လူပျိုမှိုတက်

“ ကိုယ့် ရဲ့ ကိုယ်ရေးအကျဉ်း ကို တောင် မှန်အောင် မရေးနိုင်တဲ့ သူ က မိန်းမ ယူ ချင်သတဲ့ ”

သန်းဇော် စကား ။ ဒါကို ကျွန်တော် က

“ ဒါကကွာ ၊ သူများ ကျောင်းနေချိန် မှာ ကျောင်း နေခဲ့တယ် သူများ ရှင်ပြုချိန် ကျလဲ မပျက်မကွက် ပြု ခဲ့တယ် ၊ အဲ သူများ အိမ်ထောင် ပြုချိန် ကျတော့လဲ ကိုယ် လဲ အိမ်ထောင် ပြုချင်တာ ဘာ ဆန်းလို့လဲ ”

ကျွန်တော့် စကား ကို မီးဖိုဘေး မီး မွှေးနေသော ချက်ဖောင်း က

“ ဒါဆို ရှာ လေ ရှာ ၊ ရှာ ရင် ရပါတယ် ၊ ကိုယ်တိုင် က ဒီနေ့ ဝက်သားဟင်း စားချင် နောက်နေ့ ကျတော့ ချဉ်ပေါင်ဟင်း ဖြစ်ပြန် ၊ နောက်တစ်နေ့ ကျတော့ ပဲကုလားဟင်း ၊ ဒီလိုပဲ လိုက် ပြောင်းနေရင် ကြာရင် ငါးပိထောင်း တောင် ရမှာ မဟုတ်ဘူး ”

ကျွန်တော် ပြုံး လိုက်မိသည် ။ မိန်းကလေးများ အပေါ် စိတ် အပြောင်းအလဲ မြန် လှသော ကျွန်တော့် ကို ပြော နေခြင်းဖြစ်၏ ။ မရလို့လား မသိ ။ ကျွန်တော့် တွင် အချစ်တွေ အတည်တကျ မရှိ ။ ကိုယ် က ကြံမယ် လုပ်လိုက် ပါ သွားလိုက် ဖြစ် နေတာကြောင့် လဲ အပြောင်းအလဲ များနေခြင်းလဲ ဖြစ်နိုင်သည် ။ ယခုတော့ ထိုသို့ မဟုတ် ၊ အဟုတ် ကို တွေ့ ထားပြီးပြီ ။

“ အခုဟာ က အတည် ”

အားလုံး ခေါင်းထောင် ကုန်ကြ၏ ။

“ အတည် လို့ ပြောပြီး ပြီးရင် အဖျား ရှူးပြီး အရင်း တုတ် တာ သာ အဖတ် တင်တယ် မဟုတ်လား ”

“ တောက် ”

ဒါကတော့ တဆိတ် လွန်လွန်းသွားပြီ ။ ကောင်မလေးတွေ က လွန် တာလား ။ ဒီကောင်တွေ ကပဲ အစွမ်းအစ နည်းသော ကျွန်တော့် အကြောင်း သိ လို့ စော်ကား နေတာလား မသိနိုင်တော့ ။

ကျွန်တော် စိတ်ဆိုးသွားသည် ကို သိသော ချက်ဖောင်း က

“ မင်း ကလဲ ကွာ ကိုကြည့် ကို အဲသလို မပြောပါနဲ့ ၊ ကိုကြည် က အလကားကောင် မဟုတ်ပါဘူး ၊ အဖိုးတန်ပါတယ် ”

“ ဘယ်လို အဖိုးတန်တာလဲ ”

သန်းဇော် က မေးသည် ။ ဒါကို ချက်ဖောင်း က ရှင်းပြ၏ ။

“ ကိုကြည် က ကျွန်းပင် လို အဖိုး တန်တာ ”

ကျွန်တော် ကော်လံထောင် မိ မတတ် ဖြစ်သွား၏ ။ ချက်ဖောင်း မှ ပင် ဆက်၍

“ ဟုတ်တယ်ကွ ၊ ကိုကြည် လို လူမျိုး က ကျွန်းပင် လို ပဲ မွေး ထား သင့်တယ် ၊ ကျွန်းပင် လို ပဲ ကြာလေ တန်ဖိုးရှိလေ ဖြစ်မှာ ၊ နှစ်ရှည်ပင် လေ ”

မှန်ပေသည် ။ ကျွန်တော် က ကျွန်းပင် လို ကြာလေ တန်ဖိုးရှိ လေ ဖြစ်မည်မှန်း ကိုယ့် ကို ကိုယ် သိသည် ။ ဒါကို ချက်ဖောင်းက ဆက်၍

“ အဲ တစ်ခုတော့ ရှိတာပေါ့လေ ”

“ ဘာလဲ ”

ငတွတ် က မေးသည် ။

နှစ်ရှည်ပင်တို့ ရဲ့ ထုံးစံအတိုင်း သူ တန်ဖိုး ရှိချိန် ၊ မင်း တို့ တစ်သက် မီချင် မှ မီမှာပေါ့ ”

“ အိုကွာ ၊ တို့ မမီလဲ နောင်လာနောက်သား စားရင် တော်ပါပြီ ”

“ အဲဒီအချိန်ကျ အစိုးရ က သိမ်းချင် သိမ်းဦး မှာ ”

ဪ ကိုယ့် မှာတော့ နှစ်ရှည်ပင် ဖြစ်ပါလျက် ဘယ်က မှ ဘယ် တော့ မှ အသုံး မဝင်မှန်း သိ လိုက်ရသည် ။ သို့သော် အားပြန် တင်းရင်း

“ မင်းတို့ က ငါ့ ကို ဒီ အသက်အရွယ် ထိ ရည်းစား မရသေးလို့ နှိမ် တာလား ”

“ နှိမ်တာ မဟုတ်ဘူး ၊ အဖက် ကို မလုပ်တာ ”

ငတွတ် က ဝင် ထောက်သည် ။ ကျွန်တော် လဲ တင်းသွားပြီး

“ ရည်းစားများ ကွာ ၊ မလိုချင်လို့ပါ ၊ လိုချင်ရင် အလွယ်လေး ”

“ ရွာပတ် ရှာ တာတောင် ခါ ထွက်လာတဲ့ဟာ ကို ”

“ လုပ်စမ်းပါ ၊ လုပ်ပြ လိုက်စမ်းပါ ”

အားလုံး က မြှောက်ပေး၏ ။ ကျွန်တော် လဲ မာန် တက်ပြီး

“ အေး မင်း တို့ ကြည့်နေ ၊ ငါ တစ်ပတ် အတွင်း ရည်းစား ရကို ရစေ့မယ် ”

အားလုံး စိတ်ဝင်စား သွားကြ၏ ။

“ ခွင် တွေ့ နေပြီထင်တယ် ”

“ ဘယ်သူလဲ ၊ ဘယ်ကလဲ ၊ ရုပ်ဆိုးလား ၊ မုဆိုးမလား ”

တစ်ယောက် တစ်ပေါက် မေး ကြသည် ။

“ ဘယ်ကလာ အပျိုလေး ၊ ချောချောလေး ”

“ ဘယ်ကလဲ ၊ ဘယ်သူလဲ ”

“ လမ်းထိပ် ဈေးဆိုင် က ဖြူဖြူအောင် လေ ”

“ ဟယ် ”

ကျွန်တော် ပြော ပြလိုက်တော့ အံ့အားသင့်ကုန်၏ ။

လမ်းထိပ်ကုန်စုံဆိုင် မှ ဖြူဖြူအောင် ဆိုသည် မှာ နာမည် နဲ့ လိုက်အောင် ဖြူဖြူချောချောလေး သွက်လက်ချက်ချာပြီး ချစ်ခင်သူ ပေါများသူ ။

ဒါလေးကို ကျွန်တော် တက် ချိန်ပြီ ဆိုတော့ အားလုံး အံ့အား သင့်ကုန်၏ ။ ဖြစ်လဲ ဖြစ်ချင်စရာ ကောင်မလေး က ကျွန်တော် တို့ တစ်ဖွဲ့လုံး ကို အဖက်မျှပင် မလုပ်တာ ။

အဖက်လဲ လုပ်စရာကိုး ။ မျက်နှာရူးကြီး တစ်မ နှင့် တစ်နေ့ ကို မီးဆိုက်ထင်း ငါးဆယ်ဖိုး လောက် ဝယ်ပြီး ပရောပရီ လုပ် နေတာ သူ သိမှာပေါ့ ။

“ ခင်ဗျား ၊ ခင်ဗျား က သူ့ ကို ဘယ်လို လိုက် မလို့လဲ ”

သန်းဇော် အမေးကြောင့် ကျွန်တော် ပြုံး လိုက်မိသည် ။ သူတို့ ကလဲ ဒီ ကောင်မလေး ကို လိုက် ချင်နေကြသည်ကိုး ။

“ လွယ်လွယ်လေး အဝင်အထွက်လမ်းတွေ ငါ အကုန် သိ ပြီး ”

“ ညအမှောင် အိမ်သာထောင့် မှာ စောင့်ပြီး မုဒိန်း ”

“ ဖြစ်စရာလား ၊ ငါ အဝင်အထွက်တွေ သိထားပြီ ဆိုတာ ဒီ လိုကွ ၊ ဖြူဖြူအောင် က နေ့ခင်း ဈေးကွဲရင် သူတို့ ဆိုင် အတွက် လိုအပ် တာ ဝယ်ဖို့ သိမ်ကြီးဈေး ကို သွား နေကျ ကွ ၊ ဈေး သွားရင် အထုပ် ဆွဲ ဖို့ လူ မလိုဘူးလား ၊ ပိုက်ဆံ မပေးရပါဘူး ဆိုပြီး ခပ်တည်တည် ကြောင်း ကြည့်တော့ သူ က လိုက်ချင် လိုက်တဲ့ ”

“ ဟယ် ”

အားလုံး ထံ မှ အာမေဍိတ် သံ ပေါ်လာ၏ ။ ပြီးနောက် ပြူး ကြောင်ကြောင် နှင့် ကျွန်တော့် ကို ကြည့်သည် ။ သူတို့ စိတ် ထဲ၌ မျက်နှာ ပြောင် တိုက်ရဲသော ကျွန်တော့် ကို အံ့အား သင့်နေတာလား ။ ဒါမှ မဟုတ် ခြေလှမ်း သွက်သော ကျွန်တော့် ကို မတန်မရာ တက် ကိုင်သည် ဆိုပြီး ရွံရှာ သွားသည်လားတော့ မသိ ။ အားလုံးကတော့ ပါးစပ် အဟောင်းသား ။

“ ဟဲဟဲ မင်းတို့ လေ့လာမှု ၊ မျက်နှာပြောင်တိုက်မှု က ငါ့ရဲ့ ခြေဖဝါး အောက် က မြူမှုန်လောက် တောင် မရှိသေးပါဘူး ၊ ဟဲဟဲ ၊ မကြာ ခင် ငါ အဲဒီ ကောင်မလေး နဲ့ နှစ်ပြားဂဟေဆော် ၊ အဲလေ နှစ်ပြား ဂဟေဆက် ဟုတ်ပေါင် ဂဟေနှစ်ခါဆော် အာ ရောကုန်ပြီ ၊ ဘာလဲ အေး အဲလို ဖြစ်မှ အားကျစိတ် နဲ့ ငေး မနေကြနဲ့ ၊ ငါ အနေ ခက်တယ် ၊ ဟဲဟဲ ”

ခပ်ကျောကျော ပြောပြီး လူပျင်း တို့ ၏ ထုံးစံအတိုင်း လွတ်ရာ နေရာ ၌ ဘုန်းခနဲ လှဲပြီး စိတ်ကူးတွေ ယဉ် နေလိုက်တော့သည် ။

“ အင်း ဒီ ကိစ္စသာ မတော်တဆ အထမြောက်ရင် ဒီကောင် တွေ တော့ အံ့သြကျောတွေ တက်ပြီးသေပြီ ”

စိတ်ကူးတွေ ထဲ မှာတော့ အဆင်တွေ ပြေလို့ ။ ဖြူဖြူအောင် က ဆွဲခြင်းလေး ဆွဲ ။ ကျွန်တော် က ပိုက်ဆံအိတ်ကလေး ကိုင် လို့ ။ ပတ်ဝန်းကျင် ကိုတောင် ဖိုးကဒ် မပြတ်ဘဲ ထား လိုက်သည် ။ ကျွန်တော် တို့ နှစ် ၂ ယောက်တည်း လင်း လို့ ။

နောက်နေ့ နေ့လယ် နှစ်နာရီခန့် တွင် ကျွန်တော် လဲ ကြံစည် ထားသည့် အတိုင်း ဖြူဖြူအောင် ဈေး သွားစဉ် အထုပ်လိုက် ဆွဲရန် ကားဂိတ် က စောင့် နေလိုက်သည် ။

ကြပ်လွန်းလှသော ကား တွင် နေရာ မရမည် စိုး၍ သူများ ထက် ဦးအောင် တက်ပြီး ဒရိုင်ဘာ အနောက် နား နှစ်ယောက် စာ ပေး ၍ ခပ်တည်တည် နှင့် မျက်နှာပြောင် တိုက်ကာ ထိုင် နေလိုက်သည် ။

ဗိုက်ကြီးသည် လာလဲ နေရာ မပေး ၊ အဘွားကြီး လာလဲ နေရာ မပေး နှင့် ခပ်အေးအေး ပင် ဒူးနန့်ပြီး ရူးချင်ယောင် ဆောင် နေလိုက် သည် ။

ဤသို့ မလုပ်၍ မဖြစ် ။ ကျွန်တော့် အကြံ နှင့် ကျွန်တော် ကိုး ။ ဖြူဖြူအောင် လာလျှင် ကားဒရိုင်ဘာ အနောက် ထောင့် ထဲ ထိုး သိပ်ပြီး အနီးကပ် ကြီးကြပ် ပိုး ရပေတော့မည် ။

ဒရိုင်ဘာ ထောင့် ထဲ ရောက် နေ၍ သူ လဲ မလှုပ်သာ ၊ မလူးသာ နှင့် ချောင်ပိတ် မိနေပြီး ကျွန်တော် ပြောသမျှ ခံ ရပေတော့မည် ။

ထ ထွက် ဖို့ကလဲ အပေါက် နှင့် အဝေးကြီး ။ ထ ရပ်လျှင် လဲ မလွတ် နှင့် မို့ သူ့ ခမျာ ဘာမှ တတ်နိုင်တော့မည် မဟုတ် ။

ထို့အပြင် ရပ်ကွက် နှင့် သိမ်ကြီးဈေး ဆိုသည် ကလဲ နီးလှ သည် မဟုတ် ။ အနည်းဆုံး တစ်နာရီခွဲ ၊ နှစ်နာရီ တော့ စီး ရပေမည် ။ ထိုအချိန် အတွင်း ၌ ချစ်စကား ကို သာကေတ ထိ ပြောမည် ။ အဖြေ ကို တာမွေဈေး တွင် တောင်းမည် ။ သိမ်ကြီးဈေး ရောက်လျှင် ပြီးပြီ ။

ဘာ ပြီးတာလဲ ဟု မေးကြမည် ။ ပြ ပါမည် ။ ထို စကား သည် မွန် လို အသံ ထွက်ပါက

“ ပေါင်းစောင်းပေါင်းကွန်ညိုက် ”

မြန်မာလို ဆိုလျှင်

“ အေးဆေး ကလေးမွေး ”

ဒုံးပျံခေတ်ကြီး တွင် ဒုံးပျံ လို မြန်အောင် တော့ ပြုလုပ်ရပေ မည် ။ ကိုယ် လဲ ငယ်တော့သည် မဟုတ် ။ လူပျိုသက် ပင် သုံးသက် ပြည့် လုလု ။ ဒီ တတိယ သက် မှာ မှ မီအောင် မလုပ်လျှင် စတုတ္ထ သက် ၌ သွေး ဆုံးပြီ ။ အလုပ်အကိုင် လဲ မရှိ ၊ မိန်းမ လဲ မရှိလျှင် ရာသက်ပန် ဘုန်းကြီး ဝတ် ဖို့သာ ရှိ ပေတော့မည် ။ ဘုန်းကြီး တော့ မဝတ်ချင် ၊ ညနေစာ မစား ရခြင်း ကို မုန်းလွန်းလို့ ဖြစ်၏ ။ ထို့ကြောင့် ဘုန်းကြီး မဝတ်ရန် မိန်းမ ထဘီနား တူတူရေ ဝါး လုပ်စား ဖို့ လို ပေမည် ။

ဖြူဖြူအောင် ။

ဒီ ကလေးမ သွက်လက်ချက်ချာပုံ နှင့် ကတော့ သူ နှင့် ရ ပြီးလျှင် ဘာမှ လုပ်စားစရာ လိုတော့မည် မထင် ။

“ ချစ်ရေ မောင်ပုန်းပြီ ၊ တူး ဝါး ”

ထဘီကြို ထဘီကြား မျက်နှာပြားလေး ဖွက်ပြီး သူ စိတ်ချမ်း သာအောင် တူတူရေဝါး နေရုံသာ ။ ပြီးတော့ ဘဝတူ ပတ်ဝန်းကျင် ကို လဲ ပတ်ကြော နေရုံသာ ရှိတော့သည် ။

“ ဒီလို လုပ်ကျွေးတဲ့ မိန်းမ ရဖို့ ဆိုတာ လွယ်လှတာ မဟုတ်ဘူး ၊ ငါ တောင် ရုပ် ရှိလို့ ရတာ ၊ မင်းတို့ ရုပ်မျိုး နဲ့ ဆို ကွမ်းယာသည် တောင် အနိုင်နိုင် ”

ဟုတ်သည် ရှိ မဟုတ်သည် ရှိ ၊ မြင်မြင်ရာ ပတ်ကလိ နေ၍ ရ၏ ။ တွေးရင်း နှင့် ပင် စိတ်ဓာတ်တွေ တက်ကြွ နေမိသည် ။

“ ဟော လာပြီ ”

ကျွန်တော့် ရဲ့ ထဘီစုတ်လေး ၊ အဲလေ တူတူရေဝါးလေး ။

ဟုတ်ပါသည် ။ ဖြူဖြူအောင် ဆွဲခြင်းတောင်းလေး ဆွဲ၍ ကား ပေါ် တက်လာ၏ ။

“ ဖြူဖြူ ဒီမှာ ကိုယ် နေရာ ယူထားတယ် ”

အားတက်သရော ကျွန်တော့် အသံ ကြားတော့ ခမျာလေး မှာ မျက်မှောင် ကြုတ်ရှာ၏ ။

ဆံပင်ရှည်ဖားလျား နှင့် ကျွန်တော့် ကို မြင်တော့ အံ့အားသင့် သွားပုံ ရ၏ ။ အတန်ကြာ မှ

“ ဪ ဘယ်သူများလဲ လို့ ”

“ ဘယ်သူမှ မဟုတ်ဘူး ၊ အဲ ကို ကိုကြည် လေ ၊ မမှတ်မိဘူး မဟုတ်လား ၊ ရုပ်ဖျက်ထားတာ ၊ ဒိုင်းညှောင့် ဖူး ”

လက်ညှိုး နှင့် လက်ခလယ် ကို ပါ သေနတ်ပြောင်း လို မှုတ်ထည့် လိုက်သေး၏ ။

“ လာ ဒီမှာ ကိုယ် နေရာ ဦးထားတယ် ”

ဆိုကာ ဖြဲကား ထိုင်ထားသော ထောင့်ကို ဘတ် ဘတ် နှင့် နှစ်ချက်ဆင့် ပုတ် ပြလိုက်သည် ။

ကောင်မလေး ခမျာ မျက်နှာ မကောင်းရှာ ။ သို့သော် မျက်နှာ ရူးကြီးတမ နှင့် သွား ဖြဲ ပြသော ကျွန်တော့် ကို အားနာ၍ ထင်၏ ။ ဒရိုင်ဘာ အနောက် ချောင် အကျဆုံး ကျွန်တော် ရွေးချယ်ထားသော နေရာ ၌ ဆောင့်ကြီးအောင့်ကြီး လာ ဝင် ထိုင်၏ ။ နောက်တော့ ကျွန်တော့် ကို မကြည့်ဘဲ ဘေးဘီ သို့ သာ တစ်ခုခု ကို အသည်းအသန် ဝေ့ ရှာနေ သည် ။ ဘာကို ရှာမှန်းလဲ မသိ ။

မည်သို့ ဆိုစေ ။ ကျွန်တော် အပိုင် တွက် ထားလိုက်သည် ။ ဒီ ထောင့် ထဲ ဝင် လာသည်နှင့် ကျွန်တော် ဒိုင်းညောင့် ၍ ရပြီလေ ။

ကိုယ့် အစီအစဉ် နှင့် ကိုယ် ဝမ်းသာလုံး ဆို့၍ ပြန် မျို ချနေရ သည် ။ ကား မထွက်ခင် ဘာမှ မပြောချင်သေး ။ ကား ထွက်သွား မှ ကား က လှုပ်နှိုး သလို ချိုင့် ဆောင့်လွန်း သလို နှင့် သူ့ပခုံး ပေါ် လက်ကလေး မခို့တရို့ တင် မည် ။ ပြီးမှ အပိုင် ချုပ်ပြီး ဘိုင် ( by ) ကုပ် တော့မည် ။ ( မာ ဆတ်စကား ) ကား မထွက် မီ ပြော ပါ က ဘေး လူ ကြား မှာလဲ စိုး ရသေး ၏ ။ ကား မထွက်မချင်း စိတ် ကို တင်း ထား လိုက်ရသေး၏ ။

ကောင်မလေး ကတော့ အလိုမကျဟန် နှင့် စူပွစူပွ ။ သူ့ နံဘေး နား ဆံပင်ရှည်ကြီးတမ နှင့် ကား ကျပ်ချင်ယောင် ဆောင်၍ ပူးကပ် နေ သည် ကို မခံစားနိုင်၍လား မသိ ။ ဟို ဒီ သာ ရှာ နေ၏ ။

“ ဆရာရေ လူ ပြည့်ပြီ ၊ ကား ထွက်မယ် ”

စပယ်ယာ အော်သံ ကြောင့် ဝမ်းသာလုံး ပင် ဆို့ သွား၏ ။ ပိုင် ပြီ ။ ကား ထွက်တာ နှင့် ပိုင်ပြီ ။ ပေါင်းစောင်းပေါင်းကွန်ညိုက် တော့ ဖြစ်ပြီ ။

“ ဆွဲဆရာ ရေ ၊ လမ်းမှာ တွေ့သမျှ အကုန် တင် မယ် ”

စပယ်ယာ ၏ အော်သံ နှင့် အတူ ကားကလေး က ဝုန်းခနဲ ခုန် ထွက် သွား၏ ။ ယခင် က စိတ်မျိုး နှင့် ဆို ယခုလို ကားကြပ်ပုံမျိုး ၌ ကိုယ့် ကို ကိုယ် ငါးမျှားတံ လိုသာ သဘော ထားလိုက်သည် ။ ဘယ်သူ လာ ဟပ်ဟပ် ကိုယ့် အကောင် ပင် ။ ယခုတော့ ထိုသို့ မဟုတ် ၊ ဘိလိယက် ကျူတံ လို တစ်လုံး ပြီး တစ်လုံး ဘော ရွေး ထိုးသည့် စိတ်မျိုး လဲ မရှိ ဂေါက် တံလို တစ်လုံးတည်း ရိုက်ရန်သာ အာရုံ ရှိ၏ ။

ရှိပြီ ။ ကျွန်တော့် ရဲ့ ပစ်မှတ်ဂေါက်သီးလေး က ကျွန်တော် နှင့် ကပ်ရက် ၌ ရှိ နေပြီ ။ ကျွန်တော် လွှဲ ရိုက်လိုက်ဖို့သာ ရှိ တော့၏ ။ သို့သော် ထိချက် မှန် မှ လဲ ပြင်းပြင်းပြပြ ရှိပေလိမ့်မည် ။ ထို့ကြောင့် ဘယ် စကား က စ ဆိုရမည် ကို စဉ်းစား လိုက်သည် ။

“ နေကောင်းလား ”

ဒါကလဲ မဖြစ်သေး ။ နေကောင်းလို့ ဈေး သွားတာပေါ့ ။

“ ထမင်း စားပြီးပြီလား ”

မစားရသေးဘူး ၊ ရှင် ကျွေးမလို့လား ဆိုလျှင် ပိုက်ဆံ က ကားခ လောက်သာ ပါပြီး သူ ကျွေး သမျှ ကပ် တီးဖို့သာ ကြံရွယ်ထားသည် မို့ ဒါလဲ အလုပ် မဖြစ်နိုင် ။

ချစ်စကား ကို မဆိုလင့် ရိုးရိုး စကားပင် ဘယ်လို စရမှန်း မသိဘဲ အူလည်လည် ဖြစ်နေ၏ ။

ဒါဖြင့်လဲ စကား က နောက် ၊ မျက်ပေတုံးကြီး နဲ့ အရင်ညှို့ ကြည့်မယ် ဆိုသည့် စိတ်ကူးဖြင့် သုံးလေးချောင်းသော မျက်ခုံး အောက် မညီမညာ ပေါက်ရောက်နေသော အများသဘောတူ မျက်လုံး ခေါ် မျက်ပေတုံး ( ငတို မျက်လုံး ငတုံး မျက်နှာ ) ကို ရှေ့ ထုတ်၍ ညှို့ လိုက်မှ

“ ဟာ ”

ကောင်မလေး ခမျာ ကျွန်တော် ရှိနေသည် နေရာ ပေးခဲ့သည် ကို ပင် သတိ မရနိုင်တော့ဘဲ ချိုင့်တွေချောက်တွေ ကို တဝုန်းဝုန်း နှင့် ဖြတ် နင်းနေသော ကား အပြင်ဖက် သို့ ငေး ကာ မျက်လုံးလေး ပြူး လိုက် ၊ အံလေး ကြိတ်လိုက် ၊ လက်သီးလေး ဆုပ်လိုက် နဲ့ အသည်းတယားယား ဖြစ် နေပြီး မပူ့တပူ မီးခဲပေါ် တက် ထိုင်မိသူ လို ဖင်လေး တကြွကြွ ၊ ခါးလေးပါ လိန်ကျစ်လိန်ကျစ် ဖြစ်နေတာ မြင်တော့ အံ့အား သင့်သွား မိသည် ။ စိတ် ထဲမှာ လဲ

“ ဘာပါလိမ့် ”

ဟူသော အတွေးမျိုး ဝင်၍ သူ ကြည့်နေရာ လိုက်ကြည့်မိတော့

“ ဟယ် ”

နံဘေးနား က ရိပ်ခနဲ တွေ့လိုက်ရတဲ့ အရာတစ်ခု ကြောင့် အံ့အား သင့်သွားရ၏ ။

“ ပြိုင်ဘီး ပြိုင်ဘီးလေး ”

တဝုန်းဝုန်း နှင့် ခလောက်ဆန် နေသောကား နှင့်အပြိုင် နံဘေးနား က ရိပ်ခနဲ ရိပ်ခနဲ ပေါ်ပေါ်ထွက် လာသော ပြိုင်ဘီးလေး တစ်စီး ။ ပြိုင်ဘီး ပေါ် ဆံပင်ပုံစံ မကိုးမကား နှင့် ပိန်ချောင်ချောင် အကောင် တစ်ကောင် ။

“ သွားပြီ ”

ထို အကောင် ကို မြင်သည် နှင့် စိတ်ဓာတ် တို့ လက်ထဲ ဖျစ်ညှစ် ချေ လိုက်သော မြေကျစ် ခဲ လို အစိတ်စိတ် အမွှာမွှာ ကွဲကြေ ကုန်၏ ။

သိလိုက်ပြီ ။ မလိုက်ခင် က အသည်း ကွဲ နှင့် ပြီ ။

ထိုတော့မှ သူမ ဘာကို အသည်းအသန် ရှာနေသည်ကို သိ လိုက်ရတော့၏ ။

ကျွန်တော် ကလဲ လူပါး ပဲ ။ အကောင် ပြတော့ အရိပ် မြင်ပြီ ပေါ့ ။

ပြိုင်ဘီးကလေး ကလဲ ချိုင့်ခွက်များ လမ်းကွေ့များ ကို ရှောင် ရှားရင်း ကားကြီး နှင့် အတူ ရိပ်ခနဲ ရိပ်ခနဲ ပေါ် ပေါ် လာ၏ ။

ပြိုင်ဘီး ဆိုသည် ကိုလဲ အားလုံး သိကြပေလိမ့်မည် ။ လက် နှစ်လုံး လောက် ရှိသော ဖင်ထိုင်ခုံ အသေးလေး ပေါ်တွင် လူ ကို တစ်ကိုယ် လုံး ဦးညွတ်သလို ညွတ် ချပြီးမှ အားစိုက် နင်း၍ရသော အမျိုးအစား ၊ ရုတ်တရက် ကြည့်လျှင် ကိုယ့် ကို ပဲ ပျပ်ဝပ်ရိုကျိုး လက်စုံမိုးတော့ မလို ပုံ မျိုးကို ။ ထို ပုံမျိုးက ရံဖန်ရံခါ၌ ကျွန်တော် တို့ ဘေး ၊ ရံဖန်ရံခါ၌ လဲ ဟိုဖက် ကား ဘေး မှ ကုန်းကုန်းကွကွကြီး ပေါ် လာလိုက် ။ လက်နှစ်ဖက် ကို လွှတ်၍ ဖလိုင်းကစ် ပေး လိုက်သေး၏ ၊

သူ ဖလိုင်းကစ် လုပ်တာကို ကိုယ် ပါ ယောင်ဖမ်းပြီး ဖနောင့် နှင့် နင်းချေ မိသေး၏ ။ ကောင်မလေး ကတော့ စူပွပွ နှင့် မျက်စောင်း ခဲ ၍ မကြည်သလို ဟန် လုပ်၍ ပြုံး နေသေးသည် ။

ဒီတစ်ခါတော့ အပိုင်ပဲ ။ ဘိုင်သေ ကပ် ဆွဲတော့မဟဲ့ ဟူသော အတွေးများ နှင့် အားတင်း လာခဲ့သမျှ ပြိုင်ဘီးလေး ၏ ဘီးတစ်ဘီး အလှည့် မှာ အသည်းဟက်တက် ကွဲ သွားသလို ။ လတ်လတ်ဆတ်ဆတ် ရှိနေဆဲ အသည်း ကို ဟိုကောင် ၏ ပြိုင်ဘီး နင်း ဖို့ ဖင်တကြွကြွ မှာပင် မဆီမဆိုင် ရေအိုး ကို လေးခွ နှင့် ပစ်လိုက်သလို တခွမ်းခွမ်း နှင့် ကွဲသွား တော့၏ ။

မိတ်ဆွေ တို့ လဲ စဉ်းစားကြည့်ပါ ။ ဒီလို အပိုင် ပိုးချင်လို့ မျက်နှာ ပြောင် တိုက် နေရာ ဦး ယူထား ပြီး မှ ကိုယ့် ချစ်သူ ကို အပြင် က ကြောင် တောင် လာ နှိုက်နေတာ ဆိုတော့ ခံရ မခက်ပေဘူးလား ။

ဪ ကိုယ့် မှာတော့ မချိုး စဖူး ရေတွေ အတင်းချိုး ၊ မလျှော် စဖူး အင်္ကျီ တွေ လျှော်ဝတ်ပြီး နှစ်ပြား ဂဟေဆက် ၊ အဲလေ အဲလို ဖြစ်ကြ မဟဲ့ ဆိုပြီး တွေးပြီး အားတင်းခဲ့တာ ။ အဲဒီ စိတ်ကလေး တောင် အခုတော့ ရေတံခွန် ထဲ က သွန်ချလိုက် တဲ့ ရေလို တဝုန်းဝုန်းနဲ့ ဝေါခနဲ ထိုး ကျခဲ့သည် ။

ယခုလဲ ကြည့်လေ

“ ဆရာရေ ရှေ့ မှာ လူတင်မယ် ”

ကားကလေး ရပ်သည် နှင့် ပြိုင်ဘီး ကလဲ ကျွန်တော်တို့ ၏ မြင်ကွင်း ရှင်းသော နေရာလောက်တွင် ရပ်ပြီး သူ ဝတ်ထားသော ပန်းရောင် အင်္ကျီ နှင့် ချွေး ကို ပင့် သုတ်၏ ။ ဒါကို ကောင်မလေး က သူ့ အစား ပင် မောနေသေးသည် ။

ရုပ် ကြည့်တော့ ကိုယ့် လောက် ပင် ပုံမလာ ။ သို့သော် ဆံပင် အထောင် ၊ အင်္ကျီ ပန်းရောင် ၊ လုံချည် က ပလေကပ်အပြာရောင် နှင့် မို့ ကြည့်ရတာတော့ ဝင်း နေပုံရသည် ။ ဒါကို ဖြူဖြူအောင် အသည်းယား နေပုံ ရ၏ ။

ဪ ကိုယ့် မှာတော့ အနီးကပ် ကြီးကြပ် ပိုးမယ် ဆိုကာမှ ဒီ ငတ က ပြိုင်ဘီး နဲ့လာ ဂွ နေတော့ စိတ် ထဲမှာ အတော်ကလေး ကို တင်း နေမိသည် ။ စိတ် ထဲ တွင် လဲ

“ နေနှင့်ဦးပေါ့ကွာ ၊ အခွင့် ရလို့ ကတော့ အရေခွံ က အစ ခွာ ပစ်မယ် ”

ဟု တေးထားလိုက်သည် ။

“ တောက် ရုပ် ကိုက သူ့ ကြည့်နေတဲ့ မှန် အသိဉာဏ် ရှိရင် ဒီလူ လာ ကြည့်နေတာ အဖြစ် ဆိုးလှချည် ရဲ့ ဆိုပြီး မှန် ကိုယ်တိုင် သူ့ ကိုယ် သူ ကြိုးဆွဲ ချ သတ်သေမယ့် ရုပ် ”

စိတ်ထဲ ကြိတ် ကျိန်ဆဲ မိသည် ။

“ ပြည့်ပြီ ဆရာရေ ”

စပယ်ယာ အော်သံ နှင့် အတူ ငတိ က ပြိုင်ဘီး လက်ကိုင် ကို အဆင်သင့် ကိုင်၍ ပြုံးပြီး ကြည့် သည် ။

ပြိုင်ဘီး တို့ ၏ ထုံးစံ အတိုင်း လက်ကိုင် ကို ကိုင်လိုက်သည် နှင့် တစ်ခါတည်း မြင်ရသူ ကို ပျပ်ဝပ် ရိုကျိုးသလို ဟန် မျိုး ဖြစ်သွားသည် မဟုတ်လား ။ နောက်ပြီး ခါးကြီး ကုန်းပြီး လေပေါ် ပျံတက်မတတ် ပေါ့ထွက်နေသော တင်ပါး က ဓာတ်ဘောလုံး ဆွဲ ထားသလို မိုးပေါ် ပဲ ထောင် တက်တော့မလို ဖြစ် နေပေပြီ ။ ဒါကိုပဲ ကောင်မလေးတွေ က အသည်း ယား တာ ဖြစ် ပေမည် ။

“ ဆွဲဆရာ ရေ့ ”

စပယ်ယာ အော်သံ နှင့် အတူ မှုံခနဲ ထွက် သွားသော ပြိုင်ဘီး လေး ။ ကောင်မလေး အကြည့်က ပြိုင်ဘီး နှင့် အတူ လှစ်ခနဲ ပါသွား၏ ။

ကား ကလဲ တဝုန်းဝုန်း နှင့် လိုက်ပါ လာသည် ။

ညာဖက်ဘေး မှ လှစ်ခနဲ ပေါ်လာသော ပြိုင်ဘီး ၊ နင်း နေသော ကိုယ်တော် က အရှေ့ကို မကြည့် ။ ကျွန်တော့် နံဘေးနား က ဖြူဖြူအောင် ကို သာ ကြည့်ပြီး လိုက် ပါလာသည် ။

“ ဟော ”

လှစ်ခနဲ ကား ကို ပြန်ကျော် ၍ ပျောက်ကွယ် သွား၏ ။

“ တောက် ဒီ ပြိုင်ဘီးကတော့ ကွာ ”

ဒရိုင်ဘာကြီး ၏ အော်သံ ။ ထိုသို့ အပြစ်တင် သံ ကြားတော့ အနည်းငယ် စိတ်ချမ်းသာ သွားတယ် ။ မိမိ သဘော နှင့် တစ်ထပ်တည်း ကို ။

“ အမှန် အော် ကို ဆဲ ရမှာ ”

စိတ်ထဲ ကြိတ် ပြောနေမိသည် ။

“ ဟာ ပြိုင်ဘီးကလဲ ”

ထို အော်သံ ကြောင့် ကားပေါ် မှ လူများ အားလုံး ပြိုင်ဘီး အား သတိထား မိ သွားကြ၏ ။

“ ဟုတ်ပါ့ ၊ သွားမှာ ဖြင့်လဲ မသွားဘူး ၊ ကားနား တင် ကပ် ဝေ့ နေတာ ”

ထို စကားများ ကြားတော့ သူမ လဲ စူပွပွ ။

“ ကောင်လေး ကြိုးစားရှာတယ် ”

တစ်ယောက် ၏ စကား ကြားတော့ ပြုံးရှာ ပြန်၏ ။ သူမ ကို ကြည့်ရင်း

“ ဪ ပိုင်ချင် လို့ ခြင်းထဲ ထည့်ထားတဲ့ ကြက် ၊ ခြင်းပြင် က နေ လာ ရစ်နေတဲ့ ကြက်ဖ နဲ့ တွေ့ နေသေး ”

အလိုလို နေရင်း စိတ်မကောင်း ဖြစ် နေမိ၏ ။

သူမ ကတော့ ဒါကို သတိမထားမိ ။ အကြည့်များက ပြိုင်ဘီး နောက် သာ ။ ကျွန်တော့် ကို ယောင်လို့ပင် မကြည့်အား ။

အနားကပ်၍ လှစ်ခနဲ ပေါ်လာပြန်သော ပြိုင်ဘီး ။ ပြုံးပြုံးကြီး ကြည့် ကာ ကား ကို လှမ်း ဆွဲတော့မလို လုပ်၏ ။

ကောင်မလေး က အသည်းယား သွား ကာ ခန္ဓာကိုယ် ပင် တွန့် ဝင် သွား၏ ။ နောက် လက်ကလေး တကာကာ ၊ နှုတ်ခမ်းလေး တစူစူ နှင့် မလုပ်ရန် အသံတိတ် တား၏ ။ ပြိုင်ဘီး ပေါ် မှ ငတိ ကလဲ သဘော ပေါက်ဟန် နှင့် ရှိသမျှသွား တပြုံလုံး ဖြဲကာ အရှိန် လျှော့ လိုက်သည် ။ ပြိုင်ဘီး က ကားနောက် ကျန်ခဲ့သည် ။ ဖြူဖြူအောင် က ကျန်ရစ်ခဲ့သော ပြိုင်ဘီး ကို လိုက် မျှော်ကြည့်သည် ။

ကြည့် တာတောင် ရိုးရိုး မကြည့် ။ သူ့ မျက်စိ ရှေ့ခံနေသော ကျွန်တော့် မျက်နှာကြီး အား သူ့ လက်ဝါးကြမ်းကြီး နှင့်

“ ဟင် ဘာကြီး ကွယ်နေတာတုန်း အင်း ဟာ ”

ဆိုကာ တွန်းဖယ် ၍ပင် ကြည့် လိုက်သေးသည် ။ ပြိုင်ဘီး က မြင်ကွင်း မှ ပျောက်သွားပေပြီး ၊ သူမ မျက်နှာ ကတော့ အလိုမကျဟန် နှင့် ညှိုး၏ ။

ကျွန်တော့် အလှည့် ရောက်ပြီ ။ ထိုတော့မှ ကျွန်တော် လဲ သက်ပြင်း ချမိသည် ။

ကျွန်တော် လဲ ဖြစ်သလို စကား စရန် အ ပြင်

“ ဟယ် ”

အာမေဒိတ်သံ နှင့် အတူ ဝင်းတက် လာ ပြန်သော သူမ မျက်နှာ ။ ကြည့် လိုက်တော့

“ ဟင် ”

ဟို ခွေးသား ဖင်လေးလိန်ကျစ်လိန်ကျစ် နဲ့ ကား တစ်ဖက် ဘေး က ပြန် ကျော်တက်လာတာ ။ ပြီးတော့ လက်တစ်ဖက် ကို လွှတ် ၍ ဖလိုင်းကစ် ပေးသေး၏ ။ ကောင်မလေး က ဖလိုင်းကစ် ကို မသိ မသာ လှမ်း ဖမ်းပြီး ဟိုကောင့် ကိုယ်စား အစားဝင် မော ပေးနေသေး၏ ။ ဟိုကောင် ကတော့ ဘယ်သို့ နေသည် မသိ ။ သူမ ရင် အစုံက ဖုတ်လှိုက် ဖုတ်လှိုက် နှင့် မော ပေး နေသည် ။ ကျွန်တော် အတော် စိတ်ညစ်သွား သည် ။

“ အာ ဒီ ပြိုင်ဘီး က ပါ လာပြန်ပြီ ”

ဒရိုင်ဘာ ၏ မြည်တွန်တောက်တီး သံ ။ သူ လဲ သူ့ ကို ဖြတ်ကျော် လိုက် ၊ ဘေးနား ကပ်လိုက် လိုက် လုပ်နေသော ပြိုင်ဘီး ကို အာရုံ နောက် နေဟန်တူ၏ ။

“ လိုက်ဦးမယ် ဆရာ ရေ့ ”

စပယ်ယာ အော်သံ နှင့်အတူ ကားလေး က ရှေ့မှာ ရပ်သည် ။ ထို့နည်းတူစွာ ပြိုင်ဘီးလေး ကလဲ ကား နံဘေး လိုက် ရပ်သည် ။

ပြိုင်ဘီး ပေါ် မှ ငချောင်ကောင် က နှစ်လုံးတိတိ ဖြုတ်ထား သော ပန်းရောင်အင်္ကျီ ထဲ လေ မှုတ်ထည့်သည် ။ ရင်ဘတ် က ဖုတ် လှိုက်ဖုတ်လှိုက် ဖြစ် နေသော်လည်း မျက်နှာကြီး က ဝင်းပြီး ပြုံးနေ သည် ။ ကောင်မလေး ကလဲ သူ့ ကို ကြည့်ပြီး မော ပြနေသည် ။ သူ့ ဘာသာ သူ ချွေးထွက် နေသလိုနှင့် နဖူး မှ ချွေးများ ကို ပင့် သုတ်သည် ။

ကျွန်တော် ကြည့်ရင်း ကြည့်ရင်း နှင့် ကျက်သရေ ချို့တဲ့ လာ ၏ ။ ထို ချို့တဲ့လာသော ကျက်သရေ မကြာခင် တုံး တော့မည် ။ စိတ် ထဲ တွင် လဲ

“ တောက် ငါ လဲ ဘာလို့ ပြိုင်ဘီး ဝယ် မစီးမိတာပါလိမ့် ”

ဟု သာ တွေးနေမိ၏ ။ ပြိုင်ဘီး ဝယ် စီးပြီး ခါချဉ်ကောင် ဖင် ထောင် ကြိတ်သလို ကြိတ်ပြလိုက်ရင် ငတိမ ကြွေလောက် ရဲ့ ဟု စိတ် ထဲ တွေး လိုက်မိ၏ ။ ထိုစဉ်မှာ ပင်

“ ဆွဲဆရာ ရေ့ ၊ လူပြည့်ပြီ ”

ကားလေး က ဝုန်းခနဲ ခုန် ထွက်သွားပြန်၏ ။ ထို့နည်းတူစွာ ပြိုင်ဘီး ကလဲ လှစ်ခနဲ ။

ဘယ်ဖက် က ပေါ်လာပြီး ကား ကို ကျော်ကာ ညာဖက် မှ ပြန် ရောက်လာ၏ ။ ကောင်မလေး အကြည့် ကလဲ ဘယ် မှ ညာ သို့ လိုက် ရွှေ့ လာ၏ ။ ဟိုကောင် ကတော့ မောရမှန်း ပင် မသိ ။ ဖင်ကလေး သီကာ သီကာ နှင့် လိုက်ပါ လာ၏ ။ ကား က ကုန်းတက် မို့ ဂီယာကြီး ကို ဂီးခနဲ ချိန်း လိုက်သည် ။ ကျွန်တော် ကြိတ်၍ ဝမ်းသာ သွားမိသည် ။

ဒီ ကုန်းတက် က ကား ပင် တစ်မိနစ်ကျော် နှစ်မိနစ် နီးပါး တက် ရမည် ။ ကား ပင် ဤမျှ ကြာလျှင် စက်ဘီး နင်းသော ငတိ လျှာ ထွက်ပြီ ။

ကား က ကုန်းပေါ် ကုန်းရုန်း တက်ပေပြီ ။ ဒါဆို ပြိုင်ဘီး ကရော

“ ဟယ် ”

ကျွန်တော် ထင်သလို မဟုတ် ။ ဟင် ငတိ က ခါချဉ်ကောင် မာန်ကြီး သလို ဖင်ကလေး မြောက်ကြွမြောက်ကြွ နှင့် ကုန်းတက် ကို အံခဲ ၍ ကြိတ် ရှာ၏ ။ သူ အံခဲ ကြိတ်လေ ၊ နံဘေး နား က ငတိမ ကလဲ သူ ပါ လိုက် ကြိတ် ရသလို ဖင်ကလေး ကြွကာ ကြွကာဖြင့် အံကြိတ် ၍ ကြိတ်ရှာ ၏ ။ သူ့ ခမျာ ပတ်ဝန်းကျင် ကို ပင် မေ့လျော့ နေသလို ။

ဖြစ်ပုံက ကလေးငယ် ကို မိခင် က အင်အင်း တည် သလိုမျိုး ။ ကိုယ်တိုင် ဝင် ပါနေသည် မဟုတ်သော်ငြား ကလေး အား ရအောင် ဘေးနား က ဝမ်းခေါင်း သံ ဖြင့် “ အင်အင်း အင်အင်း ” အော် ပေးနေသလို မျိုး ၊ ကောင်မလေး ကလဲ ထိုသို့ပင် ။ ဟိုကောင် ဖင်သီရာ ဖက် ကားပေါ် မှ သူမ က ဝင် လိုက် သီပေး ရှာသည် ။ ကျက်သရေ ကား တကယ် တုံး ချေပြီ ။ မည်သို့ လုပ်ရမှန်းလဲ မသိတော့ ။

ကားက ဂီယာကြီး နှင့် တဂီးဂီး ရုန်းနေရသည် ကို အရှေ့ က ပြိုင်ဘီးနှင့် ငတိ က ဖင်လေး မြောက်ကြွမြောက်ကြွ နှင့် ခါ ပြီး ပြောင် ပြ နေသလို မျိုး ။

“ တောက် ဒီကောင်တော့ ကွာ ”

ဒရိုင်ဘာ ၏ ရေရွတ်သံ ။

ဒါကို ကောင်မလေး က ထိုသို့ မမြင် ။ ကား ပေါ် ကနေ သူ ပါ မြောက်ကြွမြောက်ကြွ နှင့် ချွေးတစိုစို အားတကုန်ကုန် အသည်းတယားယား မောပြ ပန်းပြ ဖြစ် နေလေသည် ။

သူ့ ခမျာ ဘယ်သူ့ ကို မှ ဂရု မစိုက်အား ။ သူ့ နံဘေး နား မှာ ချောင်ပိတ် ကြိတ်ပိုးမည့် ဆံရှည် လက်နှစ်လုံး ၊ ပခုံး လက်နှစ်သစ် နှင့် လူ ဖြစ်ချင်နေသော ကျွန်တော့် ကို ရှိသည် ဟု ပင် မထင် ။

“ ဘာကြီးလဲဟ အင်းဟာ ”

ဟု ပင် မညှာမတာ တွန်းပယ် ခံနေရ၍ လွန်စွာပင် စိတ်နာ နေမိသည် ။ စိတ် ထဲ ၌ပင်

“ နေနှင့်ဦးပေါ့ ကွာ ၊ ဒီ တစ်ကုန်း ပြီးရင် ကုန်းဆင်း ၊ ဒီကောင် ဘယ်လို နင်းမလဲ ကြည့် သေးတာပေါ့ ” ဟု သာ စိတ် ထဲ တေး မှတ်လိုက်သည် ။

မှန်ပေသည် ။ ကုန်းတက် ပြီးလျှင် ကုန်းဆင်း သို့ ဆင်း ရပေ တော့မည် ။ ဘုခလုများ ချိုင့်ခွက်များ ပေါများသော ကုန်းဆင်း ခပ် စောက်စောက် မို့ ကား ပင်လျှင် သတိထား ဆင်းရသည် ။

ကြည့် လိုက်တော့ ပြိုင်ဘီး နှင့် ငတိ က ကုန်းတက် အပေါ် ထိပ် တည့်တည့် တွင် ကုန်းတက် တက် လာသော ကားကို မထီတရီ ပြုံးရင်း လည်ပြန် ကြည့် နေသေး၏ ။

အောင်မယ် ။ သူ ပြုံး တော့ ဘေးနား ကောင်မလေး ပါ ပြုံး လို့ ။

ကား က ကုန်းထိပ် ကို ရောက်ပြီ ။ တစ်ဖက် ကုန်း ဆင်းရန် ဂီယာ ကို ဖြုတ်အချ ။ ပြိုင်ဘီးပေါ် က ငတိ ၏ မထီတရီ အပြုံး ။ အကျော ပေးသည့် သဘော ။

ကား လဲ ကုန်းပေါ် က ဆင်းသည် နှင့် သူ လဲ လှစ်ခနဲ ကောင်မလေး လဲ ရင်ထဲ လှိုက်ခနဲ ဟန် နှင့် ရင်ဘတ် ဖိ ၏ ။ နောက်

မိတ်ဆွေ ဘုခလုများ ချိုင့်ခွက်များ ပြည့်လျှံနေသော ကုန်း ဆင်း ခပ်မတ်မတ် ကို အပြိုင် ဆင်းလာသော ပြိုင်ဘီး နှင့် ကား ကို မြင် ကြည့်ပေးပါ ။

ကားပေါ် မှ လူများပင် ဒရိုင်ဘာ ထောင့် ( အရှေ့ ) ယိုင်နေသည် ဆိုတော့ ပြိုင်ဘီး ပေါ် ဝပ်နေသော သူ မှာ အနောက် မှ လူများ ကို ဖင် ထောင် ၍ ပြောင် ပြနေသလို မြင်ကွင်းမျိုး ကို မြင် ကြည့်နိုင်၏ ။

လက်ကိုင် က နိမ့်ပြီး ဝပ် နေသမို့ ကုန်းဆင်း တွင် နောက်ဘီး နှင့် သူ့ ဖင်သာ ကွက်ကွက်ကွင်းကွင်း မြင် နေရသည် ။

သည်ကြားထဲ လက်နှစ်သစ်သော ဖင်ထိုင်ခုံ ပေါ် ခါး ကို ပုံ မှန်ထက် ပို၍ အရှိန်ပြင်းပြင်း နှင့် နင်းချ နေ၍ ကျောက်တုံးများ ကို ချိုင့်ခွက်များ အလည် ကိုယ့် ဥ ကို ကိုယ် ဆောင့်ဆောင့်ပြီး ခွဲ နေသလို မျိုး ။

“ သေချာပြီ ၊ ဒီကောင် ဥမကွဲ သိုက်မပျက် ဘဲ အိမ်ပြန် ရောက် ဖို့ လမ်း မမြင် ”

သည်ကြားထဲ ကုန်းဆင်း ကလည်း ရှည် သောကြောင့် အရှိန် ကလဲ များ နေသည် ။ အရှိန် များ သောအခါ ခန္ဓာ ကိုယ် ကို ဝင် တိုးနေသော လေ အရှိန် ကလဲ များ ပြီ ။ ဤအခြေ ၌ လမ်း ကျွမ်းသူကား ဆရာ ပင် ချိုင့်ထဲ မကျအောင် သတိထား မောင်း နေရချိန် ဝယ် ငတိ က လမ်း ကို မကြည့် ။ ကားပေါ် က ကောင်မလေး ကို ပြုံးပြုံးကြီး လှမ်း ကြည့်ပြီး ဆင်း ချသွားသည် မို့ ။

အောက် က , လေနီရိုင်း က ပင့် အဆော် ။ လုံချည်တော် က မျက်နှာ ပေါ် အဟပ် ။

“ ဟိုက် ”

အာမေဋိတ်သံ ကျယ်ကျယ် ။ ပြိုင်ဘီး ငတိ က မျက်နှာ ပေါ် ကျသော ပုဆိုး ကို ကမန်းကတန်း ပြန် အဖိ လက် ဆ က များ ပြီး လုံချည် က ဖလွတ် ခနဲ ကျွတ် သွားရာ

“ ဟယ် လုပ်ပါဦး ”

အလန့်တကြား နှင့် ဝပ်နေရာမှ ကျွတ်သောလုံချည် ကို လက် လွှတ် အဆွဲ

“ ဟယ် သွားပြီ ”

ထင်မှတ် မထားသော ချိုင့်ကြီး တစ်ခု ။ အရှိန် များ နေသည်မို့ ကျွတ် နေသော လုံချည် လွှတ် ၍ ဘရိတ် လှမ်း ဆွဲသေးသည် ။ သို့သော် မမီတော့ ။

“ ဒုန်း ”

“ အား ”

အစ ကတည်း က ထိုင်ခုံလက်နှစ်သစ်ပေါ် ဝပ် ထိုင်နေရသော ငတိ ။ ပြိုင်ဘီး ရှေ့ဘီး အဆောင့် မှာ လေ ထဲ မြောက်ခနဲ ။

လေ ထဲ မှာ စက်ဘီး နင်းနေသည့် ပုံအတိုင်း ကွေးကွေးကြီး နှင့် ပြုံးပြုံးကြီး ။ စက်ဘီး နှင့် လုံချည် ဟို နေရာမှာ ပင် လဲကျ ကျန်ခဲ့ပြီ ။

အရှိန် မည်မျှ ပြင်း သည်မသိ ။ ငတိ က အတော်ဝေးဝေး ထိ ကားဘေး ကပ် ပါလာသေး၏ ။ သူ့ ခမျာလဲ ရလို ရညား လက် နှစ်ဖက် ဘေး ထုတ်၍ ကွေးကွေးကြီး ပျံ ကြည့်သေး၏ ။ သူ့ ကိုယ် သူ ငှက်ထင် သွားပုံ လဲ ရ၏ ။ သို့သော် မရတော့ ။

“ ဒုန်း ”

“ ဂွမ်း ”

“ ဟာ ”

လမ်းဘေး ရေစပ်စပ် ဗွက်အိုင် သို့ ခေါင်းကြီး ရှေ့ စိုက် ၍ ဖင် တုံး နှစ်တုံးကြီး ပြောင် ၍ သတိမေ့ ငြိမ်သက် နေလေတော့သည် ။

“ ဟဲ့ ဘာ ဖြစ်တာလဲ ၊ ဘာ ဖြစ်တာလဲ ”

မိတ်ဆွေ ။

မိတ်ဆွေတို့၏ ကျက်သရေမင်္ဂလာအပေါင်း နှင့် ပြည့်စုံသော နေ့ တစ်နေ့ ပဲ ဆိုပါတော့ ။ ထိုနေ့မျိုး၌ မိတ်ဆွေ တို့ ၏ အရှေ့တည့်တည့် ခပ်ပြင်းပြင်း နေရောင်ခြည် အောက်မှာ အမာရွတ်များ ပြည့်နှက်နေ သော မှို တက်နေသော အကွက်ကြီးများ နှင့် ဖင်တုံးကြီး နှစ်လုံး ကို ပြောင်ပြောင်ကြီး ကုန်း ပြနေသော အင်္ကျီပန်းရောင် ပိန်ချောင်ချောင် ကောင် တစ်ကောင် ရှိနေမည် ဆိုပါက မည်သို့ ခံစားရမည်နည်း ။

ကိုယ်ချင်း မစာ၍ ပြောနေခြင်း မဟုတ် ။ လောကကြီး ၌ မထင် မှတ်သည် များ ဖြစ်တတ်ကြောင်း ကို ကြိုတွေး ကြိုတွက် ကြရပေမည် ။

ခါးဝတ်ပုဆိုး ဆိုသည် မှာ အကျင့်သီလ လို မဟုတ် ၊ အချိန်မရွေး ကျွတ်တတ် ၊ ချွတ်တတ် သည် ကို သတိ ပြုသင့်သည် ။

ယခုတော့ ဒါလေးပင် သတိ မထားမိဘဲ ပုဆိုး ကျွတ်ရလောက် အောင် ချစ်ပြသည် ဟု ဆင်ခြေ ပေးလဲ သဘာဝ ကျတော့မည် မဟုတ် ။ မည်သူက မှ လဲ ခွင့်လွှတ်တော့မည် မဟုတ် ။

ပြီးတော့ ကြည့်ပါဦး ။

ကိုယ့် ရှေ့မှာ ကလေးငယ် တစ်ယောက် ရဲ့ ဝကစ်ကစ် ဖင်တုံး လေး ၊ သန့်သန့်ရှင်းရှင်း လှလှပပလေး မြင်နေရလို့ ရှိလျှင်တောင် ချစ်လွန်း ၍ ပြေး နမ်းချင် နမ်း လိုက်ဦးမည် ။

ယခုတော့ ထိုသို့ မဟုတ် ။

မီးကျွမ်း နေသောပေါင်မုန့်အသိုး လို ရှုံ့တွတွ နှစ်တုံး ပေါ် မြီး ညှောင့်ရိုး နေရာမှ စ၍ မှို တက်နေပြီး ဖိထိုင် မိနေသော နေရာ နှစ်ဖက် ၌ လက်မ နှင့် လက်ညှိုး တစ်ဝိုင်းစာ စီ ခန့် မှာ ပို မဲနေသော ဂျွတ်ကွက် နှစ်ကွက် က အကွက် မြေတိုင်း ညှိသလို ရှိနေပြီး ငယ်စဉ်က ချောင်း ထဲ မြောင်း ထဲ ကမြင်း ခဲ့ခြင်းကြောင့် ပေါက်ရောက်ခဲ့ဖူးသော တစ်ခါက ဝဲစို ၊ ယခု ဝဲခြောက်များ လဲ စပါးခင်းထဲ ရောက်ရာပေါက်ရာ ပျိုးကြဲ ချထား သလို ဟို တစ်စ ဒီ တစ်စ ရှုံ့တွနေ၏ ။ ထို့အပြင် ပတ်ဝန်းကျင် မကျေနပ် ၍ ဖင်လှန် နှက်ခဲ့သော အမှတ်တရ အနာရွတ်ဟောင်းများ သည်ကြား ထဲ ခါချဉ်ရန် ၊ ပုရွက်ဆိတ်ရန် နှင့် အခြား ယားယံစေသော ပိုးမွှားရန် များ ကို ကုတ်ချေရင်း ဖြစ်ပေါ်လာသော အဖုအပိန့် အသစ်စက်စက် များ ။ လူ လစ် လျှင် ဖင် အမြဲ ကုတ် နေရသော လူစားများ ၌ သာ ရှိတတ် သော ကြာဆူး သဏ္ဌာန် မှိုပွင့်စိုများ နှင့် အခြား မမြင်သင့် မမြင်အပ် သော တဟီရ အနာစိ အနာစက်များ ။

ထို အားလုံး ၏အလည်ခေါင်တည့်တည့် ၌ အနှစ်မရှိသော တော ၌ ကြက်ဆူပင် မင်းမူ သလို ခပ်တည်တည် မင်းမူနေသော ရှစ်ခေါက်ချိုး ဒြွာရ ။

ကဲ မိတ်ဆွေ ။ ဘယ်မှာလဲ ကျက်သရေ ။ ကျွန်တော် ပင် မဟုတ် ။ အခြား လူ ကပါ ကျက်သရေချို့တဲ့ ရှာပြီး

“ ဟယ် ဟိုသူငယ်လေး ဖင် က ဘယ်လိုကြီးတုန်း ”

ကား ပေါ် မှ အဒေါ်ကြီး တစ်ယောက် က ထ အော်သည် ။ ဒါ ကို အခွင့်ရပြီမို့ ကျွန်တော် လဲ ဝမ်းသာအားရ ပင်

“ ဟားဟား အဲဒါ ဖဲသမား ဖင် ၊ ဖဲသမား ဖင် ဟားဟား ”

အားလုံး ကျွန်တော့် ရဲ့ အသံကျယ်ကျယ် ကြောင့် ဝေ့ ကြည့် ကြသည် ။ ဒါကို တစ်ယောက် က မျက်မှောင် ကြုတ်ရင်း

“ ဘာကို ကြည့်ပြောတာတုန်း မောင်ရင် ရဲ့ ”

“ ဟော ဟို ဖင် နှစ်ဖက် မဲမဲ အလည်မှာ မှို တက် နေသလို ၊ လက်မ နဲ့ လက်ညှိုးဝိုင်းသလောက် အကွက်ကြီး တွေ့လား ၊ အဲဒီ အကွက်ကြီး က တစ်နေကုန် တစ်နေခမ်း မထတန်း ဖဲ ရိုက်နေတဲ့ လူတွေ မှာ ဖြစ်တတ်တဲ့ အကွက်မျိုး ၊ အကွက် ကလဲ တညီတညာတည်း ဆို တော့ သေချာပါတယ် ၊ ဒီကောင် ဖဲသမား ”

ကျွန်တော် ရှင်း ပြလိုက်သည် ။ ဟိုကောင်မ ကတော့ မျက်နှာ အပျက်ပျက် အယွင်းယွင်း ။ ကား ကလဲ ရပ် ထားသည်မို့ စိတ်ရှည်လက် ရှည် ရှင်းပြလို့ ရ၏ ။

“ ဟဲ့ အဲလို မဟုတ်ဘဲ တစ်နေကုန် တစ်နေခမ်း လက်ဖက်ရည်ဆိုင် ထိုင်ပြီး ဟောင်ဖွာဟောင်ဖွာ လုပ်နေသူ လဲ ဖြစ်နိုင်တာပဲ ”

အဒေါ်ကြီး တစ်ယောက် ၏ အမေး ။ ကျွန်တော် ပြုံး လိုက်သည် ။

“ အဲဒါမျိုးက ဖင်ချည်း ကြည့်လို့မရဘူး ၊ ခြေမျက်စိ နဲ့ပါ တွဲ ကြည့်ရတယ် ၊ လက်ဖက်ရည်ဆိုင် ထိုင် ဟောင်ဖွာဟောင်ဖွာ နေ သူ တွေ ဟာ ခုံပေါ် ထိုင် ရတဲ့အတွက် ဖင် က လွဲပြီး ကျန်တဲ့နေရာ မမဲ ပါ ဘူး ၊ ဒီ ဖင် ပိုင်ရှင် ရဲ့ ခြေမျက်စိ ဟာ လဲ မဲပြီး ဂျွတ် တက်နေတာ တွဲ ကြည့် ရင် ဖျာကြမ်း ပေါ် တင်ပလ္လင်ချိတ် ပြီး မထ တမ်း ဖဲကစား နေတယ် ဆိုတာ သိသာပါတယ် ”

ကျွန်တော့် ရှင်းပြစကား ကို ရပ်နေသော အဒေါ်ကြီး တစ်ယောက် က

“ ဟယ် ဖင်ခဏာဆရာ နဲ့ တွေ့ နေပြီ ၊ ဒါဆို အဒေါ့် ဖင် လဲ ဘယ်လို ဖင်မျိုးလဲ ၊ ကြည့် ပေးပါလား ”

ဆိုကာ ထဘီ လာ မနေ၍

“ အို နေစမ်းပါဦးဗျ ၊ အစားအသောက်ပျက်တယ် ” ဟု တား ရသေး၏ ။ ဒါကို စပယ်ယာ က ပါ စိတ်ဝင်စားပြီး

“ ဒါနဲ့ နေပါဦး ကိုယ့် ဆရာ ဒါဟာ စက်ဘီး နင်း ထားလို့ရော မဖြစ်နိုင်ဘူးလား ၊ ပြိုင်ဘီး ဆိုတော့လေ ”

ကျွန်တော် ပြုံးရင်း

“ မဖြစ်နိုင်ဘူး ”

“ ဘာလို့ ”

“ ပြိုင်ဘီး ရဲ့ ဖင်ထိုင်ခုံ ဟာ သေး ပါတယ် ၊ ရှည် ပါတယ် ၊ ဒါ ကြောင့် ပြိုင်ဘီး ရဲ့ ဖင်ထိုင်ခုံ ကြောင့် ဆိုရင် အသေအချာ ကြည့်ပါ ၊ အဲဒီ အဝိုင်း မဟုတ်ဘဲ အတွင်းဖက် မှာ အမြောင်းရှည် နှစ်ကြောင်း ရှိ ပါလိမ့်မယ် ”

မရွံမရှာ စပယ်ယာ က ဆင်း ကြည့်သည် ။ ပြီးနောက် လက်မ ထောင်ရင်း

“ အိုင်ဆေး ကွက်တိ ပဲ ”

သူ့ စကား ကြောင့် ကျွန်တော့် ကို ယုံကြည်မှု ပို များလာ၏ ။ ဒရိုင်ဘာ ပင် ခရီး မဆက်တော့ ။

“ ဒါဖြင့် ဒီလို မြင်ရုံနဲ့ လူတွေ ကို ခန့်မှန်းလို့ ရလား ”

ကျွန်တော် အားတက်သွား၏ ။

“ ရပါတယ် ၊ ဖင် ကို အပိုင်းကြီး ခွဲလိုက်ရင် အပိုင်းကြီး ( ၉ ) ပိုင်း ထွက် လာပါတယ် ၊ အဲဒါတွေ ကတော့ ကလေးဖင် ၊ ဈေးဖင် ၊ စာရေးဖင် ၊ စကေးခင် ၊ ပွေးဖင် ၊ ဂေး ( လ် ) ဖင် ၊ ဆေးဖင် ၊ ဂျေးဖင် နဲ့ ဒလေးဖင် တို့ပါပဲ ”

အားလုံး လက်ချိုးပြီး လိုက် တွက်ကြသည် ။ နောက်မှ တစ်ယောက် က

“ ကလေးဖင် ကတော့ ထား ပါတော့ ၊ ဈေးဖင် ဆိုတာ က ”

“ ဈေးဖင် ဆိုတာက အခြေခံလူတန်းစားများ ရဲ့ ဖင်မျိုး ပါ မဲချင် မဲမယ် ၊ အနာစို အနာစက် ရှိချင် ရှိမယ် ၊ ဒါပေမယ့် မဟုတ်တာ မလုပ်တဲ့ အတွက် သူ့ ဘာသာ သူ ကြည့် ကောင်းပါတယ် ၊ အဲ စာရေးဖင် လဲ ထိုနည်းလည်းကောင်း ပါ ပဲ ။ ဒါပေမယ့် သူ က ပို အထိုင် များတော့ အကွက် ပို ကြီးပါတယ် ”

“ စကေးဖင် ကရော ”

“ ဒါကတော့ မင်းသမီးတွေ ရဲ့ ဖင် မျိုးပါ ၊ သူတို့ က စကေး နဲ့ လိုးရှင်း တွေ လိမ်းပြီး ပြောင် တင်းအောင် လုပ် ထားကြတာပါ ၊ အသေ အချာ မလေ့လာရင် ကလေးဖင် နဲ့ မှား တတ်ပါတယ် ”

“ ဂျေးဖင် ကရော ”

“ ဒါကတော့ ထောင်ထွက်တွေ ရဲ့ ဖင် မျိုးပါ ။ ဂျေး အောင်းပြီး ထောင် ထဲ က ဝဲစိုဝဲစက်တွေ ကူးလာတဲ့ ဖင်မျိုးပါ ၊ တိုင်းရင်းသားတွေ မှာ ဖြစ်တတ်တဲ့ ပွေးဖင် နဲ့ လဲ မတူပြန်ပါဘူး ၊ သူ က ပိုပြီး အကြည့်ရ ဆိုး ပါတယ် ၊ အခု မြင် နေရတာကတော့ ကမ္ဘာ မှာ ရုပ် အဆိုးဆုံး ဒလေးဖင် မျိုးပါ ၊ အရာရာ ကို ဒလေး ဖြစ် နေသလို အကြိမ်ကြိမ် ပြုထားတဲ့ ဖင် မျိုးပါ ၊ ဥပမာ ဆိုရရင် ဝဲ ဖြစ်ပြီ ဆိုရင်တောင် အကြိမ်ကြိမ် ပြန် ပေါက် ပြီး တစ်သက်လုံး ကု မရတဲ့ ဖင် မျိုးပါ ၊ ကြည့်ရ ကျက်သရေ အတုံးဆုံး ဖင် မျိုးပါ ၊ သူ က ဆေးဖင် လို ဆေး ထည့်တိုင်းလဲ မပျောက်ပါဘူး ၊ ရှိ ရင်းစွဲ သည် ထာဝရ ။ တိုးတက်ဖို့ သာ ရှိရတဲ့ ဖင်မျိုး ပါပဲ ။

ကျွန်တော့် ၏ ရှည်လျားစွာ ရှင်းပြခြင်း ကို ကားတစ်စီးလုံး က

“ တော်ပါပေတယ် ”

ဆိုကာ ခေါင်းတညိတ်ညိတ် နှင့် ထောက်ခံ ကြသည် ။ ဖြူဖြူအောင် ကတော့ ခေါင်းပင် မထောင်တော့ ။

သိပ် မကြာပါ ။ ဗွက်အိုင် ထဲ ခေါင်းနစ်နေသော ငတိ အူလည် လည် နှင့် ပြန် ထ လာသည် ။ နောက် ရှက်လွန်းလို့ ထင့် သူ့ မျက်နှာ သူ ဗွက် နှင့် သုတ်၍ ပြုတ်ကျ ကျန်ရစ်ခဲ့သော ပြိုင်ဘီး ထံ လက်ကလေး အုပ် ၍ ပြန် ပြေးသည် ။

သူ့ လုံချည် ကတော့ လဲ ကျနေသော ပြိုင်ဘီး လက်ကိုင် ပေါ် အလံ လွှင့်သလို လွှင့်လို့ ။

“ ဆွဲ ဆရာရေ ၊ ဒီနေ့တော့ ဗဟုသုတ အပြည့်နဲ့ ခရီး ဆက် ရမှာ ”

စပယ်ယာ အော်သံ ။ ကား က ဝူးခနဲ မောင်း ထွက်သွား၏ ။

စိတ် ထဲ လွတ်လပ်ပေါ့ပါး သွား၏ ။

ဖြူဖြူအောင် မှာ ကျွန်တော့် ကို မကြည့်တော့ ။ ဘယ်မှလဲ မကြည့်တော့ ။ ကျွန်တော် လဲ သူ့ကို မကြည့်တော့ ။ ကြည့်လဲ မကြည့် ချင်တော့ ။ ဒီလို ကောင်မျိုး ကို ကြိတ် အသည်းယားသည် ဆိုသော သူမ ကို အထင်လဲ ကြီး၍ မရတော့ ။ စဉ်းစား ကြည့်လေ ။ ဒီလို ကောင်မျိုး နဲ့ ကတော့ ပြိုင် လိုက်ချင်သေး ။

••••• ••••• ••••• •••••

ဤအကြောင်း ကို သိ သွားသော ချက်ဖောင်း က အိမ်ရှေ့ ၌ နောက်တစ်နေ့ ဆိုင်းဘုတ် တင်သည် ။

အမိ ဝမ်းတွင်း ပါ ဖင်ခဏာ ဆရာကြီး ကိုကြည်

မိတ်ဆွေတို့ ၏ တင်ပါး ကို လှပ်ကြည့်လိုက်ရုံ နှင့် သင် ဘယ်လို လူမျိုး ဖြစ်သည် ။ သင် ဘာကို ကြိုက်နှစ်သက်သည် ။ သင် ဘာ အလုပ် လုပ်သည် ဆိုသည် က အစ ဒက်ထိ ဟောပြောနိုင်သူ ဖြစ်သည် ။

သင့် ချစ်သူ က ဘယ်လို လူစားမျိုး ဆိုသည် ကို သိချင်သလား ။ လုံချည် အလှပ် မှာပင် တပ်အပ်မုချ ပြောနိုင်သည် ။

အမျိုးသမီး အခမဲ့ ။

••••• ••••• ••••• •••••

ထိုနေ့မှ စ၍ သူတို့ ဈေးဆိုင်ဖက် ခြေဦး မလှည့်တော့ ။ သူမ နှင့် လမ်း မှာ တစ်ခါ ဆုံတော့ ပြုံးတုံ့တုံ့ လုပ်ပြီး

“ ဘယ်သွားမှာလဲ ”

ဆိုပြီး မေးရှာပါသည် ။ ပြန် မဖြေတော့ ။ လောက ၌ ကျက်သရေ အကင်းမဲ့ဆုံး ဖင် ပိုင်ရှင် ကို မှ အသည်းယား ပြသော သူမ ကို ဘယ်လို မှ အထင် ကြီး ၍ မရတော့ ။

သူ နှုတ်ဆက်တာ ကလဲ အကြောင်း ရှိနိုင်သည် ။

ဤမျှလောက် အကဲ့ရဲ့ ဆိုး သော သူ ။ သူ ၏ ဖင် လဲ မည်သို့ ရှိ သည် ကို စူးစမ်း လို၍လည်း ဖြစ် နိုင်ပါသည် ။ ကျွန်တော် ဂရုမစိုက်တော့ ။ ဟိုကောင် နှင့် စာလျှင် နွားချေးရေဖျော် နှင့် ထုံးအိုး လို ကွာ ခြား နေပေလိမ့်မည် ။

ဤမျှလောက် အဆင့်အတန်း ကွာခြားလှပေမည် ။ လောက ၌ ငွေချည်း အဓိက မဟုတ် ။ ပြိုင်ဘီး လဲ အဓိက မဟုတ် ။ ထိုအရာများ အဆင့်အတန်း ကွာခြားလှလျှင် လဲ ပေါင်းဖက်ရန် မလွယ် ။

လူတစ်ယောက် ၏ အတွင်းစိတ် ကို အစ်အောက် မေးကြည့်၍ သိ ရနိုင်သည် ။ ဘယ်လိုမှ အစ်အောက် ၍ မရနိုင်သော ( မမြင်နိုင်သော ) မမြင်နိုင်ဘဲ အိမ်ထောင် ပြု မိလို့ကတော့ တစ်သက်လုံး ထိုင် ရွံနေပေရော့ ။

တချို့ကလဲ မျက်နှာ ပေါ် မှ သနပ်ခါး ပါးနီ ကို သာ ကြည့် ကြ ၏ ။ ကျွန်တော် ကား ထိုသို့ လူစား မဟုတ် ။ ငွေ ဘယ်လောက် ရှိရှိ ထိုသို့ ဖြစ် နေလျှင် အဆင့်အတန်း ကို ခွဲခြား ထားခဲ့ပေသည် ။

ငွေ မရှိသော်ငြား ဤ အရာကား ဇာတ်နိမ့်၏ ။ ဤအရာကား ဇာတ်မြင့်၏ ဟူ၍ တစ်သက်လုံး နောင်တ ရနေရမည့် အရာ ဟူ၍ လည်းကောင်း ၊ အလွယ်တကူ ဆိုရလျှင် အနူဖင် နှင့် လူဖင် နှင့် ဟူ၍ နှစ်ပိုင်း ခွဲခြား လိုက်ပါတော့သည် ။ ( မှတ်ချက် ။ ။အိမ်ထောင် ပြုလျှင် ဂရု ပြုရန် )

ဤကဲ့သို့ အောင်မြင်စွာ ဖြင့် တပ် လန်ခဲ့ပြီးသကာလ နောက် တစ်ခွင် ကို ထပ်မံ ဆင် ရပြန်သည် ။

“ အမှန်တော့ ကိုကြည် တက္ကနစ် မှား တာဗျ ”

သန်းဇော် က ဆို၏ ။ ဘာမဆိုင် ညာမဆိုင် စကားကြောင့် ကျွန်တော် မျက်မှောင် ကြုတ်မိရင်း

“ ဘာပြောတာလဲ ကွ ”

သန်းဇော် က ပုံ ရေးလက်စ ခဲတံ ကို ဘေး ချပြီး

“ အခုခေတ် က ကောင်မလေး တစ်ယောက် ကို ရဖို့ ကို အဲဒီလို ဘတ်စ်ကား တစ်တန် ၊ ကုန်းကြောင်း တစ်တန် လိုက် နေစရာ မလိုတော့ဘူး ”

“ ဘယ်လို ”

သူ့ စကား ကြောင့် ကျွန်တော် မျက်လုံး ပြူးသွား၏ ။ ဒါကို သန်းဇော် က သူ့ မေးမွေး ကို သူ ပြန် ဆွဲ ရင်း

“ ဟုတ်တယ် ၊ အချိန်ကုန် ခံပြီး ကောင်မလေး နောက် ကို လိုက် ၊ ပြီးရင် ပါးချ ခံရမှာလား ၊ ပြန် ကြိုက်မှာလား ၊ ငါးဆယ် ငါးဆယ် မျှော် လင့်ချက် နဲ့ တစ်နှစ်လောက် စောင့် ၊ ပြီးမှ အဖြေ ရ ။ အဲ အဖြေ ရတော့ လဲ ထဘီ အလှပ် မှာ လေဖြတ် လို့ ရတဲ့ သူမျိုး ဖြစ်နေ ၊ ကျွတ် စိတ်ညစ် စရာ ကောင်းတယ် ”

သန်းဇော် က သူ့ ဘာသာ သူ ပြောပြီး ခေါင်း ခါသည် ။ ကျွန်တော် က သာ သိချင်စိတ် နှင့်

“ ဒါဖြင့် ဘယ်လို လုပ် ရမှာလဲ ဟင် ”

သန်းဇော် က တစ်ချက် ပြန်ကြည့်ပြီး

“ ကာရာအိုကေ သွား ”

သူ့ စကား ကြောင့် ကျွန်တော် မျက်လုံး ပြူး သွားရ၏ ။

“ ဟင် ကာရာအိုကေ သွား ၊ ဟုတ်လား ၊ ကာရာအိုကေ ဆိုတာ လွယ်တာ မှတ်လို့ ၊ တချို့ဆို ကာရာအိုကေ က ကောင်မလေး တွေ ပန်းကုံး စွပ်ရင်း မွဲ သွားတဲ့ သူတွေ မနည်းဘူးနော် ”

“ ဟဲ ဟဲ ဟဲ ”

သန်းဇော် က ခပ်ဟဟ ရယ်သည် ။

“ အခုက အဲဒီ ကာရာအိုကေ ပြောတာ မဟုတ်ဘူး ”

“ ဘယ်လို ”

“ အခုခေတ် မှာ အဲဒါမျိုး ကို စင်တင်ကာရာအိုကေ ခေါ်တယ် ။ အဲဒီ စင်တင် က ပန်းကုံး ချ ရ ၊ စကား ပြောရ နဲ့ အချိန်ကုန် ငွေကုန် များ တယ် ၊ ကျွန်တော် ပြောတာက အခန်းတွင်း ကာရာအိုကေ ”

“ ဟေ အဲလိုလား ”

ကာရာအိုကေ ခေတ်ကြီး ပြောင်း တာတောင် မသိလိုက် ။ ဟိုး အရင်ကတော့ အရက်ဆိုင် ဆိုတာ အရက် ချည်း သီးသန့်ရောင်းကြ တာပါ ။ နောက်တော့ တစ်ခေတ် ဆန်းပြီး အမျိုးသမီးစားပွဲထိုး ။ ထိုမှ တစ်ဆင့် ထို စားပွဲထိုးများ နှင့် သီချင်း ဆိုကြရင်း စင်တင်ကာရာအို ကေ ။ ယခုတော့ တစ်ဆင့် ထက် တစ်ဆင့် မြင့်သထက် မြင့်ပြီး အခန်း တွင်း ကာရာအိုကေ တဲ့ ။

“ ဘယ်လို ဘယ်လို ဂလု ရမှာလဲ ဟင် ”

သိချင်စိတ် က တံတွေး ပင် မြို မကျ ။

“ လွယ်ပါတယ် ၊ ဆိုင်ထဲ ဝင်သွား ၊ အခန်း တစ်ခန်း ယူလိုက် ”

“ အခန်းခ က ”

“ တစ်နာရီ နှစ်ထောင့်ငါးရာ ”

“ နှစ်ထောင့်ငါးရာ တောင် ”

ပိုက်ဆံ မရှိ သူ မို့ ထို ငွေပမာဏ က မျက်လုံး ပြူးစရာ ။

“ အဲဒါ အနည်းဆုံး ”

“ ကဲ ထားပါတော့ ၊ နှစ်ထောင့်ငါးရာ ပေးပြီး ရင် ”

“ ကောင်မလေး တွေ ခေါ်လိုက် ၊ သူတို့ ဘာသာ သူတို့ လာ လိမ့် မယ် ၊ အဲဒီထဲ က မှ စိတ်ကြိုက် ရွေး ”

“ ရွေးပြီး ရင် ”

“ သီချင်း ဆို ချင် ဆို ၊ မဆို ချင်လဲ စိတ်ကြိုက် စည်းရုံး ”

“ ဟုတ်ရဲ့ လား ”

“ ချက်ဖောင်း တောင် တစ်ယောက် ကြည်နေပြီ ”

မီးဖိုချောင် မှာ မီး မှုတ် နေသော ချက်ဖောင်း ပင် ကော်လံ ထောင် ပြ၏ ။

“ ပြီးရင် မုန့်ဖိုး ငါးရာ တစ်ထောင် လောက် ကြည့်ကျက်ပေး လိုက်ပေါ့ဗျာ ၊ အဆင် ပြေရင် ဆက် လုပ် ၊ အဆင် မပြေရင် နောက် တစ်ယောက် ပြောင်း ၊ ငတွတ် တောင် သုံးယောက် ရှိပြီ ”

“ ဟယ် ”

ဘာကြောင့် ကိုယ် တစ်ယောက် တည်း ခေတ်နောက် ကျန် ခဲ့ မှန်း မသိ ။

“ ဟူး ဒါမျိုး က ကျန်းမာရေး ကောင်းတုန်းလေး လုပ် ထားရ တာ ၊ လွယ်တာ မဟုတ်ဘူး ၊ ဟူးဟူး ”

ငတွတ် ၏ သရော်တော်တော် အသံ ။ အောင်မာ ။ ရေ မချိုး တဲ့ ရွာသား က ဒီ အသံ ထွက် လို့ ဒီကောင် တောင် သုံးယောက် ပြောင်း ပြီ ဆိုတော့ ကိုယ် ကရော ဘာမို့လဲ ၊ တစ်ယောက် မဟုတ် တစ်ယောက် တော့ ရအောင် လုပ်ရမှာပေါ့ ။ ဟုတ်ဘူးလား ။ ထို့ကြောင့် အားတက်ပြီး

“ အေး ဒါဖြင့် ပိုက်ဆံ စုမယ် ။ ပြီးရင် ကာရာအိုကေ သွားမယ် ”

ကျွန်တော့် ၏ ဆုံးဖြတ်ချက် ။ ဒါကို ငတွတ် က

“ နေဦးဗျ ၊ ခင်ဗျား ဒီပုံ အတိုင်း သွားရင် ဘယ် ကောင်မလေး မှ အနား ကပ် ခံ မှာ မဟုတ်ဘူး ”

“ ဘာလို့ ”

“ ကောင်မလေးတွေ က ဂေါ်မယ်ပွေမယ် ဆိုတဲ့ ပုံမျိုး မှ အထင် ကြီးတာ ”

“ ဒါ ဒါဆို ”

“ ခင်ဗျား မျက်နှာ ဖရိုဖရဲကြီး နဲ့ တော့ မဖြစ်ပါဘူးဗျာ ၊ အဲ ဒါပေမယ့် သန်းဇော် လို နားတွေ ဘာတွေ ဖောက် လိုက် ရင်တော့ ရုပ် တက် လာမယ် ၊ ဟိုလေ ၊ ရွှေနားကပ် အတုတွေ ဘာတွေ တပ် လိုက်ရင် ပေါ့ ”

ကျွန်တော် သန်းဇော် ကို ပြန် ကြည့်မိသည် ။ မှန်ပေသည် ။ ဒီ သန်းဇော် ဆိုသည့် ကောင် က ကျွန်တော့် လို ဆံပင်ရှည်ရှည် နှင့် ရုပ် က ဂဠုန် နှင့် မြွေပါ စပ် ကျထားသည့် ရုပ်မျိုး ။ တစ်နေကုန် သွားကြားထိုး တံ တစ်ချောင်း နှင့် တစိမ့်စိမ့် ကြည့်ပြီး ထောက် လျှင် တောင် သွားကြား ထိုးတံ တစ်ထောက် စာ ချစ်စမွေး မရှိ ။ သို့သော် နား ပေါက် ဖောက်ပြီး ကော်နားကပ် အနီကြီး တပ်ထားသည် ဆိုတော့ ဂေါ် ရှာသည် ။

“ မင်းတို့ ထက် ဂေါ်လို့ ကော်နားကပ် တပ်ထားတာ ”

ဆိုသည့် ရုပ်မျိုး ။ ဒါလေး တယမ်းယမ်း နှင့် ဆိုတော့ မျက်နှာ ကြီး ဖရိန် စောင်း နေတာ ၊ ဂဠုန် လို သွားတွေ တစ်ပြုံတစ်မ ထွက် နေတာ ၊ မြွေပါ လို မျက်ခုံး ကြီးပြီး အောက် စိုက်နေတာ ၊ နှုတ်ခမ်းဝ မှာ အမွေးတို့ ထိုးထိုးထောင်ထောင် ထွက် နေတာ ၊ စသည့် စသည့် ပြစ်ချက်ပေါင်း ရာချီ တို့ က ကော်နားကပ် အနီ အောက် ပျောက် သွား သယောင် ။ သူ့ ကို ကြည့်၍ ကျွန်တော် လဲ အားတက်ပြီး

“ အေး ငါ လဲ နား ဖောက် ချင်တယ် ကွာ ၊ သန်းဇော် မင်း နား ဖောက်တာ ဘယ်လောက် ပေးရလဲ ”

သန်းဇော် က သူ့ နား သူ ပြန် စမ်းရင်း

“ ဒါ က ဗြူတီစလွန်း မှာ ဖောက် ထားတာ ၊ တစ်ပေါက် နှစ် ထောင့်ငါးရာ လား ပဲ ”

တစ်ဆက်ရှင်ကြေး ပင် ။ ထိုမျှလောက် များသော ငွေကြေး ကို မပေးနိုင် ။ ဘယ်လို လုပ်ရမှန်းလဲ မသိ ။ ထို့ကြောင့်

“ အေး နား တစ်ပေါက် က ကာရာအိုကေ တစ်ဆက်ရှင်ကြေး ဖြစ် နေပြီ ၊ အဲဒီလောက်တော့ မတတ်နိုင်ဘူးကွာ ၊ ဘယ်လို လုပ်ရမလဲ ”

“ ကျုပ် ဖောက်ပေးမယ် ”

ချက်ဖောင်း စကား ။

ကျွန်တော် လဲ လှည့်ကြည့်ပြီး

“ မင်း မင်း ဖောက်တတ်လို့လား ”

“ ဒီလိုပဲ ရမ်းသမ်း ဖောက်ရတာပေါ့ ၊ ဘာ ခက်တာ မှတ်လို့ အပ် နဲ့ ထိုး ထည့် လိုက်ရင် ပေါက်ပြီ ပဲ ”

ဟုတ်သား ။ သူ ပြောတော့ အလွယ်လေး ။ နားရွက်ကလေး ကို ကိုင် ၊ အပ်ကလေး နဲ့ စွပ် ဆို ဖောက်လိုက် ပေါက်ပြီပဲ ။

“ အေး လွယ်တော့ အလွယ်သား ၊ ဒါနဲ့ အပ် က ”

“ အိမ် မှာ ဖိနပ် ချုပ်တဲ့ အပ် ရှိတာပဲ ၊ အဲဒါနဲ့ပဲ ကစ် လိုက်ရအောင် ”

ချက်ဖောင်း က မီးဖိုဘေး ဆောင့်ကြောင့် ထိုင်ရင်း ပြောသည် ။

“ ဟင် အဲလိုလား ၊ ငါ ငါ အပ် သွားဝယ် ”

“ မဝယ် နဲ့ အဲဒီ အပ်တွေ က သေးတယ် ၊ ဖောက်ပြီး လဲ အပ် ချည်ကြိုး လောက် ထိုး ရမှာ ၊ ဖိနပ်ချုပ် အပ် က မှ အနေတော် ၊ တစ်ခါ တည်း နားကပ် က စွပ် ထည့်ရုံပဲ ”

“ သိပ်တော့ မသတီဘူး ကွ နော် ”

“ ဪ ဒါက ဖိနပ် တစ်မျိုးတည်း ချုပ်တာပဲ ၊ သန့်ပါတယ် ”

“ အေး အေး သန့်ရင်ဖြင့် လုပ်ကွာ ”

ကိုယ် ကလဲ ဂေါ်ချင် ပွေချင် နေသူမို့ လက်ခံ လိုက်သည် ။ အမှန်တော့ အိမ် မှာ က ဖိနပ် ပြတ်သွားလျှင် ၊ ဒါမှမဟုတ် ပြတ်ခါနီး မှန်း သိလျှင် ဖိနပ် အသစ် ဝယ် မစီးနိုင်၍ ဖိနပ်ချုပ် အပ် ထား ရခြင်းဖြစ်၏ ။ ယခုတော့ ထို ဖိနပ်ချုပ်အပ် က အဆင့် တက်၍ နားထွင်းအပ် ဖြစ်ပြီ ။

ချက်ဖောင်း က ဖိနပ်အစုတ်ပုံ ကြား ထဲ ပစ် ထည့်ထားသော ဖိနပ်ချုပ် အပ် ကို ရှာသည် ။

“ ဟော ဒီမှာ တွေ့ပြီ ”

အပ်ကြီး က အတုတ်ကြီး အဝတ်ချုပ် အပ် လို သေးသေးသွယ် သွယ် မဟုတ် ။ ဖိနပ်သားရေ ကို ဖိပြီး ပေါက်အောင် ဖောက်ရသည်မို့ အပ် ကား ကြီး၏ ။

“ မီး မီးလေး ဘာလေး ကင် ဦးလေ ဟာ ၊ ပိုး သေအောင် ”

တကယ်ပဲ အပ် ကို မီးဖို ထဲ ပစ် ထည့်လိုက်သည် ။ တစ်ခါတည်း ဖုတ်ပြီးသား ။ ဤ အပ် မှ ပိုး မသေလျှင် ဘယ် အပ် က ပိုး သေမည်နည်း ။

ခဏနေတော့ ချက်ဖောင်း က အပ် ကို တဖူးဖူး မှုတ်ရင်း မီး ညှပ် နှင့် ပြန် ကလော် ထုတ် လာသည် ။

နောက် လက်နှီးစုတ် နှင့် ကိုင်ရင်း

“ ရပြီဗျ ၊ ဖောက်လို့ ရပြီ ၊ ဟီဟိ ”

အရေးထဲ အူ ရွှင်နေသေးသည် ။ ဒါကို ကျွန်တော် က

“ ရှောရှောရှူရှူ ဖြစ်အောင် ဆီ သုတ်ဦး ဟ ”

ချက်ဖောင်း က ကျွန်တော့် ကို ကြည့်ပြီး

“ ခင်ဗျား မျက်နှာ မှာ အဆီ ချည်း ပဲဟာ ၊ မျက်နှာ ပေါ် က အဆီ နဲ့ သုတ် ရင်တောင် ဖြစ် ပါတယ် ”

“ ဟာ မလုပ်ပါနဲ့ ၊ ဟင်းချက်တဲ့ ဆီ နည်းနည်း ယူပါ ”

ဖြစ်ချင်တော့ အိမ် မှာ က ခေါင်း ဖီးတဲ့ သူတောင် ခပ်ရှားရှား မို့ ခေါင်းလိမ်းဆီ တို့ အုန်းဆီ တို့ မရှိ ။ ထို့ကြောင့် ဟင်းချက်ရန် ဟန်ပြ ထားသော နှစ်ကျပ်ခွဲသား ဆီပုလင်း ကို ယူ လိုက်ရသည် ။

ချက်ဖောင်း က နားရွက် ကို ဆီ ဖြင့် ပွတ်သည် ။ အပ် ကလဲ တရွယ်ရွယ် ကျွန်တော် လဲ စိုးရိမ်ပြီး

“ ဟေ့ကောင် ဖြစ်မှလဲ လုပ်ဦးနော် ၊ တော်ကြာ ချော် သွားမှ ဖြင့် ”

ချက်ဖောင်း က ပြုံးပြီး

“ ဖြစ်ပါတယ် ဗျ ရွာ မှာ တိရစ္ဆာန်တွေ ကျွန်တော် ပဲ ဆေး ထိုး လာ တာ ”

ကြားရတာ ကို က အားရစရာ ။

ဆီ ရွှဲ သွားတော့ မှ ချက်ဖောင်း က နားရွက် ကိုင် ပြီး

“ ကဲ ဆော်ထည့် လိုက်တော့မယ် ”

ကျွန်တော် လဲ အားတင်းပြီး မျက်လုံး မှိတ်ကာ

“ ဆော်ကွာ ”

ကျွန်တော့် ခွင့်ပြုချက် ရသည်နှင့် ချက်ဖောင်း က နားရွက် ကို မနာကျင်စေရန် အတွက် ထူပူအောင် ပွတ်ရင်း

“ ကဲ ထိုးပြီ ”

“ စွပ် ”

နားရွက် ကို အပ် ဖြတ်သွားသော အသံ ။ ထို့အတူ

“ အား ”

ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံနက် ။ ကျွန်တော် အော်ခြင်း မဟုတ် ။ မရဲတရဲ မျက်လုံး ဖွင့်ကြည့်တော့

“ အား ”

မျက်လုံးကြီး ပြူး ပြီး တက်မတတ် အော်နေသော ချက်ဖောင်း ။ နားရွက် အဖောက် ခံရသော ကျွန်တော် က မအော်ဘဲ နားရွက် ဖောက် သော သူ က ဘာကြောင့် မှန်း မသိ ။ ထို့ကြောင့်

“ ဟေ့ကောင် မင်း ဘာလို့ သံကုန် ဟစ်အော် နေရတာလဲ ”

ဟု အမေး ကို ချက်ဖောင်း က ကျွန်တော့် နားရွက် အနောက် ဘက် လက်ညှိုး ထိုး ပြရင်း

“ အား ”

ကြည့် လိုက်တော့

“ ဟာ ”

“ အား ”

ဖြစ်ချင်တော့ ချက်ဖောင်း က ကျွန်တော့် နားရွက် ကိုင် ပြီး အပ် နှင့် ထိုး စိုက်လိုက်တော့ အပ် က နားရွက် ကို ထုတ်ချင်း ပေါက် ကာ နားရွက် အနောက် တွင် ခံ ထားသော သူ့ လက်မ ထဲ ဖိနပ်ချုပ် အပ်ကြီး စိုက်ဝင် နေ၍ ဖြစ်သည် ။

“ အား ”

လက်မ ကြား အပ်ဝင် နေ၍ ချက်ဖောင်း မှာ မည်မျှ နာကျင် နေသည် မသိ ။ သံကုန်ခြစ် အော်နေသည် ။ ဒီကြားထဲ အပ် က မီးဖုတ် ထားတာ ဆိုတော့ အငွေ့တွေ ပါ တထောင်းထောင်း နှင့် ညှော်နံ့ပင် သင်းနေ၏ ။

“ လုပ်ကြပါဦး ၊ ပြန် ဆွဲထုတ်ကြပါဦး ၊ အား ”

အားလုံး ပြေး လာပြီး ပြန် ဆွဲထုတ် မှ အပ် က ထွက်သည် ။

ထို ဖိနပ်ချုပ် အပ် ကောင်းမှု နှင့် ကျွန်တော် က နားပေါက် တစ် ပေါက် ၊ ချက်ဖောင်း က လက်မ ၌ ပတ်တီး တစ်ခု ရ သွားလေတော့၏ ။ ဘုရင့်နောင် ကို လဲ ကိုယ်ချင်း စာ မိသွားသည် ။

ညနေစောင်း ကတည်း က မောင်း တင် လိုက်သည်မှာ မှောင် ရိပ်သန်းတော့ အတော်ကလေး ကို ဒေါင်ချာ စိုင်း နေပေပြီ ။ မည်မျှ ဆိုသော် ကိုယ့် ကို ကိုယ် တောင် ကျက်သရေ မရှိလို့ မကြည့်ဖြစ်ခဲ့သော မှန် ပင် ပြန် ကြည့်၍ ကိုယ့် ကို ကိုယ် ပြန် ကြည်ညို ချင်နေပေပြီ ။

မိတ်ဆွေတို့ လဲ သိသည့် အတိုင်း ကျား အချင်းချင်း ဆိုလျှင် ရွံလွန်း၍ မှန်ပင် မကြည့်ခဲ့သော ကျွန်တော် သည် ယခုတော့ မှန် ကြည့် ဖြစ်ပေပြီ ။

အလဲ့ ။ ဆံပင်ရှည်ရှည် ကြား တလက်လက် ဖြစ်နေသော မှန်စီရွှေချ ဖန်စီနားကပ် ကပင် အရောင် ထွက်ပြီး ပါး ပြောင်နေသယောင် ။

ခေတ် ကို က စိန်နားကပ် မလို ဖန်စီ နားကပ် နှင့်ပင် ပါး ပြောင် နေသော ခေတ်ကိုး ပရိသတ် ရဲ့ ။

ညမှောင်မှောင် ၊ အခန်းမှောင်မှောင် မှာ ငတွတ် လို ကောင် က တောင် သုံးကြောင်း ပြောင်း ထားပြီ ဆိုတော့ ကျွန်တော် ကရော ဘာ မို့လဲ ။ ဆံပင်ရှည်ရှည် မှုံတေတေ နဲ့ ပန်းဆိုးတန်း တစ္ဆေ ပဲ ။ အလိုလို တွဲရရွဲ ကျနေသော ဆံပင်အကွဲများ ကြား ဘယ်တော့ မှ အသုံး မတဲ့သော ခွေးသူခိုး မျက်လုံး ကို ဖြဲကား ညှို့လိုက်လျှင် တစ်ယောက် ယောက် တော့ ညှို့ ပါ လာလောက်ရဲ့ ။

“ ဘယ့်နှယ်လဲ အိုကေပြီ လား ကိုကြည် ”

ငမျိုး ၏ အမေး ။ ကျွန်တော် က လက်ကျန် ခွက် ကို မော့ ချလိုက် ပြီး

“ နေရာ ယူဖို့ပဲ လိုတယ် ၊ လူ က အဆင်သင့် ဖြစ်နေပြီ ၊ မောင်း ကတော့ တင် ထားပြီးပြီ ၊ ပစ် နိုင် ပုန်းနိုင် ဖို့ပဲ လိုတော့တယ် ”

“ အဲဒါ ပြောတာ မဟုတ်ဘူး ၊ ပိုက်ဆံ ပြောတာ ပိုက်ဆံ ”

ကျွန်တော် ပြုံးလိုက်သည် ။

“ ဘာမှ မပူနဲ့ ၊ ဖိနပ် ဝယ်ဖို့ စု ထားတာလေးတွေ ရှိတယ် ။ အဲဒါ ကို ဖိနပ် မဝယ်တော့ ဘဲ မိန်းမ ဝယ်ဖို့ပဲ သုံး လိုက်တော့မယ် ၊ ဟီဟိ ”

ကျွန်တော့် စကား ကို ငတိများ သဘော ကျ သွားသည် ။ ဟုတ် ပေသည် ။ ခဏခဏ ပြတ် တတ်သော အပေါစား ဖိနပ် အစား ဖိနပ် အကောင်း တစ်ရန် ဝယ်စီးရန် အတွက် ဒီဇိုင်းလက် တိုအောင် ကပ်ပြီး စုထားသော ငွေယားလေးများ ရှိသည်ပဲ ။ အခုတော့ ဖိနပ် အသစ် ဝယ် မနေတော့ ။ ယခု စီးထားသော ဖိနပ် ကိုပင် ပြတ်ကာ နီး ပါက ခုန နား ထွင်း အပ် ဖြင့် ဂဟေ ပြန် ဆက်လိုက်ရန်သာ ရည်ရွယ် ထားလိုက်တော့ သည် ။ ဖိနပ် က အရေး မကြီး ။ ဟိုဟာ က အရေး ကြီးပေပြီ ။ ငယ်ထိပ် လဲ ဆောင့် နေပေပြီ ။ ယခုအချိန်မျိုး မှာ မရ ပါက ဦးနှောက် ပင် ပေါက်ထွက် ၍ မုန်ယိုသော ဘဝ ရောက် ရပေတော့မည် ။

“ ကဲ အဆင်သင့် ဖြစ်ရင် သွား ကြရအောင် ”

“ လုံချည်တောင် ဖောက်ပြီးသား ”

ချက်ဖောင်း က ထ အော်သည် ။ ဒီ ကောင် ရွာဘုရားပွဲ ကျင့် မပျောက်သေး ။

“ ဒါဖြင့် ချီတက်ရအောင် ”

အားလုံး ယိုင်ထိုးယိုင်ထိုး နှင့် ကာရာအိုကေ ဆီ ချီတက်ကြ တော့၏ ။

လူ ကလဲ အတော် မူးနေပြီ ။ မူး ပေမပေါ့ ။ အပြီး သောက် လာ ကြတာကိုး ။

ဒါကလဲ အကြောင်း ရှိသည် ။ ကာရာအိုကေဆိုင် အတွင်း၌ အရက် ဝယ် သောက်ပါက ဈေးကြီးသည် ဆိုသောကြောင့် အပြင် မှာ ပင် တစ်ဝကြီး သောက် သွားရခြင်း ပင် ဖြစ်၏ ။

••••• ••••• ••••• •••••

ခပ်မှောင်မှောင် ဆိုင်ကြီး ၏ အတွင်းဖက် ဝင်သွားသော အခါ ပို၍ မှောင်သော အခန်းများ ကို တွေ့ရသည် ။ ထို အခန်းများ အထဲ က မှ အမှောင်ဆုံး အခန်း ကို ရွေး ဝင်လိုက်ကြသည် ။

အခန်း က မှောင် ရသည့် ကြားထဲ ချဉ်တူးတူး ရနံ့များ ကလဲ ရနေသေး၏ ။ ရှိနေသော ဆိုဖာများ ကလဲ ပေါက်ပြဲပြီး စားပွဲခုံ ကလဲ ညစ်ထေးထေး နှင့် ။ အနံ့အသက် က အလွန် ဆိုးသည် ။

“ တခြားအခန်း မရှိတော့ဘူးလားကွာ ”

“ စပယ်ရှယ်ခန်း ရှိတယ် ၊ ငါးထောင် ”

စားပွဲထိုး ပြောသော ငါးထောင် ဆို၍ တွန့် ဝင်သွားရ၏ ။ ထို့ကြောင့် အရှက်ပြေ လုံး ပြီး

“ ရပါတယ်ကွာ ၊ တို့က ပကာသန မမက်ပါဘူး ”

ဆိုကာ ခပ်တည်တည်ထိုင်လိုက်သည် ။

“ ထိုင်ဖူးတဲ့ ကောင်မလေးတွေ ရှိ သလား ခင်ဗျာ ”

စားပွဲထိုးလေး အမေးကို ငတိများ က

“ ကြယ်စင် ”

“ မိုးဝဠာ ”

“ လမင်း ”

“ ကောင်းကင်ပြာ ”

သူတို့ စကားသံများ ကြားတော့ အံ့အား သင့်သွား၏ ။

“ မင်းတို့ ဟာတွေ ကလဲ ကောင်းကင် က ကို မဆင်းပါလား ကွာ ”

သိပ်မကြာပါ ။ ကောင်မလေးများ နှင့် အတူ အချိုရည်ဘူးများ ပါ လာချ၏ ။ ဒါက နာမည် ရွေး ခေါ်လျှင် ပေး ရသောအချိုရည် ဘောက် ဆူး ဟု နောက် မှ သိရ၏ ။

ကောင်မလေးတွေ ဝင် လာသည် နှင့် ပရောပရီ ဝင် လုပ်ကြ တော့၏ ။ ဤသည် ကို ကြည့်ခြင်းအားဖြင့် ဒီကောင်တွေ ကာရာအိုကေချိုး ဘယ်လောက် ကျနေပြီ ဆိုတာ သိသာသည် ။

“ ဟိုအစ်ကိုကြီး ရော ကောင်မလေး ခေါ်ဦးမလား ”

စားပွဲထိုးလေး က မေးသည် ။ ကျွန်တော် က အားတက်သရောပင်

“ အေး ခေါ်မှာပေါ့ ကွ ဒါမှ ခေတ် မီမှာလေ ၊ ဟီးဟီး ”

ကျွန်တော့် ဝမ်းခေါင်းသံ ကြားတော့ စားပွဲထိုး က မျက်မှောင် ကြုတ်ပြီး

“ ဘယ်လို ပုံမျိုး ကြိုက်လဲ ၊ ရှာပေးမယ်လေ ”

“ အဲဒီကိစ္စ မှာ ကိုယ်တို့ က ချေး မများပါဘူး ၊ မိန်းမ ဖြစ်ရင် ပြီးရော ၊ ဟီဟိ ”

“ ကောင်းပါပြီး အဆင်ပြေတဲ့ တစ်ယောက် လွှတ် လိုက်ပါ့မယ် ”

စားပွဲထိုးလေး ပြန် ထွက်သွားသည် ။ ကျွန်တော် လဲ ဖူးစာရှင် ဘယ်သူ ဖြစ်မည်ဆိုသည် ကို တထိတ်ထိတ် နှင့် စောင့် နေမိတော့၏ ။

သိပ်မကြာပါ ။ တံခါး ဖျတ်ခနဲ ပွင့် လာသည် ။ ကြည့် လိုက်တော့

“ ဟာ ”

အာမေဋိတ်သံ နှင့် အတူ ခြေဖျားလက်ဖျားများ အေးစက် သွား၏ ။ ပြီးနောက် ကတုန်ကယင်နှင့် ဘေးမှ ငမျိုး လက် ကို ဆွဲပြီး

“ ဟေ့ကောင် ဒါမျိုးနဲ့တော့ မဖြစ်ဘူးထင်တယ် ”

ငမျိုး က ကျွန်တော့် လက် ကို ဆွဲ ဖြုတ်ပြီး

“ ကိုယ့် လူ သိပ် မမူးသေးလို့ပါ နည်းနည်း ထပ် တင်လိုက် ၊ အဲဒါ ဆို သူ့ ဘာသာ သူ အဆင် ပြေသွားလိမ့်မယ် ”

“ ဟေ အဲလိုလား ၊ ဒါဖြင့် မြန်မြန် မှာ ကွာ ၊ ငါ အသည်း တုန် လွန်းလို့ ”

မိန်းမ ဆို ပြီးရော ဟု သန္နိဋ္ဌာန် ချထားသော ကျွန်တော့် နှုတ် ဖျား မှ ပင် ထိုစကားမျိုး ထွက်သည် ဆိုတော့ ပရိသတ်များ စဉ်းစား ၍ ရပေလိမ့်မည် ။ ထို့ကြောင့် ဝင် လာသော အမျိုးသမီး ၏ ရုပ် ကို ကျွန်တော် အလှဘွဲ့ ဖွဲ့ မနေတော့ပါ ။ အစားအသောက် ပျက်သော ရုပ် ဟု သာ မှတ် ထားပေးပါ ။

ပုလင်းတစ်လုံး ရောက် လာ၏ ။ မည်သူမျှ မပြောခင် ကမန်း ကတန်း ပုလင်း ကို ဖွင့် သောက်လိုက်သည် ။

“ ဟား ”

အစ က အရာရာ မှုံဝါး နေသလောက် မူး နေသော ဒီဂရီ ပြန် ရောက်သည် ။ ခုန အမျိုးသမီး ကို ပြန် ကြည့်သည် ။

မရသေး ။ ထို့ကြောင့် နောက်တစ်ခွက် ကို ခပ်မြန်မြန် ထည့် သောက်လိုက်သည် ။

“ ဟား ”

အရာရာ မှုန်ဝါးသွားပေပြီ ။ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ ။ မျက်နှာကြီး လဲ အလိုလို ပြုံး လာပြီ ဟု ထင်ရသည် ။ ခုနက အနံ့အသက် ဆိုးများ ၊ အစားအသောက် ပျက်စေသော မြင်ကွင်းများ ဘာမှ မရှိတော့ နံဘေးနား လှည့်၍ မေးလိုက်သည် ။

“ နာမည် ဘယ်လို ခေါ်လဲဟင် ”

“ မိုးထက်ကုဋေမြင့် ”

ထို စကား သံသာ နောက်ဆုံး မှတ်မိနေ၏ ။ နောက် …

••••• ••••• ••••• •••••

“ ည က ကိုယ့် ဆရာ အတော် ကြမ်းတာပဲ ”

ကိုက်နေသော ခေါင်း ကို ဖိ ကိုင်ရင်း စကားသံများ ကြား နေရ၏ ။

“ အေးလေ ၊ ဟို အစ်မကြီး ခမျာ အခန်း ထဲ ပတ် ပြေးနေရတယ် ”

တစ်ယောက် တစ်ပေါက် စကားသံများ ။ ကျွန်တော် လဲ အမူး လွန်ပြီး ဘာမှ မမှတ်မိတော့သည် မို့

“ ငါ ငါ ဘယ်လို ကြမ်း မိလို့လဲ ဟင် ”

“ ဘယ်လို ကြမ်းမိလို့လဲ ဟုတ်လား ”

ကော်နားကပ် ပိုင်ရှင် သန်းဇော် က ဆောင့်ကြီးအောင့်ကြီး နှင့်

“ အခန်း ထဲ မှာ ဗျာ လုံချည်ကြီး ကွင်းသိုင်းပြီး ”

“ ဘောင်း ဘောင်းဘီတို တော့ ပါ ပါတယ်ကွာ ”

“ မပြောလိုက်ချင်ဘူး ၊ ဘောင်းဘီ က ပေါင် မှာ ကွဲနေသေး တယ် ”

“ အဓိက သာ ဆက် ပြောပါကွာ ”

“ လုံချည်ကြီး ကွင်းသိုင်း ဆောင့်ကြောင့်ကြီး ထိုင်ပြီး ဟိုအစ်မ ကြီး ကို စိမ်းစိမ်းကြီး ထိုင်ကြည့် ၊ ပြီးရင် လက်ကြမ်းကြီး နှစ်ဖက် နဲ့ အင်း ဟာ ဆိုပြီး ”

သန်းဇော် က သူ့ လက်ကြမ်းကြီး နဲ့ ညှစ်ပြ၏ ။ ဒါကို ကျွန်တော် က

“ ဒါ ဒါ ကို ကောင်မလေး က လက်ခံလား ဟင် ”

ကျွန်တော့် စကား ကို ချက်ဖောင်း က မျက်နှာရှုံ့မဲ့လိုက်ပြီး

“ ဘယ့်နှယ် လက်ခံ မှာလဲ ၊ ဟိုအစ်မကြီး က ထွက်ပြေးရင် အတင်း ပြန်ဖမ်းတာ ဟိုက ထဘီတောင် ကျွတ် ကျမလို့ ”

“ ဟင် အဲဒီလောက်တောင် ဆိုးလား ”

“ ဒါတင် ဘယ်ကမလဲ ၊ အားလုံး က ဝိုင်း တောင်းပန်ပြီး ဟို က စိတ်ပြေပြီး ပြန် ထိုင်ချရင် ၊ ခုနက လိုပဲ လုံချည်ကြီး ကွင်းသိုင်း ဆောင့် ကြောင့် ထိုင် ၊ စိမ်းစိမ်းကြီး ပြန်ကြည့် ၊ ပြီးရင် အင်း ဟာ ဆိုပြီး ”

မရှက်စဖူး အရှက် ထူးသွား၏ ။ ထို့ကြောင့်

“ တစ် တစ်ကြိမ် နှစ်ကြိမ်တော့ ဖြစ်မှာပေါ့ကွာ ၊ မင်း ကလဲ ”

“ ဘာ တစ်ကြိမ် နှစ်ကြိမ် လဲ ၊ အကြိမ် ငါးဆယ် မကဘူး ၊ ဟိုက တောင် ပြော ယူရတယ် ”

“ သူလေး က ဘာ ပြောလဲ ”

“ ရှင့် လူ က လူ ကို ခေါ်တာလား ၊ ဒါမှမဟုတ် နို့စားနွားမ ငှားတာလား ၊ ကျွန့်မ ကို နို့စားနွားမ ထင်နေလား မသိဘူး တဲ့ ”

“ ဟယ် ကိုင်ဖူးပြီ ၊ အဲလေ ရှက် လိုက်တာ ခစ် ”

တကယ် ရှက်တာလား ၊ ဘာလားတော့ မသိ ။ မျက်နှာကြီး က ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေ၏ ။

“ နောက်ပြီး ကြည့်ဦး ၊ ဆက်ရှင် ပြည့်လို့ ပြန်မယ် ဆိုတာ ကို ဟိုအစ်မကြီး လက် ကို အတင်း ဆွဲပြီး အိမ် ခေါ် သွားမယ် ၊ တစ်ခါတည်း ပေါင်းသင်းတော့မယ် လုပ်လို့ မနည်း ပြန် ခွာခဲ့ရတယ် ”

“ ဟယ် ”

ကိုယ့် ကို ကိုယ် အဲသည်လောက် အခြေအနေ ဆိုးခဲ့မှန်း မသိ တော့ ။ တစ်ခါမှလဲ ထိုသို့ မဖြစ်ခဲ့ဘူး ။ မဖြစ်ဘူးဆို မိန်းကလေးတွေ နှင့် လဲ ဒီလောက် မှ နီးနီးစပ်စပ် မနေခဲ့ဘူးတာ ။ ထို့ကြောင့်

“ မင်း မင်းတို့ က လဲ ကွာ ၊ အချစ်စိတ် က တွန်းအား တစ်ခု ဖြစ် သွားတယ် နေမှာပေါ့ ”

ကျွန်တော့် စကား ကို ငတွတ် ကပါ မျက်နှာ ရှုံ့မဲ့လိုက်ပြီး

“ ဘာ အချစ်စိတ် လဲ ၊ နှာဘူး စိတ် ၊ မီးဝင်းဝင်းတောက် မျက် လုံးကြီး နဲ့ လုံချည်ကြီး ကွင်းသိုင်းပြီး ”

“ ဒီကြားထဲ လျှာကလဲ အရှည်ကြီး ထုတ်ပြီး ”

“ ဘာ ဘာလုပ်တာလဲဟင် ”

“ အရက် သောက်တာလေ ”

“ ဟူး တော်သေးတာပေါ့ ”

သူတို့ ပြောတာတွေ ကို မျက်လုံး ထဲ မြင်ယောင်လာ၏ ။

ဘောင်းဘီကြီး အပြဲ နှင့် လုံချည်ကြီး ကွင်းသိုင်းကာ မီးဝင်း ဝင်းတောက် မျက်လုံးနှင့် လက်တစ်ဖက် ကို မလွှတ်ဘဲ မဟော်သဓာ ဇာတ်တော် ထဲ က ဘီလူးမ သားလု သလို ငါ ရ ပြီးရော ဆိုသော စိတ် နှင့် ခြေကန် ဆွဲသလို မြင်ယောင် နေမိ၏ ။

“ အေး အေးပါကွာ ၊ နောက်ဆို ဆိုးတော့ပါဘူး ၊ ဟီးဟီး ”

“ ဆိုးလို့ လဲ မရတော့ဘူး ၊ ကာရာအိုကေဆိုင် က ခင်ဗျား နောက်တစ်ခါ လာရင် ရိုက် လွှတ်မယ်တဲ့ ”

အင်း ဒါလဲ ကောင်းသားပဲ ။ နောက် မဟုတ်လျှင် ကာရာအိုကေ ကြောက ပြတ်မှာ မဟုတ်ဘူး ။

“ ဪ ဒါနဲ့ ဈေးရော ဝယ်ပြီးကြပြီလား ”

“ ဘယ် ဝယ်ရဦးမလဲဗျ ၊ ခင်ဗျား ကိုစောင့်နေတာ ၊ ပိုက်ဆံလေး များ ကျန်ဦးမလားလို့ ”

ငမျိုး ၏ စကား ကြောင့် အိတ်ကပ် ပြန် စမ်းမိသည် ။

“ အဲ နှစ်ထောင်ကျော်တော့ ကျန်သေးတယ် ၊ လာကွာ ၊ လက် ဖက်ရည် သောက်ပြီး ဈေးဝယ် ရအောင် ”

အားလုံး ဈေးဖက် ထွက်ခဲ့ကြသည် ။ ခေါင်း က တဆစ်ဆစ် ကိုက် နေတုန်း ။ ည က မည်သို့မည်ပုံ သောင်းကျန်းခဲ့သည် ကို အစပြန် ဖော်၍ မရသေး ။

••••• ••••• ••••• •••••

ဈေးနား ရောက်တော့ တန်းစီနေသော လူတန်းကြီး ကို ထူး ဆန်းစွာ တွေ့လိုက်ရသည် ။

“ ဘာလုပ်နေကြတာလဲ ကွ ”

ကျွန်တော့် အမေး ကို ငတွတ် က

“ အခွန်လွတ်ဈေး ဖြစ်သွားပြီလေ ၊ ဒါကြောင့် ဒီမှာ လာရောင်း တဲ့ ဖယောင်းတိုင် က ဈေး သက်သာလို့ ဖယောင်းတိုင် တိုး နေကြတာ ”

သက်ပြင်း ချမိသည် ။ လောက ၌ ကိုယ့် ထက် ဆင်းရဲတဲ့ သူ အ များကြီး ရှိသေးပါလား ဟု ပင် ဆင်ခြင် မိတော့၏ ။

ကြည့်စမ်း ။ သူတို့ခမျာ အခွန်လွတ်ဈေး မှ ရောင်းချသည့် ဖယောင်းတိုင် ကို တိုး ယူ ။ ပြီးလျှင် ရပ်ကွက်တွင်း ရှိ ဈေးဆိုင်များ သို့ အမြတ်နည်းနည်း နှင့် ပြန် ရောင်းချရင်း တစ်နေ့စာ စားဝတ်နေရေး ကို ဖြေရှင်း နေရတာ ။

ငါ သူတို့ ထက် အများကြီး သာပါလား ဟု ပင် ဘဝင် မြင့်ချင် သွားမိသည် ။

ထို ဖယောင်းတိုင် တိုးသော လူတန်းကြီးကိုအဖြတ်

“ ကိုမင်းဇော် ကိုမင်းဇော် ”

အော်ခေါ်သံ ။ ကျွန်တော် တို့ ထဲ မှာ မင်းဇော် တစ်ယောက် မှ မပါ၍ လှည့် မကြည့်ဖြစ် ။

“ ကိုမင်းဇော် ၊ ကိုမင်းဇော် ”

ခေါ်သံက ပို နီးကပ်လာသလို ။ ဘေးဘီ ဝေ့ကြည့်မိသည် ။

ငတွတ် ၊ ငမျိုး ၊ သန်းဇော် ၊ ချက်ဖောင်း သာ တွေ့ရ၍ လှည့် မကြည့်မိ ။

“ ကိုမင်းဇော် ကိုမင်းဇော် ”

ပခုံး ပုတ်ပြီး ခေါ်၍ အံ့အား သင့် သွားမိသည် ။ လှည့်ကြည့် လိုက်တော့

“ ဟင် ဘာကြီးလဲ ဟ ”

မြင်လိုက်ရသော မျက်နှာကြီး ကြောင့် အံ့အား သင့်သွားရ သည် ။

ဤတွင် မိန်းကလေးတွေ ရုပ်ဆိုးကြောင်း မဖွဲ့လိုတော့ပါ ။ မိတ်ဆွေတို့ ၏ စိတ်ထဲ၌ မိတ်ဆွေ တို့ ကြိုက်နှစ်သက်ရာ အစားအစာ ကို အားရပါးရ လွေး နေချိန် အရှေ့တည့်တည့် ၌ ခွေးထီးကြီး လျှာ ထုတ် ပြီး ဆောင့်ကြောင့် ထိုင်နေသော မြင်ကွင်းကိုသာ မြင် ပေးပါ ။ ထိုမျှ လောက် ကျက်သရေ တုံး လှပါသည် ။

“ ကိုမင်းဇော် ၊ ကိုမင်းဇော် မဟုတ်လား ”

လူ မှားပြီး လာ ခေါ်နေ၍ အံ့အား သင့်သွားရသည် ။ ထို့ကြောင့်

“ ဘယ်သူ့ကို ခေါ်တာလဲ အန်တီ ၊ အဲလေ ကြီးတော် ”

ထို အဘွားကြီး က မူစစ ပြုံး လိုက်ပြီး

“ မသိချင်ယောင် မဆောင်ပါနဲ့ ကိုမင်းဇော် ရယ် ၊ ည တုန်းက တွေ့ ခဲ့တာလေ ၊ တို့ နာမည် မိုးထက်ကုဋေမြင့် ”

“ ဟမ် ”

ရှိသမျှ အမွေး ခြေသလုံးမွေး က အစ မိုးပေါ် ထောင် တက် သွားသည် ဟု ထင် ရသည် ။

“ မိုးထက်ကုဋေမြင့် ၊ မိုးထက်ကုဋေမြင့် ”

ည တုန်းက အခန်း ထဲ ဝင်လာစဉ် ကျက်သရေ တုံးလွန်းလို့ အရက် ကို အမုန်းဆွဲ ခဲ့ကြောင်း ရေးတေးတေး ပြန် မှတ်မိသည် ။ ဒါကို မူးရူးပြီး သူ တောင် မိုးထက်ကုဋေမြင့် သေးရင် ငါလဲ မင်းဇော် တယ် ကွာ ဆိုပြီး မင်းဇော် ခဲ့တာ ။

“ ဟင် ဒါ ဒါကြီး ဟာ မိုးထက်ကုဋေမြင့် ၊ ဒါကြီး က ”

ထို အဒေါ်ကြီး က မခို့တရို့ ပြုံးရင်း

“ ဟုတ်တယ် လေ ၊ ဆိုင် မှာ ဆို မိုးထက်ကုဋေမြင့် ၊ အိမ် မှာခေါ် တော့ ကုလ-ားပု အဟု အဟု အဟု ”

အရေးထဲ လာ နွဲ့ ပြနေသေး၏ ။

“ ဘာလဲ မှတ်မိပြီ မဟုတ်လား ၊ ည တုန်းကတော့ သူပဲ ကဲပြီး အခု ယူမယ် ၊ တော်ကြာ ယူမယ် ၊ ယူချင်မှ ယူမယ် ဆိုပြီး လက် ဆွဲ ပြေးပြီး တော့ ”

သွားပြီ ။ ကိုယ့်အခြေအနေ ကိုယ် သိ လိုက်ပြီ ။ ဒီလို အဘွား ကြီး ကို လက်ဆွဲ ပြေး ရလောက်အောင် ဖြစ်ခဲ့သည် ဆိုတော့ အရက် ကို အလွန်အကျွံ မသောက်သင့် တာ သေချာ သွားပြီ ။

“ ဪ ဒီ အရက် ကိုတော့ လွန်ကျွံအောင် မသောက်သင့် တာ သေချာသွားပြီ ”

ဟု နောင်တ ရမိသည် ။ ဟိုကောင်တွေ ပြန် ဝေ့ကြည့်တော့ သစ်ပင် ပေါ် လက်ညှိုး ထိုးသည့် သူ နှင့် လယ်ကွင်းပြင် လက်ညှိုး ထိုး သူ နှင့် ရူးချင်ယောင် ဆောင်နေကြသည် ။ ဒါကို ဟို အဒေါ်ကြီး က

“ ည တုန်းက သူတို့လဲ ပါတယ် နော် ၊ သက်သေ ရှိတယ် ၊ သူ ပဲ အတင်း ကွင်းကြီး သိုင်းပြီး ”

မျက်နှာ ခမျာ ထားစရာ နေရာပင် မရှိတော့ ။ စိတ်ထဲ တွင် လဲ

“ ဪ မောင်ကြည် မောင်ကြည် ၊ ဒီလို ပုံမျိုး ကို မူးမူး နဲ့ လက်ဆွဲမယ့် အစား ရွှံ့ပျော့ပျော့ ပေါ် မှောက် အိပ်လိုက်တာ က မှ အရသာ ရှိဦးမယ် ”

ဟုသာ ။ အဒေါ်ကြီး ကလဲ မလျှော့ ။

“ အစကတော့ မယုံလို့ မလိုက်ရဲဘူး သိလား ”

ဪ ဒီ ရုပ်ကြီး က တောင် မယုံဘူး တဲ့ ။ သတ်သေချင် စိတ်ပါ ပေါက်သွား၏ ။

“ နောက်တော့မှ သူငယ်ချင်းတွေ က ပြောတယ် ”

“ ဘာ ဘာပြောလဲ ၊ သူတို့ ဘာပြောလဲ ”

မျက်လုံး ပြူးပြီး ကမန်းကတန်း မေး မိသည် ။ ဒီကောင်တွေ ပေါက်ကရ ပြော တတ်တာ သိနှင့်ကိုး ။ ဒါကို အဒေါ်ကြီး က မူနွဲ့နွဲ့ ပြုံးပြီး

“ အစ်ကိုကြီး က အခု သာ ဘာမှ မဟုတ်သေးတာ ၊ နောင်တစ်ချိန် မှာ အနုပညာလောက မှာ ကျားကြီး ဖြစ်မှာ တဲ့ ”

ကျွန်တော် လဲ အံ့အားသင့်စွာဖြင့် “ ဘာကျားလဲ ၊ ဘာကျားတဲ့လဲ ”

“ ဖွတ်ကျား ”

“ ဒီလိုပဲ ဖြစ်ရမှာပေါ့ ”

“ အဲဒါ တို့လဲ ဖွတ်ကျား မမြင်ဘူးလို့ နေ့ခင်းပိုင်း လာ ကြည့် တာ ၊ ဪ ဖွတ်ကျား ဆိုတာ ဒီ ရုပ်ကိုး ”

မျက်နှာ ကို သူ့ လက်ညှိုး မဲမဲကြီး ထိုးပြီး လာ ပြောနေသေး၏ ။

“ သွားပြီနော် ညတုန်း က အစ်ကိုကြီး ပေးတဲ့ မုန့်ဖိုး နဲ့ ဖယောင်း တိုင် တိုး လိုက်ဦးမယ် ၊ အိမ် ဈေးဖိုးလေး ရအောင် ”

ဟု ထွက်သွားမလို လုပ်ပြီးမှ အနား ပြန် ကပ်လာကာ

“ ဪ ည ကျရင်လဲ လာခဲ့နော် ကိုဖွတ်ကျား ၊ ဒီရုပ်မျိုး နဲ့ သုံးညလောက် လာရင် ကုလ-ားပု တို့ ပျော့ပြီ ၊ ဟီဟိ ”

ဆိုကာ လှစ်ခနဲ ပြေး ထွက်သွားတော့၏ ။ ထိုတော့မှ စိတ်ထဲ တွင် လဲ

“ ဪ ငါ ဟာ မိန်းမကိစ္စ နဲ့ ပတ်သက် လာရင် ကျားတော့ ကျား ဒါပေမယ့် ဖွတ်ကျား ပါ ပဲလား ”

ဟု ဆင်ခြင်မိရင်း ခေါင်း ကို သာ ယမ်း နေမိတော့၏ ။

“ ရွာ သာ လိုက်ခဲ့စမ်းပါ ကိုကြည် ရာ ”

အညာသား ဖိုးဇေ က အိမ် ကို ရောက်တုန်းရောက်ခိုက် ဖိတ် ခေါ်၏ ။

“ ကျုပ်တို့ ရွာ မှာ အပျိုတွေ အများကြီး ၊ ခင်ဗျား ကလဲ ၊ ခင်ဗျား ရည်းစား ရဖို့ ကျုပ် တာဝန် ယူတယ် ၊ ခင်ဗျား ”

ဖိုးဇေ က အတင်း အာမခံနေ၍ အားတက် သွားသည် ။ လူပျို သက် သုံးသက် မီလုလု ထိ ကို ရည်းစား တစ်ယောက် မှ ဖျစ်ဖျစ် မည်အောင် မဖျစ် ရသေးတော့ စိတ်အား ထက်သန်နေမိသည် ။

“ ဒီလို နွေရာသီ ဆို ထန်းရည် ကလဲ ကောင်း မှ ကောင်း ”

ဪ လူ က လဲ သူတော်ကောင်း ဆိုတော့ မဟုတ်တာတွေ ချည်း နဲ့သာ မြူဆွယ် နေတာ ။

အရက်ကလေး ၊ ထန်းရည်ကလေး ၊ မိန်းမကလေး နဲ့ ဆွယ်ရင် မရှိတဲ့ အမြီး ကို နန့် နေတာ ။

“ ဒါနဲ့ မင်း တို့ ရွာ က သွားရလာရ ဝေးတယ် မဟုတ်လား ”

“ ဒီကနေ မကွေး ကို တစ်ဆင့် ဗျာ ၊ မကွေး က မှ ဟိုဖက် ကို တစ်ဆင့် ၊ သိပ် မဝေးပါဘူး ”

ရန်ကုန် ကနေ မကွေး တောင် မိုင်ပေါင်း နည်းလှ သည် မဟုတ် ။ မကွေး က မှ ဟိုဖက် ထပ် သွားရမှာ ဆိုတော့ စဉ်းစားသာ ကြည့် ။

“ ဒါပေမယ့် အခုလို တက္ကသိုလ်တွေ စာမေးပွဲ ပြီးတဲ့ အချိန် ကျတော့ နယ် ပြန်သူ များပြီး ကား ကျပ်တယ် ဆို ၊ တချို့ဆို ကား ပေါ် မှာ ခုံ မရလို့ တစ်နေ ကုန် မတ်တတ်ရပ် စီး ရတယ် ဆိုပဲ ”

ဖိုးဇေ က ပြုံးလိုက်ပြီး

“ အဲဒီအတွက် မပူနဲ့ ”

ကျွန်တော် သူ့ ကို ကြည့်နေမိသည် ။

“ ဒီကနေ မကွေး အထိ ကို ခုံ ရရစေ့မယ် ၊ အဲ ဟိုဖက် ကတော့ ဖိုးဇေ အပိုင် ၊ ကားခေါင်း က ကို စီး ရမှာ ”

သူ့ စကား ကြောင့် ကျွန်တော် အား တက် သွားသည် ။ ထို့ကြောင့်

“ ဒါဖြင့် လိုက်မယ်ကွာ ဟို ရောက်ရင် သာ ”

“ ကျုပ် တာဝန် ထားစမ်းပါ ဖိုးဇေ တစ်ရွာလုံး မီးသေပါတယ် ”

ကျွန်တော် တို့ စကား ခိုး နားထောင်နေသော ငမျိုး ကပါ

“ ဒါဆို ကျွန်တော်လဲလိုက်မယ် ”

စိတ်ထဲမှာတော့ ထင့်ခနဲ ။

••••• ••••• ••••• •••••

မကွေးကားဂိတ် ဆီ ရောက်တော့ ကား တစ်စီးလုံး မှာ ကျပ် ညပ်သပ်နေသည် ။ ကား ၏ နဂိုပါ ထိုင်ခုံများ ပါ ပြည့်ကျပ်နေသည့် အပြင် ကား ၏ အလည် လူလျှောက်လမ်း ၌ ပင် ကော်ခုံများ ညပ်သပ် အောင် ထိုး ၍ လူ တင်ထားသည် မို့ ခြေ ချစရာပင် မရှိ ။ ဒါကို ခုံ နဲ့စီးရ မည် ဆိုသော ဖိုးဇေ ဘက် လှည့်၍

“ ဟေ့ကောင် မင်း ပြောတော့ ခုံ ရမယ် ဆို ၊ အခုဟာ ခုံ ရဖို့ မပြောနဲ့ ၊ ခြေ ချ စရာတောင် ရရင် အင်မတန် ကံကောင်း ”

ကျွန်တော့် စိုးရိမ် စကား ကို ဖိုးဇေ က

“ အသာနေပါ ကိုကြည် ရာ ၊ ကိုကြည် ခုံ နဲ့ စီးရရင် ပြီးရော မဟုတ်လား ”

ကျွန်တော် လဲ ခေါင်း ကို ခပ်သွက်သွက် ညိတ်ပြီး

“ အေးပါကွာ ၊ ခုံ ရရင် တော်ပါပြီ ”

ကား က အတော် ကြပ်ညပ်နေပြီ ။ သို့သော် လူ က တင်တုန်း ။ အချိန်ကလဲ စာမေးပွဲ ပြီးချိန် ၊ သင်္ကြန် နား လဲ နီးပြီမို့ ကိုယ့် ဌာနေ ကိုယ် ပြန်ကြသူများ ၊ များပြားလှ၏ ။ မည်မျှ များပြားသည် ဆိုသော် အလည် ၌ ကော်ခုံ နှင့် ထိုင်နေသူများပါ ပေါင်ချင်း အပ်၍ ထိုင်ရသလိုမျိုး ။ ဒီလို အခြေအနေမျိုး ၌ ဘယ်မှာလဲ ကျွန်တော် တို့ အတွက် ခုံ ။

“ ပြည့်ပြီ ဆရာရေ့ ၊ ကဲ ဟို ညီလေးတွေ တက်ကြ ၊ ကား ထွက် တော့မယ် ”

စပယ်ယာ ၏ လောဆော် သံ ။ ကျွန်တော် က

“ ဟေ့ကောင် ဘယ်မှာလဲ မင်း ခုံ ”

စိုးရိမ်တကြီး အမေး ။ ဖိုးဇေ က ကျွန်တော့် ကို တွန်း တင်လိုက်ပြီး

“ တက်လိုက်စမ်းပါ ”

ကားပေါ် ရောက်တော့ အခြေအနေ ကို ပို သဘော ပေါက် သွား၏ ။ ကားပေါ် တွင် ခုံ မပြောနှင့် ၊ ခြေ ချ စရာ နေရာပင် မရှိ ။ ထို့ ကြောင့် ဒေါသထွက်ပြီး

“ ဟေ့ကောင် ဘယ်မှာလဲ မင်း ခုံ ”

“ ထိုင် ချလိုက်လေ ”

“ ဟင် ”

ကြည့် လိုက်တော့ ကား အတက်အဆင်း ခြေနင်း ခုံ ။

“ ဟေ့ကောင် မင်း ပြောတော့ ခုံ ရမယ် ဆို ”

“ အေးလေ ၊ ဒါလဲ ခုံပဲလေ ”

“ ဒါ ခြေနင်းခုံ ကွ ၊ ခြေနင်းခုံ ”

“ အေးလေ ၊ ခုံ ရမယ်လို့ပဲ ပြောထားတာ ၊ ဘယ်လို ခုံမျိုး လို့ ပြောထားတာ မှ မဟုတ်တာ လာပါ ထိုင်ပါ ၊ ခင်ဗျား ကလဲ ”

“ တောက် ”

ဘာမှ မပြောချင်တော့ ။ ခြေနင်းခုံ မှာသာ ဆောင့်ကြောင့် ထိုင် လိုက်ရသည် ။ ဟုတ်တော့ ဟုတ်သား ။ ကိုယ် က ဘယ်လို ခုံ ရမှ လို့ မှ မပြောခဲ့တာ ။ ခြေနင်းခုံ ကလဲ ခုံ အမျိုးအစား ထဲ မှာ ပါ တာ ပါပဲ ။ ဒါကို ဖိုးဇေ က ပြုံးဖြီးဖြီး လုပ်ပြီး

“ စိတ်မပူပါနဲ့ဗျာ ၊ ခြေနင်းခုံ နဲ့ မကွေး အထိ သာ ဒုက္ခ ခံလိုက် ပါ ၊ ဟိုဖက် ရောက်ရင် ကားခေါင်း က ကို စီစဉ် ထား ပါတယ် ”

ကျွန်တော် သိပ် မယုံရဲတော့ ။ ထို့ကြောင့်

“ မင်း မင်း သေချာတယ်နော် ”

ကျွန်တော့် စကား ကို ဖိုးဇေ က ဖြဲခနဲ ရယ်လိုက်ပြီး

“ သေချာပါတယ် ဗျ ၊ ရွာကားတွေ ဖိုးဇေ ပိုင်ပါတယ် ၊ ကား ခေါင်း က ကို နေရာ ချန်ထားဖို့ ပြောထားပါတယ် ”

“ ငါ ခေါင်း က စီးရ မှ စီးမှာနော် ”

“ စိတ်ချပါ ဗျာ ”

ဖိုးဇေ က ဖြဲခနဲ ရယ်ရင်း ပခုံး ပုတ်သည် ။ ကျွန်တော် ဘာမှ မပြောတော့ ။

“ ကိုယ်တန်ရာတန်ရာ ရတာပဲလေ ”

ဟု ပဲ သဘော ထား လိုက်တော့၏ ။

••••• ••••• ••••• •••••

ခြေနင်းခုံ မှာ ထိုင်ရတာ လွယ်လှသည်တော့ မဟုတ် ။ ဒီအတိုင်း ကြီး ငုတ်တုတ် ကလဲ ရေရှည် မထိုင်နိုင် ။ ထို့ကြောင့် ကားတံခါး ပိတ် ထားချိန် ၌ ခြေထောက် ကို အပေါ် တင် ၍ ကားတံခါး ကို ကျော မီကာ ပက်လက်ကြီး ထိုင် လိုက်ရသည် ။ ဒီကြား ထဲ ကားတံခါး ပွင့်ထွက်သွား လျှင် လူလဲ နောက်ကျွမ်း ပစ်ပြီး အပြင် ရောက်သွားမည့်အရေး ရှိသေး သမို့ သတိ လဲ ထားရသေး၏ ။ ကံ ထူးသည် က ကျွန်တော် တို့ ထိုင်သော ခြေနင်းခုံ နား ၌ ကျောင်းသူ လှတပတလေး နှစ်ယောက်က စကပ်တို လေး နှင့် ထိုင် နေကြသည်မို့ မအိပ်နိုင် မစားနိုင်ဘဲ အရောင် ကို လောင်းကြေးစားကြေး လုပ်ပြီး တစ်လမ်းလုံး မျက်လုံး ကို ဖြဲ ကား လာရ၏ ။

ပို၍ ကံ ကောင်းသည် က ကျွန်တော် တို့ ၏ ခြေသလုံး ပင် ။ ကား တံခါး ကို မီ ထိုင်၍ ခြေထောက် ကို အပေါ် တင် ထားရသည်မို့ ထို ကျောင်းသူလေးများ ၏ ခြေသလုံးများ နှင့် ကျွန်တော် တို့ ခြေသလုံး မထိ ချင် လဲ ထိပြီး ခြေသလုံးချင်း ခြေမျက်စိချင်း ဆုံ ရင်တွေ ခုန်ပြီး ခြေ သလုံးချင်း မေတ္တာ မျှ ၍ ချစ်သူ ဘဝ ပင် ရောက် ကြပေပြီ ။ ခြေသလုံး နှစ်ဖက် မှာ တစ်ဦး ကို တစ်ဦး ပူးကပ် ၍ မခွဲနိုင် မခွာရက် ပင် ဖြစ်နေကြ ပေပြီ ။ ခြေမျက်စိ နှစ်ခု ကလဲ အချင်းချင်း တစ်ဦး ကို တစ်ဦး ကြည့်မဝ ၊ ရှုမဆုံး ။

ဒါကို မိခင် ဖခင် ဖြစ်သူ ပေါင်ရင်း က မကျေနပ် ။ မိန်းကလေး ရှင် ခြေသလုံးဖက် ကို လက်ညှိုး ငေါက်ငေါက် ထိုး၍ ကြိမ်း နေသေး၏ ။

“ ငါ နဲ့ တော့ တွေ့တော့မယ် ၊ ဘာမှတ်လဲ ၊ လက်ညှိုး တဲ့ တစ် ချောင်းတည်း ရှိတာ ၊ လက်သီးဆုပ် က နှစ်လုံး ”

အဲလေ ။ ဘယ်တွေ ရောက်ကုန်ပါလိမ့် ။

လူချင်း ကတော့ တစ်ချက် ပင် လှည့် မကြည့်သော်ငြား ခြေသလုံးချင်း သာ မေတ္တာ မျှခဲ့ရသော ကောင်မလေး နှစ်ယောက် အနီ နှင့် အပြာဝတ် မှန်း သိချိန်ဝယ် မကွေးကားဂိတ် သို့ ဆိုက်ရောက်ပေ ပြီ ။ ပန်းရောင် ဖက်မှလောင်းသော ငမျိုး ရှုံး၍ ငွေနှစ်ဆယ် ရ၏ ။ ( လက်ကိုင်အိတ် ကို လောင်း တာ ပြော ပါတယ် )

“ တောက် နှမြောလိုက်တာ ကွာ ”

ကား ပေါ် က ဆင်းဆင်းချင်း ကြိတ်မနိုင် ခဲမရ ပြောသော ကျွန်တော့် စကားကြောင့် ဖိုးဇေ မျက်မှောင် ကြုတ် သွား၏ ။

“ ဘာပြောတာလဲ ”

ကျွန်တော် လဲ ကျော်သွားပြီ ဖြစ်သော ကောင်မလေးများ ဖက် မေးငေါ့ ပြလိုက်ပြီး

“ ဟိုမှာလေ ၊ ခြေမျက်စိချင်း အကြည့်ချင်း ဆုံ ၊ ခြေသလုံးချင်း မေတ္တာ မျှနေပြီးမှကွာ ”

“ ဟဲ ဟဲ ဟဲ ”

ဖိုးဇေ ၏ မခိုးမခန့် ရယ်သံ ။ ကျွန်တော် မျက်မှောင် ကြုတ်မိပြီး

“ ဘာရယ်တာလဲ ကွ ”

“ ဒီမှာလေ ”

ဖိုးဇေ က ကျစ်ကျစ်ပါအောင် ဆုပ် ထားသော သူ့ လက် ကို ဖြန့် ပြသည် ။

“ အမွေး သုံးချောင်း ”

အမွေးတွေ မြင်တော့ အံ့အားသင့် သွားရသည် ။

“ ကျွန်တော် နှုတ်လာတာ”

ဪ ကိုယ့် မှာတော့ ခြေသလုံးချင်း ၊ မေတ္တာမျှရုံ ရှိသေး သည် ။ ဟိုကောင်က အမွေး ပင် နှုတ် ပြီးနေပြီ ။ ကျွန်တော် အသေ အချာ ကြည့်မိသည် ။ နောက် မှ မျက်လုံး ပြူးပြီး

“ ဟာ ဟေ့ကောင် ဒါ ခြေသလုံးမွေး မဖြစ်နိုင်ဘူး ”

“ ဘာဖြစ်လို့ ”

“ ခြေသလုံးမွေး ဆို ဒီလောက် မရှည်ဘူး ဟေ့ကောင် ”

ဖိုးဇေ ပြန် ငုံ့ကြည့်သည် ။

“ ဟုတ်ပါတယ်ဗျ ၊ ကျွန်တော် အသေအချာ နှုတ်လာတာ ”

ကျွန်တော်တို့ စကား ကို ဘေးနား က ငမျိုး က

“ ဘာမှမဟုတ်ဘူး ဟေ့ကောင် ”

ကျွန်တော်တို့ ငမျိုး ကို လှည့် ကြည့်မိသည် ။

“ ငါ လဲ အိပ်ငိုက်တာ နဲ့ အဲဒီ ခြေသလုံး ကြား ဝင် ကွေး တာ ။ အဲဒါကို မင်း က မှားပြီး ငါ့ နှုတ်ခမ်းမွေး တွေ နှုတ် သွားတာ ၊ ငါ လဲ ငေးကောင်း နေချိန်မို့ ဘာမှ မပြောတာ ”

“ ထွီ ရွံလိုက်တာ ”

ဖိုးဇေ က သူ့ လက် ထဲ မှ တယုတယ နှင့် ကျစ်ကျစ်ပါအောင် ဆုပ် ထားသော အမွေးများ ကို လွှင့်ပစ်ပြီး သူ့ လက် ကိုသူ တံတွေး နဲ့ထွေး ဖုတ်ဖက်ခါ လုပ်သည် ။ ဒါကို ကျွန်တော် က

“ ဟေ့ကောင် မင်း ခု နပြောတော့ အိပ်ငိုက် လို့ ခြေသလုံး ကြား ဝင် အိပ်တာဆို ၊ ကောင်းကောင်းနဲ့ ငေးနေတုန်း ဆိုတာက ”

ငမျိုးက ပြဲခနဲ ရယ်ပြီး

“ အဟီး ၊ ကျွန်တော် က မျက်လုံး ဖွင့်ပြီး အိပ် တတ်တာ ”

ဒီကောင့် သောက်ကျင့် ကို ကျွန်တော် သဘော ပေါက်သွား သည် ။ ဘာမှ ပြောစရာ မရှိတော့ ။ ဆဲစရာသာ ကျန်တော့သည် ။

“ ကဲ ရွာ သွားတဲ့ ကား မမီဘဲ နေမယ် ၊ သွား ရအောင် ”

ဖိုးဇေ လောဆော်မှု နှင့် အားပြန် တက် သွားသည် ။

••••• ••••• ••••• •••••

“ ဟာ ”

ရွာ သွားမည့် ကား မြင်တော့ လန့် သွားသည် ။

ဟုတ်ပေသည် ။ စစ်ကျန်ခေတ် က ဂျစ်ကားများ ။

ကျွန်တော်တို့ ရောက်သွားချိန်ဝယ် ကားတစ်စီးလုံး လူ ပြည့် ကျပ် နေသည့် အပြင် ဂျစ်ကား နောက်မှ ဟိုး ကားခေါင်း ထိ ကော်ပိုက် လုံးများ ကို တံကျင် ရှို သလို ဖင် မှ ခေါင်းထိ ကို လျှို ထည့် ထားသေး၏ ။ ကျွန်တော်တို့ အတွက် စီစဉ်ထားသည် ဆိုသော ခေါင်းခန်း တွင် ဆရာတော် နှစ်ပါး လဲ ထိုင် နေ၏ ။

ဆရာတော်များ မှာ ကျန်းမာရေး လဲ ကောင်းပုံ မပေါ် ။

ချောင်း ကို တဟွတ်ဟွတ် ဆိုးရင်း

“ ဒကာကြီး ဦးဇင်း လဲ ကျန်းမာရေး မကောင်းဘူး ကွယ် ၊ အဆုပ် ကလဲ မကောင်း ၊ အဟွတ် အဟွတ် ၊ မျက်စိ ကလဲ မှုံ ဆိုတော့ ”

ဦးဇင်း စကား မဆုံးခင် ဒရိုင်ဘာ က စပယ်ယာ ဖက် လှည့်၍

“ ဟေ့ကောင် ထွန်းဦး ၊ ဒီမှာ ဆရာတော် က ကား မှန် မမြင်ရ လို့ လာ သုတ်ပေးလိုက်ဦး ”

“ ဟုတ်ကဲ့ လာပြီ ဆရာ ”

ထွန်းဦး ဆိုသော စပယ်ယာ က အဝတ်စုတ် တစ်ခု ယူ လာပြီး လာ ပြေး သုတ်သည် ။

အမှန်တော့ ကား မှာ ဘာ မှန် မှ မပါ ။ ကား မှန် ရှိ ဟန် နှင့် သုတ် ယောင် ပြသည် ။ ပြီးတော့ မေး သေးသည် ။

“ ကြည်သွားပြီလား ဦးဇင်း ”

“ အေးကွယ် ၊ မင်း သုတ် ပေးလိုက်တော့လဲ ကြည် သွားတာ ပေါ့ ၊ သာဓု သာဓု ”

ဦးဇင်း က သာဓု ခေါ်လို့ ။ ဟိုက မရှိသည့် မှန် ကို အယောင် ပြ လာ သုတ်ပြသွားတာ ။ ဦးဇင်း က မျက်လုံး မကောင်းတော့ မသိ ။

ကား အရှေ့ခန်း မျှော်လင့်ချက် မရှိ၍ အနောက် ခန်း ကြည့် တော့ လဲ လူတွေ က ပြည့်ရုံ မက ဘေးနား ၌ ပင် တိုးလိုးတွဲလောင်းတွေ အများကြီး ။

ကျွန်တော် လဲ ဖိုးဇေ ကို တံတောင် နှင့် တွတ်ပြီး

“ ဟေ့ကောင် မင်း ပြောတော့ ပိုင်ပါတယ် ဆို ၊ ကားခေါင်း က ”

“ အသာနေပါ ၊ ကျုပ် ပိုင်ပါတယ် ”

သူတို့ နယ် နား ဆိုတော့ သူ့ စကား သာ ယုံစား လိုက်ရသည် ။ ကား ကတော့ အတော် အခြေအနေ မကောင်း ။ ဂျစ်ကားစစ်စစ် ဖြစ် သည့်အပြင် အပေါ် အမိုးပင် မပါ ။ ကိုင်း မျှ သာပါပြီး ထို ကိုင်း ကိုပင် မတ်တတ်ရပ် လိုက်သူများ ၊ တွယ်စီးသူများ ကပါ မလွတ်တမ်း ဆွဲ ထား ကြရ၏ ။

“ လူ ပြည့်ပြီ ၊ ကား ထွက်မယ် ”

လူ က ပြည့်ရုံ မက လျှံပါ လျှံ ထွက်နေသည် ။

“ ကဲ ဖိုးဇေ တို့ အဖွဲ့တက် မယ် ”

စပယ်ယာ က လှမ်း ခေါ်၍ လန့် သွားရသည် ။

“ ဟေ့ကောင် ကားထွက်မယ်တဲ့ ၊ ဘယ်နား တက်ရမှာလဲ ”

“ လာစမ်းပါဗျာ ”

ဆိုပြီး ဆွဲခေါ်သွား၏ ။ ကိုယ်လဲ ယက်ကန်ယက်ကန် ။ ကား နား ရောက်တော့

“ ကဲ အဲဒါ ကားခေါင်း ပဲ တက်တော့ ”

“ ဟင် ”

သူ ညွှန်ပြရာ ကြည့် တော့ ကားခေါင်း မှ ကားခေါင်း အစစ်ကြီး ။ ကားခေါင်း မည်မျှ ပီသသည် ဆိုရသော် ကိုယ့် အောက် မှာ ကား ဘီး သာ ရှိတော့သည့် ကားခေါင်းစစ်စစ်ကြီး ။

“ ဟင် ဒါ ဒါက ”

ကျွန်တော့် ၏ ဗလုံးဗထွေး အမေး ကို ဖိုးဇေ က

“ အေးလေ ၊ ကားခေါင်း လေ ၊ ကိုကြည် ပဲ ကားခေါင်း က စီး ချင်တယ် ဆိုတော့ ကားခေါင်း မရ ရအောင် မနည်းကို ဘိုကင် လုပ်ထား ရတာ ”

“ တောက် ”

ဘာမှ မပြောလိုတော့ ။ ခုနကလဲ ကားခုံ နေရာ ရမည် ဆိုပြီး ခြေနင်းခုံ က စီး ပြီးပြီ ။ ယခုလဲ ကားခေါင်း က စီးရမည် ဆိုပြီး ခေါင်းစစ် စစ်ကြီး က စီး ရပေတော့မည် ။

ဘာမှ မတတ်နိုင်တော့ ။ ထို ကား မှ မစီးလျှင်လဲ ခြေလျင် သာ လျှောက်ရမည့်ကိန်းကိုး ။ ထို့ကြောင့် သူတို့ ညွှန်ပြရာ ကားဘီး အထက် နား က ကားခေါင်း ပေါ် သို့ သာ တက် ထိုင် လိုက်ရသည် ။

“ ဆွဲဆရာ ရေ ၊ ရရင် လမ်း မှာ လူ တင်မယ် ”

“ ဟဲ့ ပလုတ်တုတ် ”

ကားလေး က ခုန် ထွက်သွားသဖြင့် လန် မကျအောင် မီ ရာ မနည်း လှမ်း ကိုင် လိုက်ရသည် ။

ကား က ဘောနက်ဖုံး က အစ လူ ပြည့်အောင် တင် ထား၍ ကားမောင်း သော ဒရိုင်ဘာ မှာ ဂီယာ ထိုး ပြီးသည် နှင့် ဘယ်ဖက်ခြေ နှင့် လီဗာ နင်းပြီး ကျန် ခြေတစ်ဖက် ကို ကား ခြေနင်းခုံ နင်းကာ တစ်ကိုယ် လုံး အပြင် ထွက် ၍ မောင်းရ ရှာသည် ။

ဒါတောင် သူ က အရှေ့ တွင် လူ ကွယ်နေ၍ သူ့ ဖက် တစ်ခြမ်း သာ မြင် နေရသည်မို့ ဟိုဖက် တစ်ခြမ်း ကို စပယ်ယာ က အခါ ပေးရ သည် ။

“ ရှေ့မှာ ထန်းပင် ၊ ရှေ့မှာ ထန်းပင် ၊ ညာဖက် ဆွဲ ၊ ညာဖက် ဆွဲ များ သွားပြီ ၊ တမာတန်း ဖက် ဦးတည် နေပြီ ၊ ဘယ်ပြန် ဝိုက် ၊ ဘယ်ပြန် ဝိုက် ၊ အဆုံး ဝိုက် ၊ ပြန်ဖြည် ထား ပြန်ဖြည် ထား ၊ ရှေ့မှာ ချောက် ရှေ့ မှာ ချောက် ၊ ကား ထဲ ဝင် ဂီယာ ပြန်ချိန်း ၊ ရပြီ ၊ လက်ကိုင် ဖြောင့်ထား ”

စသည်ဖြင့် တရစပ် ပြော နေရသည် ။ သူ ပြောသည့် အတိုင်း ဒရိုင်ဘာ က မောင်း ရရှာ၏ ။

သူတို့ ကတော့ နေ့စဉ် ဘယ်လို ခရီး သွားနေကြသည် မသိ ။ ကားခေါင်း တည့်တည့် စီး နေရသော ကျွန်တော် တို့ ခမျာ ထန်းပင်ကြီး က ပြေး ဝင်လာလိုက် ။ တမာပင် ဆီ ဦးတည် သွားလိုက် ချောက် ထဲ ပဲ ကျတော့ မလို ဖြစ်လိုက်မို့ တထိတ်ထိတ် ။

ခုန်လဲ မချရဲ ။ ခုန်ချ လျှင် လဲ ကားဘီး တည့်တည့် ။

ထို ထက် စိတ်နာစရာ ကောင်းသည် က ကားဖင် မှ သည် ကား ခေါင်း ဆီ သို့ တံကျင် လျှိုသလို ထိုး ထားသော ကော်ပိုက်များ ပင် ။

ကား က ယိုင်ထိုးယိုင်ထိုး သွား နေသည်မို့ သူတို့ ကလဲ ဘယ် ညာ လှုပ် နေ၍ ထို အပေါ် စိတ်ချ လက်ချ ဖင်ချ မထိုင်ရဲ ။ ကား အကွေ့ မှာ ကော်ပိုက်များ ရွေ့ပြီး ဖြောင်းခနဲ လာ ရိုက်ကာ ကိုယ့်ဥ ( ပတိ ) ကို ကိုယ် ညှစ် ခွဲ သလို ဖြစ်သွား မှာ ကလဲ စိုးရိမ် ရသေး၏ ။ သတိလက်လွတ် ဖြစ်သည် နှင့် ဥမကွဲ သိုက်မပျက် အိမ်ပြန် ရောက်ရန် လမ်း မမြင် ။ ထို့ကြောင့် အဓိက ကို လဲ သတိ ထား ရသေးသည် ။ မည်မျှ ဆိုသော် …

ကျွန်တော် သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဖြစ်သော် ငြား ( အရွယ်မတိုင်သေး၍ လဲ ဖြစ် နိုင်သည် ။ )တရားဒေသနာ ကို လွန်လွန် ကျူးကျူး လိုက်စားသူ မဟုတ် ။ ဘုရားစာများ လဲ ဟုတ်တိပတ်တိ ရ ပါ ။ သို့သော် ထိုအခါတွင်တော့

“ ရွှေတိဂုံဘုရား ကယ်တော်မူပါ ၊ မဟာမြတ်မုနိ လဲ ကယ်တော် မူပါ ၊ ဆူးလေဘုရားကြီး လဲ ကယ်တော်မူပါ ၊ မော်လမြိုင်မြို့ က ကျိုက်သလ္လန်ဘုရား လဲ ကြည့် မနေပါနဲ့ ၊ ရွှေစက်တော်ဘုရား နဲ့ မြန်မာပြည် အရပ်ရပ် ၌ ရှိသော ဘုရား အားလုံး ကယ်တော်မူကြပါ ”

ဟူ၍ မှတ်မိသမျှ ဘုရားအားလုံး တ ၍ ဖင် တကြွကြွ နှင့် ခရီး သွားခဲ့ရ လေတော့သည် ။

အညာနွေ ကား ပူလွန်းသည် ။

နဂို အပူ ကြောက်သော ကျွန်တော့် အဖို့ ကား ပြောစရာ မရှိ အင်္ကျီ ကို ချွတ် ထားရသည့် အပြင် လုံချည် ပါ ခါးတောင်း ကျိုက် ထားရ သည် ။

သို့သော် ခေသူ မဟုတ် ။

နံဘေး နား တွင် ကျွန်တော့် နည်း နှယ်နှယ် လူငယ် တစ်အုပ် ကျွန်တော့် အား ငေးကြည့် နေကြ၏ ။ တချို့ကား ငုတ်တုတ် ။ တချို့ကား ငေး လျက် ။

“ အဲဒါနဲ့ကွာ ငါ ကလဲ ညတုန်း က ခုန ပြော တဲ့ ညိုညိုလွင် နဲ့ ချိန်း တွေ့ပြီး အိမ် အပြန် နောက်ကျပြီး နုံးချိ ပင်ပန်းပြီး အိပ်မောကျ အဲ နုံးချိရတဲ့ အကြောင်း ကို ဟိုတစ်နေ့ က ချိန်းတွေ့ တဲ့ စန်းနုရှိန် နဲ့ အကြောင်း မှာ ကွက်ကွက်ကွင်းကွင်း ရှင်းပြပြီးပြီနော် ၊ ငါ့ လက် က သိတယ် မဟုတ်လား ၊ ဘုရားပွဲ ဈေး မှာ လုပ်စား လာတဲ့ လက် ဆိုတော့ သိပ် သွက်တာ ၊ ဟဲဟဲ ”

အားလုံးက ကျွန်တော့် အား လေးစားစွာ ကြည့်၍ ခေါင်း ညိတ်သည် ။

“ အိပ်ရာ က ထပြီး နာရီ ကြည့် လိုက်တော့ မိနစ် နှစ်ဆယ် နောက် ကျနေပြီ ၊ အဲဒါနဲ့ ငါ လဲ ကမန်းကတန်း မျက်နှာ သစ် ပြီး ချိန်း ထားတဲ့ ရန်ကုန်တက္ကသိုလ် ဝင်း ထဲ ပြေး တာ ၊ အချစ် အတွက် ဆိုတော့ အပင်ပန်း ခံရမယ်လေ ၊ ဟုတ်ဘူးလား ”

ခေါင်းညိတ် ကြပြန်သည် ။

“ ငါ လဲ အားကုန် ပြေး တာပေါ့ကွာ ၊ အဲ ဟောဒီ ဆံပင် ရှည်ရှည် ကြီး က လေ ထဲ မှာ ဝဲလွင့် နေတာပေါ့ကွာ ၊ ဟုတ်ဘူးလား ”

ကျောလည် ကျော်ကျော်ခန့် ရှိ နီကျင်ကျင် ဖွာလန်ကျဲ ဆံပင် ကို ဆွဲ ပြလိုက်သေးသည် ။ ငေး ကြတုန်း ။ အားကျနေတုန်း ။

“ ကျောင်းဝင်း ထဲ လဲ ရောက်ရော စိန်ပန်းပင်တွေ တန်း နေတဲ့ ခုံတန်းလေး မှာ သီရိနွယ် က စောင့် နေတုန်း ရှိသေးတယ် ၊ သူ့ မျက်နှာလေးက ငယ်ပြီး နှုတ်ခမ်း က စူပွပွ ဖြစ်နေပြီ ၊ ငါ့ ကို မြင်တော့ တစ်ဖက် လှည့် သွားတာပေါ့ကွာ ၊ သိတယ် မဟုတ်လား ၊ အချိန် ကလဲ တစ်နာရီ နီးပါး နောက်ကျ သွားတာကိုး ၊ ငါ့ ကို လဲ စကား မပြောတော့ဘူး ၊ ဒါပေမယ့် သိတယ် မဟုတ်လား ၊ ငါ က မင်းတို့ လို မဟုတ်ဘူး ၊ မိန်းမ အကျော နပ် တယ်လေ ”

အားလုံး ကို ဝေ့ ကြည့်ရသေး၏ ။ အားလုံး ငေး ကောင်းတုန်း ။

“ ငါ လဲ ဘာမှ ပြော မနေတော့ဘဲ ငါ ရဲ့ ဟောဒီ ရင်ခွင်ကျယ်ကြီး ထဲ တစ်ခါတည်း ဆွဲ သွင်းလိုက်တာ ”

အားလုံးက ရင်ခွင်ကျယ် ဟု အမည် ရသော နံရိုးပြိုင်းပြိုင်း ငေါ ထွက်နေသော ခန္ဓာပိန် ကို ကြည့် ကြသည် ။ ကျွန်တော် က ထင်ပေါ် လှသော စတုတ္ထနံရိုး ကို လက်သီးဆုပ် နှင့် ခေါက်ပြရင်း

“ မိန်းကလေးတွေ က ဒီလို ကြွက်သား ပေါ်နေတာမျိုး ကို သဘော ကျတယ် မဟုတ်လား ၊ နောက်ပြီး ငါ က အဝေးကြီး က ပြေး လာရတာ ဆိုတော့ ချွေးနံ့ ကိုယ်သင်းနံ့တွေ နဲ့ မရုန်းနိုင်တော့ဘူး လေ ၊ အဲဒါနဲ့ ငါ လဲ သူ့ မေးလေး ကို ဆွဲပြီး ပါးလေး ကို ရှလူးခနဲ ”

အားလုံး နှာခေါင်းတုံးတုံးကြီးတွေ လိုက် ရှလူးကြပုံ ရ၏ ။ အတန် ကြာမှ နံဘေး နား ငုတ်တုတ် ထိုင်နေသော ဖိုးအောင် က မရွံ့မရဲ ဖြင့်

“ အဲဒီ အချိန် မှာ အစ်ကို့ ပါးပြင် လဲ ရှက်သွေးတွေ ရဲ နေမှာပဲ နော် ”

သူ့ အမေး ကြောင့် ကျွန်တော် လဲ အားတက်ပြီး

“ ဒါပေါ့ကွ ၊ ချစ်သူ ရဲ့ ပါးပြင် ကို နမ်းတဲ့ အချိန်မှာ ကိုယ့် မှာ လဲ ရှက်သွေး ”

စကား ပင် မဆုံးလိုက် ။ ကြား လိုက်ရသော အသံ က

“ ဘာ ရှက်သွေးလဲ ၊ ရှက်ကြော မရှိတဲ့ သူ က ဘယ်လို ရှက်သွေး ဖြန်း မှာလဲ ”

“ ရှက် ရှက်ကြော ”

စကား ပင် ဘယ်လို ဆက်ရမှန်း မသိတော့ ။ ကြည့် လိုက်တော့

“ ငမျိုး ”

ငမျိုး ကို မြင်တော့ တွန့်ဝင် သွားမိသည် ။ မှန်၏ ။ ဒီကောင် က ကျွန်တော် နှင့် ရန်ကုန် က အတူ လာခဲ့သူ ။ ကျွန်တော့် အကြောင်း ဆံပင် မှ အစ ခြေဖဝါး အဆုံး သိသူ ။

အခွင့် ရတုန်း ရွာသားများ ကို မဟုတ်မဟတ် ဇာတ်လမ်းဆင် ပြောမိ နေရာမှ ယခု ငမျိုး ရောက်လာ၍ စိတ်ကူး နှင့် ကျင့်နေသော ဘလက္ကာယအမှုကလေးပင် အဖမ်း ခံလိုက်ရပေပြီ ။ ထို့ကြောင့်

“ မင်း မင်း ကလဲ ကွာ ၊ ရှက်ကြော တော့ နည်းနည်း ရှိပါတယ် ကွ အဟဲ ”

ကျွန်တော့် မျက်နှာချိုသွေး စကားကို ငမျိုး က ရှုံ့မဲ့ လိုက်ပြီး

“ ဘာ ရှက်ကြောလဲ ၊ မွေး ကတည်းက ရှက်ကြော နဲ့ ချက်ကြော မှား ဖြတ်ခံနေရတဲ့ သူက များ ဟွန်း ပြော နေလိုက်တာ ၊ ကိုယ် သင်း နံ့ တဲ့ ”

ကျွန်တော် က ကိုယ့် ကို ကိုယ် ပြန် ငုံ့ နမ်းရင်း

“ မွှေးပါတယ် ဟ ၊ မင်း ကလဲ ”

“ ဘာ မွှေးလဲ ၊ အရက်နံ့ တွေ မွှန် ဟောင်နေတဲ့ ဟာ ”

“ ဝေါ့ ”

ဟုတ် မဟုတ် အနံ့ ခံ လာသော ထူးနိုင် အော့အန် မလို ဖြစ် သွား၏ ။ ကျွန်တော် လဲ ရှက်ကိုးရှက်ကန်း နှင့် …

“ ဟိုလေ ၊ အနံ့ မမွှေးတာတောင် ဗလ က ”

“ ဘာ ဗလ လဲ ၊ ခန္ဓာ ကိုယ် ကလဲ ကြည့်ဦး ၊ မေဓာဝီ သမင်မ ကိုယ်ဝန် လွယ် ထားရသလို နေ့စေ့လစေ့ကြီး ”

ကျွန်တော် လဲ ခုန အကောင်း လုပ်ပြီး ကော့ကော့ ပြနေသော ခန္ဓာကိုယ် ကို ကျုံ့ ထား လိုက်မိသည် ။ ဒါကို ငမျိုး က ငေါထွက်နေသော နေရာ ကို လက်ညှိုး နှင့် ထောက်ပြပြီး

“ နံရိုးတွေ ကလဲ ကြည့်ဦး ၊ တံခါးလက်ကိုင်သံပန်းတွေ လို ၊ ဆံပင် လဲ ကြည့်ဦး ၊ မကောင်းတတ် လို့ သာ တက် ပေါက် နေရတာ သူတို့ ခမျာ မပေါက်ချင်ရှာဘူး ၊ ဒါကြောင့် ကျိုးတိုးကျဲတဲ နဲ့ ”

ဆက် ပြောလျှင် ရစရာပင် ရှိတော့မည် မဟုတ် ။ ထို့ကြောင့် စကား ဖြတ်သည့် အနေ နှင့်

“ မင်း ကလဲ ကွာ ၊ ရုပ်ရည် နဲ့ အကျင့် ပဲ မကြည့်နဲ့လေ ၊ စွမ်းတာ လေးတွေ လဲ ရှိပါတယ် ”

ကျွန်တော့် စကား ကို ငမျိုး က မျက်နှာ ပို ရှုံ့မဲ့လိုက်ပြီး

“ ဘာ စွမ်းတာ ရှိလဲ ၊ အဖွား လက်နှစ်လုံး ၊ အဖိုး လက်နှစ်သစ် တစ်ဆွေလုံး တစ်မျိုးလုံး ပေါင်း မှ ခြောက်လက်မ မကျော်တဲ့ ဟာ ကများ ”

သူ့ စကား ကြောင့် ကျွန်တော် လဲ တင်း ပြီး

“ ဟေ့ကောင် အဖွား လက်နှစ်လုံး ၊ အဖိုး လက်နှစ်သစ် နဲ့ လူ ဖြစ်အောင် မွေးလို့ ရတယ်ကွ ၊ မယုံရင် မင်း ကောင်မလေး လွှတ်လိုက် လုပ်ထည့်လိုက် လို့ ကံကောင်း ရင် ခြောက်လ ၊ ကံမကောင်းရင် ကိုးလ အထိ မပေါ့မပါး ဖြစ်သွားမယ် ၊ ဘာမှတ်လဲ ”

“ ခင်ဗျား ဘာစကား ပြောတာလဲ ရိုင်းလှချည်လား ”

“ ငါ ဆိုလိုတာ က ငါ့ ဒုက္ခ ကို ထမ်းထားရမယ်လို့ ဆိုလိုတာ ကွ ၊ မင်း အတွေး ကို က ရိုင်းနေတာ ”

“ ခင်ဗျား စကား ကို က နှစ်ခွ ”

“ တစ်ခွပါပဲ ကွာ ၊ တစ်ခွ တောင် အနိုင်နိုင် ”

“ ဟေ့လူ ခင်ဗျား ”

“ ကဲ ကဲ တော်ကြပါတော့ဗျာ ၊ တော်ကြပါတော့ ”

ကျွန်တော်တို့ နှစ်ယောက်ကြား ရွာသား ထူးနိုင် က ကြားဝင်ပြီး

“ ငမျိုး ကလဲ ကွာ ၊ ကိုကြည် ပြောတာ ပြောပါစေ ၊ သူ့ ရုပ် သူ ရည် နဲ့ ဘာမှ သောက်ဖြစ် မရှိတာ ပေါ်လွင်ပြီးသားပါ ”

“ ဟမ် ”

သူ့ စကား ကြောင့် ကျွန်တော် တွန့်ဝင် သွားရသည် ။ ဒါကို နီ ဘေးနား က ဖိုးအောင် က

“ ဟုတ်သား ငမျိုး ၊ ဒီရုပ် ဒီရည်နဲ့ ငါတို့ လဲ ခန့်မှန်း တတ်ပါ တယ် ၊ ဒါပေမယ့် ငါတို့ ရွာမှာ ဘာ မှ ဧည့်ခံစရာ မရှိလို့ ၊ သူ့ စကား ကို စိတ်ဝင်စားချင်ယောင် ဆောင်ပြီး နားထောင် ပေးနေတာ ၊ ဒါပဲ ဧည့်ခံ စရာ ရှိလို့ ဧည့်ခံ နေတာပါ ၊ ဒီရုပ် နဲ့ ဒီရုပ် ကွာ ကောင်မလေးတွေ အာဘွား ရှလူး ဖို့ မပြောနဲ့ ၊ ခွေးတောင် အသတီ ခံပြီး လျှာ နဲ့ တက် မလျက်တာ ငါတို့ သိ ပါတယ် ၊ ဒါပေမယ့် ကိုယ့် ဆီ လာတဲ့ ဧည့်သည် ပျော်သွားအောင် ပြောချင်တာ ပြော ဆိုပြီး လွှတ် ထားတာပါ ၊ ငါတို့ မှာလဲ ဦး နှောက် ရှိပါတယ် မင်း ကလဲ ၊ ပြော ပြော ကိုကြည် ဆက်ပြော ”

ကျွန်တော် သဘောပေါက် သွားပြီ ။ ဒီကောင် တွေ တဆိတ် ကျွန်တော့် ကို အထင် သေး လွန်း သွားပြီ ။ ထို့ကြောင့် ရုတ်တရက် ထပြီး

“ မင်းတို့ က ငါ့ ကို အထင် သေးတယ် ဟုတ်လား ၊ အေး ဒါဆို မြဲမြဲ မှတ်ထားလိုက်ငါ ဟောဒီ ရွာက မပြန်ခင် မင်းတို့ ရွာသူ တစ်ယောက် ကို အာဘွားရှလူး ပြ သွားမယ် ၊ အဲဒါ ငါ့ ရဲ့ သံန္နိဌာန် ၊ ပေးစမ်း ဂစ်တာ ”

အားလုံး ပြုံးစိစိ ဖြစ်ကုန်၏ ။ ပြက်လုံး တစ်ခု ကို ကြား လိုက်ရ သလို သာ ထင်နေဟန် တူ၏ ။ မျိုးအောင် က နံဘေး နား ထားသော ဂစ်တာ ကို ကမ်းပေး၏ ။ ကျွန်တော် က ဂစ်တာ ကို ဆွဲယူပြီး

“ ပြောစမ်း ၊ ဘယ်နား အပျို ရှိလဲ ”

ကျွန်တော် ကိုယ့် အစွမ်းအစ ကိုယ် ယုံကြည်စွာ ရဲရဲကြီး မေး လိုက်သည် ။ ဒါကို ထူးနိုင် က

“ ရွာလည် နား က ဖိုးဇေ တို့ အိမ်နား မှာ ရှိတယ် ကိုကြည် ၊ မသီတာ တို့ အိမ် မှာ အပျိုလေးတွေ လေးယောက် လောက် ရှိတယ် ၊ ကျွန်တော် လိုက်ပြမယ် ”

ဒါကို ကျန်သူများကလဲ

“ ဟာ ဒါဆို ငါတို့လဲ လိုက်မယ်လေ ၊ ချန် မထားပါနဲ့ ”

“ ဟုတ်သား ကိုကြည့် အစွမ်းအစ ကို လိုက် ကြည့်တာပေါ့ ”

အားလုံး တသီကြီး ကျွန်တော့် နောက် ကို လိုက်ခဲ့ကြသည် ။

ကျွန်တော် က အင်္ကျီ ဗလာကျင်း ၊ လုံချည် ခါးတောင်းကျိုက် နှင့် ဂစ်တာကြီး ထမ်းပြီး မပေါက်ချင် ပေါက်ချင် ပေါက်နေသော ခါး လည်လောက် ရှိ ဆံမွှေး နီကြောင်ကြောင် တခါခါ ။

ကျွန်တော့် နောက်တွင် တော့ ကျွန်တော့် လို အင်္ကျီ ဗလာကျင်း နှင့် ရွာသား ဆယ်ဦး ခန့် က ကပ်ပါ လာလေတော့သည် ။

••• ••• ••• •••

အညာနွေ ညများ ၏ ထုံးစံ အတိုင်း အပူငွေ့ က မပြယ်သေး ။

နေ့ခင်းပိုင်း က ပူ ခဲ့သမျှ အပူများ မှာ မြေပြင် ထဲ ထိ စိမ့်ဝင်ပြီး ညခင်း နေရောင် မရှိတော့သော အချိန် ထိလဲ နေ့ခင်းပိုင်း က စု ထား သော အပူများ မှာ တံလျှပ်သဖွယ် မြေပြင် ထဲ မှ ပြန်လည် ထိုးထွက် လာကြပြီး အချိန်မျိုး ၌ မြေပြင် ကို ဟပ်ဆဲ ။

ထိုအချိန်မျိုး ၌ မြေပြင် ၏ ဘယ်နေရာ နေနေ အပူ မှာ သေ သည် ဟူ၍မရှိ ၊ တရှိန်ရှိန်နှင့် လူ ကို ဟပ်ဆဲ ။ ထို့ကြောင့် အညာ သည် ညဦး ၌ အိပ် ရိုး ထုံးစံ မရှိ ။ မြေပြင် မှ အပူ ရှိန် ကျ မှပင် အိပ်ရာ ဝင်ကြမြဲ ။

ယခု အညာသားများ ပင် ငြီး ယူရသော အညာ ည ဦး ၌ ကျွန်တော် အပါအဝင် လူရွယ် ဆယ်ဦး ခန့်မှာ ပူပြင်းလှသော အညာလမ်းမကြီး ပေါ် နှလုံးမြေကျ ထိုင်၍ လာသမျှ အညာသူ လူမရွေး ၊ ကံစမ်းမဲ မပါဘဲ ဂစ်တာ တစ်လက် နှင့် ကြူ ပွဲ စတင်ရန် ကြံစည် နေကြခြင်းဖြစ် သည် ။

“ ကဲ ကိုကြည် ၊ ဒီရုပ် ဒီရည် တွေ မြင် တာနဲ့ ဘယ် အမျိုးကောင်း သမီး က မှ အပြင် ထွက်ရဲကြမယ် မထင်တော့ဘူး ၊ အဲဒီတော့ ပြန် အိပ် ရင် အိပ် မအိပ်ရင်လဲ တစ်နေရာ သွား ဝိုင်း မှ နဲ့ တူတယ် ”

ဖိုးအောင် ၏ စကား ။ ဒါကို ကျွန်တော် က ကိုယ့် ကို ကိုယ် ယုံကြည်မှု ပြည့်ဝစွာဖြင့် ရှိစုမဲ့ ရင် ကို တင်းခနဲ နေအောင် ကော့ ထုတ်လိုက်ပြီး

“ သူတို့ က ကြူ ဖို့ မထွက် ရင် ကိုယ် က ချူ ထုတ် ရမှာပေါ့ ဖိုးအောင် ရဲ့”

“ ဘာလဲ သင်္ဘောရိုး နဲ့ လား ”

“ အဲဒါ ဝမ်းချူတာ ကွ ၊ ကောင်မလေးတွေ သင်္ဘောရိုး နဲ့ ချူ လို့ ရမလား ”

ကျွန်တော့် စကား ကို ဖိုးအောင် က ခေါင်းကုတ်ပြီး

“ သိပါဘူး ၊ ကျွန်တော် လဲ ဒီလောက် ကြားဖူးတာ ဒါဖြင့် ဘာနဲ့ မှာလဲ ”

သူ့ အမေး ကို ကျွန်တော် က ပါလာသော ဂစ်တာ ထောင်ပြပြီး

“ ဒါနဲ့ ချူ မှာလေ ”

“ ဟယ် အကြီးကြီး ”

“ ဟာ မင်း က လဲ တွေး လိုက်မှဖြင့် ပေါက်ကရ ချည်းပဲ ငါ့ ရဲ့ ဂီတသံ နဲ့ ချိုး လိုက်ရင် ကောင်မလေးတွေ တုန် ဆင်း သွားမှာပါ ”

“ ဟင် ဟုတ်လား ၊ ဒါဖြင့် လုပ်လေ ”

အများက မြှောက်ပေး၍ ကျွန်တော် လဲ ပါလာသော ဂစ်တာ ကို တင်တောင် တင်တောင် မြည်အောင် အသံ စမ်း လိုက်သည် ။

“ ငါ အင်္ဂလိပ် လို ဆို လိုက်ရင် သူတို့ နားလည်ပါ့မလား ”

အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကုန်၏ ။

“ ထားလိုက်ပါ ၊ မြန်မာ လိုပဲ ဆို လိုက်ပါ့မယ် ”

အမှန်တော့ ကိုယ်တိုင် လဲ အင်္ဂလိပ် လို တစ်လုံး မှ မတတ် ။ ဒါကို အခွင့်ရတုန်း မသိမသာ ကျော် လိုက်ခြင်းသာ ။ ကိုယ့် ဘာသာ ကိုယ်ဆိုလျှင်

“ what is my name ”

“ who am I ”

ဆိုတာလိုမျိုး ဖြစ်နေသည် ။ ဒါကို အတတ်ကြီး လုပ်ပြီး အလစ်အငိုက် မှ တစ်ချက်လောက် ကျော ဖြစ်အောင် ကျော လိုက်ခြင်းဖြစ်၏ ။

“ တင်းတောင် တင်းတောင် ”

ဂစ်တာ ကို ခပ်တည်တည် နှင့် ကြိုး ညှိ လိုက်သည် ။

“ ဟ ဟ ကိုကြည် ခဏ နေဦး ၊ အိမ် ထဲ မှာ ရန်ဖြစ် နေကြတာလား ”

ထူးနိုင် က ပခုံး ကိုင် ၍ ပြောသည် ။ အသေအချာ နားစွင့် ကြည့် တော့

“ ဟဲ့ ငါ မှန်တယ် ထင်လို့ လုပ်တာပဲ ဘယ်သူ့ ဂရုစိုက် ရမှာလဲ ”

“ မှန်တယ်ထင်တိုင်း လုပ်လို့ရမလား ၊ ပတ်ဝန်းကျင် ဆိုတာ ရှိသေးတယ်လေ ”

အိမ် ထဲ မှ အော်ကြီးဟစ်ကျယ် ထွက်လာသော စကားသံများ

“ ဟာ အကြီးမ မပုံ့ နဲ့ အလတ်မ အေးစံ ရန်ဖြစ် နေတာပဲ ”

ဖိုးအောင် မှ ထောက်ခံသည် ။

“ ဟာ ဒါဆို မဖြစ်ဘူး ထင်တယ် ၊ သိပ် မကြာခင် လက်ပါ ကြ တော့မှာ ၊ အဲဒီတော့ ကျရင် သူတို့ မိဘတွေ က ပတ်ဝန်းကျင် ပါ ပတ် ကြမ်း မှာ ”

ကျော်ဝင်း က ထ ပြေးမလိုပင် ဖြစ်နေ၏ ။

“ ဟဲ့ ပတ်ဝန်းကျင် ကို ဘာလို့ ဂရုစိုက် နေရမှာလဲ ၊ သူတို့ က ထမင်း ကျွေးထားတာ မဟုတ်ဘူး ၊ ကိုယ့် ဘာသာ ကိုယ် စားတာ ”

“ ဒီအရွယ်ကြီး ရောက်လို့ ပတ်ဝန်းကျင် ဂရုမစိုက်ရင် နင့် ဘဝ ဟာ ”

ရန်ပွဲက ပို၍ အရှိန် မြင့် လာပေပြီ ။ ဒါကို အတူ ပါလာသော ငမျိုး မှ ပင်

“ ဟုတ်တယ် ကိုကြည် ၊ ဒါ အပူပိုင်းဒေသ နော် ၊ လူတွေ က သွေးဆူ သိပ်လွယ်တာ ၊ တော်ကြာ ကိုယ့် ဖက် လှည့် လာလို့ ဟုတ်ပေ့ ဖြစ်နေဦးမယ် ”

ကျွန်တော် ပြုံးမိသည် ။ ဒီကောင်တွေ ဂီတ ရဲ့ စွမ်းပကား ကို မသိသေး၍ ဤ စကားမျိုး ဆိုပုံ ရသည် ။ ထို့ကြောင့်

“ ဒီမှာ မင်းတို့ မှတ်ထား ”

အားလုံး ကျွန်တော့် ကို ကြည့်သည် ။

“ ဂီတ ဆိုတာ ငြိမ်းချမ်းရေး ကို ဖော်ဆောင်တာ ၊ ကမ္ဘာစစ်ကြီး ဖြစ်တာတောင် ဂီတသံ က လူတွေ ရဲ့ စိတ်နှလုံး ကို ဘေးချမ်းစေ တုန်း ပဲ ၊ ဂျာမနီ က ဂျူးတွေ ကို မျိုးဖြုတ်သတ်ပစ်နေတဲ့ အချိန် မှာ တောင် ဂျာမန်ဗိုလ်ချုပ် တစ်ယောက် က ဂျူးဂီတသမားတစ်ယောက် ကို ဝှက်ထား ပေးခဲ့ဖူးတယ် ၊ ယုတ်စွအဆုံး အသိဉာဏ် နည်းတဲ့ မြွေဟောက် တောင်မှ ပလွေ က ထွက်တဲ့ ဂီတသံ ကြားရင် ငြိမ်ကျ သွားရ တာပဲကွာ ၊ ဟားဟား ဒီ ရန်ပွဲ လောက် က ငါ့ ဂီတသံ ကြားရင် ငြိမ်းချမ်း သွားစေရမယ် ၊ ဟွင်းဟွင်း ”

ရှည်လျားစွာ ရှင်းပြရင်း ဂစ်တာကြိုး ကို တင်းတောင် တင်းတောင် ဆက် ညှိသည် ။ အတွင်း မှာ ပွဲ က ဆူနေတုန်း ။

“အေး ငါ မှန်တယ် ထင်လို့ လုပ်တာ ၊ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ”

“ အဲလို ပြောလို့ မရဘူးလေ နင် မှန်တိုင်း ပတ်ဝန်းကျင် က မမှန်နိုင်ဘူး ”

အတွင်း မှ ပွက်ပွက်ဆူ ထွက်လာသော အသံ ကို ဖုံး ရန် အသံ ဆယ့်နှစ်ကီး ဘယ်ကီး နဲ့ မှ မကိုက်သော ကျွန်တော့် အသံ ကို မြှင့်၍ သူတို့ နှင့် လိုက်ဖက်မည့် သီချင်း ကို ဤသို့ စ လိုက်သည် ။

“ မှန် တယ် ဆို လုပ် စမ်း ”

ကျွန်တော် ၏ အသံပြဲ ၊ အသံဝဲကြီး ကြောင့် အားလုံး ရုတ်တရက် ကြောင် သွား၏ ။ ကျွန်တော် က ဝမ်းသာအားရ အသံ ကို မြှင့်၍ ဆက် ဆို လိုက်သည် ။

“ မှန်တယ် ဆို လုပ်လိုက် ၊ ဒီရင် မှာ သွေးဆိုးတွေ သွေးညစ်တွေ ၊ ရှိသမျှ အကုန် ဖောက် ထုတ်လိုက်စမ်းပါ ၊ အို သတ္တိ တော့ ရှိ ”

တစ်ခေတ်တစ်ခါ က ဦးကျော်ဟိန်း တို့ ကိုချစ်ကောင်း တို့ ၏ နာမည်ကြီး သီချင်း ။

“ ဘုရား အသိ ၊ တခြား လူ သိဖို့ မလိုဘူး ဟေ့ ”

ကျွန်တော့် ၏ အသံပြဲ အသံကွဲ ကြီး ကြောင့် အားလုံး ကြောင် ပြီး ငြိမ်ကုန်၏ ။ ကျွန်တော် ဝမ်းသာအားရ ပင် အသံ ကို မြှင့်၍ ထပ်ဆိုလိုက်သည် ။

“ မှန်တယ်ဆို လုပ်စမ်း ”

ကျွန်တော့် စာသား နှင့် အပြိုင် ထွက်ပေါ်လာသော အသံ က

“ အေး ငါ မှန်တယ် ထင်လို့ လုပ်တာ ဘာဖြစ်လဲ ”

ကျွန်တော့် အသံ ကလဲ ကပ်လျက်

“ မှန်တယ်ဆို လုပ်လိုက်”

“ ဟဲ့ မှန်တယ် ထင်တိုင်း လုပ်လို့ ရမလား ၊ ပတ်ဝန်းကျင် ဆို တာ ရှိတယ် ”

“ ဒီ ရင် မှာ ရှိသမျှ ဒီ သွေးဆိုးတွေ သွေးညစ်တွေ ဖောက်ထုတ် လိုက်စမ်းပါ ”

“ ဟဲ့ကောင်မ ၊ နင့် သွေးဆိုးတွေ သွေးညစ်တွေ ငါ လာ ဖောက်ပြီ ဟေ့ ”

“ သတ္တိတော့ ရှိ ”

ကျွန်တော့် သီချင်းသံ နှင့် ဟာမိုနီ လိုက်နေသလို ပေါ်ထွက် လာသော ရန်ဖြစ်သံများ ။

“ ကောင်မ သတ္တိ ရှိရင် လာခဲ့စမ်းပါ ”

အိမ်တွင်း မှ ဝုန်းဒိုင်းကျဲသံများ ကြား ရ၏ ။

“ ဘုရားအသိ ”

“ ငါ မှန်တာ ဘုရား သိတယ် ဟဲ့ ကောင်မရဲ့ ”

“ တခြား လူ သိဖို့ မလိုဘူး ”

“ ဟဲ့ တခြား လူ လဲသိ ဖို့လိုတယ် ဟဲ့ ကိုယ် မှန်တယ် ဆိုပြီး ကြိတ် နေလို့ မရဘူး ”

အိမ်တွင်း နပန်းလုံးသံများ ပန်းကန်ပြားပျံ များ မြင် နေရ သည် ။ ကျွန်တော် က ကိုယ့် ဂစ်တာ ဆိုလို နှင့် ငြိမ့် နေတုန်း ။ ဂစ်တာ ဆိုလို ပြီးသည် နှင့်

“ မိန်းကလေး မင်း ကျေနပ်ပလား ”

“ မကျေနပ်ဘူးဟေ့ ၊ မကျေနပ်နိုင်ဘူး ၊ ကဲဟာ ”

နည်းနည်း ငြိမ်သွားသော မိန်းမများ ထို သီချင်းသံ ကြားသည် နှင့် ပြန် ခုန်ထွက်ကာ ဝုန်းဒိုင်းကျဲ ကုန်ကြပြန်၏ ။

“ အေး ငါကလဲ ကျေနပ်နေတယ် ထင်လား ကောင်မ ရဲ့ ”

“ လုပ်သင့်တာ လုပ်လေ ”

“ နင့် ကို ဟောဒီလို ဟောဒီလိုပဲ လုပ်သင့်တယ် ဟေ့ ”

“ ငါ ကတော့ နင့် ကို ဟောဒီလိုပဲ လုပ်သင့်တယ် လို့ပဲ ထင် တယ် ဟေ့ ”

“ ဖြန်း ဖြန်း ”

ရန်ပွဲ က ဇာတ်ရှိန် ပို မြင့်လာသည် ။

“ မိန်းကလေး မင်း ကျေနပ်ပလား ”

“ ဟဲ့ မကျေနပ်နိုင်ဘူး ၊ နင့် ကို ဟောဒီလို ”

“ ဟဲ့ နင် က ဒီလိုဆို ငါက ဒီလို ”

အိမ်တွင်းအိုးခွက်ပန်းကန်သံ ၊ ဒယ်အိုးသံ ၊ ဘီဒိုကျကွဲသံများ ကြား ရ၏ ။

“ လုပ်သင့်တာ လုပ် ”

“ အေး လုပ်သင့်တာ လုပ်ပြီ ဟေ့ ”

သီချင်းသံ နှင့် အတူ အိမ်ကြီး တစ်ခုလုံး တုန်ခါနေ၏ ။ ရန်ပွဲ က စစ်ပွဲတမျှ ပြင်းထန်နေပြီ ။ ကျွန်တော် လဲ ဝမ်းသာအားရ သီချင်း ကို ပြန် ကျော့ လိုက်၏ ။

“ မှန်တယ်ဆို လုပ်စမ်း ”

သီချင်း ထိုမျှ ဆိုရသေး၏ ။ အတွင်းမှ ကြားရသော အသံ က

“ ဟေ့ ဘယ်ကောင်လဲ ကွ ၊ ငါ့ သမီး ရန်ဖြစ်တာ ကို လာ မြှောက် ပေးနေတာ ၊ ငါ လာပြီ ကွ ”

အိမ်တွင်း မှ ကြား လိုက်ရသော အသံကျယ်ကျယ် ။ ကျွန်တော် က သူ့ ထက် အသံ မြှင့်၍

“ မှန်တယ်ဆို လုပ်လိုက် ”

ကျွန်တော့် သီချင်းသံ နှင့်အတူ အိမ်တွင်း မှ အသံ ကလဲ

“ အေး ငါ ကလဲ မှန်တယ်ဆို လုပ်မယ့် ကောင်ကွ ၊ ငါ လာပြီ ”

ထို အသံ ကြားတော့ နံဘေးနား က ရွာသားများ က လှုပ်လှုပ်ရွရွ ဖြစ် ကုန်ပြီး

“ ဟာ ဟိုမှာ မပုံ့ တို့ အေးစံ တို့ အဖေ ဦးစံတိုးကြီး ဓားကြီး ဆွဲ ထွက်လာပြီ ”

“ ဟာ အေး ဟုတ်တယ် ပြေးကြ ပြေးကြ ”

“ ဟေ့ကောင်တွေ ပြေးနိုင်မှ လွတ်မယ် ”

သူတို့ က သုတ်ခနဲ ထ ပြေးကြ၏ ။ ကျွန်တော် က ကိုယ့် ဖီး ( လ် ) နှင့် ကိုယ် သီချင်း ဆက် ဆို ကောင်းတုန်း ။ အိမ်တွင်း ရန်ပွဲ ကလဲ အရှိန် မြင့်တုန်း ။

“ ဒီ ရင်မှာ ရှိသမျှ ဒီ သွေးဆိုးတွေ သွေးညစ်တွေ ဖောက်ထုတ် လိုက်စမ်းပါ ”

“ အေး အဲဒီ သွေးဆိုးတွေ ဖောက်ဖို့ လာပြီ ဟေ့ ”

ဆိုသော အသံ နှင့် အတူ ဒုန်းခနဲ ပွင့် လာသော ခြံတံခါး ။

“ ဟာ ”

ခြံဝ မှာ ငှက်ကြီးတောင်ဓား ကားရားကြီး နှင့် လူ တစ်ယောက် ။

“ ဟေ့ကောင် မင်းလား ကွ ၊ ငါ့ သမီးတွေကို မြှောက် ပေးနေ တာ ယား ”

ဆိုပြီး ပြေး အလာ ။ ထိုတော့ မှ ကိုယ်လဲ ခြေ အလွန် မြန်မှန်း သိ လိုက်ရသည် ။ လန့်ပြီး သုတ်ခနဲ ထ အပြေး

“ ဘုရားအသိ ”

ပါးစပ် က အရှိန် လွန်နေတယ် ထင် ပါရဲ့ ဗျာ ။ စာသား က ထွက် ကို ထွက်သေးတယ် ။

“ အောင်မလေး တခြားလူ သိဖို့ မလိုဘူး ”

“ ဟာ ”

ကျွန်တော် ထ ပြေးတော့ မှ ဓား ကိုင်ထားသော ဦးစံတိုးကြီး ကြောင် သွား၏ ။ နောက် သူ့ နှုတ် မှလဲ ကတုန်ကယင် နှင့်

“ ဟာ မိန်းမကြီး ၊ မိန်းမကြီး ၊ ဆံပင်ဖားလျားကြီး ဘော်လီ လဲ မပါဘူး ၊ ထဘီ လဲ ခါးတောင်းကျိုက်ကြီး နဲ့ ”

အညာ ည ပူပူ မှာ လရောင် ဖွေးဖွေး အောက် ဆံပင်ဖားလျား ၊ ခါးတောင်းကျိုက်ကြီး နှင့် ဂစ်တာ ထမ်း ပြေးသွားသော ကျွန်တော့် ကို ဦးစံတိုးကြီး မှာ ကြောင်၍ ကျန်ခဲ့ရရှာလေတော့သည် ။

“ ပေါင် နဲ့ ဖင် က တစ်တိုင်းတည်း ကွ ၊ နောက် ပျော့ပျော့ကြီး ၊ ဒါကို ကြည့်ခြင်းအားဖြင့် ဒီ အဘွားကြီး အတော် အို နေပြီ ဆိုတာ သိ သာတယ် ၊ အပျိုဖင် ဆို တင်းတင်းရင်းရင်း ရှိရမယ် ၊ ဟုတ်ဘူးလား ”

ကားဂိတ် လက်ဖက်ရည်ဆိုင် တွင် ဦးစံတိုး ၏ အသံကျယ်ကျယ် ကို ကြား နေရသည် ။

ကျွန်တော် က တောရဘုန်းကြီးကျောင်း သွားရန် ပြင်ဆင်ထား သော ထွေလာဂျီ ပေါ် ခေါင်း ဝှက် နေရခြင်းဖြစ်၏ ။

“ နောက်ပြီး ဆံပင် က ကျိုးတိုးကျဲတဲ နဲ့ ဖြူ တစ်ဝက် နီ တစ်ဝက် ကွ ၊ အပေါ်ပိုင်း မှာ လဲ ဘာ မှ ဝတ်ထားပုံ မပေါ်ဘူး ”

ရွာသားများ ကို ဦးစံတိုး က ည က သူ မြင်ခဲ့ရသော သဲထိတ် ရင်ဖို ဇာတ်လမ်း အား ပြန်လည် ဖောက်သည် ချ နေခြင်းဖြစ်သည် ။

“ ကဲ ငါ မရှင်းတာ က အင်္ကျီချွတ် နဲ့ ခါးတောင်းကျိုက် အဘွား ကြီး က ဘာလို့ ဂစ်တာ ထမ်း ပြေးရတာလဲလို့ ”

သူ့ စကား ကို စက်ဘီး ပြင်သော ညိုလုံး က

“ ဟာဗျာ ဦးစံတိုး ဟာက ဖြစ်နိုင်ပါ့မလားဗျာ ၊ အင်္ကျီ လဲမပါ ဘူး ၊ ထဘီ လဲ ခါးတောင်းကျိုက် ထား တဲ့ အဘွားကြီး က ဂစ်တာ ထမ်း ပြေးတယ် ဆိုတာ ”

ဒါကို နံဘေး နား က လက်ဖက်ရည်အဖျော်ဆရာ ခင်မော် က

“ အေးလေ ၊ ဦးစံတိုး တွေ့ခဲ့တာ သရဲများ လား ”

“ အာ သရဲ က ဂစ်တာ ထမ်း ပြေး မလားကွ ”

“ ဒါဆို ဥစ္စာစောင့် ဖြစ်မယ် ”

“ ထွီ အင်္ကျီ ဝတ်ဖို့ တောင် မရှိအောင် ဆင်းရဲတဲ့ ဥစ္စာစောင့် မင်း ကြားဖူးလို့လား ”

အားလုံး ဦးစံတိုး စကား ကို ပဟေဠိ တွေ ဖြစ် နေကြသည် ။ ဖြစ်ပေမပေါ့ ။ ကျွန်တော် ကလဲ ဒီ ရွာခံ ငမျိုး ကောင်းမှု နဲ့ မနေ့ ည က မှ ဒီ ရွာ ရောက်တာကိုး ။ ယခုလဲ ည က အဖြစ် ကို ရှက်ပြီး ထွေလာဂျီ ပေါ် ခေါင်း ဝှက် နေတာ ဆိုတော့ ကျွန်တော် မှန်းပင် မသိကြသေး ။ ထို့ကြောင့် ည က အဖြစ်အပျက် ဆွေးနွေး ကောင်း ချင်တိုင်း ကောင်း နေတာ ။

“ ကိုကြည် ကိုကြည် ”

ရွာခံ ဖိုးဇေ ခေါ်သံ ။ ကျွန်တော် အသာအယာ ခေါင်း ထောင် ကြည့်လိုက်သည် ။

“ ဟေ ဘာလဲကွ ”

ဖိုးဇေ ၏ စပ်ဖြဲဖြဲ မျက်နှာ မြင် ရ၏ ။

“ အဟီး ရွာ က အပျို ရှိသမျှ အားလုံး ခေါ်ခဲ့တာ ။ အားလုံး ဆယ့်နှစ်ယောက် တောင် ”

ကျွန်တော် ဝမ်းသာ သွားသည် ။ ယခု ခရီး မှာ တောရဘုန်းတော် ကြီး ဖူးရန် ဟူ၍ ခေါင်းစဉ် တပ်ထားသော်ငြား ထို တစ်ခုတည်း မဟုတ် ။

နယ်တကာ လှည့်ပတ် ဆတ်ဆလူးထ လာတာတောင် မစွံ သော ကျွန်တော့် အား သူတို့ ရွာသူ တစ်ပါးပါး နှင့် နှစ်ပါးဂဟေ ဆက်ရန် အဲလေ နှစ်ပါးဂဟေဆက် နိုင်ရန် ကြံရွယ်ထားသော ဇာတ်လမ်း လဲ ရှိသေး ၏ ။ ထို့ကြောင့် ရွာ ရှိ အပျိုကုန် ကို ဆင့်ခေါ် ထားခိုင်းခြင်းပင် ။

“ အဲဒီ အထဲ မှာ ကျွန်တော် ပိုး နေတဲ့ နှစ်ယောက် တောင် ပါ သေးတယ် ၊ ဟီဟိ ၊ ဒါပေမယ့် ရ ပါတယ် ၊ ကိုကြည် မြင်မြင်သမျှ သာ စွတ်ပိုး ၊ ကျွန်တော်တို့ က ငယ်သေးတယ် ၊ ကိုကြည် က အိုပြီ ”

မည်သို့ပင် ဆိုဆို အပျိုလေး ဆယ့်နှစ်ယောက် တိတိ ကို တစ် ပြိုင်နက်တည်း ပိုး ခွင့် ရသော ကျွန်တော့် လောက် မည်သူ က မှ ကံ ထူး လိမ့်မည် မထင် ။ ထို့ကြောင့်

“ ရပါတယ်ကွာ ၊ ဒီလောက်တော့ ငါ လဲ ရပါတယ် ၊ အဟဲ ”

“ မရလို့ဖြစ်မလား ၊ လူပျိုသက် ပဲ လေးသက် မိ တော့မယ့်ဟာ ”

ကျွန်တော်တို့ စကား ကို ဘယ်က ဘယ်အချိန် ရောက် နေမှန်း မသိသည့် ငမျိုး က ဝင် ဖျက်သည် ။ ဖိုးဇေ က မျက်မှောင် ကြုတ်ပြီး

“ ဘာလဲဗျ ၊ လူပျိုသက် လေးသက် ဆိုတာ ”

“ ဆယ့်သုံးနှစ် မှာ လူပျို တစ်ကြိမ် ၊ နှစ်ဆယ့်သုံးနှစ် မှာ ဒုတိယအကြိမ် ၊ သုံးဆယ့်သုံး မှာ တတိယအကြိမ် ၊ အခု လေးဆယ့်သုံး မှာ ”

“ ဟေ့ကောင် ငါ အဲလောက် မကြီးသေးပါဘူး ”

“ သိပါတယ် ၊ တစ်ဆွေလုံး တစ်မျိုးလုံး ပေါင်း မှ ခြောက်လက်မ ကျော် တာ ”

လာပြန်ပြီ ဒီ ခြောက်လက်မ ကိစ္စ ။ ကျွန်တော် လဲ တင်းပြီး

“ ဟေ့ကောင် မလိုအပ်သေး လို့ ထုတ် မသုံးသေးတာနော် လိုအပ်ရင် ”

“ သိပါတယ် ၊ လူနေချုံကြား စိတ်နေထုံနား ဆိုတာ ”

ဖိုးဇေ က မျက်မှောင် ကြုတ်သွားပြန်ပြီး

“ ဘာလဲဗျ ၊ စိတ်နေ ထုံနား ဆိုတာ ”

“ တစ်ချိန်လုံး ထုံကူး ဖို့ လောက် ချောင်းနေတာလေ ”

“ ဟော ပြောရင်းဆိုရင်း လာပြီ ”

ဟုတ်၏ ။ မှန်၏ ။ ကြည့်တော့ ကွက်တိ ။ ဆယ့်နှစ် အတိ ။ အညာသူများ ဆိုတော့ ညိုညိုထွားထွားကြီး တွေ ။

“ တောက် မြင်းတောင် ရွှေဘိုမြင်း မှ စီး ချင်ခဲ့တာ ”

စိတ် ထဲ မှ ကြိတ် ရေရွတ်မိသေး၏ ။ အပျိုတသင်း ကတော့ သူတို့ ကို ဟိုသင်းစိတ် နှင့် ကြည့်နေတာ မသိဘဲ ဟီလာတိုက် အဲလေ ရယ်ကာမောကာ လျှောက် လာကြ၏ ။

အနား ရောက်လာတော့ ဖိုးဇေ က

“ ဒါက ရန်ကုန်မြို့ ကနေ တို့ ရွာ လာ လည်တဲ့ ကိုကြည် တဲ့ ၊ ကိုကြည် က ခုသာ ဘယ်သူမှ မသိသေးတဲ့ အပေအတေ ၊ ဒါပေမယ့် မကြာခင် နိုင်ငံကျော် အပေအတေကြီး ဖြစ် လာမှာ ”

သူ့ စကား ကို နံဘေး နား က ငမျိုး ကလဲ အားကျမခံ

“ ဟုတ်တယ် ၊ ကိုကြည်က အခုသာ အလကားကောင် ”

“ နောက်ဆို ”

“ နောက်လဲ ပိုက်ဆံ ပေးရမှာ မဟုတ်ဘူး ”

ဘာမှ မပြောတော့ ။ ဝင် ပြောနေလျှင် လဲ ကိုယ် အနာချည်း ပဲ ဖြစ်မည်မို့ ဟုတ်မှန်ကြောင်း ၊ အလကားကောင် သာ ဖြစ်ကြောင်း ၊ နောင်ဆိုလျှင် ဖရီး( Free ) ပင် ရနိုင်ကြောင်း ခေါင်းညိတ် ပြနေလိုက်ရတော့၏ ။

“ ကိုကြည် ၊ ဒါကတော့ ခင်ရီဝင်း ၊ သူက အေးချိုနွယ် ၊ သူက အေးသီရိ ၊ သူက ခင်မာချို ၊ သူ က ”

အားလုံး တစ်ဒါဇင် အတိ ။ အရွယ်စုံ ဆိုဒ်စုံ ။ ပစ်ရက်စရာ မရှိသော ရုပ်တွေ ။ ( အေးလေ ကိုယ် က ဘယ် မိန်းမ မှ ပစ်ရက်တာ မှ မဟုတ်တာ ၊ ကိုယ့် ကို ချည်း ပစ် သွားကြတာချည်း )

” ကဲ လူ စုံရင် နေ မမြင့်ခင် သွား ရအောင် ၊ အားလုံး ကား ပေါ် တက်ကြ ”

ဘုရားစူး ကားပါဗျာ ။ ရွာ မှာ ဆိုတော့လဲ ဒါပဲ ကား လုပ် စီးနေရတာ ။

“ ညီမလေးတို့ အနောက် မှာ ထိုင် ၊ အစ်ကို အရှေ့ မှာ ထိုင်မယ် ”

ဆိုကာ ကား ၏ အရှေ့ဆုံး သံပန်း နား နေရာ ယူ လိုက်သည် ။

ဒါကလဲ ကိုယ့် အကြံ နှင့် ကိုယ် ။ အရှေ့ဆုံး မှာ ထိုင်တော့ တစ် ကား လုံး ပါ အမျိုးသမီးငယ် အားလုံး ကို ခပ်တည်တည် နှင့် ပြန်လှည့် ၍ ညှို့ နိုင်မည် ဆိုသည် က တစ်ကြောင်း ၊ နောက် နဂို ဖရိုဖရဲ ဆံပင်များ က ကားသွားရာ လမ်းဖက် ကျော ပေး၍ လေ တိုက်သောအခါ မျက်နှာ ပေါ် ထို ဆံပင် များ ကျပြီး လေအဝှေ့ မှာ မျက်နှာ ကျ မပေါ့တပေါ် နှင့်မို့ ကား ဆောင့်ဆောင့် ခုန် တိုင်း မိန်းကလေးများ မျက်စိ မှောက်နိုင်ပေ လိမ့်မည် ။

ကိုယ် အညှို့ နှင့် သူ အမှောက် ဒက်ထိ ဆုံ လျှင် တစ်ယောက် သော သူ ကတော့ ရင်ခုန် ပေလိမ့်ဦးတော့မည် ။

နောက်ဆုံး မှ ထိုင်လျှင်လဲ ဖြစ်တော့ ဖြစ်သည် ။ သို့သော် ထိုသို့ ထိုင် လိုက်ပါက လေအဝှေ့ တွင် အလေ့ကျ ပေါက်ရောက်နေသော ဆံပင် နီတျာတျာကြီး လေတိုးဒဏ် ကြောင့် နောက် လန်ပြီး ကိုယ့် နဖူးပြောင် လူ မြင်လျှင် စိတ် နာမည်က တစ်ကြောင်း ၊ တစ်နေကုန် ထိုင်ပြီး တစိမ့် စိမ့် ကြည့်လို့မှ ချစ်စမွေး တစ်စေ့ တောင် မပါသော မျက်နှာတစ်ပြား ကို မြင်မကောင်း ရှုမကောင်း ကွက်ကွက်ကွင်းကွင်း မြင် နေရမည် စိုး၍ တစ်ကြောင်း တို့ကြောင့် ထိုသို့ ရွေးချယ်ရခြင်း သာ ဖြစ်၏ ။

“ ထုန်း ထုန်း ထုန်း ”

ကျယ်လောင်လှသော ထွေလာဂျီ စက်သံ ။ မျက်နှာ ပေါ် ကျ လာသော ဆံပင် ဟု ခေါ်သော ထိုအမွေးများ ဖုံးလု ကွယ်လု ကြား ဘယ် လို မှ မသမာ နိုင်သော မျက်လုံးရှည် ကို ပင့်ကာ ပင့်ကာ ဖြင့် အပျို တစ်သင်း ကို ခိုး ရှိုး ရသေး၏ ။

“ အင်း ချိုရီနွယ်လေး က မဆိုးဘူး ၊ ဒါပေမယ့် ငယ်သေး လား ပဲ ၊ ခင်မာချို ကလဲ ငါ့ အကြိုက်ပဲ ၊ ညိုညိုရှည်ရှည်လေး ၊ အေးသီရိ က တစိမ့်စိမ့် ကြည့်တော့ လှသ ဟ ဒါမျိုး ရရင်လဲ ကျေနပ်ရမှာပဲ ”

မိန်းကလေး တစ်သိုက် ကတော့ သူတို့ ကို ဘယ်လိုမှ မသမာသော စိတ် ၊ မသမာသော အကြည့် နှင့် ကြည့် နေသည်ကို သိလေလား ၊ မသိလေလားတော့ မသိ ။ သူတို့ အချင်းချင်း တွတ်ထိုးရင်းသာ လိုက်ပါ လာကြလေသည် ။

လမ်းတွေ ကလဲ ကြမ်း ၊ ချိုင့်ခွက်တွေ ကလဲ ပေါ သည့် နေရာမို့ လူပျံတော်ပတ္တမြား မဖြစ်အောင် မနည်း ကြိုးစားနေရသည် ။

ထွေလာဂျီ အမိုးဖွင့် တို့ ၏ ထုံးစံ အတိုင်း ကိုင်စရာ လက်တန်း က မရှိ၍ ထိုင် နေရသော သံတန်း ကို သာ လွတ် မထွက်အောင် ကျစ်ကျစ် ပါအောင် ဆုပ် ထားရသည် ။

ဒီကြားထဲ ကားဘော်ဒီ မှာ လဲ မြန်မာ လက်ဖြစ် ဘော်ဒီကြီး မို့ သံတွေ က ဆွေးသည့်နေရာ ဆွေး ကွက်သည့်နေရာ ကွက် ချွန်သည့် နေရာ ချွန်နှင့် မညှပ်မိအောင် မနည်းကြိုးစားနေရလေသည် ။

“ ထန်း ထုန်းထုန်း ”

“ ခလွမ်း ”

“ အောင်မလေးတော့ ”

“ အမေ့ ”

ထွေလာဂျီ အကွေ့ မှာ ကြား လိုက်ရသော အသံကြောင့် အား လုံး လန့် အော်မိကြသည် ။

“ ဖိုးဇေ ဘာဖြစ်တာလဲ ”

“ ဘာမှ မဖြစ်ဘူး ၊ ဘီးလေး ကျွတ် သွားတာပါ ၊ ရတယ် ရတယ် ငမျိုး ပြန်တွန်းလာမယ် ”

“ ဟာ ”

ပြောပုံကလဲ ကြည့်ဦး ။ ဘီးလေး ကျွတ် သွားတာတဲ့ ။ ဒီလောက် လှုပ်စိစိ ထွေလာဂျီ ဘီး ကျွတ်သွားတာ ဆိုတော့ စဉ်းစားသာ ကြည့် ။

“ ဟာ ဖိုးဇေ ရပ်ဦး ဟ ၊ ဘီး ပြန်တပ်ပါဦး ”

“ ဟာဗျာ ၊ ခင်ဗျား ကလဲ စိုးရိမ်တတ်လိုက်တာ ”

ဖိုးဇေ မရပ်ချင် ရပ်ချင် နှင့် ထွေလာဂျီ ကို ရပ် လိုက်သည် ။ နောက် ငမျိုး တွန်း ယူလာသော ဘီး ကို ပြန် တပ်သည် ။

“ ဝိုင်းကူပေးရဦးမလား ”

ကျွန်တော် ၏ အမေး ။ ဒါကို အလိုက် သိသော ဖိုးဇေ က

“ အလှမပျက် ချွေးမထွက်ဘဲ နေပါ ၊ မူလီ လေးလုံး လှည့်တာ လွယ် ပါတယ် ”

ကျွန်တော် ကလဲ မွေးရာပါ လက်ကြော မတင်းသူမို့ စပ်ဖြဲဖြဲ ဖြင့် သာ ထိုင် နေလိုက်သည် ။

“ ဒါနဲ့ ကိုကြည် က ရန်ကုန် မှာ ဘာ လုပ်တာလဲ ဟင် ”

ရွာသူလေး ခင်မာချို ၏ အမေး ။ ကျွန်တော် လဲ နဂို မျက်နှာ ကို ထပ် ဖြဲလိုက်ပြီး

“ အခု အခုတော့ ဘာမှ မလုပ်သေးဘူး ၊ ဟီး ဟီး ”

“ နောက် ဆိုရင်ရော ”

“ နောက်လား ။ နောက် ဆိုရင်လဲ ဘာမှ မလုပ်ဘူး ၊ ဘာမှ မလုပ် တတ် လို့ ၊ အဟစ် ”

ကောင်မလေးတွေ ကျွန်တော့် ကို အားကိုးချင်စိတ် အတော် ပေါက် သွားကြပုံ ပေါ်၏ ။ တစ်ယောက်မှ လှည့် မလာတော့ ။ သူတို့ ဘာ သာ သူတို့ ပြန်လည် တွတ် ထိုးနေကြတော့၏ ။ ဒါကို ကားဘီး ကူတပ် ပေးနေသော ငမျိုး က

” ကိုကြည် က ဘာမှ သာ မလုပ်တာ ၊ ပေါ့သေးသေး မထင်နဲ့ ။ နှစ်ပိဿာလောက် ရှိတာ ဆန်ကုန်မြေလေး ”

“ ဟုတ် ”

ကိုယ်တိုင် ပင် ဝန်ခံ မိ သွားသည် ။ ဟုတ်တယ်လေ ။ အဲဒီတုန်း က လက်ကြော တင်း မှာ ကြောက်လို့ စာတောင် မရေးသေးတာ ။

“ ကဲ ရပြီဟေ့ ၊ သွားမယ် ”

ဖိုးဇော် အသံ နှင့် အတူ ထွေလာဂျီစက်သံ တထုန်းထုန်း ကြား ရသည် ။

ကြီးမားသော သစ်ပင်တန်း ၊ ချိုင့်ဝှမ်းများ ကို အတော်ကြာ ကျော်ဖြတ်ပြီး မှ

“ ဘုန်းကြီးကျောင်း ရောက်ပြီဟေ့ ”

လမ်းတစ်ခု ထဲ ကွေ့ ဝင် လိုက်သောအခါ အေးမြသော အရိပ် အာဝါသများကြား ကြီးမားသော ဘုန်းတော်ကြီးကျောင်း တစ်ခု ကို တွေ့ ရသည် ။

ဖိုးဇေ က လမ်းကျဉ်းကလေး ထဲ ခက်ခက်ခဲခဲ ကွေ့ဝင်ပြီး ဘုန်းကြီးကျောင်း ရှေ့ မြေကွက်လပ် တွင် ထွေလာဂျီ ကို ထိုး ရပ်လိုက် သည် ။

“ ကဲ ဆင်းလို့ရပြီ ၊ ကိုကြည် လဲ ဆင်းလေ ”

“ နေပါစေ ၊ ကောင်မလေးတွေ အရင် ဆင်းပါစေ ၊ lady first ပေါ့ ”

အမှန်တော့ lady first ချင်လို့ မဟုတ် ။ ထွေလာဂျီ ပေါ် မှ ခုန်ဆင်းသွားကြလေသော ကောင်မလေးများ ကို အရသာ ခံကြည့်နေ ချင်သေး၍ ဖြစ်သည် ။ အားလုံး ကုန်မှ

“ ဆင်းပြီဟေ့ ”

ဆိုပြီး ရုတ်တရက် အထ

“ ဗြိ ”

“ ဟာ ”

နောက်ကျော က ကြားလိုက်ရသော အသံကြောင့် လန့်သွား သည် ။ လှည့် ကြည့်လိုက်တော့

“ ဗြိ ”

“ ဟာ ”

ဝတ် လာသော လုံချည် မှာ ထွေလာဂျီသံတန်း မှ သံစ နှင့် ညိ ၍ စုတ်ထွက်သွားပေပြီ ။ ဒါကို ပြန် လှည့် ကြည့်လိုက်တော့ ဆောင့်ဆွဲ သလို ဖြစ်ပြီး တစ်ထွာသာသာ ကွဲ ထွက်သွားခြင်း ပင် ။ ရုတ်တရက် ဘာလုပ်ရမှန်း မသိ ။ ခေါင်းနပန်း ကြီး နေမိသေး၏ ။ နောက်မှ သတိရ ပြီး ကမန်းကတန်း ပြန် ထိုင် ချလိုက်ရလေသည် ။

“ ဟာ ကိုကြည် ဆင်းလေ ၊ ဘာလို့ နေပူကြီး ထဲ ကားပေါ် ထိုင် နေရတာလဲ ၊ လာလေ ထလေ ”

“ သေတောင် မထဘူး ”

ပါးစပ် က ထို စကား တစ်ခွန်း သာ ထွက် လာရ၏ ။ ဘယ်လို မှ ထ လို့ မဖြစ်တာ ကိုယ် သာ သိ၏ ။ ထ လိုက်လျှင် ရွာသူ တသင်း ကို ဟို သင်း ဖွဲ့ ပြ သလို ဖြစ် နေပေတော့မည် ။ မာန ကြီးလွန်းလှသော ကျွန်တော့် ကို ကြည့် ၍ ဖိုးဇေ အနား ကပ်လာ၏ ။

“ ဘာဖြစ်လို့လဲ ကိုကြည် ၊ နေ မကောင်းလို့ လား ၊ မျက်နှာ မှာ ကလဲ ချွေးစေးတွေ နဲ့ ၊ လာပါဗျ ”

“ သေတောင် မထပါဘူး ဆိုနေ ”

အောက် က တန်ပြန် တိုက်ခတ်နေသော လေပူ ငွေ့ငွေ့ ကို ထိတွေ့ ခံစားနေရ၏ ။ ဒါကို ဖိုးဇေ က ခေါင်းကုတ် ရင်း

“ ကောင်မလေးတွေ နဲ့ စကား များပြန်ပြီ ထင်တယ် ၊ ဟေ့ နင် တို့ ကိုကြည့် ကို ဘာ ပြောလိုက်လို့လဲ ”

ကောင်မလေးများ ကလဲ တိကျ သည် ။

“ အဖက်တောင် မလုပ်ဘူး ”

“ သူ့ ပြောဖို့ နေနေသာသာ ကိုယ့် ပါးစပ် နဲ့ ကိုယ်တောင် မအား ဘူး ”

ဖိုးဇေ ခေါင်း ကုတ်သွားသည် ။ မျက်နှာ ပုပ်ကြီး ဆံပင် ဖားလျားကြီး နှင့် ထွေလာဂျီ ပေါ် ကျွန်တော် ပေ ထိုင်နေခြင်း ကို စဉ်းစား မရ ဖြစ်နေပုံ ပေါ်၏ ။

“ ဒါဖြင့် ဘာဖြစ်လို့လဲ ကိုကြည် ”

“ ဟေ့ကောင် မင်း ငါ့ ကို ဒီ အပေါ် က ဆင်းစေ ချင်သလား ”

“ ဟုတ်ကဲ့ ”

“ ဒါဆို ကောင်မလေးတွေ ဝေးရာ လွှတ်လိုက် ”

“ ဗျာ ဘယ်လို ”

“ ကောင်မလေးတွေ ကို ဝေးရာ လွှတ်လိုက် ပါ ဆို ”

“ ဪ အင်း အင်း ”

ဖိုးဇေ က ဘုမသိဘမသိ နှင့် ခေါင်းညိတ်ရင်း တစ်ဖက်လှည့်

“ ဟေ့ မိန်းကလေးတွေ ၊ ကျောင်းပေါ် တက် ပြီး ဆရာတော် ဖူး ကြ ၊ ပြီးမှ ငါ နဲ့ ကိုကြည် လိုက် လာမယ် ”

မိန်းကလေးများ ကျောင်း ပေါ် တက် သွားကြသည် ။ ထိုတော့ မှ ဖိုးဇေ က

“ ဘာဖြစ်လို့လဲ ကိုကြည် ရ ဘာကို စိတ်ကောက် ”

“ ဟေ့ကောင် စိတ်ကောက် စရာလား ၊ အခုဟာ ငါ့ လုံချည် ငါ့လုံချည် ”

“ လုံချည် လာ နေလို့လား ၊ ယောက်ျားကြီးတန်မဲ့ ဗျာ ”

“ ဟေ့ကောင် အဲဒါ ပြောတာ မဟုတ်ဘူး ၊ အခုဟာ က ငါ့ လုံချည် ၊ နင့် ထွေလာဂျီ နဲ့ ညပ်ပြီး လုံချည် ကွဲ သွားလို့ ”

ဖိုးဇေ မျက်လုံး ပြူး သွားသည် ။

“ မှန်း ဘယ်မှာလဲ ”

“ ဟောဒီမှာ ကြည့် ”

“ ဗြိ ”

“ ဟာ ”

စိတ်ဆိုးဆိုး နဲ့ ထ လိုက်တော့ ညိ နေသောလုံချည် က ထပ် ကွဲ ထွက်လာ၏ ။

“ ဟာ နည်းတာ မဟုတ်ဘူး ”

“ ဟေ့ကောင် ဘာ ကို ပြောတာလဲ ”

“ အဲ လုံချည် ကို ပြောတာပါဗျ ၊ ခင်ဗျား ကလဲ ”

“ အဲ အဲဒါက ဘယ်လို လုပ်မလဲ ဟင် ”

“ နေဦး ၊ နေဦး ၊ ကျွန်တော် ဖြုတ် ကြည့်ဦးမယ် ”

ဆိုကာ ဖိုးဇေ က လုံချည် ညိ နေရာ အသေအချာ ရှာ ဖြုတ် သည် ။ အတန်ကြာမှ

“ မလွယ်ဘူးဗျ ၊ လုံချည် က ဟိုး အောက် က သံချွန် မှာ ညိ ပြီး ရစ် နေတာဆိုတော့ ဖြုတ်ရ ခက်တယ် ”

ကျွန်တော် ချွေးတွေ ပျံ လာ၏ ။

“ ဒါ ဒါဖြင့် ဘယ်လို လုပ်မလဲ ”

“ လုံချည် မီး ရှို့လိုက်မယ်ဗျာ ”

ကျွန်တော် တုန် တက်သွား၏ ။

“ ဟေ့ကောင် လုံချည် မီးမြှိုက်တော့ ငါ့ ငါ့ အိုကွာ မဖြစ်နိုင် ပါဘူး ”

“ ဒါဖြင့် ကျွန်တော့် ပါးစပ် နဲ့ ကိုက်ဖြတ် ကြည့်မယ် ”

ဆိုကာ လုံချည် ညိ နေရာ သူ့ ပါးစပ် နှင့် ကိုက်ဖြတ် ကြည့် သည် ။ သို့သော်

“ ဟဲ့ ကျောင်းရှေ့ထွေလာဂျီ ပေါ် က ဒကာ နှစ်ယောက် ၊ ဘုန်း ကြီးကျောင်း မရှောင် ၊ လူလည်ခေါင် မရှောင် ဘာ လုပ်နေတာလဲ ”

ဦးဇင်း တစ်ပါး အော်သံ ကြောင့် နှစ်ယောက် သား ခေါင်း ထောင် သွားရ၏ ။

ဟုတ်ပ ။ တစ်ယောက် က မတ်တတ် ရပ်ပြီး တစ်ယောက် က ကုန်းပြီး လုံချည် ကိုက် ဖြတ်နေတာဆိုတော့ တစ်မျိုးကြီး ။

“ လာပါပြီဗျ ၊ ဒီမှာ ငြိ နေသေးလို့ပါ ”

ဆိုကာ ဖိုးဇေ က

“ ကဲ ကိုကြည် ၊ ဖြုတ် နေရင် ကြာ နေလိမ့်မယ် ၊ ကြာရင် ပို အရှက် ကွဲလိမ့်မယ် ”

“ အဲဒီတော့ ”

“ ဒီအတိုင်း လုံချည် အကွဲ ခံပြီး ဆွဲ ထုတ်သွားဗျာ ၊ ကျန်တာ ကြည့် စီစဉ်မယ် ”

“ အေး ကောင်းပြီ ”

ဆိုကာ ထူထူပူပူ နှင့် လုံချည် ကို ညိနေသည့် အတိုင်း ဆွဲ ထုတ် လိုက်ရသည် ။

“ ဗြိ ”

ရှည်လျားသော အသံ နှင့် အတူ လုံချည် က ခါးအောက်ပိုင်း မှ စ၍ ထက်ခြမ်းကြီး ကွဲ သွားရသည် ။

“ ပြေး ပြေး ကိုကြည် ပြေး ”

ဖိုးဇေ ၏ လောဆော်မှု ဖြင့် ကျောင်း အောက် အလျင် အမြန် ပြေး ရသည် ။

“ ဟာ ”

ကျောင်းအောက် သို့ ရောက်သော အခါ လုံချည် ကို ပြန် လှည့် ဝတ်တော့ ဘယ်လို မှ ဝတ် မရတော့ ။ အဘယ့်ကြောင့် ဆိုသော် လုံချည် အစကြီး တစ်စ က ထွေလာဂျီ ပေါ် ညပ် ၍ ဖတ်သီဖတ်သီ ကျန် ခဲ့ ပေပြီ ။

“ ဟေ့ ဟေ့ကောင် ၊ ဘယ်လို လုပ်ကြမလဲ ၊ ဘာမှ မလုံ မလုံ တော့ဘူး ကွ ”

ကျွန်တော့် ၏ ကတုန်ကယင် စကား ။ ဒါကို ဖိုးဇေ က

“ နေဦး ၊ ကျွန်တော် စဉ်းစားနေပါတယ် ဗျ ။ ရွာ ပြန် ယူဖို့ ဆိုတာ လဲ အဝေးကြီး ”

မှန်ပေသည် ။ ရွာ ကို လုံချည် ပြန် ယူ က နေ့ဝက် ကျိုးသွားပေ လိမ့်မည် ။

“ မင်း မင်းတို့ အထဲမှာ လုံချည် အပိုလေးများ မပါကြဘူးလား ”

“ ဟာဗျာ ၊ ဘုန်းကြီးကျောင်း လာတာ ဘယ့်နှယ် လုံချည် အပို က ပါ မှာလဲ ”

“ ဒါ ဒါဖြင့် ဒီ ကျောင်း မှာရော လုံချည် မရှိနိုင်ဘူးလား ”

“ ဘုန်းကြီးကျောင်း ဆိုနေမှာ ၊ ဘုန်းကြီးတွေ ချည်း နေတာ ဘယ့်နှယ် လုံချည် က ရှိမှာလဲ ”

ကျွန်တော် ခေါင်းနပန်း ကြီးနေမိသည် ။ အခြေအနေက ဘေးကျပ် နံကျပ် ။

“ ဒါ ဒါဖြင့် ဘယ်လို ဘယ်လို ”

“ လာဗျာ ၊ ဟိုဖက် မှာ ကိုရင်လေး တစ်ပါး ရှိတယ် ”

“ ဟင် ဘာလုပ်ဖို့ ”

ကျွန်တော် မျက်လုံး ပြူး နေမိသည် ။

“ အဲဒီ ကိုရင်လေး မှာ သင်းပိုင် အပို တော့ ရှိမှာပဲ ”

“ ရှိရင် ”

“ ခင်ဗျား ခဏ ယူ ပတ်ထားလိုက်ပေါ့ဗျာ ”

ကျွန်တော် မျက်လုံး ပို ပြူး သွားမိသည် ။

“ အဲဒီလိုလား ”

“ လာဗျာ ၊ အခုလောလောဆယ် ဒါ အကောင်းဆုံးပဲ ”

“ အေး အေး အေးပါကွာ ”

ဆိုကာ သူ ဆွဲခေါ်ရာ လုံချည်ကွဲ တမ နှင့် လိုက်ရ ရှာ၏ ။

ကျောင်း ရောက်တော့ ကိုရင်လေး ကို အခန့်သင့် တွေ့ရသည် ။ ဆံပင်ဖားလျား နှင့် လုံချည်ကိုးရိုးကားရား ဖြစ်နေသော ကျွန်တော့် ကို ကိုရင်လေး က ပြူးကြောင်ကြောင် ကြည့်သည် ။

ကျွန်တော်တို့ အကျိုးအကြောင်း ရှင်း ပြလိုက်တော့ ကိုရင်လေး က ရှောရှူစွာပင် သူ ၏ သင်းပိုင် တစ်ထည် ထုတ်ပေး၏ ။

သင်းပိုင် ပတ် လိုက် မှ ကျွန်တော့် မှာ လုံခြုံခြင်း ကို ပြန် ရ၏ ။

“ ဟူး အခုမှ စိတ်အေးရတယ် ”

သက်ပြင်းများ ပင် ချ မိတော့၏ ။

သင်းပိုင်တို့ ၏ ထုံးစံ အတိုင်း ဝတ်နေကျ လုံချည်ထက် လည်း ပို ကြီး နေ၍ သင်္ကန်းများ ပတ် သလိုသာ ပတ် ထားရလေသည် ။ ဒါကို ကြည့်ပြီး ဖိုးဇေ က

“ ကဲ စိတ်လဲ အေးမနေနဲ့ ၊ ဆရာတော် လဲ သွား ဖူးလိုက်ကြရအောင် ”

သူ့ စကားကြောင့် ကျွန်တော် လန့်သွားရသည် ။

“ ဟင် ဒီပုံကြီး နဲ့ ”

ဖိုးဇေ က ကျွန်တော့် ကို လှည့်ပတ် ကြည့်ရင်း

“ အာ ဘာဖြစ်လို့လဲဗျ ။ လုံလုံခြုံခြုံပဲ ဟာ ”

“ ဟာ လုံခြုံတာတော့ ဟုတ်တာပေါ့ ၊ အခုဟာ က ”

“ အခုဟာကတွေ ဘာတွေ လုပ် မနေနဲ့ ၊ ခဏ ကြာလဲ ဒီပုံမျိုး နဲ့ ပဲ တွေ့ရမယ့် ဟာ ကို ၊ ကဲ လာ ကြာတယ် ၊ သွားမယ် ”

ဆို ကာ ဆွဲခေါ် သွားလေသည် ။

ဟုတ်တော့လည်း ဟုတ်ပါသည် ။ ဘာမှကို မှ ထပ် လဲ စရာ မရှိ တော့တာ ။ ရွာ ပြန် လျှင်လဲ ဒီအတိုင်း ပြန် ရမှာမို့ အခု မမြင်လဲ ရွာပြန် မြင်ကြရပေဦးမည် ။ ထို့ကြောင့် ရှက်ခြင်း ရှက် ကြို ရှက် ထားတာက ပို ကောင်းမည် ဟု စဉ်းစားမိပြီး သူ ခေါ်ရာ လိုက်ပါ လာမိသည် ။

ကျောင်း ပေါ် တက်လိုက်သည် နှင့်

“ ဟင် ကိုကြည် ဘယ်လိုကြီးလဲ ”

“ ဟာ ကိုကြည် ၊ ဘာဖြစ်သွားတာလဲ ”

“ ဟဲ့ ကိုကြည် ၊ ကိုကြည့် ကို ကြည့်ကြပါဦး ”

တွတ်ထိုးသံများ ။ သင်္ကန်းတစ်ပိုင်း နှင့် ကျွန်တော့် ကို အံ့အား သင့် နေကြဟန် တူ၏ ။ ဒါကို ငမျိုး က အားရဝမ်းသာ နှင့်

“ ဟာ ကိုကြည် တို့ ရွာ ရောက်တုန်းရောက်ခိုက် သင်္ကန်း စီးချင် တယ် နဲ့ တူတယ် ”

သူ့ စကား ကို အားလုံးကလဲ ဝမ်းသာအားရ အသံဖြင့်

“ ဟယ် ဟုတ်လား ၊ ဒါဆို တို့တွေ ကုသိုလ် ရပြီပေါ့ ”

“ ဟေ့ ပိုက်ဆံစု ၊ ပိုက်ဆံစု ၊ ပရိက္ခရာရှစ်ပါး ၊ ဆရာတော်ဘုရား ဆီ က လျှောက် ရအောင် ”

“ ဟေ့ ငါတို့ တော့ ရဟန်းအစ်မ ဖြစ်ပြီဟေ့ ”

သူတို့ စကားများ ကြားတော့ ကျွန်တော် မျက်လုံး ပြူးသွားရ သည် ။ နောက် မှ သတိ ရပြီး

“ ဟင် အဲလို အဲလို မဟုတ် ၊ အဲလို မဟုတ် ”

ကျွန်တော့် စကားပင် မဆုံးလိုက် ။ နံဘေးနား ပါလာသော ဖိုးဇေ က ပါ ဝင်၍

“ ဟေ့ ကြာတယ် ၊ ကိုကြည် စိတ် မပြောင်းခင် မြန်မြန် လုပ်ကြ ”

“ ဟင် မဟုတ်သေး မဟုတ်သေး ”

“ ကဲ မောင်ရင်လောင်း ဆရာတော်ဘုရား ဆီ ဦးချမဟေ့ ”

အတင်း ဆွဲခေါ်ကာ ဘုရားစင် ရှေ့ ဦးချ ခိုင်းသည် ။

“ အဲ အဲလို မဟုတ် ”

“ ဟဲ့ ဒကာလေး ၊ သာသနာအရေး မငြင်းကောင်းဘူး ကွယ့် ”

ကျောင်းထိုင်ဦးဇင်း ကပင် ဝင် ပြောနေ၍ ဘာ ပြန် ပြောရမှန်း မသိ ။ ထိုခဏ၌ ပင်

“ ဟေ့ ဆံချဖို့ ဓား အမြန် ယူခဲ့ဟေ့ ထက်ပစေနော် ”

“ ဟင် မလုပ် မလုပ် ”

မိန်းမ က ဆယ့်နှစ်ယောက် ၊ ယောက်ျား က လေးယောက် ခန့် ဝိုင်း ဖမ်း နေကြတော့ ငပိန် ကျွန်တော့် မှာ မရုန်းသာလှ ။ ဒါကို ငမျိုး က အခွင့်ကောင်း ယူ၍

“ ကဲ ဆံချဖို့ အသင့်ပဲဟေ့ ၊ ပဝါစတွေ ကိုင် ထားကြ ”

“ ဗြိ ”

“ ဟာ ”

အနှစ်နှစ် အလလ အရှည် ထားခဲ့သောဆံပင်များ ကျ လာတော့ အံ့အားသင့်ပြီး ကြောင် သွားသည် ။

“ ဟင် မင်း ဘာလုပ် ၊ သွားပြီ ၊ သွားပြီ ၊ ခေါင်းတုံး ဖြစ်ပြီ ”

စဉ်းစား၍ မဆုံးခင် မှာ ပင်

“ ဗြိ ဗြိ ဗြိ ”

“ ဟာ ”

မညှပ်ရက် မပြုရက် ထားခဲ့သော ဆံပင်များ အထွေး လိုတ် ။

ကြောင်ပြီး ပြန် ငုံ့ကြည့်နေမိသည် ။ နောက်မှ သတိ ရ ပြီး ကတုန်ကယင် နှင့်

“ ဟင် တကယ် တကယ်ကြီးလား ”

“ မောင်ရင်လောင်း ဘုရားတရား သာ အာရုံပြု ”

“ ဗြိ ဗြိ ”

ဆံပင်များ အထွေးလိုက် ။ ထပြေးချင်စိတ် ရှိသော်လည်း ထ ပြေး၍ လဲ မဖြစ်တော့ ။

ထို့နောက် …

••••• ••••• ••••• •••••



ဖုန် တထောင်းထောင်း နှင့် ရွာသူရွာသားများ အား တင် ဆောင်သွားသော ထော်လာဂျီလေး က လက်တပြပြ နှင့် ပျော်ရွှင်စွာ ထွက်ခွာ သွားပေပြီ ။ သူတို့ ရင်ထဲမှာတော့ ကုသိုလ်တွေ တထမ်းပိုး နှင့် ။

သင်္ကန်းဝတ် နှင့် ကျန်ခဲ့သော ကိုယ်တော် မှာ သာ ငို ၍ ပဲ ပြေး လိုက်ရမလား ၊ တရား နှင့် ပဲ ဖြေ ရမလား မသိနိုင်ဘဲ လက်တွင်း ကိုင် ထားသော ပုတီး ကို စိတ် ၍ အံကြိတ် ကျန်ခဲ့ရလေတော့သတည်း ။

လေးစားစွာကြိုးစားလျက်

◾ အကြည်တော်