဆုံးအထပ်ကို ပုလိပ်သား ၁၅၀ နှင့် စုံထောက် တို့သည် ဝိုင်းထားပြီးလျှင် အမိုးမှ အပေါက်များဖောက်၍ မျက်ရည်ကျစေ တတ်သော ဓာတ်ငွေ့များသွင်းလျက် ပုလိပ်သတ်သမား လူဆိုးကြီး ကရိုလီကို လက်ရဖမ်းဆီးရန် ကြိုးစားကြလေသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အိမ်များမှ စက်သေနတ်များဖြင့် ချိန်၍ နယူးယောက်မြို့၏ အလွန်သပ်ရပ်သော ထိုရပ်ကွက် တွင် တစ်နာရီကျော်ကျော်လောက် သေနတ်သံ တဒိန်းဒိန်းနှင့် ပစ်ခတ်လျက် ရှိကြ၏။ ခုထားသော ကုလားထိုင်တစ်လုံး၏ နောက်မှ ဝပ်၍ ကရိုလီသည် ပုလိပ်များကို မရပ်မနားဘဲ ပစ်ခတ်လျက်ရှိ၏။ ဤကဲ့သို့ ကရိုလီနှင့် ပုလိပ်တို့ အပြန်အလှန် ပစ်ခတ်နေသောပွဲကို လူတစ်သောင်းလောက်သည် များစွာ စိတ်ဝင်စားစွာနှင့် စောင့်ကြည့်လျက်ရှိကြ၏။ နယူးယောက်မြို့၏ လမ်းပေါ်တွင် ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော “ပွဲ”မျိုးကို တစ်ခါဖူးမျှ ရှေးက မတွေ့ကြုံခဲ့ဖူးချေ။
ကရိုလီကို မိသောအခါ ပုလိပ်မင်းကြီး မူလရူနေ ́ ဆိုသူက ကရိုလီ သည် နယူးယောက်မြို့၏ လူဆိုးစာရင်းတွင် ကြောက်စရာ အကောင်းဆုံး လူဆိုးတစ်ယောက် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုလေသည်။ “ဒီအကောင်ဟာ ငှက်မွေးကလေးတစ်မွေးလောက်ကျတာနဲ့လဲ သတ်မှာပဲ”ဟု ပုလိပ်မင်းကြီးက ထပ်၍ ပြောသေး၏။
သို့ရာတွင် ကရိုလီသည် သူ့ကိုယ်ကို ဘယ်လိုလူစားဟူ၍ ထင်ပါ သလဲ။ သူ ဘယ်လို ထင်သည်ကို ကျွန်ုပ် ပြောပြနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ အခန်း တွင်းသို့ ပုလိပ်များက သေနတ်နှင့် ပစ်ခတ်နေစဉ် “သက်ဆိုင်သူများသို့’ဟူ၍ ခေါင်းတပ်ပြီးလျှင် သူသည် စာတစ်စောင်ရေး၏။ စာရေးနေစဉ် သူ၏ သေနတ်ဒဏ်ရာများမှ စီးကျလာသော သွေးများသည် စာရေးစက္ကူပေါ်တွင် ကျသဖြင့် သွေးကွက်များပင် ထင်းလျက်ရှိလေသည်။ စာထဲတွင် “ကျွန်ုပ်၏ အင်္ကျီအောက်တွင် နွမ်းနယ်သော နှလုံးသားတစ်ခုရှိ၏။ ထိုနှလုံးသားသည် နွမ်းနယ်လင့်ကစား ကြင်နာတတ်သည်ဖြစ်၍ မည်သူ့ကိုမျှ ဘေးမလုပ်လို” ဟူ၍ ရေးသားထား၏ ။ ။
ဤသို့ မဖြစ်ပျက်မီကလေးတွင် ကရိုလီသည် လောင်း အိုင်လန် ၊ အရပ်၏ အနီးရှိ တောလမ်းကလေးတစ်လမ်းတွင် မိမိ၏ မော်တော်ကားကို ရပ်၍ ချစ်သူတစ်ဦးနှင့် ကျီစယ်နေစဉ် ပုလိပ်အရာရှိတစ်ဦးသည် ရုတ်တရက် ပေါ်လာပြီးလျှင် “ခင်ဗျား၏ မော်တော်ကားလိုင်စင်ကို ကြည့်ပါရစေ”ဟု တောင်းလေသည်။
ကရိုလီသည် ဘာစကားကိုမျှ ပြန်မပြောဘဲ သေနတ်ကို ဆွဲထုတ်ပြီးလျှင် ပုလိပ်အရာရှိကို အချက်ပေါင်းများစွာ ပစ်ထည့်လိုက်၏။ ပုလိပ်အရာရှိသည် လဲကျသွားစဉ်တွင် ကရိုလီသည် မိမိ၏ ကားထဲမှ ခုန်ထွက်လာပြီးနောက် အရာရှိ၏ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီးလျှင် မလှုပ်နိုင်ဘဲ စန့်၍နေသော ပုလိပ်သား၏ ကိုယ်ထဲသို့ ကျည်ဆန်တစ်ဆန် ပစ်သွင်းလိုက်သေး၏။ ဤမျှရက်စက်စွာ သတ်လိုက်သော လူသတ်ကြီးက “ကျွန်ုပ်၏ အင်္ကျီအောက်တွင် – နွမ်းနယ်နေသော နှလုံးသားတစ်ခု ရှိ၏။ ထိုနှလုံးသားသည် နွမ်းနယ်နေလင့် – ကစား ကြင်နာတတ်သည် ဖြစ်၍ မည်သူ့ကိုမျှ ဘေးမလုပ်လို” ဟူသော စာမျိုးကို ရေးသေး၏။
ကရိုလီကို သေစားသေစေရန် စီရင်ချက်ချ၏။ အသတ်ခံရန် ဆင်းဆင်း” ထောင်သို့ ရောက်သောအခါ “ကျွန်တော် ယခုလို အသတ်ခံရတာ လူများကို သတ်မိလို့ပါ” ဟု ကရိုလီက ပြောသလား၊ မပြောပါ။ “ကျွန်တော့်အသက်ကို ကျွန်တော် ကာကွယ်မိလို့ ဒီလိုအသတ်ခံရတာ”ဟူ၍သာ ကရိုလီက ပြောလေ သည်။ ။
(ယခု အဖြစ်အပျက်ကလေး၏ လိုရင်းအဓိပ္ပာယ်မှာ ဘာပဲဖြစ်ဖြစ် ကရိုလီသည် မိမိကိုယ်ကို မိမိ အပြစ်မတင်ခြင်းပင် ဖြစ်လေသည်။)
လူဆိုးများထဲတွင် ကရိုလီတစ်ဦးတည်းသာ ထူးထူးကဲက် ဤကဲ့သို့ စိတ်ထားသည်ဟု သင် ယူဆခဲ့ပါလျှင် နောက်လူဆိုးကြီးတစ်ဦး၏အကြောင်းကို နားထောင်ဦးလော့။ ။
“လူများအား ပျော်ရွှင်မှုများကို ခံစားစေခြင်း၊ သူတို့အား သက်သာ ချောင်ချိစွာ နေနိုင်စေရန် ကူညီခဲ့ခြင်းတို့ဖြင့် ကျွန်ုပ်၏ အလွန် အဖိုးတန်ဆုံး သော အချိန်များကို ကုန်လွန်စေခဲ့၏။ ထိုသို့လုပ်၍ရသောဆုမှာ လူတို့၏ မုန်းတီးခြင်းနှင့် လူတွေ့ မခံနိုင်သောဘဝဆိုးတို့ပင်ဖြစ်လေသည်’ဟု အယ် ကပုန်း’ က ပြောပြဖူး၏။ ထို အယ် ကပုန်းသည်လည်း ရှီကာဂိုမြို့တွင်ရှိရှိသမျှသော လူဆိုးများထဲတွင် အယုတ်မာဆုံးသော လူဆိုးဗိုလ်ကြီးဖြစ်၍ အမေရိကန်ပြည် တစ်ပြည်လုံး၏ ရန်သူ အမှတ် တစ် ဖြစ်လေသည်။ အယ်ကပုန်းသည်လည်း သူ့ကိုယ်သူ အပြစ်မတင်၊ အထင်မှားသာ ခံခဲ့ရ၍ ကျေးဇူးအတင်မခံရသော ပြည်သူ ပြည်သားတို့၏ ကျေးဇူးရှင်တစ်ဦးဖြစ်သည်ဟု သူ့ကိုယ်ကို သူ ယုံကြည်စွဲလမ်းလျက်ရှိ၏။
နယူးယောက်မြို့၏ အလွန်ဆိုးသွမ်းသော ဒပ်ချ်လူမျိုး ရှပ်ဇ်” ဆိုသူ လူဆိုးကြီးတစ်ဦးအား အခြားလူဆိုးများက သေနတ်ဖြင့် ဝိုင်း၍ ပစ်ပြီးသည့် နောက် သတင်းထောက်တစ်ဦးက သွားရောက်မေးမြန်းရာ သူသည် လူများ၏
ကျေးဇူးရှင်တစ်ဦး ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုလေသည်။ ဤသို့ပြောသည့် အတိုင်းလည်း စွဲလမ်း ယုံကြည်လျက်ရှိလေသည်။ ။
ဤပြဿနာနှင့်စပ်လျဉ်း၍ ဆင်းဆင်း ထောင်မှူးကြီး လောစ်” နှင့် ကျွန်ုပ်တို့သည် စိတ်ဝင်စားဖွယ် စာပေးစာယူ ပြုလုပ်ဖူး၏။
“ဆင်းဆင်း ထောင်ထဲရှိ အနည်းငယ်မျှသော အကျဉ်းသမားများသာ လျှင် သူတို့ကိုယ်ကို သူတို့ လူဆိုးများဟု အယူရှိကြလေသည်။ သူတို့လဲ ခင်ဗျားနှင့် ကျွန်တော်တို့ကဲ့သို့ သွေးနှင့်သားနှင့်လူများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့၏ အပြစ်များကို ကာ၍ ဆင်ခြေပေးကြ၏။ ရှင်းလင်းကြ၏။ သူတို့သည် အဘယ်ကြောင့် သံသေတ္တာများကို ဖောက်ရသည်။ ဘာ့ကြောင့် သေနတ်နှင့် ပစ်ရသည်တို့ကို ပြောပြပါလိမ့်မည်။ များစွာသော အကျဉ်းသမား များမှာမူကား မဆီမဆိုင်သည့် ဆင်ခြေများကို ဆီလျော်သည့် ဆင်ခြေများနှင့် ရော၍ ပေးကြလေသည်။ သူတို့၏ ပြစ်ချက်များမှာ မတရားကြောင်း ဤပြစ်ချက်များအတွက် ထောင်အကျမခံသင့်ကြောင်းများကိုပင် အခိုင်အမာ ပြောဆိုလျက် ရှိကြ၏”ဟု ထောင်မှူးကြီးက ရေးသားခဲ့ဖူး၏။
အကယ်၍ အယ်ကပုန်း၊ သေနတ် နှစ်လက်ကိုင် ကရိုလီ၊ ဒပ်ချ် ရုပ်ဇ် မှစ၍ ထောင်အတွင်း အကျဉ်းခံနေရသော လူဆိုးများသည် ကိုယ့်ကိုယ်တွင် အပြစ်ရှိသည်ဟု မထင်ကြလျှင်’ သင်နှင့် ကျွန်ုပ်တို့ နေ့စဉ် ပေါင်းသင်း ဆက်ဆံလျက်ရှိသော လူများမှာမူကား အဘယ် ဆိုဖွယ်ရာ ရှိပါအံ့နည်း။
ကွယ်လွန်သွားသူ ဂျွန် ဝါနာမေကား က “အပြစ်တင်ခြင်းသည် မိုက်မဲခြင်းပင်ဖြစ်ကြောင်းကို အနှစ်ပေါင်း ၃၀ လောက်ကစ၍ ကျွန်ုပ် တွေ့ခဲ့ရသည်။ ထာဝရဘုရားသခင်ကိုယ်တိုင်က လူအားလုံးကို ဉာဏ်ရည် တူအောင် ဖန်ဆင်း၍ အကျိုးမရှိသောကြောင့် မဖန်ဆင်းခဲ့ခြင်းကို မတွေးတော မိဘဲ သူများနှင့် တန်းတူဖြစ်ရန် ကျွန်ုပ်၏ ချွတ်ယွင်းချက်များကို ကင်းရှင်း အောင် အတင်းကြိုးစားရာ၌ ကျွန်ုပ်သည် ဒုက္ခများစွာ တွေ့ခဲ့ရဖူးသည်” ဟု တစ်ခါတုန်းက ဝန်ခံဖူး၏။
ဝါနာမေကားသည် ဤ သင်ခန်းစာကို ခပ်စောစောကပင် ရခဲ့၏။ သို့ရာတွင် လူတို့သည် မည်မျှ မှားနေစေကာ အကြိမ် ၁ဝဝ လျှင် ၉၉ ကြိမ်လောက် မိမိကိုယ်ကို မိမိမှားသည်ဟု အပြစ်တင်မည်မဟုတ်သည့်အကြောင်း ကို အနည်းငယ်မျှ မရိပ်မိဘဲနှင့် ကျွန်ုပ်ကိုယ်တိုင် ဤကမ္ဘာကြီးထဲတွင် အနှစ် ၃၀ ကျော်လောက် ဆင်ကန်းတောတိုး ပြုမူနေထိုင်ခဲ့ဖူး၏။
အပြစ်တင်ခြင်းသည် အချည်းနှီးဖြစ်တတ်၏။ အဘယ်ကြောင့်ဆိုသော် အပြစ်တင်ခြင်းသည် အပြစ်တင်ခံရသူအား သူ့ကိုယ်ကိုသူ ကာကွယ်စေရန် ‘ နှိုးဆော်ပေးခြင်းပင်ဖြစ်၍ များသောအားဖြင့် ထိုအပြစ်တင်ခြင်းသည် အပြစ်တင်ခံရသူအား အပြစ်လွတ်အောင် ကြံဖန်ထုချေရန် ပြုလုပ်ပေးခြင်း ဖြစ်လေသည်။ အပြစ်တင်ခြင်းသည် ဘေးအန္တရာယ်များတတ်သည်။ အဘယ့် ကြောင့်ဆိုသော် အပြစ်တင်ခြင်းသည် အပြစ်တင်ခံရသူ၏ ဂုဏ်ကို ချိုးနှိမ်ရာ လည်း ရောက်၏။ သူ့ကိုယ်သူ သူ အထင်ကြီးနေသော ‘စိတ်ထားကိုလည်း နာကြည်းစေ၏။ အပြစ်တင်သူအား မျက်မုန်းကျိုးအောင်လည်း ဆွပေး၏။
ဂျာမန်စစ်တပ်သည် ဂျာမန်စစ်သားများအား ကိစ္စတစ်ခုခု ဖြစ်လျှင် ဖြစ်ချင်း တိုင်ကြားခြင်း အပြစ်တင်ခြင်းတို့ကို ပြုလုပ်ရန် ခွင့်မပြု။ ထွက်လျက် ” ရှိသော ဒေါသ ပြေသွားသည့်တိုင်အောင် တစ်ည ဆိုင်းရသေး၏။ ချက်ချင်း တိုင်ကြားလျှင် ထိုစစ်သားကို အပြစ်ဒဏ်ပေး၏။ ညည်းညူတတ်သော မိဘများ၊ နားပူနာဆာလုပ်တတ်သော မိန်းမများ၊ ကြိမ်းမောင်းတတ်သော အလုပ်ရှင်များမှစ၍ သူတစ်ဖက်သားတို့အား အပြစ်ရှာတတ်သူ တသီတတန်း ကြီးအတွက် ဂျာမန် စစ်ဥပဒေမျိုးတစ်ခု ထုတ်သင့်လေသည်။
သမိုင်းအစောင်စောင်ကို လှန်လှော်၍ကြည့်ပါလျှင်လည်း တစ်ဖက်သား ကို အပြစ်တင်ခြင်းသည် အချည်းနှီးဖြစ်ကြောင်း ကောင်းစွာ တွေ့ရလိမ့်မည်။ သက်သေသာဓကအဖြစ်ဖြင့် သီအိုဒို ရုစဗဲ့နှင့် သမ္မတမင်း တပ်ဖ် ” တို့၏ အချင်းများပွဲကို ပြန်ကြည့်ကြဦးစို့။ သူတို့နှစ်ဦး၏ အချင်းများပွဲကြောင့် သူတို့၏ ရီပတ်ဘလီကင် ပါတီ သည် နှစ်ခြမ်းကွဲခဲ့ရဖူး၏။ သူတို့၏ အချင်းများ မှုကြောင့် ဗုဒရိုး ဝီလဆင် ၃ သည် အမေရိကန် သမ္မတ ဖြစ်ခဲ့ရ၏။ ကမ္ဘာ စစ်ကြီးအတွင်းက အမေရိကန်ပြည်ထောင်စုသည် စစ်ထဲတွင် ပါခဲ့ရ၏ ။ သမိုင်းသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့ရ၏။ အဘယ်ကြောင့် ဤမျှဖြစ်ခဲ့ရ သည်ကို ခပ်မြန်မြန်ပြန်၍ ကြည့်ကြဦးစို့။ ၁၉ဝ၈ ခုနှစ်က သီအိုဒို ရုစဗဲ့ သည် အမေရိကန် သမ္မတရာထူးမှ ထွက်ပေးပြီးလျှင် တပ်ဖ်ကို သမ္မတ တင်ခဲ့ပြီးနောက် အာဖရိကသို့ ခြင်္သေ့ပစ်ရန် ထွက်သွား၏။ အာဖရိကတိုက်မှ ပြန်လာသောအခါ ရုစဗဲ့သည် “ပွက်” လေသည်။ သူသည် တပ်ဖ်ကို ရှေးရိုး လိုက်လွန်းသည်ဟု ရှုတ်ချ ပြစ်တင်ပြီးလျှင် ဗူးလမူးပါတီ” တစ်ခု ထူထောင် လျက် သမ္မတရာထူးကို သူကိုယ်တိုင် သုံးကြိမ်မြောက် ဝင်၍ အရွေးခံလေသည်။ ရွေးကောက်ပွဲတွင် တပ်ဖ်နှင့် ရီပတ်ဘလီကင်ပါတီတို့သည် ဗာမွန် နှင့် ယူတာ ဆိုသော နယ် နှစ်နယ်၌သာ အနိုင်ရလေသည်။ ရီပတ်ဘလီကင် ပါတီသည် ဤကဲ့သို့ တစ်ခါဖူးမျှ မရှုမလှ မရှုံးခဲ့ဘူးချေ။
ရုစဗဲ့က တပ်ဖ်ကို အပြစ်တင်၏။ သို့ရာတွင် တပ်ဖ်က သူမှားပြီဟု ဝန်ခံသလား၊ မခံဘူး။ မျက်ရည်ကလေး ကလယ် ကလယ်နှင့် “ယခု ကျွန်တော်လုပ်နေတာဟာ အရင်က ကျွန်တော်လုပ်ခဲ့တာထက် ဘယ်လိုများ ထူးခြားသွားသလဲဆိုတာ ကျွန်တော်ဖြင့် မတွေးတတ်အောင် ရှိတော့တာပဲ” ဟူ၍ တပ်ဖ်က ပြောလေသည်။
အချင်းများပွဲတွင် ဘယ်သူမှားသလဲ။ စင်စစ်မှာ ကျွန်ုပ်လည်း အမှန်မသိ။ သိလည်း မသိချင်။ ကျွန်ုပ် ပြောချင်သည့် အကြောင်းမှာကား ရုစဗဲ့က အပြစ်တင်လိုက်ခြင်းသည် တပ်ဖ်အား မှားပြီဟူ၍ ဝန်ခံအောင် လုပ်မပေးနိုင်ခြင်းပင် ဖြစ်၏။ ထိုအပြစ်တင်ချက်ပင်လျှင် တပ်ဖ်အား “ယခု ကျွန်တော်လုပ်နေတာဟာ အရင်က လုပ်ခဲ့တာထက် ဘယ်လိုများ ထူးခြားသွား သလဲဆိုတာ ကျွန်တော်ဖြင့် မတွေးတတ်အောင် ရှိတော့တာပဲ” ဟု မျက်ရည် ကလေး ကလယ်ကလယ်နှင့် ထပ်တလဲလဲ ပြောစေ၍ သူလုပ်ပုံ မှန်ကြောင်း + ကိုသာ ထုချေရှင်းလင်းရန် စေခိုင်းသလို ဖြစ်နေ၏။
ထိုမှတစ်ပါ တီးပေါ့ ဒုံး ရေနံမြေ ရှုပ်ထွေးမှုကြီးကို ကြည့်ကြဦးစို့။ သင်တို့ ထိုအမှုကြီးကို မှတ်မိသေးရဲ့လား။ ထိုအမှုကြီးအတွက် သတင်းစာ များသည် နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆူပွက်ခဲ့၍ ထိုအမှုကြီးသည် အမေရိကန်ပြည်ထောင်စုကို တုန်လှုပ်ချောက်ချားစေခဲ့၏။ လူများ မှတ်မိသလောက် ထိုမျှ ကြီးကျယ်သော အမှုမျိုး အမေရိကန်သမိုင်းတွင် မဖြစ်ပေါ် ဖူးသေးပေ။ ဖြစ်ပုံမှာဤသို့တည်း။ သမ္မတဟာဒင် အစိုးရအဖွဲ့ ၏ ပြည်ထဲရေး ဝန်ကြီး အယ်လဘတ် ဖော” ဆိုသူအား အမေရိကန် ရေတပ်အတွက် အသုံး ပြုရန် သီးသန့်ထားသော အဲလ်ခ ဟီး နှင့် တီးပေါ့ ဒုံးအရပ်ရှိ ရေနံမြေ တို့ကို အငှားချထားရန် တာဝန်အပ်နှင်းထားလေသည်။ ပြည်ထဲရေးဝန်ကြီး ဖောသည် ထိုရေနံမြေများကို ငှားရန် လေလံတင်သလား၊ မတင်ပါခင်ဗျား။ ထိုမျှ “အသားများသော” ကန်ထရိုက်ကို သူ၏သူငယ်ချင်း အက်ဒွပ် အယ် ဒို ဟင်နီ ၃ သို့ ပေးလိုက်လေသည်။ ထို့အတွက် ဒိုဟင်နီက ဘာပြန်လုပ်သလဲ။
ချေးသည်ဟု အမည်တပ်ပြီးလျှင် ဒေါ်လာငွေ တစ်သိန်းကို ဒိုဟင်နီက ပြည်ထဲရေးဝန်ကြီး ဖောအား ပေး၏။ ထိုငွေ ရပြီးနောက် မည်သူ့ကိုမျှ ဂရုမစိုက်သော အနေနှင့် ဒိုင်နီ၏ ရေနံတွင်းများ၏ ရေနံကြောတို့မှ ရေနံ များကို စုပ်ယူနေသော ဒိုဟင်နီ၏ ရေနံတွင်းများနှင့် ကပ်လျက်ရှိသည့် အခြား ရေနံတွင်းများမှ တွင်းပိုင်ရှင်တို့ကို အမေရိကန် ရေတပ်သားတို့အား နှင်ထုတ်ရန် အာဏာပေးလေသည်။ အနှင်ခံရသော တွင်းပိုင်ရှင်များသည် တရားရုံးများသို့ သွားရောက်၍ ငွေတစ်သိန်း လာဘ်ထိုးမှုကို ဖော်ကြ၏ ။ ဤအမှုကြီး၏ အပုပ်နံ့သည် ဟောင်လွန်းသဖြင့် ဟာဒင်၏ အစိုးရအဖွဲ့ လည်း ပြုတ်၊ တစ်တိုင်းတစ်ပြည်လုံးလည်း စိတ်မသက်သာဖြစ်၊ ရီပတ်ဘလီကင် ပါတီလည်း ပျက်သွားမတတ်ဖြစ်၊ ထိုမျှသာမက ပြည်ထဲရေးဝန်ကြီး ဖောလည်း အကျဉ်းခံရ၏။
တိုင်းကျိုးဆောင်များထဲမှ ပြည်ထဲရေးဝန်ကြီး ဖောကဲ့သို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ပေးခြင်း ခံရသောသူမှာ အနည်းငယ်မျှလောက်သာ ရှိပေလိမ့်မည်။ ဤကဲ့သို့ ကဲ့ရဲ့ ရှုတ်ချလိုက်သဖြင့် ဖောသည် နောင်တ ရရဲ့လား၊ မရပါ။ ထိုအမှုဖြစ်ပြီးနောက် နှစ်ပေါင်း အတော်ကြာသောအခါ သမ္မတဟောင်း ဟာဒင်သည် သူ၏ သူငယ်ချင်းတစ်ဦးက သစ္စာဖောက်သောကြောင့် စိတ်ညစ် ပြီး သေဆုံးသွားရသည်ဟု ဟားဗတ် ဟူးဗား က အစည်းအဝေးတစ်ခုတွင် ပြောပြလေသည်။ ထိုစကားကို ဖော၏ ဇနီး ကြားသောအခါ ထိုင်ရာမှ ဖြုန်းကနဲ ခုန်ထပြီးနောက် ကံဆိုးရခြင်းကို အပြစ်တင်လျက် ငိုယိုကာ “ဘာ၊ ဟာဒင်ကို ဖောက သစ္စာဖောက်တယ်၊ တယ် ဟုတ်ပါလိမ့်၊ ကျုပ် ယောက်ျား ဟာ ဘယ်သူ့ကိုမျှ သစ္စာမဖောက်ခဲ့ဖူးဘူး၊ ဒီအိမ်နဲ့ အပြည့် ရွှေတွေပေးတောင်မှ ကျုပ်ယောက်ျားဟာ မဟုတ်တာကို လုပ်မှာမဟုတ်ဘူး၊ သူ့ကိုသာ လူများက သစ္စာဖောက်သွားတာ၊ အားလုံးယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်း ပုံချတာကို ခံရတာပါ”ဟူ၍ ပြောလေသည်။
ဒါကိုသာ သင်တို့ ကြည့်ပါတော့။ အမှားလုပ်မိသည့် သူတစ်ဦးသည် မိမိကလွဲပြီး အခြားလူများကိုသာ အပြစ်တင်နေခြင်းမှာ လူတို့၏ ဝါသနာ ပင်တည်း။ ကျွန်ုပ်တို့ အားလုံးလည်း ဤနည်းနှင်နှင်ပင်။ ထို့ကြောင့် လူတစ်ဦးဦးကို မနက်ဖြန် အပြစ်တင်ရတော့မည်ဆိုလျှင် အယ် ကပုန်း၊ “သေနတ် နှစ်လက်ကိုင်”ကရိုလီနှင့် အယ်လဗတ်ဖောတို့ကို ပြန်၍ သတိရကြစို့။ အပြစ်တင်ခြင်းသည် “အကျိုးလိုလို့ ညောင်ရေလောင်း” မှုနှင့် တူကြောင်းကို အမှတ်ရကြစို့၊ မုချ “ပတ်ထမ်းတွေ့ ရမည်ဖြစ်၏။ ကျွန်ုပ်တို့ အပြစ်တင် ခြင်းကို ခံရမည့်သူသည် သူမှန်ကြောင်းကို ထုချေရှင်းလင်း၍ ကျွန်ုပ်တို့အား တန်ပြန်၍ အပြစ်ဖို့လိမ့်မည်ဖြစ်ကြောင်းကို အမြဲ သတိရကြစို့။ ထိုကဲ့သို့မှ မလုပ်ပြန်လျှင်လည်း သမ္မတဟောင်း တပ်ဖ်ကဲ့သို့ “ယခု ကျွန်တော်လုပ်နေ တာဟာ အရင်ကလုပ်ခဲ့တာထက် ဘယ်လိုများ ထူးခြားသွားသလဲဆိုတာ ကျွန်တော်ဖြင့် မတွေးတတ်အောင် ရှိတော့တာပ်” ဟူ၍ ပြန်ပြောမည်ကိုလည်း သတိထားကြစို့။
၁၈၆၅ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဖို့ကပွဲရုံ” ၌ ဗုသ် ‘ က ပစ် လိုက်သော သေနတ်ဒဏ်ရာဖြင့် လမ်းတစ်ဘက်ရှိ တည်းခိုရန် အိမ်အပေါစား တစ်ခု၏ အိမ်ခန်းမကြီးတွင် အဘရာဟင်လင်ကွန်း သည် သေတော့မည့်ဆဲဆဲ ရှိနေ၏။ သူ၏ ရှည်သောကိုယ်မှာ သူလဲနေသော ခုတင်တိုကလေးထက် များစွာ ပိုလျက်ရှိလေသည်။ အိပ်ရာ၏ အပေါ်တည့်တည့်တွင် ရိုစာ ဘွန်ဟား ” ရေးဆွဲသော “မြင်းဈေး”
ခေါ်သည့် ပန်းချီကား အပေါစား ပုံတူတစ်ခုကို ချိတ်ထား၏။ အခန်းတွင်းရှိ ဓာတ်ငွေ့ မီးသည် ခပ်မှိန်မှိန် တောက်လျက်ရှိ၏။
ထိုသို့ လင်ကွန်းသည် အသက်ငင်နေစဉ် စစ်ဝန်ကြီး ဆတင်တန်” က “လူကို အုပ်ချုပ်တဲ့ လူတွေထဲမှာ ဒီမှာ လဲနေတဲ့လူဟာ ကမ္ဘာပေါ်မှာ ထိပ်တန်းအကျဆုံးလူပဲ” ဟူ၍ ကြွေးကြော်ဖူး၏။
လူများနှင့် ပေါင်းသင်း ဆက်ဆံရာ၌ လင်ကွန်းအား ထမြောက် အောင်မြင်စေသော နည်းလမ်းကောင်းသည် အဘယ်နည်း။ ကျွန်ုပ်သည် အဘရာဟင် လင်ကွန်း၏ အတ္ထုပ္ပတ္တိကို ၁၀ နှစ်တိုင်တိုင် ကောင်းစွာ လေ့လာခဲ့ပြီးမှ “လူများမသိသော လင်ကွန်း” စာအုပ်ကို သုံးနှစ်တိုင်တိုင် အချိန်ယူ၍ ရေးသားခဲ့ဖူး၏။ လင်ကွန်း၏ အတ္ထုပ္ပတ္တိကို လူတစ်ယောက် အစွမ်းကုန် ရှာဖွေနိုင် သလောက် ကျွန်တော် ရှာဖွေစုံစမ်းပြီးပြီဟု ကျွန်ုပ်သည် ယုံကြည်၏။ လူတို့နှင့် ဆက်သွယ်ရာ၌ လင်ကွန်း အသုံးပြုသော နည်းလမ်း များကို ကျွန်ုပ်သည် အထူးဂရုပြု၍ စုံစမ်း၏။ သူသည် တစ်ဘက်သားကို အပြစ်တင်ခြင်းကို နှစ်သက်ခဲ့ဖူးသလား။ အို- နှစ်သက်ပြီလား၊ ငယ်စဉ်အခါ အင်ဒီယားနား ပြည်နယ်၊ ပိဂျင်း ကရိ ဗဲလေး အရပ်တွင်နေစဉ်က လူများကို အပြစ်တင်ခဲ့ရုံ သာမက `လူတစ်ဘက်သားကို သရော်သောစာများ၊ ပြောင် လှောင်သော လင်္ကာများကို ရေးသားပြီးလျှင် လူတွေ ဧကန်မုချတွေ့နိုင်မည့် တောလမ်းများပေါ်တွင် ချထားလေသည်။ စာတစ်စောင်မှာမူ တစ်သက်လုံး ရန်ငြိုးမပြေနိုင်အောင် အမျက်ကြီးစေခဲ့ဖူး၏။
အီလီနွိုက်ပြည်နယ် ဆပရင်းဖီး မြို့တွင် ရှေ့နေလိုက်နေစဉ်ကပင် သူသည် သူ၏ တစ်ဘက်ဂိုဏ်းသားများကို သတင်းစာများထဲမှ ဆောင်းပါး များဖြင့် ပြောင် “ထု”ဖူး၏။ ထိုဆောင်းပါးတို့ကို တစ်ခါမက အကြိမ်ပေါင်း များစွာ ရေးခဲ့၏။
၁၈၄၂ ခုနှစ် ဆောင်းဦးပေါက်စတွင် သူသည် ဒေါသကြီး၍ ကိုယ့် ကိုယ်ကို အထင်ကြီးနေသော ဂျိမ်း ရှီး
ခေါ် အိုင်ယာလန်လူမျိုး နိုင်ငံရေး သမားတစ်ဦးကို ဆပရင်းဖီး ဂျာနယ်ထဲမှနေ၍ သရော်သည့် ဆောင်းပါး တစ်စောင်ကို နာမည်မဖော်ဘဲ ရေးသား၏။ ထိုဆောင်းပါးကို ဖတ်ပြီးလျှင် တစ်မြို့လုံး အူတက်အောင်ရယ်နေကြသည်။ ရှီးသည် မာနလည်းကြီး စိတ် လည်း နုသူဖြစ်သဖြင့် ဒေါသအမျက် ချောင်းချောင်းထွက်လျက် ရှိလေသည်။
ထိုဆောင်းပါးကို ဘယ်သူရေးသည်ကို သိသွားသောအခါ ရှီးသည် မြင်းစီး၍ လင်ကွန်းကို ရှာဖွေပြီးလျှင် ဓားချင်းယှဉ်ခုတ်ရန် ချိန်း၏။ လင်ကွန်းသည် မတိုက်ခိုက်လို။ ဓားချင်းယှဉ်ခုတ်သည့် စနစ်ကိုလည်း မနှစ်သက်။ သို့ရာတွင် ဂုဏ်ပျက်မခံချင်၍ ချိန်းသည်ကို လက်ခံလိုက်ရလေသည်။ သူကြိုက်သည့် လက်နက်ကို သူ့အား ရွေးချယ်ခွင့်ပေး၏။ သူ့လက်တံများသည် ရှည်သောကြောင့် သူသည် မြင်းစီးဓားပြားရှည်ကို ရွေးချယ်လိုက်ပြီးနောက် ဓားခုတ် ကျင်လည်သူတစ်ဦးထံတွင် ဓားခုတ်နည်းကို သင်ကြားရလေသည်။ ချိန်းထား သည့် ရက်စေ့သောအခါ မစ္စစ္စပီမြစ် ” ၏ ကမ်းနဖူးရှိ သောင်ခုံတစ်ခုပေါ် တွင် လင်ကွန်းနှင့် ရုံးတို့သည် တစ်ယောက်ကို တစ်ယောက် အသေခုတ် သတ်ရန် တွေ့ဆုံကြလေသည်။ သို့ရာတွင် သူတို့၏ အကူများက နောက်ဆုံး ဓားချင်း ယှဉ်ခုတ်ခါနီးတွင် ဝင်၍ တားပြီးနောက် ဓားခုတ်ပွဲကို ဖျက်ပစ်လိုက် ကြ၏။
လင်ကွန်း၏ တစ်သက်တွင် ထိုအဖြစ်အပျက်သည် ကြောက်မက် ဖွယ်ရာ အကောင်းဆုံးသော ကိုယ်တွေ့ ဖြစ်လေသည်။ ထိုအဖြစ်အပျက်က လူများနှင့် ပေါင်းသင်းဆက်ဆံနည်း အဖိုးမဖြတ်နိုင်သော သင်ခန်းစာတစ်ရပ် ကို သူ့အား သင်ပြလေသည်။ ထိုအခါမှစ၍ သူသည် တစ်ဘက်သားအား စော်ကားသော စာများကို မရေးသားတော့ချေ။ ထိုအခါမှစ၍ သူသည် လူတစ်ဘက်သားကို မသရော်တော့ချေ။ ထိုအခါမှစ၍ မည်သည့်ကိစ္စမျိုး၌မဆို သူသည် တစ်ဘက်သားကို အပြစ်မတင်တော့သလောက် ဖြစ်၏။
ပြည်တွင်းစစ် ဖြစ်ပွားစဉ်က လင်ကွန်းသည် စစ်ဗိုလ်ချုပ်များကို မကြာခဏ ပြောင်းလဲခဲ့လေသည်။ မက်ကလီလန် ၊ ပုပ် ၃၊ ဗန်းဆိုက် ” ၊ ဟူကား ၁၊ မိဒ ” စသော လင်ကွန်း တင်မြှောက်သည့် စစ်ဗိုလ်ချုပ်များလည်း တစ်ဦးပြီးတစ်ဦး ဆက်ကာ ဆက်ကာ စစ်ကို အရှုံးကြီး ရှုံးပစ်နေကြသော ကြောင့် လင်ကွန်းမှာ စိတ်အပျက်ကြီး ပျက်လျက်ရှိ၏။ တိုင်းပြည်လူထု တစ်ဝက်က ထိုညံ့ဖျင်းသော စစ်ဗိုလ်ချုပ်များကို ရက်ရက်စက်စက် ဆူပွက် လျက် ရှိကြ၏။ သို့ရာတွင် လင်ကွန်းသည် မုန်းတီးခြင်းကင်းမဲ့ကာ မေတ္တာ သာပွားလျက် မည်သူ့ကိုမျှ အပြစ်မတင်ဘဲ ဆိတ်ဆိတ်နေ၏။ သူသုံးနေကျ စကားတစ်ခုမှာ “သင့်ကိုယ်ကို အဆုံးဖြတ် မခံချင်သောအရာနှင့် အခြားသူ တစ်ဦးကို သွား၍ မဆုံးဖြတ်ပါနှင့်” ဟူ၍ပင် ဖြစ်လေသည်။
မယားဖြစ်သူ မစ္စက်လင်ကွန်းနှင့် အခြားလူများက – တောင်းပိုင်းသား” များကို မညှာမတာ အပြစ်တင်ဆိုလျှင် လင်ကွန်းက “သူတို့ကို အပြစ်မတင်ပါနဲ့ကွယ်၊ တို့လဲ သူတို့လို အခြေအနေနဲ့ဆိုရင် သူတို့လို နေမှာပဲ” ဟု ပြန်ပြောဖူးလေသည်။
သက်သေ သာဓကတစ်ခုကို ထူကြဦးစို့။ . .. – ၁၈၆၃ ခုနှစ် ဇူလိုင်လ၏ အစ.၃ ရက်တွင် ဂက်တီးစဘတ်တိုက်ပွဲ စလေသည်။ ဇူလိုင်လ ၄ ရက်နေ့ညတွင် မိုးအပြင်းအထန်ရွာ၍ တစ်ပြည်လုံး ရေကြီးနေသည့်အချိန်တွင် တောင်ပိုင်းစစ်ဗိုလ်ချုပ်ကြီး လည်း”သည် တောင် ဘက်သို့ ဆုတ်ခွာပြေးလေသည်။ ပိုတိုမက် မြစ်ကမ်းသို့ ရောက်သောအခါ မြစ်ရေသည် အလွန်ကြီးလျက်ရှိသဖြင့် မြစ်တစ်ဘက်ကမ်းသို့ ဖြတ်မကူးနိုင်ချေ။
ထိုအချိန်တွင် စစ်ဗိုလ်ချုပ်ကြီး “လည်း’ နှင့် သူ၏ စစ်တပ်တို့သည် ရှေ့တွင် ` မကူးနိုင်သော မြစ်၊ နောက်တွင် ရန်သူ အစိုးရစစ်တပ်တို့ဖြင့် ညှပ်ပူးညှပ်ပိတ် – မိလျက်ရှိ၏။ သူသည် `ဘယ်နည်းနှင့်မျှ မလွတ်နိုင်တော့ချေ။ ဤအဖြစ်ကို လင်ကွန်းကိုယ်တိုင်လည်း မြင်၏။ “လည်း” နှင့်တကွ သူ၏ စစ်တပ်များကို ဖမ်းဆီး၍ ပြည်တွင်းစစ်ကို “အဆောတလျင် ပြီးစီးအောင်လုပ်ရန် ယခုကဲ့သို့ ကောင်းလှသော အခွင့်အလမ်းမျိုးကို အလွန် ရခဲမည်ဖြစ်၏။ ထို့ကြောင့် စစ် အစည်းအဝေးကို ခေါ်မနေနှင့် “လည်း” ၏ စစ်တပ်များကို ချက်ချင်း တိုက်ဟု အလွန်ကြီးမားသော မျှော်လင့်ချက်ကြီးဖြင့် လင်ကွန်းသည် သူ၏ စစ်ဗိုလ်ချုပ်ကြီး မိဒထံသို့ သံကြိုးရိုက်၍ အမိန့်ပေး၏။ ထို့နောက် အထူးတမန် တစ်ယောက်ကို စစ်ဗိုလ်ချုပ်ကြီး မိဒထံသို့ စေလွှတ်၍ အလျင်အမြန်တိုက်ရန် အကြောင်းကြား လေသည်။
လင်ကွန်း သမ္မတဖြစ်စဉ်က အမေရိကန်ပြည်ထောင်စုသည် ကပ္ပလီလူမျိုး- ငွေဝယ်ကျွန် များကို ကျွန်ဘဝမှ လွှတ်ရန် ကိစ္စနှင့် စပ်လျဉ်း၍ တောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ဘက်ကွဲ ပြီးလျှင် ပြည်တွင်းစစ် ဖြစ်ပွားလေသည်။ သမ္မတလင်ကွန်းနှင့် မြောက်ပိုင်းသားများကတစ်ဘက်၊ ငွေဝယ်ကျွန်များအား ကျွန်ဘဝမှ လွှတ်ရန်ကို မနှစ်ခြိုက်သူ တောင်ပိုင်းသားတို့က တစ်ဘက် တိုက်ခိုက်ကြလေသည်။
(နဂါးနီအသင်းထုတ် ဒေါက်တာဆွန်ယက်ဆင်ရေး “ပြည်သူ့အာဏာ ပထမတွဲတွင် ထိုအကြောင်းကို အကျယ်ဖော်ပြထားသည်) ဘာသာပြန်သူ။
ထိုအခါ စစ်ဗိုလ်ချုပ်ကြီး မိဒသည် ဘာလုပ်သလဲ။ သူ့ကို အလုပ်ခိုင်း လိုက်သည့်ကိစ္စကို ပြောင်းပြန် ပြန်၍ လုပ်၏။ လင်ကွန်း၏ အမိန့်ကို ဆန့်ကျင်ပြီးလျှင် စစ်အစည်းအဝေးကို ခေါ်၏။ လျင်လျင်မြန်မြန် တိုက်ရမည့် အစား နှောင့်နှောင့်နှေးနှေး ပြုလျက်ရှိ၏။ သူသည် လင်ကွန်းထံသို့ ဆင်ခြေ အမျိုးမျိုးပေး၍ ‘သံကြိုး ပြန်ရိုက်လျက်ရှိ၏။ လည်း၏ စစ်တပ်ကို တိုက်ရန် အတိအလင်း ငြင်းပယ်လျက်ရှိ၏။ နောက်ဆုံး မြစ်ရေလျော့ကျသွားသောကြောင့် လည်း နှင့် သူ၏စစ်တပ်သည် မြစ်တစ်ဘက်သို့ ကူး၍ လွတ်မြောက်သွားကြ၏။ ” လင်ကွန်းသည် အပြင်းအထန် ဒေါပွလျက်ရှိ၏။ “ဒါ ဘာလုပ်တာလဲ ကွာ၊ သူတို့ကို တို့လက်နဲ့လှမ်းလို့ `မီနေမှပဲ၊ လက်ဆန့်ရုံ ဆန့်လိုက်တာနဲ့ သူတို့ဟာ တို့လက်တွင်းကို ရောက်လာမှာပဲ၊ ဒါနဲ့တောင် တို့စစ်တပ်ကို ရှေ့ တိုးအောင် ငါဘယ့်နှယ်ပြောလို့ လုပ်လို့မှ မရဘူး၊ ဒီလို အခွင့်အလမ်းမျိုး ရနေတဲ့အခါမှာ ဘယ်စစ်ဗိုလ်ချုပ်မဆို “လည်း”ကို အလွယ်ကလေးနဲ့ နိုင်မှာပဲ။ ငါသွားရင်တောင် ငါကိုယ်တိုင် သူ့ကို ကျောပွတ်နဲ့ ရိုက်ဖမ်းနိုင်သေးရဲ့”ဟု သူ၏သား ရောဘတ် ကို လင်ကွန်းက . ဒေါသနှင့် ပြောပြလေသည်။ ။ ( စိတ်အပျက်ကြီးပျက်သဖြင့် လင်ကွန်းသည် မိဒထံသို့ အောက်ပါ `စာကို ရေးသား၏။ ထိုအချိန်အခါက လင်ကွန်းသည် မိမိ၏ သတိများကို အထူးတလည် ထိန်းသိမ်း၍ စာအရေးအသားများ၌လည်း များစွာ ချုပ်တည်း ထားသည်ကို ကောင်းစွာ-သတိပြုစေချင်ပါသည်။ ထို့ကြောင့် ထိုအချိန်အခါက ဤမျှလောက် လင်ကွန်း ရေးသားချက်သည် အလွန်ပြင်းထန်သော အပြစ်တင် ခြင်းနှင့် ထပ်တူထပ်မျှ ဖြစ်၏။ , , , ကျွန်ုပ်၏ ချစ်လှစွာသော စစ်ဗိုလ်ချုပ်ကြီး “လည်း လွတ်မြောက်သွားသည့်အတွက် နောက်ထပ်မည်မျှ အတိဒုက္ခ ရောက်ကြဦးမည်ကို သင်သိသည်ဟု ကျွန်ုပ် မယုံကြည်။ “လည်း” မှာ ကျွန်ုပ်တို့က လွယ်လွယ်နှင့် ဖမ်းယူနိုင်သော အခြေသို့ ရောက်နေပြီဖြစ်၍ သူ့ကို တစ်ခါတည်း ဝိုင်းလိုက်က ယခင်က နိုင်ထားသော အနိုင်လက်စတို့နှင့် စုပေါင်းလိုက်လျှင် စစ်ဟာ တစ်ခါ တည်း ပြီးသွားမည်ဖြစ်၏။
ယခုအတိုင်းဆိုရင်တော့ စစ်ဟာ အတော မသတ် ရှည်နေလိမ့်ဦးမည်။ လွန်ခဲ့သော တနင်္လာနေ့ကမှ “လည်း”ကို အနိုင် မတိုက်နိုင်ဘဲနှင့် ထိုအခါကရှိသော စစ်တပ်၏ သုံးပုံနှစ်ပုံထက် မပိုသော စစ်သား အနည်းငယ်မျှသာ သင့်နောက်မှ အပါ ခေါ်ဆောင်ကာ မြစ်၏ တောင်ဘက်တွင် သင်သည် “လည်း”ကို ဘယ်ကဲ့သို့ အနိုင်တိုက်နိုင်ပါအံ့နည်း။ ယခုအခါ သင်သည် တစ်စုံတစ်ရာကို ထိထိရောက်ရောက် လုပ်နိုင်မည်ဟု မျှော်လင့်လျှင် ဆင်ခြင်တုံတရား ကင်းမဲ့ရာရောက်မည် ဖြစ်သောကြောင့် သင်သည် ထိထိရောက်ရောက် လုပ်နိုင်မည်ဟု ကျွန်ုပ် မမျှော်လင့်ချေ။ သင်၏ အခွင့်ကောင်းကြီးသည် လက်လွတ်၍ သွားပေပြီ။ – ကျွန်ုပ်လည်း ထိုအဖြစ်အပျက်အတွက် ‘ အတိုင်းမသိ ဝမ်းနည်းမိ၏။
ထိုစာကို ဖတ်မိသောအခါစစ်ဗိုလ်ချုပ် မိဒသည် ဘာလုပ်သည်ဟု သင် ထင်သလဲ။
စင်စစ် . မိဒသည် ထိုစာကို မဖတ်ရချေ။ လင်ကွန်းသည် ထိုစာကို ရေးရုံသာ ရေးခဲ့သည်။ မိဒထံသို့ မပို့ခဲ့ချေ။ လင်ကွန်းသေသောအခါ ထိုစာ ကို လင်ကွန်း၏ အခြားစာရွက်များနှင့်အတူ တွေ့ရ၏။
ကျွန်ုပ်၏ အထင်ကို ပြောရလျှင် ထိုစာကို ရေးသားပြီးနောက် လင်ကွန်းသည် ပြတင်းပေါက်ဝမှ ထွက်ကြည့်၍ . . ‘ “ခဏနေဦး၊ ငါ့ ဒါလောက် အလျင်မလိုသင့်ဘူးထင်တယ်၊ ငြိမ်ဆိမ်တဲ့ ဒီအိမ်ဖြူတော်မှာ ထိုင်နေပြီး မိဒကို တိုက်လိုက်လို့ အမိန့်ပေးတာ ငါ့မှာတော့ လွယ်ပါရဲ့၊ သို့ပေမယ့် ငါသာ အဲဒီစစ်ပွဲမှာရှိပြီး သွေးထွက်သံယိုဖြစ်တာ တွေကို လွန်ခဲ့တဲ့ တနင်္ဂနွေအပတ် အတွင်းက မိဒ မြင်ရသလိုပဲ မြင်ရ၊ နောက်ပြီးတော့ ဒဏ်ရာရတဲ့လူတွေ သေခါနီးတဲ့လူတွေရဲ့ အော်သံ ညည်းသံ တွေလဲ ကြားရရင် ငါလဲ တိုက်ချင်မှတိုက်မှာ၊ မိဒလို သူရဲဘောနည်းတဲ့ စိတ်ထားမျိုး ငါ့မှာသာရှိမယ်ဆိုရင် ငါလဲ သူ့လိုပဲလုပ်ကောင်းလုပ်မိမှာပဲ၊ ကဲလေ ပြီးတာလဲ ပြီးပြီ၊ လွတ်တဲ့ငါး ကြီးနေဖို့မလိုတော့ဘူး၊ ငါသာ ဒီစာကို ထည့်လိုက်ရင် ငါ့စိတ်တွေတော့ အတော်ပဲပြေသွားမှာပဲ။ သို့ပေမယ့် ဒီစာဖတ်ရရင် မိဒကလည်း သူမှန်ကြောင်း ပြန်ပြီး ထုချေနေမှာပဲ၊ နောက်ပြီး တော့လဲ ငါ့ကိုပြန်ပြီး အပြစ်တင်နေဦးမှာပဲ၊ ဒီစာအတွက်နဲ့ နာကြည်းစရာတွေ ဖြစ်လာဦးမယ်၊ နောက်ပြီးတော့ စစ်မှူးအဖြစ်နဲ့ ဆက်လက်ပြီး အသုံးဝင် နေတဲ့ ကိစ္စတွေလဲ ပျက်ကုန်ပြီး ဒီစာအတွက်နဲ့ သူဟာ စစ်ဗိုလ်ချုပ်ရာထူးက ထွက်ချင်တောင် ထွက်လိမ့်မယ်” စသည်ဖြင့် ပြောဆိုကာ သူ့ကိုယ်ကို သူ • ဖျောင်းဖျကောင်း ဖြောင်းဖျပေလိမ့်မည်။
ဤကား ကျွန်ုပ်၏ အတွေးမျှသာ ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ် ပြောသကဲ့သို့ လင်ကွန်းသည် စာကို မပို့ဘဲ ထား – လိုက်၏။ အကြောင်းမူကား နာကြည်းစွာ ပြစ်တင်ခြင်း ကြိမ်းမောင်းခြင်းတို့ သည် အကျိုးမရှိ၊ အချည်းနှီးပင် ဖြစ်ကြောင်းကို သူကိုယ်တိုင် တွေ့ဖူးကြုံဖူး ပေါင်း များလှသောကြောင့် ဖြစ်၏။
သီအိုဒိုရုစဗဲ့သည် သမ္မတ ဖြစ်စဉ်အခါက အရှုပ်အထွေး ပြဿနာများ နှင့် ရင်ဆိုင်ရလျှင် အိမ်ဖြူတော်ရှိ သူ၏ စားပွဲခုံပေါ်တည့်တည့်တွင် ဆွဲထား သော လင်ကွန်း၏ ပုံကြီးကို မော့ကြည့်လျက် “လင်ကွန်းဟာ ငါ့နေရာမှာ သာရှိရင် သူ ဘာလုပ်မလဲ၊ ဒီပြဿနာကို သူ ဘယ်လိုရှင်းပါ့မလဲ”ဟု သူ့ကိုယ်ကို သူ မေးသည်ဟု ပြောဖူး၏။ ။
ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်သောသူအား အပြစ်တင်ချင်သလိုလို ဖြစ်လာလျှင် ဒေါ်လာ ငါးပြားတန် ငွေစက္ကူကို ကျွန်ုပ်တို့၏ အိတ်ထဲမှ ထုတ်ယူ၍ ငွေစက္ကူပေါ်ရှိ လင်ကွန်း၏ ရုပ်ပုံကို ကြည့်ပြီးလျှင် “လင်ကွန်းသာ ဤပြဿနာမျိုးနဲ့ တွေ့ရရင် သူဘယ်လို လုပ်ပါမလဲ” ဟူ၍ ကျွန်ုပ်တို့ကိုယ်ကို ` ကျွန်ုပ်တို့ မေးကြစို့။
သင်ကိုယ်တိုင် ပြောင်းလဲပြုပြင် သွန်သင်ပေးချင်သော လူတစ်ဦး တစ်ယောက် ရှိပါ၏ လော။ ရှိလျှင် ဤအကြံအစည်သည် အလွန်ကောင်း၏။ ထိုအကြံအစည်ကို ကျွန်ုပ်လည်း များစွာ ထောက်ခံပါ၏။ သို့ရာတွင် သူများကို မပြုပြင်မီ သင့်ကိုယ်ကို သင် စ၍ ပြုပြင်ရလျှင် သာ၍ မကောင်း ပေဘူးလား၊ ဤလို အကြံပေးရခြင်းသည် သဝန်တိုရာရောက်၏။ သို့ရာတွင် သူများကို ပြုပြင်ခြင်းထက် ကိုယ့်ကိုယ်ကို ပြုပြင်ခြင်းသည် ပို၍ အကျိုး များရုံသာမက များစွာလည်း ဘေးကင်းပေသည်။
. “လူတစ်ယောက်သည် ကိုယ့်ကိုယ်ကစ၍ ပြုပြင်လျှင် သူသည် အတော် အသင့် အဖိုးတန်လာပြီ’ ဟူ၍ ဘရောင်းနင်း က ပြောဖူး၏။ သင်သည် သင့်ကိုယ်ကို “ရေပြည့်အိုး” ဘဝသို့ရောက်အောင် ယခုကစ၍ ပြုပြင်လျှင် ခရစ်စမတ်ပွဲတော်လောက်ဆိုရင် နေရာကျကောင်းကျပေမည်။ ခရစ်စမတ်နှင့် နှစ်သစ်ကူးနေ့အတွင်း ရရှိသော အားလပ်ချိန်တွင် သင်သည် အနည်းငယ် အနားယူနိုင်၏။ နှစ်သစ်ကူးနေ့မှစ၍ ရရှိသော အချိန်များကို သူတစ်ဘက်သား အား ပြုပြင်ပြောင်းလဲရေးအတွက် အသုံးပြုနိုင်၏။
သို့ရာတွင် သင့်ကိုယ်ကို သင် ရေပြည့်အိုး ဖြစ်အောင် ပထမ . ပြုပြင်ပါ။
“သင်၏ ဘိနပ်ချွတ်တွင် မသန့်ရှင်းဘဲနှင့် သင်၏ အိမ်နီးချင်း၏ ခေါင်မိုးပေါ်တွင်ရှိသော ဆီးနှင်းများကို အပြစ်မတင်ပါနှင့်” ဟူ၍ ကွန်ဖြူးရှပ် က ပြောဖူး၏။
ကျွန်ုပ် ငယ်ရွယ်စဉ် အခြားလူများက ကျွန်ုပ်အား အထင်ကြီးအောင် အပြင်းအထန် ကြိုးစားနေရသောအခါတွင် ကျွန်ုပ်သည် အမေရိကန်ပြည် စာပေလောကတွင် အတော် နာမည်ကြီးခဲ့ဖူးသော ရစ်ချတ် ဟာဒင် ဒေဗီ စာရေးဆရာကြီး တစ်ဦးထံသို့ မိုက်မဲသော စာတစ်စောင် ရေးခဲ့ဖူး၏။ ထိုအခါက ကျွန်ုပ်သည် စာရေးဆရာများ၏ အကြောင်းကို မဂ္ဂဇင်းဆောင်းပါး တစ်စောင်ရေးရန် ပြင်ဆင်လျက်ရှိသောကြောင့် ဒေဗီထံသို့ သူ၏ အလုပ်လုပ်ပုံ စနစ်ကို စာရေး၍ မေးလေသည်။ ထိုစာကို မရေးမီ ရက်အနည်းငယ်ခန့်က “ဤစာကို ပါးစပ်နှင့် ကြောင်းပေးလိုက်သည်။ ပြန်၍ မဖတ်။” ဟူသော စာကို အောက်ဆွယ်က ရေးထားသော စာတစ်စောင်ကို ရရှိရာ ထိုစာရေးသူကို အတော် အထင်ကြီးမိ၏။ ဤစာရေးသူသည် အတော်အလုပ်များ၍ အတော် ကြီးကျယ်ခမ်းနား အရေးပါ အရာရောက်သော ပုဂ္ဂိုလ်ကြီးပင် ဖြစ်လိမ့်မည်ဟု ထင်မိ၏။ ကျွန်ုပ်မှာကား အနည်းငယ်မျှ အလုပ်မရှိ။ သို့ရာတွင် ရစ်ချတ် ဟာဒင် ဒေဗီက ကျွန်ုပ်အား အထင်ကြီးစေ့လိုသော ဆန္ဒ ရှိ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ စာအဆုံးတွင် “ဤစာကို ပါးစပ်နှင့် ကြောင်းပေးလိုက် သည်။ ပြန်၍ မဖတ်” ဟု ထည့်၍ ရေးပေးလိုက်၏။
ရစ်ချတ် ဟာဒင် ဒေဗီကား ဂရုတစိုက်လုပ်၍ပင် စာပြန်ခြင်းမပြုပေ။ ကျွန်ုပ် ရေးပေးလိုက်သော စာအောက်နားက “မင်း၏ ရိုင်းပျသည့် အမူအရာ ထက်သာသော အရာသည် မင်း၏ ရိုင်းပျသော အမူအရာပင် ဖြစ်သည်”ဟူ၍ ရေးသားကာ ကျွန်ုပ်စာကို ကျွန်ုပ်ထံသို့ ပြန်ပို့လိုက်၏။ ကျွန်ုပ်မှားသည်ကား မှန်၏။ ကျွန်ုပ်သည် သူ၏ ကြိမ်းမောင်းခြင်းကို ခံကောင်း ခံထိုက်ပေမည်။
သို့ရာတွင် ပုထုဇဉ်မျှသာဖြစ်သောကြောင့် ကျွန်ုပ်သည် ထိုကဲ့သို့ ဆုံးမလိုက် ခြင်းကို ရွံရှာမုန်းတီး၏။ ကျွန်ုပ်သည် ထိုကဲ့သို့ ဆုံးမလိုက်ခြင်းကို မည်မျှ ရွံရှာမုန်းတီးခဲ့သနည်းဟူမူ ဆယ်နှစ်လောက်ကြာ၍ ရစ်ချတ် ဟာဒင် ဒေဗီ သေဆုံးသည့် သတင်းကို ဖတ်ရသောအခါ ကျွန်ုပ်၏ ရင်တွင်း၌ ပေါ်လာသည့် တစ်ခုတည်းသော စိတ်သည် သူ့အပေါ်တွင် နာကြည်းသောစိတ်ပင် ဖြစ်သည်ကို ခပ်ရှက်ရှက်နှင့်ပင် ဝန်ခံရတော့မည်။
သင်နှင့် ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ ကြာ၍ သေဆုံးမှ ပြေနိုင် မည့် မုန်းစိတ်ကို မနက်ဖြန် ဆွပေးလိုပါလျှင် မှန်သည်မှားသည်ကို အပထား၊ အနည်းငယ် နာကြည်းဖွယ် ကောင်းသည့် အပြစ်တင်ခြင်း တစ်ခုခုကို ပြော ကြစို့။ ၊ လူများနှင့် ဆက်ဆံသောအခါ အကြောင်းအကျိုးကို နှိုင်းချိန်ဆင်ခြင် တတ်သော သတ္တဝါများနှင့် ဆက်ဆံနေရသည်ဟူ၍ မမှတ်လေနှင့်။ ကျွန်ုပ်တို့ ဆက်ဆံနေသည့်သူများမှာ စိတ်ဆောင်ရာသို့ လိုက်ပါတတ်သော သတ္တဝါ များ၊ တယူသန်လျက်ရှိသော သတ္တဝါများ၊ စိတ်ကြီးဝင်၍ ပလွှားနေသော သတ္တဝါများသာ ဖြစ်သည်။
ပြစ်တင် မောင်းမဲခြင်းတည်းဟူသော ဘေးဥပဒ်များစေသည့် မီးပွား နှင့် မာနတည်းဟူသော ယမ်းအိုးတို့ တွေ့ကြလျှင် အကြီးအကျယ်ပေါက်ကွဲ တတ်လေသည်။ တစ်ခါတစ်ရံ ထိုကဲ့သို့ ပေါက်ကွဲခြင်းသည် အသက်ကိုပင် တိုစေ၏။ သက်သေအဖြစ်ပြရလျှင် ဂျင်နရယ် လီယိုနတ် ဗု” ကို ပြစ်တင်ရှုတ်ချ ပြီးနောက် စစ်တပ်နှင့်အတူ ပြင်သစ်ပြည်သို့သွားရန် သူ့အား ခွင့်မပြုချေ။ သူ၏ အသက်တိုခြင်းသည် သူ၏ မာနကို ဤကဲ့သို့ ချိုးနှိမ်လိုက်ခြင်းကြောင့် ပင် ဖြစ်တန်ရာသည်။
အင်္ဂလိပ်စာပေကို တိုးတက် မြှင့်တင်သည့် ထင်ရှားသော ဝတ္ထုရေး ဆရာတစ်ဦးဖြစ်သူ စိတ်နုသည့် သောမတ် ဟာဒီ သည် ပြင်းထန်စွာ ပုတ်ခတ် ရေးသားခြင်းကို တစ်ခါတည်း စွန့်ပစ်ရပ်စဲခဲ့၏။ ထိုကဲ့သို့ ပုတ်ခတ်ရေးသား ချက်ပင်လျှင် အင်္ဂလိပ်လင်္ကာဆရာ သောမတ် ချက်တာတန်အား သူ့ကိုယ်ကို သတ်၍ သေစေလေသည်။
ငယ်ရွယ်စဉ်က စိုက်လိုက်မတ်တတ် ပြုလုပ်ပြောဆိုတတ်သော ဘင်ဂျမင် ဖရန်ကလင်” သည် လူများနှင့် ဆက်သွယ်ရာ၌ အလွန်ပါးနပ် ကျွမ်းကျင်လာ သောကြောင့် အမေရိကန် သံအမတ်အဖြစ်ဖြင့် ပြင်သစ်ပြည်ကို စေလွှတ်ခြင်း ခံရဖူးလေသည်။ သူ၏ အောင်မြင်ခြင်းအကြောင်းရင်းကား အဘယ်နည်း။ “ကျွန်ုပ်သည် မည်သူ၏ မကောင်းသတင်းကိုမျှ မပြော၊ သို့ရာတွင် လူတိုင်း၏ ကောင်းသတင်း ဟူသရွေ့ကို ကျွန်ုပ် သိသမျှ အကုန်အစင်ပြော၏” ဟူ၍ ပြောဖူး၏။
မည်သည့် လူမိုက်မဆို ထိပါး ပြောဆိုခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ ပြစ်တင်ရှုတ်ချခြင်း အမှုတို့ကို ပြုလုပ်နိုင်၏။ လူမိုက်အများသည် ဤအမှုမျိုးကို ပြုမူကုန်၏။
သို့ရာတွင် တစ်ဖက်သား၏ အလိုကို သိနားလည်နိုင်ရန်နှင့် တစ်ဖက် သား၏ အပြစ်ကို ခွင့်လွှတ်နိုင်ရန်အတွက် ကိုယ်ကျင့်တရားနှင့် စောင့်စည်းမှု တို့ကို လိုလေသည်။
မြင့်မြတ်သော လူတစ်ဦးသည် မိမိအောက် ယုတ်နိမ့်သောသူတို့အား ပြုမူပုံဖြင့် မိမိ၏ မြင့်မြတ်ပုံကို ထင်ရှားစေလေသည်ဟူ၍ ကာလိုင်း) က ပြောဖူးလေသည်။
လူများကို ကဲ့ရဲ့သင်္ဂြိုဟ်နေမည့်အစား ထိုသူတို့၏ သဘောကို သိရ အောင် ကြိုးစားကြစို့။ သူတို့ လုပ်မိသော အလုပ်ကို သူတို့ ဘာကြောင့် ” လုပ်ကြသနည်းဟူ၍ အကြောင်းရင်းကို ကြိုးစားပြီး ရှာဖွေကြစို့။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် အပြစ်တင်ခြင်းထက် ပို၍ အကျိုးရှိသေး၏။ ပို၍ စိတ်ဝင်စား ဖွယ် ဖြစ်၏။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ကြင်နာခြင်း, ညှာတာခြင်း သနား ခြင်းတည်းဟူသော စိတ်မျိုးကို ဖြစ်ပေါ်စေသည်။ အကြောင်းအားလုံးကို သိလျှင် အပြစ်အားလုံးကို ခွင့်လွှတ်နိုင်၏။
‘ထာဝရဘုရားသခင်ကိုယ်တိုင်ပင်လျှင် နောက်ဆုံးနေ့သို့ မရောက်သေးမီ လူတစ်ယောက်ကို ကောင်း မကောင်း ဆုံးဖြတ်ရန် မကြံရွယ်ပါခင်ဗျား”ဟူ၍ ဒေါက်တာဂျွန်ဆင် က ပြောဖူး၏။
အဘယ်ကြောင့် သင်နှင့် ကျွန်ုပ်တို့ကား အပြစ်တင်စောချင်ရသနည်း။