မျှတတဲ့ အတွေး နဲ့ အသိ ပေးရုံလေးပါပဲ ။
ကိုယ် က ချစ် နေပါလျက် နဲ့ သူ က နည်းနည်းလေး မှ မသိလိုက်ဘူး ဆို ရင်လည်း ဘာလုပ်ဖို့ ဆွေးနွေး နေဦးမှာလဲ ။
အသိ မပေးချင်ဘူး ဆိုရင် ကိုယ် လည်း မသိချင် ယောင် ဆောင် နေလိုက်ပေါ့ ။ ဟုတ်ဘူးလား ။
ကိုယ် လွမ်းဖို့ ဆွေးဖို့ တန်အောင် တော့ သူ့ ကို အသိတော့ ပေး လိုက်သင့်တာပေါ့ ။
“ သူ က မချစ်ဘူး ဆိုရင် လည်း လွမ်းဆွေး ဖို့ တန်ပါပြီ ”
“ သူ က ပြန် ချစ်တယ် ဆိုလည်း အတိုင်း ထက် အလွန် ပေါ့ ”
ဒါမှ မဟုတ်ရင် လည်း ဗဟုသုတ တိုး လာစရာ တစ်ခု လည်း ရှိ သေးတယ် ။
အကယ်၍ သူ က ကိုယ့် ကို မချစ်ဘဲ မုန်းပါ မုန်း နေတာ ဆိုရင်တော့
“ သွားသေလိုက် ”
လို့ ပြော ပါလိမ့်မယ် ။
အဲဒီ အခါ သူ သွားသေလိုက် လို့ ပြောတိုင်း မသေနိုင် ကြောင်း ဗဟုသုတ ရရှိဖွယ် သိရှိ လာရ မှာ ဖြစ်ပါတယ် ။
“ လွမ်းဆွေးပြီး မသေပါနဲ့ ”
“ သွားသေလိုက် ”
လို့ ပြောတာ ကို တောင်
“ မသေနိုင်ဘဲ မျက်နှာကြော တင်းတင်း နဲ့ ဆက်လက် အသက် ရှင် ပါ ”
ဒါကြောင့် ..
တကယ် ချစ်တယ် ဆိုရင် ကိုယ် ချစ် နေ တာ သူ သိ အောင် လုပ်ပါ ။
တစ်ခါတလေ မှာ လည်း အချစ်ရေး ပဲ ဖြစ်ဖြစ် ၊ အိမ်ထောင်ရေး ပဲ ဖြစ်ဖြစ် မထင်မှတ် တဲ့ ပြဿနာ တွေ ရှိ တတ်ပါတယ် ။
ပြဿနာ က ကိုယ်တိုင် လုပ် ယူတာ လည်း မဟုတ်ဘဲ ဘယ်က ဘယ်လို ရောက် လာ မှန်း မသိ ဖြစ် ရတာ မျိုးလည်း ရှိပါတယ် ။ တချို့ ပြဿနာ တွေ ဟာ အဖြေ ရှာရ ခက် တာမျိုးလည်း ရှိပါ တယ် ။
လူတွေ က ကိုယ်တိုင် သတိ မထားမိတဲ့ အရာ တွေ ရှိပါတယ် ။ ကိုယ့် ကိုယ် ကိုယ် အား သာတယ် ထင်တဲ့ အရာ က တစ်ဖက်သား အတွက် အားနည်းချက် ကို စိတ် အလို မကျစရာ ဖြစ်နေ တာ မျိုးလည်း ဖြစ် တတ်ပါတယ် ။
အင်မတန် လှပတဲ့ မိန်းကလေး တစ်ယောက် ဟာ သူ့ ကိုယ် သူ ပိုပြီး လှစေမယ့် အဝတ်အစား ကို ဆင်မြန်း လိုက်ပါတယ် ။ ဒါပေမဲ့ တစ်ဖက်သား အမြင် မှာ
“ ဟာ ဒီ မိန်းကလေး ဘယ်လိုကြီး ဝတ်ထားလဲ မ သိဘူး ”
ဆိုတာမျိုး ၊ နောက်ပြီး ယောက်ျားလေးတွေ က ချစ်သူ ပျော်အောင် “ ဟာသ ” ပြော တတ်ကြပါ တယ် ။ ဒါပေမဲ့ ယောက္ခမ ဆုံးတဲ့ အချိန် မှာ အသုဘ မေး လာ ရောက်တဲ့ သူတွေ ကို ဧည့်ခံ စား စရာ လိုက် ချရင်း
“ စားကြနော် ၊ သေသွားတဲ့ ယောက္ခမ နားကပ် လေး ပေါင် ကျွေးတာ ”
ဆို ပါတော့ ။ ကိုယ် က မသိလိုက် မသိဘာသာ နဲ့ ရယ် ရ မလား ဆိုပြီး ပြောတာ ။ ဒါပေမဲ့ တစ်ဖက်သား ရဲ့ ခံစားချက် ကို လည်း ကြည့် ပါဦး ။
ပြောပြပါရစေဗျ ။
ကျွန်တော့် အိမ် မှာ ပေါင်းအိုး တစ်လုံး ရှိ ပါတယ် ။
ခပ်ညံ့ညံ့ ဈေးပေါပေါ ပေါင်းအိုး ပဲ ဆိုပါတော့ ။ တစ်ခုခု ချက် လိုက် တိုင်း အဲဒီ ပေါင်းအိုး တစ် နေရာ က စပြီး “ တူး ” ပါ တော့တယ် ။ ကျွန်တော် စဉ်းစားတယ် ။
“ ဘာလို့ ဒီ နေရာ က ပဲ အိုး က တူး နေတာလဲ ၊ အ နိမ့်အမြင့် မညီ လို့ လား ”
ဒါနဲ့ အမြဲ တူးနေတဲ့ ဖက် ကို မြင့် အောင် တစ်ခုခု နဲ့ “ ခု ” လိုက်တယ် ။ သူ မြင့် သွားရင် နိမ့် တဲ့ ဖက် က တူး နိုင်တာပေါ့ ။ ဒါပေမဲ့ အဲဒီ နေရာ က ပဲ စပြီး “ တူး ” ပြန် ပါတယ် ။ ဒါနဲ့ပဲ ပေါင်းအိုး ကို အသေအချာ ပြန် စစ်တယ် ။ ပေါင်းအိုး ဆေး တဲ့ နေရာ မှာ အဲဒီ နေရာကို အသေအချာ မဆေး မိ လို့ “ ချိုး ” ( ဂျိုး ) ကျန်ပြီး တူး တာလား ၊ ပေါင်းအိုး ကို အသေအချာ ဆေးတယ် ။ ဒါပေမဲ့ မရပါဘူး ။ တူး စရာ ရှိ အဲဒီ ဖက် ကပဲ စပြီး တူး ပြန်ပါတယ် ။
ဟင်း ချက်တဲ့ အခါ သူ့ ဖက် အသား မရောက်အောင် ဂရုစိုက် ထားလည်း အဲဒီနေရာ က ပဲ အိုး စ တူး ပြန်ပါတယ် ။ ဘာကြောင့် ပါ လိမ့် ။ အိုး တစ်လုံး ကို အထပ်ထပ် အခါခါ ပြန် စစ်ကြည့် တယ် ။ ဘာ ချို့ယွင်းချက် မှ မတွေ့ဘူး ။ ဒါဆို ဘာ လို့ ဒီနေရာ ပဲ စ စပြီး တူး နေရတာလဲ ။ အသေအချာ ဖြုတ်ပြီး စစ်ဆေး တော့ မှ သိ ရ တယ် ။