လူပျိုအပျို ဖတ်စာ

“ သူ က နည်းနည်းတော့ ဆိုး တယ် ၊ ဒါပေမဲ့ ငါ နဲ့ ချစ်သူ ဖြစ်ပြီး ငါ ပြောင်းလဲ ယူရမှာပဲ ”

ထင်ကြပါတယ် ။

“ ကိုယ့် မှာ အချစ် ဆို တဲ့ ရီမုကွန်ထရိုး ရှိတယ် ၊ ငါ ပြောင်းချင် သလို ပြောင်း ပစ်မယ် ”

လူဆိုတာ TV Channel မဟုတ်ပါဘူး ။ ရီမုလေး တစ်ချက် နှိပ် လိုက်တာနဲ့ ဖျတ်ခနဲ ကိုယ် လိုချင်တဲ့ လိုင်း ပုံစံ ပြောင်း သွားတာမျိုး မဟုတ်ပါဘူး ။ အိမ်ထောင်ရှင် တွေ ပို ဆိုးပါတယ် ။

“ အိမ်ထောင် ကျသွားရင် TV Channel ကို တောင် ပြောင်းခွင့် မရှိတော့ပါဘူး ”

တဲ့ ။

ဒါကြောင့် လူ တစ်ယောက် ကို ပြောင်းလဲ သွားဖို့ ဆိုတာ ရီမုကွန်ထရိုး နှိပ် ရသလောက် လွယ်ကူ မယ် မထင်ပါနဲ့ ။ လူ တစ်ယောက် ကို ပြောင်းလဲ နိုင်ဖို့ ဆိုတာ အတော် မလွယ်ကူတဲ့ ကိစ္စ ပါ ပဲ ။

ကိုယ့် ကို ချစ် လို့သာ ပုံစံ ခဏ ပြောင်း ချင် ပြောင်း ပါ လိမ့်မယ် ။ ရေရှည် ပြောင်းလဲ ဖို့ ဆိုတာ အတော် မဖြစ် နိုင်ပါဘူး ။

ဘာကြောင့်လဲ ။

လူ ဆိုတာ သူ့ သန္ဓေ နဲ့ သူ လာ ကြတာပါ ။

“ နင် ငါ့ ကို ချစ်ရင် အရက် ဖြတ် ”

ခဏတော့ ဖြတ် ကောင်း ဖြတ် ပါလိမ့်မယ် ။ ဘယ် အချိန် ထိလဲ ။

“ ချစ်သူ မသိအောင် အရက် ခိုး မ သောက် တတ်ခင် အချိန် ထိ ”

“ နင် ငါ့ ကို ချစ်ရင် အဲဒီ ကောင်တွေ နဲ့ မပေါင်းနဲ့ ”

ဒါတော့ ဖြစ်နိုင်ပါတယ် ။ ယောက်ျားလေး သဘာဝ ကို က ကျား အချင်းချင်း ဆို မှန် တောင် ကြည့်ချင် ကြတာ မဟုတ်ပါဘူး ။ မိန်းကလေး တွေ လည်း ဒီအတိုင်း ပါ ပဲ ။

“ နင် ငါ့ ကို ချစ်ရင် အရာရာ စွန့်လွှတ်ရမယ် ”

“ ဟုတ်ကဲ့ စွန့်လွှတ်ပါ့မယ် ”

ဒါပေမဲ့ သူတို့ စွန့်လွှတ် တဲ့ အထဲ မှာ သင်္ဘောသီးထောင်း နဲ့ ရေခဲမုန့် ပါ မှာ မဟုတ်ပါဘူး ။ လူ တစ်ယောက်ဟာ မွေးရာ ပါ ပါ လာတဲ့ ပင်ကို ဗီဇ ကို ပြောင်းလဲဖို့ ဆိုတာ လွယ်ကူလှတာ မဟုတ်ပါဘူး ။

“ အချစ် ကြောင့် ပြောင်းလဲ သွား သူ မရှိဘူးလား ”

ရှိပါတယ် ။ ယုံရပါ့မလား ။ ဆိုပါတော့ ။ အချစ် နဲ့ မတွေ့ခင် နှစ်ပေါင်း မြောက်မြားစွာ ဆေးလိပ် စွဲ လာ တဲ့ လူ တစ်ယောက် ဟာ အချစ် ကို တွေ့ မှ အင်မတန် ကြိုက်တဲ့ ဆေးလိပ် ကို တိခနဲ ဖြတ်နိုင် တယ် ။

“ ပျော်မနေပါ နဲ့ ဒီအတိုင်းပါပဲ ”

ကိုယ့် ထက် ချစ်စရာ ကောင်း ၊ စွဲမက်စရာ ကောင်း တာ တွေ့တဲ့ အခါ ကိုယ့် ကို တိခနဲ ဖြတ် ပြီး အဲဒီ လူ အတွက် သွား ဦးမှာ အသေအချာပါပဲ ။

ဒါကြောင့် ကိုယ့် ချစ်သူ ကို ပြောင်းလဲ နိုင်မယ် ထင်ပြီး မပြောင်းလဲ ခိုင်းပါနဲ့ ။ ကိုယ် ကိုယ် တိုင် သာ သူ နဲ့ သဟဇာတ ဖြစ်အောင် ပြောင်းလဲ ပါ ။ ကိုယ် ကိုယ်တိုင် က သူ့ လို လိုက် မပြောင်းနိုင်ဘူး လား ။

အကြံပေး ပါရစေ ။

“ ကိုယ် ကိုယ် တိုင် မပြောင်းလဲ နိုင်ရင် ချစ်သူ သာ ပြောင်း လိုက်ပါ ၊ ပို အဆင်ပြေ ပါလိမ့်မယ် ”

ကမ္ဘာ ပေါ် မှာ ဘယ်တော့ မှ မရှိ နိုင်တာ တစ်ခုရှိ တယ် ။ ဥပမာ – ကိုယ့် မှာ မော်တော်ကား ရှိတယ် ဆိုပါတော့ ။ ကား ကို ထိခိုက် မိရင် လျော်ကြေး ရအောင် အာမခံကုမ္ပဏီ မှာ ထားလို့ ရပါတယ် ။ အိမ် ရှိ ရင်လည်း ဒီအိမ် ထိခိုက်ပျက်စီးမှု မရှိ အောင် အာမခံကုမ္ပဏီ မှာ အပ်ထား လို့ ရပါ တယ် ။

ဂျနီဖာလိုပက် တောင် သူ့ တင်ပါး အာမခံ ထား သေးတာပဲ ။

ဘယ်သူမှ အာမ, မခံတာ တစ်ခု ပဲ ရှိပါတယ် ။ အချစ် စိတ် ပါပဲ ။

“ တစ်သက်လုံး ချစ်ပါ့မယ် ”

လို့ အာမခံ ထား လို့ ရတဲ့ ကုမ္ပဏီ ခုချိန်ထိ မပေါ် ဖူးသေးဘူး ။ ဟုတ်ပါတယ် ။ အချစ် စိတ် ဆိုတာ အာမခံ ထားလို့ ရတဲ့ အရာ မျိုး မဟုတ်ပါဘူး ။ မ ထင်မှတ်တဲ့ အချိန် မှာ ချစ် ချင် ချစ် သွား နိုင်သလို အခန့်မသင့် ရင်လည်း ခဏတွင်းချင်း မုန်း သွား နိုင်ပါတယ် ။