မိတ္တဗလဋီကာ

အခန်း ၂ . . တွေ့လျှင် တွေ့ချင်း မေတ္တာရှိစေသောနည်း

နယူးယောက်မြို့တွင် တည်ခင်းကျွေးမွေးသော ညစာစားပွဲတစ်ခုသို့ များမကြာမီ က ကျွန်ုပ် တက်ရောက်ခဲ့၏။ ထို ညစာစားပွဲသို့ တက်ရောက်သော အမွေ ပစ္စည်း အတော်ရထားသူ မိန်းမတစ်ဦးသည် တွေ့သမျှသော လူတိုင်းက သူ့အား မေတ္တာရှိစေလိုသော ဆန္ဒရှိ၏။ ထိုမိန်းမသည် အဖိုးတန် စိန် ပတ္တမြား ပုလဲ စသည်တို့ဖြင့် တစ်ကိုယ်လုံးကို ဆင်ယင်၍ ထားသော်လည်း သူ့မျက်နှာကို အနည်းငယ်မျှ ပြုပြင်ပေးရမှန်း မသိချေ။ သူ့မျက်နှာသည် အောက်သိုးသိုး နိုင်လှ၏။ တစ်ကိုယ်ကောင်းကြံစည်ချင်စိတ် ပေါ်လွင်နေ၏။ မိန်းမတစ်ယောက် တွင် အဝတ်အစားထက် မျက်နှာထားက ပို၍အရေးကြီးကြောင်းကို ယောက်ျား တိုင်းလိုလို သိသော်လည်း ထိုမိန်းမကား မသိချက် ဆိုးရွားလှ၏။ (စကားမစပ် သင့် မိန်းမသည် ဝတ်ကောင်းစားလှကို ပူဆာလျှင် ပြန်ပြောနိုင်အောင် ဤစာကြောင်းကို မှတ်ထားပါ။)

သူ့အပြုံးသည် ဒေါ်လာတစ်သန်းတန်သည်ဟု ချားရွှပ်သည် ကျွန်ုပ် အား ပြောဖူး၏။ သူသည် အမှန်ကို အနည်းငယ်လျှော့ပြောကောင်း ပြောပေ မည်။ အကြောင်းမူကား သူ၏လူရည်သန့်မှု၊ မြတ်နိုးဖွယ်အမူအရာ၊ လူကြိုက် များအောင် လုပ်နိုင်သော စွမ်းရည်တို့သည် သူ၏ ထူးကဲသော အောင်မြင်ခြင်း၏ – အကြောင်းရင်းများပင်တည်း။ သူ၏ လူရည်သန့်မှုတွင် ကြည်နူးစရာ အချက် တစ်ခုသည်ကား လူများကို စွဲအောင်လုပ်နိုင်သော သူ့အပြုံးပင် ဖြစ်လေသည်။

`တစ်ခါက ကျွန်ုပ်သည် မောရစ် ရှဗ်လီးယား” နှင့် သွားရောက်တွေ့ဆုံ ၏။ အမှန်အတိုင်းပြောရလျှင် သူ့ကို တွေ့လျှင် တွေ့ချင်း အတော် စိတ်ပျက် သွား၏။ သူ့ကို ကြည့်ရသည်မှာ မျက်နှာ မကြည်မသာနှင့်ရှိပြီးလျှင် စကား ကိုလည်း ဟက်ဟက်ပက်ပက် မပြောသောကြောင့် ကျွန်ုပ် မျှော်လင့်ချက်နှင့် များစွာ ကင်းဝေးလျက်ရှိ၏။ သို့ရာတွင် ပြုံးလိုက်သောအခါ တိမ်တိုက်များ အကြားမှ လထွက်လာဘိသကဲ့သို့ သူ၏ မျက်နှာသည် အတော်ကြည်လင်၍ လာ၏။ အကယ်၍သာ မောရစ် ရှဗ်လီးယားသည် ဤကဲ့သို့ မပြီးတတ်ခဲ့သော် ယခုလောက်ရှိလျှင် ပဲရစ်မြို့တော်တွင် သူ၏ မိဘရိုးရာအလုပ်ဖြစ်သော လက်သမား အလုပ်ကို လုပ်နေရသည်မှာ ကြာလှပေပြီ။

အပြောထက် အလုပ်သည် ပို၍ ထင်ရှား၏။ ပြုံးလိုက်ရုံနှင့် “ခင်ဗျား ကို မေတ္တာရှိပါသည်၊ ခင်ဗျားဟာ ကျွန်တော့်ကို စိတ်ချမ်းသာစေပါသည်။ ခင်ဗျားနှင့် တွေ့ရတာ အလွန်ဝမ်းသာပါသည်”ဆိုသော စကားများကို တစ်ဖက်သားသို့ ပြောပြီး ဖြစ်လေသည်။

`ခွေးများသည် သူတို့ အရှင်သခင်များကို မြင်ကြသောအခါ လှိုက်လှိုက် လှဲလှဲ ဝမ်းသာကြသောကြောင့် အရှင်သခင်များကလည်း သူတို့၏ ခွေးများကို မြင်ကြသောအခါ အလွန်ဝမ်းသာကြလေသည်။ ။

မပြုံးချင် ပြုံးချင်နှင့် ပြုံးရမည်လား။ မဟုတ်ပါ။ ထိုကဲ့သို့ပြုံးလျှင် ဝမ်းထဲက မပါကြောင်းကို မြင်ရသူတိုင်း သိမည်ဖြစ်၏။ မချိပြုံးပြုံးရသော အပြုံးမျိုးကို ကျွန်ုပ်တို့ မနှစ်သက်။ ကျွန်ုပ် တိုက်တွန်းနေသော အပြုံးသည် ဝမ်းထဲမှ လှိုက်လှိုက်လှဲလှဲထွက်လာသော တကယ့်အပြုံးပင် ဖြစ်သည်။ မြင်သူတိုင်း မနှစ်သက်သည့် အူထဲက မပါသော အပေါ်ယံ ပြုံးခြင်းမျိုး မဟုတ်ပေ။ မည်သည့်ကိစ္စနှင့်ပင် ဆက်သွယ်စေကာမူ အပြုံးခံရသူတိုင်းက ပြုံးသူ၏ အလိုသို့ မလိုက်လျောဘဲ မနေနိုင်သော အဖိုးတန် အပြုံးမျိုးကိုသာ ကျွန်ုပ် တိုက်တွန်းခြင်း ဖြစ်သည်။

“ချစ်စဖွယ်ကောင်းအောင် ပြုံးတတ်သော မိန်းကလေးတစ်ဦးကိုရလျှင် ၁ဝ တန်း မအောင်ချင် နေပါစေ၊ မျက်နှာသေကြီးနဲ့နေတဲ့ ပါရဂူဘွဲ့ ရသူထက် ဒီမိန်းကလေးဟာ ပိုပြီး ဈေးရောင်းတဲ့နေရာမှာ အဖိုးတန်မှာပဲ”ဟူ၍ နယူးယောက် ရှိ ကုန်စုံတိုက်ကြီး တစ်ဆိုင်၏ မန်နေဂျာကြီးက ကျွန်ုပ်အား ပြောပြဖူး၏။

“လူများနှင့် ဆက်သွယ်ရာတွင် ရယ်ရယ်ပြုံးပြုံးမလုပ်ဘဲ ခပ်တည်တည် ဆက်သွယ်တတ်သော လူများသည် အလုပ်လုပ်ရာ၌ အောင်မြင်ရန် ခဲယဉ်း ကြောင်း ဂရုထား၍ ကြည့်ရှုမိသည်”ဟု အမေရိကန်ပြည်ထောင်စုတွင် အကြီး ဆုံးသော ကော်ပတ်ကုမ္ပဏီကြီးတစ်ခု၏ ညွှန်ကြားသူ အဖွဲ့ အစည်း ဥက္ကဋ္ဌက ကျွန်ုပ်အား ပြောပြဖူးလေသည်။ “ဝီရိယတစ်ခုတည်းသာလျှင် ကျွန်ုပ်တို့ကို အောင်မြင်ခြင်း၏ သော့ချက် ဖြစ်သည်” ဟူသော စကားပုံဟောင်းကို ထိုဥက္ကဋ္ဌကြီးသည် များစွာ မယုံကြည်ချေ။ “အလုပ်လုပ်ရာ၌ ရယ်လိုက် ပြီး လိုက်နှင့် ရွှင်ရွှင်ပျပျ ဆက်သွယ်ပေါင်းသင်းကြသောကြောင့် အလုပ်ကြီးပွား လာတဲ့ လူတွေကို ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်၊ သူတို့ဟာ ကြီးပွားလဲလာရော ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ရှုတည်တည်တွေ ဖြစ်လာ ကုန်ပါရော၊ ဒီတော့ သူတို့အလုပ်ဟာ ရှေးကလောက် မစည်ကားတော့ဘူး၊ မစည်ကားတော့ လုပ်ရတဲ့ သူတွေကလဲ အလုပ်ထဲမှာ စိတ်မဝင်စားတော့ဘူး၊ အဲဒါနဲ့ စီးပွားပျက်ရတာပဲ” ဟူ၍ ထိုဥက္ကဋ္ဌကြီးကပင် ပြောပြဖူးလေသည်။

အခြားသောသူများက သင့်ကို ရွှင်ရွှင်ပျပျ လက်ခံ စကားပြောရန် အလိုရှိခဲ့သော် အခြားသူများကိုလည်း သင်သည် ရွှင်ရွှင်ပျပျ ဆက်ဆံရပေမည်။

တနင်္ဂနွေ တစ်ပတ်အတွင်း အခွင့်ရတိုင်း တစ်စုံတစ်ယောက်သော သူအား ပြုံးကာရယ်ကာ ဆက်သွယ်ပြီးလျှင် ထိုသို့ ပြုံးခြင်းအတွက် မည်သည့် အကျိုးထူးများ ရရှိသည်ကို ကျွန်ုပ်၏ အတန်းထဲတွင် ပြန်လည်ပြောကြားရန် ထောင်ပေါင်းများစွာသော ကုန်သည်ကြီးငယ်တို့အား ကျွန်ုပ် မှာကြားဖူး၏။

ကျွန်ုပ် မှာကြားချက်အတိုင်း လိုက်နာဆောင်ရွက်သူတွင် မည်မျှ အကျိုးထူးသည်ကို ကျွန်ုပ်တို့ ကြည့်ကြစို့၊ နယူးယောက်မြို့ ကပ်အိတ်ချိန်း၏ အလုပ်သမားတစ်ဦးဖြစ်သူ ဝီလျံ ဘီ စတိန်းဟတ် ထံမှ ပေးပို့လိုက်သော စာကို အောက်တွင် ဖော်ပြပါအံ့၊ ထိုစာထဲတွင်ပါသော အချက်များသည် ထိုသူ တစ်ဦးတည်း၏ အတွေ့အကြုံသာ ဖြစ်သည်မဟုတ်။ ရာပေါင်းများစွာ သော အခြားသူများကိုလည်း ထိုအတွေ့အကြုံမျိုးကို တွေ့ရလေသည်။

ကျွန်တော် အိမ်ထောင်ကျခဲ့သည်မှာ ၁၈ နှစ် ကျော်ပါပြီ။ ထို ၁၈နှစ် အတွင်း ကျွန်တော်၏ မိန်းမအပေါ်တွင် အလွန် ပြီးခဲပါသည်။ အိပ်ရာမှ ထသည့် အချိန်ကစပြီး အလုပ်ဆင်းရန် အိမ်မှ ထွက်လာ သည်အထိ စကား အခွန်း ၂၀ ပြည့်အောင် မပြောဖူးပါ။ ဘရော့ဒဝေး တစ်ဝိုက်မှာ ကျွန်တော် သည် မျက်နှာပေါက်အဆိုးဆုံး လူတစ်ယောက် ဖြစ်ပါသည်။

ပြီးသည့်အလေ့အထကို စတင်လုပ်ရာ၌ တွေ့ခဲ့ရသော ကျွန်တော်၏ အဖြစ်အပျက်များကို ပြန်ပြောရမည်ဟူ၍ ဆရာ၏ မှာကြားချက်အရ တနင်္ဂနွေ တစ်ပတ်မျှ ပြုံးသော အလေ့အထကို စမ်းကြည့်ရန် ကျွန်တော် စိတ်ကူးမိခဲ့ပါသည်။ ထိုသို့ စိတ်ကူးပြီး နောက်တစ်နေ့တွင် ကျွန်တော်သည် ဆံပင်ပြီးနေစဉ် ကျွန်တော်၏ မျက်နှာကို မှန်ထဲတွင်ကြည့်၍ “ဟေ့ကောင်၊ ဒီနေ့တော့ မင်းရဲ့ မျက်နှာ ရှစ်ခေါက်ချိုးကြီးကို စွန့်ပစ်ရလိမ့်မယ်၊ မင်း ပြုံးကွာ၊ ကဲ ပြောနေကြာတယ်၊ ခုကစပြီး ပြုံးတော့ဟေ့”ဟု ကျွန်တော့်ကိုယ်ကို ကျွန်တော် အားပေးလျက် ရှိပါသည်။ ထိုနေ့တွင် နံနက်စာ စားကြ သောအခါ “ခင်ရေ မင်္ဂလာမနက်ဟေ့” ဟု မျက်နှာချိုသွေးရင်း ကျွန်တော် ကပင် စ၍ စကားပြောပါသည်။ ။

ထိုကဲ့သို့ ပြုံးသည်ကို တွေ့ရသောအခါ ကျွန်တော်၏ မိန်းမသည် အံ့အားသင့်သွားလိမ့်မည် ဟူ၍သာ ဆရာက သတိပေးလိုက်သော်လည်း ကျွန်တော်၏ ခါတိုင်းနှင့်မတူ အမူကွဲပြားခြင်းကို မြင်ရသောအခါ ကျွန်တော်၏ မိန်းမသည် အံ့အားသင့်ရုံမက အတော်ပင် ထိတ်လန့် တကြား ဖြစ်၍ပင်သွားပါသည်။ ထို့ကြောင့် ရှေ့အဖို့တွင် ထိုနည်းအတိုင်း အချိုးပြင်ပါတော့မည်ဟု ကျွန်တော်၏ မိန်းမကို ကတိပေးပြီး ပြင်လာ ခဲ့ရာ ယခုအခါ နှစ်လမျှ ရှိသွားပါပြီ။

ထို နှစ်လအတွင်းတွင် ရှေးအခါများနှင့် မတူဘဲ ကျွန်တော်တို့ မိသားတစ်စုမှာ ပို၍ စိတ်ချမ်းသာလာကြပါသည်။

ယခုအခါတွင် အလုပ်ဆင်းရန် ကျွန်တော်၏ အခန်းမှ ထွက် လာသော အခါ ဓာတ်လှေကားမောင်းသမားကို ပြုံး၍ နှုတ်ဆက်ပါသည်။ တံခါးစောင့်ကို ပြုံး၍ နှုတ်ဆက်ပါသည်။ ငွေအကြွေသွား၍ လဲသောအခါ ငွေထိန်းကို ပြုံး၍ နှုတ်ဆက်ပါသည်။ အလုပ်တိုက်သို့ ရောက်သော အခါ ရှေးအခါက ကျွန်တော် ပြုံးသည်ကို တစ်ခါဖူးမျှ မတွေ့ဘူးသော သူများကိုလည်း ကျွန်တော် ပြုံးပြပါသည်။ ။

လူတိုင်းကလည်း ကျွန်တော် ပြုံးသလို ပြန်၍ ပြုံးသည်ကို တွေ့ ရပါသည်။ ကျွန်တော့်ထံသို့ အကြောင်းတစ်ခုခုနှင့် တိုင်တန်းရန် လာကြသော သူများကိုလည်း ကြည်သာရွှင်ပျစွာ လက်ခံ စကားပြော ပါသည်။ သူတို့၏ တိုင်တန်းချက်များကို ပြောကြားနေစဉ် ကျွန်တော်၏ “မျက်နှာကို ခပ်ချိုချိုထား၍ နားထောင်သောကြောင့် တစ်ဦးနှင့်တစ်ဦး စေ့စပ်ရာ၌ များစွာ လွယ်ကူကြောင်းကို တွေ့ ရပါသည်။ ပြီးသည့် အလေ့အထကိုလုပ်မှ နေ့စဉ် ဝင်ငွေပို၍ လာသည်ကို ကျွန်တော် တွေ့ရပါသည်။

. ကျွန်တော်သည် အခြားပွဲစား တစ်ဦးနှင့် စပ်၍ အလုပ်ခန်းဖွင့်ထား ပါသည်။ ထိုပွဲစား၏ စာရေးတစ်ဦးသည် အတော် သဘောကောင်းသော သူငယ်တစ်ယောက် ဖြစ်ပါသည်။ လူများနှင့် ဆက်ဆံရာ၌ အသုံးဝင်သော ကျွန်တော်၏ လက်တွေ့ နည်းကောင်းကို ကျွန်တော်သည် ထိုစာရေးအား ပြောပြပါသည်။ ကျွန်တော့်ကို မြင်စက ထိုစာရေးသည် ကျွန်တော့်အား အလွန် မျက်နှာပေါက်ဆိုးသော လူတစ်ယောက်ဟု အထင်ရောက်ခဲ့သော်လည်း ကျွန်တော် ပြုံးသည်ကို မြင်ရသောအခါမှ ထိုသူငယ်သည် သူ၏ စိတ်ထားကို ပြောင်းပစ်ပါသည်။ ကျွန်တော်၏ မျက်နှာသည် ပြီးသောအခါတွင် အလွန် ကြည်လင်လာသည်ဟု ထိုစာရေးက ဝန်ခံပါသည်။

တစ်ဖက်သားကို အပြစ်တင် တတ်သော ဝါသနာကိုလည်း ကျွန်တော်သည် တစ်ခါတည်း အမြစ်ကလှန်လိုက်ပါပြီ။ အပြစ်တင်ရမည့် နေရာတွင် ချီးမွမ်းခြင်းနှင့် အားပေးခြင်းစနစ်ကို အသုံးပြုပါသည်။ ကျွန်တော် ဘာအလိုရှိ သည်ကိုသာ ထုတ်ဖော်ပြောဆိုသော အကျင့် ကိုလည်း ဖျောက်ပစ်ပြီးလျှင် တစ်ဘက်သား၏ ယူဆချက်ကို ကြိုးစားပြီး ရှာဖွေထောက်လှမ်းလျက် ရှိပါသည်။ အထက်ပါ အလေ့အကျင့်များ သည် ကျွန်တော့်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပစ်လိုက်ပါသည်။ ယခု အခါ ကျွန်တော်သည် ရှေးကနှင့် မတူတော့ပါ။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း၊ မိတ်ဆွေပေါများခြင်းတို့နှင့် ပြည့်စုံလျက် ရှိပါသည်။ နောက်ဆုံး အချုပ်ပြောရလျှင် လောကမှာ ဒီဟာတွေသာ အဖိုးအတန်ဆုံးဖြစ်ပါသည် ခင်ဗျား။ ။ .

အထက်ပါစာကို ရေးသောသူသည် သာမညပုဂ္ဂိုလ်မဟုတ်ပါ။ လူရေး လူရာ၌ ကျွမ်းကျင်ပါးနပ်ပြီးလျှင် တစ်ရာကို ကိုးဆယ့်ကိုးယောက်မျှ ပျက်စီး သွားလောက်အောင် ခဲယဉ်းသော ငွေရောင်းငွေဝယ်လုပ်ငန်းကြီးကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို အစဉ် သတိရပါ။

သင်သည် မပြုံးချင်ဘူးလား။ ပြုံးရန် ဝါသနာမပါဟုဆိုလျှင် ဘာလုပ် ရမလဲ။ ကောင်းပါပြီ။ ရှေးဦးစွာ သင့်ကိုယ်ကို ပြုံးရန် အတင်းတိုက်တွန်းပါ။ တစ်ယောက်တည်းရှိသောအခါ သီချင်းဆိုရန်သော်လည်းကောင်း၊ ပါးစပ်ဆိုင်း တီးရန်သော်လည်းကောင်း၊ လေချွန်ရန်သော်လည်းကောင်း သင့်ကိုယ်ကိုသင် တိုက်တွန်းပါ။ စိတ်ထဲက ပျော်နေဘိသကဲ့သို့ သင့်ကိုယ်ကို လှုပ်ရှားပေးပါ။ ထိုအခါ သင်သည် တကယ်ပျော်လာပေလိမ့်မည်။

ဟားဗတ် ယူနီဗာစီတီ၏ ပရော်ဖက်ဆာ ဝီလျံဂျိမ်းသည် အောက်ပါ အတိုင်း ပြောဆိုဖူးလေသည်။

“ဝေဒနာ’ ပေါ်ပြီးမှ ကိုယ်အလိုက် ကိုယ်အမူအရာ ဖြစ်ပေါ်ဟန် လက္ခဏာရှိသော်လည်း စင်စစ်မှာမူကား ဝေဒနာနှင့် ကိုယ်အမူအရာတို့သည် တစ်ချိန်တည်း ဖြစ်ပေါ်ကြလေသည်။ စိတ်၏ တိုက်ရိုက်ချုပ်တည်းမှုကို ပို၍ ခံခုလျက်ရှိသော ကိုယ်အမူအရာကို အကျင့်လုပ်ပေးခြင်းဖြင့် စိတ်၏ ချုပ်တည်း ခြင်းကို မခံရသော ဝေဒနာကို ကျွန်ုပ် အလိုရှိသည့်အတိုင်း သွယ်ဝိုက်၍ ဖန်တီးနိုင်လေသည်။

“ထို့ကြောင့် စိတ်ညစ်နေသောအခါ စိတ် ရွှင်လာအောင် လုပ်ရန် အကောင်းဆုံးနည်းသည် အကယ်စင်စစ် ပျော်ရွှင်ဘိသကဲ့သို့ နေထိုင်ပြောဆို လှုပ်ရှားသွားလာခြင်းပင် ဖြစ်လေသည်။”

ကမ္ဘာပေါ်ရှိ လူတိုင်းပင် ချမ်းသာခြင်းကို တောင့်တကြ၏။ ထိုတောင့်တ သော ချမ်းသာခြင်းကို ရရန် ပွဲတွေ့ နည်းလမ်းတစ်လမ်းသာ ရှိ၏။ ဤနည်း သည် ကျွန်ုပ်တို့၏ စိတ်ကူးများကို အကျင့်လုပ်ပေးရန်ပင် ဖြစ်၏။ ချမ်းသာ ခြင်းသည် ကိုယ်တွင်းရှိ အကြောင်းများပေါ်မှာသာ တည်မြဲလျက်ရှိသည်။ ကိုယ်ပရှိ အကြောင်းများပေါ်မှာ မတည်ရှိချေ။

သင့်၌ ဘာရှိသည်။ သင်သည် ဘယ်သူဖြစ်သည်၊ သင်သည် ဘယ်မှာ ရှိသည်။ သင်သည် ဘာလုပ်နေသည် စသော အရာများသည် သင့်ကို စိတ် ချမ်းသာအောင်သော်လည်းကောင်း၊ စိတ်ညစ်အောင်သော်လည်းကောင်း မပြုလုပ် နိုင်ချေ။ ထိုအရာများအပေါ်တွင် သင်သည် ဘယ်ကဲ့သို့ သဘောထားသည် ဆိုသော စိတ်သာလျှင် သင့်ကို ချမ်းသာအောင်သော်လည်းကောင်း၊ စိတ်ညစ် အောင်သော်လည်းကောင်း ပြုလုပ်နိုင်လေသည်။ သက်သေပြအံ့။ လူနှစ်ယောက် သည် ငွေရေးကြေးရေး ဂုဏ်ဒြပ်မှစ၍ အတူတူ ဖြစ်၏။ အလုပ်ကိုလည်း အတူတူလုပ်၏။ သို့ရာတွင် တစ်ယောက်သည် စိတ်ချမ်းသာ၍ အခြားတစ် ယောက်မှာမူ စိတ်မချမ်းသာချေ။ အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း ဆိုသော် ထိုသူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စိတ်ထားချင်း မတူသောကြောင့် ပင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်၏။ အမေရိကန် လူချမ်းသာများနေသော ပတ် အဲဗင်းနူး” ခေါ် ရပ်ကွက်တွင် ချမ်းသာရွှင်ပျသော မျက်နှာမြောက်မြားစွာကို မြင်ရဘိသကဲ့သို့ တရုတ်ပြည်၏ အလွန်ပူပြင်းသော ဥတုတွင် တစ်နေ့လျှင်

• ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ သနားခြင်း စသည်တို့ကို ဝေဒနာဟု ခေါ်ထားသည်။ ပိုက်ဆံတစ်မတ်ခန့်မျှ ရ၍ ချွေးဒီးဒီးကျအောင် အလုပ်ပင်ပန်းစွာ လုပ်နေရသော တရုတ်ကူလီများ အထဲတွင်လည်း ချမ်းသာရွှင်ပျသော မျက်နှာမြောက်မြား စွာကို ကျွန်ုပ် တွေ့မြင်ခဲ့ရဖူး၏။

“မည်သည့်အရာမဆို စင်စစ် ကောင်းလည်း မကောင်း၊ ဆိုးလည်း မဆိုး၊ အကောင်းနှင့် အဆိုးသည် စိတ်၏ ဖန်တီးမှုမျှသာ ဖြစ်သည်” ဟု ရှိတ်စပီးယားက ပြောဖူး၏။

“များစွာသော လူတို့သည် မိမိတို့ စိတ်နိုင်သလောက် စိတ်ချမ်းသာ ကြသည်”ဟူ၍ အဗရာဟမ် လင်ကွန်းက ပြောဖူးလေသည်။ ထိုစကားသည် မှန်၏။ ထိုစကားမှန်ကြောင်း သက်သေသာဓကတစ်ခုကို များမကြာမီက ကျွန်ုပ်သည် တွေ့ခဲ့ဖူး၏။ နယူးယောက်မြို့ရှိ လောင်းအိုင်လန် ဘူတာရုံအပေါ်ထပ် သို့ ကျွန်ုပ် တက်သွားသောအခါ ခြေ မစွမ်းမသန်သော သူငယ်ကလေး လေးငါးဆယ်တို့သည် ကျွန်ုပ်၏ ရှေ့တည့်တည့်တွင် ချိုင်းထောက်တုတ် များဖြင့် လှေကားပေါ်သို့ အားစိုက်တက်နေကြသည်ကို တွေ့ရဖူး၏။ သူငယ်ကလေး တစ်ယောက်ကိုမူကား ပွေ့၍ တင်ယူရ၏။ ထိုသူငယ်ကလေး များ၏ ဝမ်းသာအားရ ရွှင်မြူးနေကြပုံကို မြင်ရသောအခါ ကျွန်ုပ်သည် အံ့အားသင့်သွား၏။ ထိုအကြောင်းကို သူငယ်ကလေးများအား စောင့်ရှောက် လျက် ပါလာသော လူကြီးတစ်ဦးကို ကျွန်ုပ်သည် မေးကြည့်၏။

“ဟုတ်ကဲ့၊ ကလေးတွေဟာ ဒီလိုပဲ တစ်သက်လုံး ခြေမစွမ်းမသန် ဖြစ်ရတော့မယ်ဆိုတာကို သိသိချင်းတော့ အတော်ပဲ လန့်သွားတာပဲ၊ ဒီအလန့် ဟာလဲ ပျောက်သွားရော ကံစီမံတဲ့အတိုင်း ဖြစ်လာရတာပဲဆိုပြီး အခြား သန်သန်စွမ်းစွမ်း ကလေးတွေထက်ပင် ရွှင်ရွှင်ပျပျ ဖြစ်လာသေးတယ်”ဟု ထိုလူကြီးက ကျွန်ုပ်အား ပြန်ပြောဖူး၏။

ကျွန်ုပ်သည် ထိုကလေးများကို ဆရာတင်ချင်သလိုလိုပင် ဖြစ်မိသေး . ၏။ သူတို့သင်လိုက်သော သင်ခန်းစာကို ကျွန်ုပ်သည် မည်သည့်အခါမျှ မေ့နိုင်မည်မထင်။

– “ဒေါကလပ် ဖယ်ယားဗင့်” နှင့် ကွာရှင်းရန် စီစဉ်နေစဉ်က မေရီပစ်ဖို့ . နှင့် ကျွန်ုပ်သည် တစ်ညနေခင်းအချိန်တွင် သွားရောက် စကားပြောဖူး၏။

ထိုအချိန်အခါက မေရီပစ်ဖို့ကို စိတ်မချမ်းသာ ဖြစ်နေသည်ဟု တစ်ကမ္ဘာလုံးက တွေးထင်နေကြ၏။ သို့ရာတွင် ကျွန်ုပ်တွေ့ခဲ့ဖူးသော စိတ်မချောက်ချားသည့် လူများထဲတွင် မေရီပစ်ဖို့လည်း ပါဝင်ကြောင်း ကျွန်ုပ်ကိုယ်တိုင် သိခဲ့ရ၏။ သူ၏ မျက်နှာသည် ကြည်လင်လျက်ရှိ၏။ ထိုကဲ့သို့ ဖြစ်ရခြင်း၏ နည်းကောင်း သည် အဘယ်အရာနည်း။ ထိုနည်းကောင်းကို သူရေးသည့် စာမျက်နှာ ၃၅ မျက်နှာရှိသော “ဘုရားကိုဖက်ပါလား” စာအုပ်ထဲတွင် ရေးသားထားလေသည်။

အမေရိကန်ပြည်၏ နာမည်ကျော် အသက်နှင့် မီးအာမခံကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဖရန့်ကလင် ဘက်ဂျာ ဆိုသူက ပြုံးရွှင်သည့် မျက်နှာရှိသော လူတစ်ယောက်သည် နေရာတကာတွင် ခရီးဦးကြို ပြုလုပ်ခြင်းခံရသည်ကို နှစ်ပေါင်းများစွာကပင် ဂရုပြု၍ ကြည့်မိသည်ဟု ကျွန်ုပ်အား ပြောပြဖူး၏။ ထို့ကြောင့် အာမခံထားချင်အောင်ဆွယ်ရန် လူတစ်ဦးဦး၏ အလုပ်ခန်းအတွင်း သို့ မဝင်မီ ခေတ္တမျှ နား၍ ဝမ်းသာစရာ ကိစ္စများကို ပြန်လည် စဉ်းစားပြီး နောက် သူ၏ မျက်နှာသည် ရွှင်ပျလာသောအခါမှ ရုံးခန်းတွင်းသို့ဝင်၍ ပြောစရာရှိသည်ကို ပြော၏။ ”

အာမခံအလုပ်ကို ဤမျှ ကြီးကျယ်တိုးပွားအောင် ပြုလုပ်ရာတွင် အထက်ပါနည်းသည် များစွာ အကူအညီရသည်ဟု ဖရန့်ကလင် ဘက်ျား သည် များစွာ ယုံကြည်၏။ . အဲဘတ် ဟပ်ဘက်” ၏ အလွန် အဖိုးတန်သော အကြံပေးချက်ကို အောက်တွင် ဖတ်ပါ။ သို့ရာတွင် ဖတ်ရုံနှင့် မပြီး၊ ထိုအကြံပေးချက်များကို လည်း လိုက်နာဆောင်ရွက်နိုင်ပါမှ အကျိုးပြီးမည့် အကြောင်းကိုလည်း ကောင်းစွာ သတိပြုပါ။

သင်သည် အိမ်အပြင်သို့ထွက်တိုင်း သင်၏ မေးကို တင်း၍ ခေါင်းကို ခတ်မတ်မတ်ထားပါ။ အသက်ပြင်းပြင်း ရှိုက်ပေး၍ နေရောင်ကို ခံပါ။ သင်၏မိတ်ဆွေများကို ပြုံး၍ နှုတ်ဆက်ပြီးလျှင် လက်ဆွဲနှုတ်ဆက် ပါ။ တစ်ဖက်သား အထင်မှားမှာကို မကြောက်ပါနှင့်။ သင်၏ ရန်သူ များအကြောင်းကို အချိန်ကုန်ခံ၍ မစဉ်းစားပါနှင့်။ သင်လုပ်လိုသော အလုပ်ကို သင်၏ စိတ်ထဲတွင် စွဲနေပါစေ။ ထိုနောက် လမ်းကွေ့မနေဘဲ သင် အလိုရှိသော ကိစ္စကို ဆုံးခန်းတိုင်ရောက်အောင် ဖြောင့်ဖြောင့် တန်းတန်းသွားပါ။ သင်လုပ်ချင်သော ကြီးကျယ်ခမ်းနားသည့် အလုပ်များ ပေါ်တွင် အစဉ် သတိရရှိပါစေ။ ထို့နောက် ရက်အတော်ကြာလာသော အခါ သန္တာပိုးသည် တသွင်သွင်စီးလျက်ရှိသော ရေအလျဉ်မှ မိမိ `အလိုရှိသော အစာကိုရအောင် ယူဘိသကဲ့သို့ သင် လုပ်လိုသော အလုပ်၏ အောင်မြင်ခြင်းအတွက် လိုအပ်သော အခွင့်လမ်းကောင်း များကို သင်ကိုယ်တိုင် မသိမသာ ဆုပ်ကိုင်မိလျက်ရှိကြောင်းကို သင် သည် တွေ့ရပေလိမ့်မည်။ သင်ဖြစ်လိုသော လူစွမ်းကောင်းတစ်ယောက် ဘဝကို သင့် စိတ်တွင်းတွင် သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။ ထိုစဉ်းစားချက်သည် နာရီနှင့်အမျှ သင်ဖြစ်လိုသော ဘဝသို့ သင့်ကို ပြောင်းလဲပေးနေပေလိမ့်မည်။ အကြံအစည်သည် တန်ခိုးအကြီးဆုံး -ဖြစ်၏။ ရဲရင့်ခြင်း၊ ဖြောင့်မှန်ခြင်း၊ ရွှင်လန်းခြင်းတည်းဟူသော စိတ် ထားမှန်တို့ကို ရအောင်ရှာ၍ ထိုစိတ်ထားတို့ကို မပျောက်ပျက်ရအောင် ထိန်းသိမ်းပါ။ အမှန်ကို စိတ်ကူးနိုင်ခြင်းဖြင့် ကိစ္စတစ်ခုကို ပြီးမြောက် အောင် လုပ်နိုင်လိမ့်မည်။ အားလုံးသော အရာတို့သည် ဆန္ဒမှ ပေါက်ဖွားလာကြ၍ အဟုတ်တကယ် အလိုရှိလာလျှင် ဧကန်အမှန် ရသည်ချည်းသာ ဖြစ်၏။ ကျွန်ုပ်တို့၏ စိတ်က စွဲလမ်းသည့်အတိုင်း ကျွန်ုပ်တို့ ဖြစ်လာရလေသည်။ သင်၏ မေးကို တင်း၍ သင်၏ ခေါင်းကို ခတ်မတ်မတ် ထားပါ။ ကျွန်ုပ်တို့သည် မီးခဲပြာဖုံးများ ဖြစ်ကြ၏။

ရှေးတရုတ်လူကြီးများသည် လူရေးလူရာတွင် အလွန် ပါးနပ်သူများ ဖြစ်ကြ၏။ သူတို့သည် စကားပုံတစ်ခုကို ထားခဲ့၏။ ထိုစကားပုံကို သင်နှင့် ကျွန်ုပ်တို့သည် စာနှင့်ရေး၍ ဦးထုပ်အတွင်းတွင် ကပ်ထားရန်ကောင်း၏ ။ ထိုစကားပုံသည်ကား “ပြုံးရွှင်သည့်မျက်နှာမရှိသူသည် ဈေးမရောင်းရ” ပင် ဖြစ်လေသည်။

ဆိုင်အကြောင်းကို ပြောသောကြောင့် အိုပင်ဟင်း ကောလင်းကုမ္ပဏီ အတွက် ဖရန့် အိုင်ဗင် ဖလက်ချား ရေးသားသော ကြော်ငြာစာတစ်ခုတွင် အောက်ပါ အိမ်သုံး ပညာရှိစကားများ ပါဝင်လေသည်။

ခရစ်စမတ်ပွဲ၌ ပြုံးခြင်းတန်ဖိုး ပြုံးခြင်းသည် ဘာမျှမပင်ပန်း။ အလွန်တာသွား၏။ ပြုံးသောသူတွင် ဘာမျှ လျော့မသွားဘဲနှင့် အညံ့ခံရသော သူတွင် အများကြီး ရလိုက်၏။ ပြုံးခြင်းသည် လျှပ်တစ်ပြက်ခန့်ကြာသော်လည်း တစ်ခါတစ်ရံ ထိုအပြုံးကို တစ်သက်လုံး မမေ့နိုင် . ပြီးခြင်းနှင့်ကင်း၍ နေနိုင်လောက်အောင် ချမ်းသာကြွယ်ဝသူဟူ၍ မရှိ၊ ထိုပြုံးခြင်း၏ အကျိုးကို မခံစားနိုင်လောက်အောင် ဆင်းရဲသူဟူ၍လည်း မရှိ။ ပြုံးခြင်းသည် အိမ်တွင်း၌ ချမ်းသာသုခကို ပေး၏။ အလုပ်ခွင်၌ မျက်နှာပွင့်လန်း၏။ မိတ်ဆွေအချင်းချင်း၏ အထိမ်းအမှတ်ဖြစ်၏။ ပြုံးခြင်းသည် မောပန်းနေသူကို အမောပြေစေ၏။ စိတ်အားငယ်သူကို စိတ်အား တက်စေ၏။ ဝမ်းနည်းသူကို ဝမ်းသာစေ၏။ လူတို့၏ အတိဒုက္ခများကို ကုသရန် အတွက် အကောင်းဆုံးသော သဘာဝဓမ္မနည်း ဖြစ်၏။ သို့ရာတွင် ပြီးခြင်းကို ဝယ်၍သော်လည်းကောင်း၊ တောင်း၍သော်လည်းကောင်း၊ – ချေးငှား၍ သော်လည်းကောင်း၊ ခိုး၍သော်လည်းကောင်း မရနိုင်း ပေးသူက ‘သဒ္ဓါ ကြည်ဖြူစွာ မပေးလျှင် ရသူမှာ အကျိုးမထင်ချေ။ ထိုကြောင့် ခရစ်စမတ်ပွဲအတွက် တစ်နေ့လုံးလုံး လက်မလည်အောင် ရောင်းချနေ ရသော ကျွန်ုပ်တို့ ကုန်တိုက်မှ ဈေးရောင်းသမားများသည် ပင်ပန်းနွမ်းနယ်လွန်းသော ကြောင့် သင်တို့ကို မပြုံးနိုင်လျှင် ကျွန်ုပ်တို့အား ပြုံးပြရန် သင်တို့ထံ မေတ္တာရပ်ခံ ပါရစေ။ ။ မပြုံးနိုင်လောက်အောင် ပင်ပန်းလျက်ရှိသောသူထက် ပြုံးခြင်းကို ပို၍ အလိုရှိသောသူ မရှိပါ။

ထို့ကြောင့် သင့်ကို လူကြိုက်များလိုလျှင် နည်းအမှတ် ၂ သည် ပြုံးပါ။ .