လူပျိုအပျို ဖတ်စာ

“ မီးပြင်းလို့ ”

ခပ်ညံ့ညံ့ ပေါင်းအိုး ဖြစ်တဲ့ အတွက် အတွင်း မှာ ပတ် ထားတဲ့ ကွိုင်တွေ က မညီဘဲ အဲဒီ နေရာ ကျ မှ မီးကွိုင် က ထူ နေတာကိုး ။ ဒါကြောင့် အိုး တည် တိုင်း မီးပြင်း တဲ့ နေရာ က စပြီး တူး နေ တော့ တာပေါ့ ။

ဒီလိုပါပဲ ။ ပြဿနာ ဆိုတာ တစ်ခါတလေ မှာ ကိုယ် မြင်နိုင်တဲ့ နေရာ က မဟုတ်ဘဲ ၊ မမြင်နိုင် မ ထင်မှတ် ထား နိုင်တဲ့ နေရာတွေ ကလည်း ဖြစ် ပေါ် နေ လေ့ ရှိ ပါတယ် ။ ကိုယ့် ရဲ့ ထင်မှတ် မထား တဲ့ အပြုအမူ ၊ ကိုယ့် ရဲ့ လွှတ်ခနဲ ထွက် တတ်တဲ့ အပြောအဆို က လည်း တစ်ပါးသူ အတွက် ကြီး စွာသော အနှောင့်အယှက် ဖြစ် စေ နိုင် ပါတယ် ။

ချစ်စ ခင်စ မှာ တော့

“ ဪ ဒါဟာ သူ ထင်မှတ် မထားဘဲ မှား တာပဲ ”

ဆိုပြီး ခွင့်လွှတ် နိုင်ပေမဲ့ ၊ ကြာ လာတဲ့ အခါ ထပ်ခါ ထပ်ခါ ဖြစ် လာတဲ့ အခါ ၊ ဒါဟာ အပြစ်ကြီး တစ်ခု ဖြစ် လာ တတ် ပါတယ် ။ အစိုင်အခဲ တစ်ခု ဖြစ် လာ တတ် ပါတယ် ။ ဒါဆို ကိုယ်တိုင် သတိမ ထား မိ ဘဲ ထပ်ခါ ထပ်ခါ အမှား လုပ်မိ နေသူ က ပဲ အပြစ် ရှိ တာလား ၊ မဟုတ်ပါဘူး ၊ ရယ်စရာ တစ်ခု ပြော ပြပါ့မယ် ။

“ ဒီနေ့ အတွက် အလှူဒါန အနေ နဲ့ လမ်းဘေး က ခွေး ဆယ်ကောင် ကို ဒါန ပြုခဲ့တယ် ”

“ ဪ ကောင်း လိုက်တာ သာဓု သာဓု ”

“ ဪ ဒါနဲ့ သူတို့ မြိန်ရေရှက်ရည် စားကြ လား ”

“ ဘယ်လို စားနိုင်မလဲ ”

“ ဘာလို့ ”

“ ဆယ်ကောင် မှာ ရှစ်ကောင် က လက် မဆေးဘဲ ဝင်စား လို့ ရိုက် ထုတ် လိုက်တယ် ”

“ ဒါဆို ကျန်တဲ့ နှစ်ကောင် က စား ရတာပေါ့ ”

“ အဲဒီ နှစ်ကောင် က ငါ နဲ့ မတည့် လို့ မကျွေးဘူး ”

အမှား ကျူးလွန် မှ ပြဿနာ ရှိတာ မဟုတ်ပါဘူး ။ ကိုယ့် အပေါ် စေတနာ မရှိတော့ ရင် လည်း အရာ ရာ ဟာ အပြစ် ချည်း ပါပဲ ။ မှတ် ထားပါ ။

“ မချစ်ရင် အပြစ်မြင် ” တဲ့ ။

လူ ရဲ့ စိတ် ဟာ ထူးဆန်း ပါတယ် ။

ကိုယ် ချစ် နေတဲ့ အခါ ဟို က ဘီလူး ဖြစ် ကြောင်း အစွယ် ထုတ် ပြရင်တောင်

“ ဟာ သွားတက်ကလေး နဲ့ ချစ်စရာလေး ”

ဆိုပြီး ဖြစ် တတ်ပါတယ် ။

ဒီတော့ တကယ် ချစ် တတ် သူ ကို လိမ် ရတာ လွယ်လွယ် ကလေး ပါ ပဲ ။

တကယ် ချစ်စ ခင်စ မှာ လူတိုင်း နီးနီး လိမ် တတ် ကြပါတယ် ။

ဆိုကြပါစို့ ။

ယောက်ျားလေး တွေ ဟာ သူတို့ ချစ် တဲ့ ကောင်မလေး ပြန် ချစ်နိုင်ဖို့ အနေအထိုင် ဆင်ခြင် တတ်လာကြတယ် ။ အလုပ် ပို ကြိုးစား တတ် ပြကြပါတယ် ။ ပြီးတော့ သူတို့ ရဲ့ ဝင်ငွေ ကို လည်း မက်မောအောင် ပြောချင် ပြောတတ် ကြ ပါတယ် ။ စတိုင်ကျကျ နေ လာ တတ် ကြပါတယ် ။ အမှန်တော့ အထက်တန်း ကျ တယ် ပေါ့ ။

အထက်တန်း ကျ တယ် ဆိုတာ

“ ဆယ်တန်း မအောင် တာလည်း ဖြစ်နိုင်တယ် ”

မိန်းကလေး တွေ လည်း ဒီ အတိုင်းပဲ ။ အချစ် နဲ့ တွေ့တဲ့ အခါ အမူအကျင့်တွေ ပြောင်း လာတယ် ။ အရင် နေ နေကျ ပုံစံ က နေ သိသိသာသာ ပြောင်း လာပြီ ဆိုရင် သေချာတယ် ။ ဒီ မိန်းကလေး တစ်ယောက် ယောက် ကို ကြိုက် နေပြီ ။ အမူအရာ နူးညံ့ သိမ်မွေ့လာတယ် ။ အစားအသောက် ဆင်ခြင် လာကြတယ် ။ အပြောအဆို ယဉ်ကျေး လာတယ် ။

ပြန် စဉ်းစား ကြည့်ပါ ။ အဲဒီ အမူအကျင့် က သူများ ပြောင်း ပေးတာ မဟုတ်ဘူး ။ ကိုယ်တိုင် ပြောင်း ယူ တာနော် ။ အရာရာ ကိုယ်တိုင် ပြောင်း ယူ ကြတာ ။ တချို့ ကလည်း ပြော ကြတယ် ။

“ ငါ့ ကြောင့် သူ ပြောင်းလဲ သွားတာ ”

မဟုတ်ဘူး ။ သူ့ ဘာသာ သူ ပြောင်းလဲ သွားတာ ။

ကျွန်တော် ပြော ပြပါ့မယ် ။ ကိုယ် ကိုယ်တိုင် မှ မ ပြောင်းလဲ ချင် ရင် ဘယ်သူ က မှ လာပြီး ပြောင်းလဲ ပေး လို့ မရဘူး ။ တချို့ က လည်း ထင်ကြတယ် ။