မုဒိတာ စကား
အမှန် ပြော ရ ရင်တော့ ချစ်သူ ရည်းစား ထားရင်း အိမ်ထောင်တွေ ဘာတွေ ပြုတဲ့ အခါ ၊ သိသင့် သိထိုက်တာလေးတွေ ကြို သိ ထားနိုင်အောင် သတိပေး စာလေး ရေး ချင်တာပါပဲ ။
ဒါပေမဲ့ ဒီ ခေတ် မှာ ကိုယ့် ထက် တတ် နေကြတဲ့ သူတွေ များနေတော့ ပြော ရတာ ခပ် ခက်ခက်ပဲ ။ ခု ခေတ် တော့ လူ ကြည့်တော့ လက်တောက်လောက်လေး ၊ လက်တောက် ကြည့် တော့ မုန့်လက်ဆောင်း ဖတ် လောက် ၊ အတွေ့အကြုံ ကျ တော့ ဆရာကြီး ဖြစ် နေ သူ လည်း ဒု နဲ့ ဒေး ပါ ပဲ ။
ငယ်ငယ်ရွယ်ရွယ် နဲ့ ချစ်သူ ရည်းစား ထား ကြ ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ လက်ထပ် ကြ ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ ပဲ အသည်း ကွဲကြ ၊ ကွဲကြ ၊ ပြဲကြ ။ အချစ် ကိစ္စ နဲ့ မခံမရပ် နိုင်ကြတဲ့ အခါ ဓား နဲ့ ထိုးကြ ၊ ကတ်ကြေး နဲ့ ထိုးကြ ။
ကိုယ့် ကျ ကလိ တောင် ထိုး မယ့် သူ မရှိဘူး ။
ကိုယ့် မှာ အပြောအဆို ခံ နေရတာ ။
“ ဘာလဲ လူ့ လောက ကို သေး ပေါက်ဖို့ပဲ ရောက် လာတာလား ” တဲ့ ။
ကိုယ့် မှာ လည်း သေး ပေါက်ဖို့လောက် သတိ ရတာ ။
ဒါပေမဲ့ မြင်ခဲ့ရ ၊ ကြားခဲ့ရ ၊ မှတ်သားခဲ့ရ တာ လေးတွေ ကို ဆောင်ရန် ရှောင်ရန် အနေ နဲ့ အသိ ပေးချင် လို့ ဒီ စာ ကို ရေးသား လိုက်ရပါတယ် ။
အချစ် ကိစ္စ ၊ အိမ်ထောင်မှု ကိစ္စ ဆိုတာ လွယ်လှ တာ မဟုတ်ပါဘူး ။ သူစိမ်း နှစ်ယောက် က ဘဝ တစ်ခု အဖြစ် ပေါင်းစည်းကြတာ ကိုး ။ ဘယ်လောက်ပဲ တစ်ယောက် ကို တစ်ယောက် နားလည်တယ် ပြော ပြော သူစိမ်းတွေ လေ ။
ဘယ်လိုမှ အတွင်း ကျကျ မသိနိုင်ဘူး ။ တချို့က ဖြူ ချင်ယောင် ဆောင် ထားမယ် ၊ အတွင်း မှာ တော့ အမည်း တွေ ။ တချို့က လည်း မည်းတယ် ထင်ရ ပေမဲ့ အတွင်း စိတ် က အဖြူ ။ ဒီလို လူမျိုးတွေ များ တဲ့အခါ အချစ် ဆိုတာလည်း ပိုပြီး ပွေလီ လာ ပါ တယ် ။ ကျွန်တော်တို့ ငယ်ငယ် ကတော့ မိဘ မသိအောင် ရည်းစား ထား တဲ့ ခေတ် ဆိုတော့ သိပ် မ ရှုပ်ထွေးသေးဘူး ။ အခုကျတော့ … “ ရည်းစား မသိအောင် ရည်းစား ထား ရတဲ့ ခေတ် ”
လူဦးရေ ပို များ လာ တာ နဲ့ အမျှ အချစ်တွေ လည်း ပိုမို များပြား လာပါတယ် ။ ပိုပြီးတော့ လည်း ခန့်မှန်းရ ခက် လာပါတယ် ။ ဒါ့အပြင် facebook လို နေရာမျိုး က နေ အပြင် မှာ လူချင်း မတွေ့ဖူးဘဲ ချစ်သူတွေ ဖြစ် နေကြတာ ဆို တော့ ပိုပြီး လိမ်ညာ ရတာ လွယ်ကူ နေပါတယ် ။
ဒါကြောင့်လည်း ကျွန်တော့် အနေနဲ့ သိသမျှ မှတ်သားသမျှ အတော်များများ ကို မှတ်မိ သလောက် ရည်းစား မရ ခင် နဲ့ အိမ်ထောင် မပြု ခင် ဆင်ခြင်နိုင်အောင် တင်ဆက် လိုက်ရပါတယ် ။
ကဲ … စ လိုက်ကြရအောင် ။
အမြဲတမ်း စစ်ပွဲ စတင်တယ် ။
အမြဲတမ်း လက်နက် ချတယ် ။
အမြဲတမ်း စစ်ပြေငြိမ်းတယ် ။
အမြဲတမ်း ချစ်ကြည်ရေး ကတိတွေ ပေးတယ် ။
အမြဲတမ်း စစ်ပွဲ ပြန်လည် စတင်တယ် ။
အမြဲတမ်း လက်နက် ပြန် ချတယ် ။
အမြဲတမ်း …
အမြဲတမ်း …
အမြဲတမ်း …
သမီးရည်းစား တွေ ပါ ။
အချစ် စိတ် ဆိုတာ ကမ္ဘာဦး ထဲ က စတင် ခဲ့ တဲ့ …
“ ပကတိ မကောင်းမှု အသိဉာဏ် ”
ဖန်ဆင်းရှင် က အာဒံ နဲ့ ဧဝ ကို ဖန်ဆင်း ပြီး ဧဒင် ဥယျာဉ်ကြီး မှာ ထား ၊ မနေနိုင် မထိုင်နိုင် ပန်းသီး စား ရာ က ဒီ ပြဿနာ စ တော့တာပါပဲ ။
အဲဒီက စ ပြီး အချစ် ဆိုတာ စတင် ဖြစ်တည် ၊ နောက်တော့ အိမ်ထောင်သည် ဘဝ တွေ ဖြစ်လာ တော့ တာပါပဲ ။
ကျွန်တော် သိသလောက် ပြော လိုက်ရင် အချစ် စိတ် ဆိုတာ မွေးဖွားလိုက် ကတည်း က ခန္ဓာကိုယ် ရဲ့ အစိတ်အပိုင်း တစ်ခု လို တွယ်ကပ် ပါ လာတာပါပဲ ။
ငယ်စဉ် က တော့ မိဘ မောင်နှမ တွေ ကို ချစ်တယ် ။ အရွယ် ရောက် လာတော့ ဆန့်ကျင်ဖက် လိင် တွေ ကို ချစ်တယ် ။ ကြီးတော့ ကိုယ့် မိသားစု ကို ကိုယ် ပြန် ချစ်ကြတယ် ။
ဆိုပါတော့ … တရားဓမ္မ လည်း ချစ် ချင် ချစ်သွား မှာပေါ့ ။
အချစ် စိတ် ဆိုတာ တည်ရှိမြဲ ရှိ နေတာမို့ အရောင် မပြောင်းလဲပါဘူး ။ ဒါပေမဲ့ ချစ်တဲ့ သူ တွေ သာ အရောင် ပြောင်း လဲ တတ်တာပါ ။
ဘယ်လောက် အရောင်ပြောင်း နိုင်သလဲ ဆို ရင် …
“ ကိုယ့် ကိုယ် ကိုယ် အင်မတန် မှ ကို အကောင်း မြင် တတ်ပြီး အင်မတန် မှ ကို စိတ်ရှည်သည်းခံ နိုင်တယ် ထင်နေသလား ”
“ ရည်းစား ထား ကြည့်ပါ ”
အဲဒီတော့မှ ကိုယ် ဘယ်လောက် ထိ သဝန် ကြောင်ပြီး ၊ ဘယ်လောက် အထိ ရန် လိုပြီး ၊ ဘယ်လောက်ထိ စိတ်ပုပ် စိတ်ယုတ် များ လဲ ဆိုတာ ပေါ် လာ ပါလိမ့်မယ် ။
“ ကိုယ့် ကိုယ် ကိုယ် တောင် တွေးထင် မထားတဲ့ အတွင်းစိတ် အတော်များများ ထပ်ပြီး ရှိနေ သေးပါလား ”
ဆိုတာ သိ လာရပါလိမ့်မယ် ။