လူပျိုအပျို ဖတ်စာ

အချစ်စိတ် ( ၄ ) မျိုး ရှိပါတယ် ။

“ ခု တစ်မျိုး ၊ တော်ကြာ တစ်မျိုး ”

“ လို တစ်မျိုး ၊ မလို တစ်မျိုး ”

အကောင်းမြင် စိတ် ဖြစ်လာတဲ့ အခါ အချစ်စိတ် က အလိုလို ဖြစ် လာပါတယ် ။ မကောင်းမြင် စိတ် ဝင် လာတဲ့ အခါ မှာလည်း အလိုလို မုန်းတီးသွား တတ် ပါတယ် ။

အကောင်းမြင် စိတ် ဆိုတာ ရိုးရှင်းပါတယ် ။

“ ကိုယ့် ရည်းစား ဖင် ပြား ရင်တောင် ဘတ်စကား တိုးစီးတော့ ချောင်တာပေါ့ ”

ဆိုတဲ့ အတွေးမျိုး ပါ ။

မကောင်းမြင် စိတ် ကတော့

“ သူ့ ဟာ သူ ထမင်း စားတာ ကိုယ် သွားကြားညပ် လို့ စိတ်ဆိုးတာမျိုး ” ပါ ။

ဒီလို မကောင်းမြင်စိတ် ၊ မုန်းတီးစိတ် တွေ ဘယ် က စ ဖြစ်တာလဲ ။

“ အမြင်အာရုံ က စ ဖြစ်ပါတယ် ”

နှလုံးသား ဆိုတာကြီး ခဏ ထားပါ ။ အားလုံး ဟာ အမြင်အာရုံ နဲ့ ပဲ ဆုံးဖြတ် ကြပါတယ် ။ သူ့ ကို ကြည့် ရတာ အဆင်ပြေ မပြေ ။ ဒေါင့် ကျိုး မကျိုး ၊ သူ့ ရဲ့ ပုံစံ က လိုက်ဖက်မှု ရှိ မရှိပေါ့ ။

ဒါကြောင့် “ မိန်းကလေးတွေ ရဲ့ အလှ ဟာ ဥစ္စာ ဓန ”

လို့ ဆိုကြပါတယ် ။

မှန်ပါတယ် ။

မိန်းကလေး တစ်ယောက် တကယ် လှရင် ယောက်ျားလေး တွေ ဆီ က အချိန် နဲ့ ငွေကြေး အကုန် ရပါတယ် ။

ကမ္ဘာ ပေါ် မှာ မိန်းမလှလေးတွေ သာ မရှိရင် ဘယ် ယောက်ျားသား မှ ငွေ ရှာ မှာ မဟုတ်ပါဘူး ။ အကုန်လုံး စစ် တိုက်ရင်း နဲ့ပဲ အချိန် ကုန် နေမှာပါ ။

ပြောကြပါတယ် ။ ရုပ်ဆိုး တဲ့ ယောက်ျားတွေ ဟာ ပို အောင်မြင်သတဲ့ ။

ဘာကြောင့်လဲ ။

သူတို့ က ငွေ ပို ရှာကြလို့ပါပဲ

ဘာကြောင့် ငွေ ပို ရှာရသလဲ ။

“ မိန်းမလှလေးတွေ ကို ဝယ်ယူနိုင်ဖို့ပါတဲ့ ”

ဒါကြောင့် မိန်းကလေးတွေ ဆိုတာ ကမ္ဘာ ပေါ် မှာ ရှိတဲ့ သယံဇာတ တွေ ထက် ပို တန်ဖိုး ကြီးပါသတဲ့ ။

တချို့ မိန်းကလေးတွေ ကတော့ သူတို့ ကိုယ် သူ တို့ နဲ့ စာရင် သူ တို့ ဝတ်စားထား တဲ့ အဝတ်အစား က တန်ဖိုး ကြီး နေတာမျိုး လည်း ရှိ ပါတယ် ။ ထား ပါ ။

ဒါကြောင့် မိန်းကလေးတွေ ဟာ ယောက်ျား လေးတွေ ရဲ့ အမြင် အာရုံမှာ လှနေဖို့ လိုအပ်ပါတယ် ။ ဒါဆို တချို့မိန်းကလေးတွေ က ဆိုကြပါ လိမ့်မယ် ။

“ ဝ မှ လှ တာ ”

“ မှတ်ထားပါ ၊ အခေါက် ထူ လို့ လူကြိုက်များတာ သနပ်ခါး ပဲ ရှိပါတယ် ”

ဝက်သား တောင် မှ မကြိုက် တဲ့ သူ မစားတဲ့ သူ ရှိ တယ် ။

“ ဟာ ၀၀ကစ်ကစ် နဲ့ ချစ်စရာလေး ”

အဲဒီ အသံ ကြားရင် လှည့် ကြည့်မနေနဲ့ ။ ဘာလို့ လဲ ဆိုတော့ အဲဒီ ကလေး အရွယ် မရောက်သေးဘူး ။ ဒါဆိုရင် ယောက်ျားလေး တွေ ရော ပြင်ပြင် ဆင်ဆင် နေ ဖို့ မလိုအပ်ဘူးလား ။ ထိုက်သင့်တဲ့ ပြင်ဆင်မှု လိုအပ်ပါတယ် ။ မှတ်ထားပါ ။

“ စွပ်ကျယ်ချိုင်းပြတ် ၊ ချွေးသံတရွှဲရွှဲနဲ့ နံနံစော်စော် ယောက်ျားကြီး နား မိန်းမလှလေး တွေ ဝိုင်း နေ သေးရင် သေချာပါတယ် ၊ အဲဒါ ဝက်သား တုတ်ထိုးသည် ”

ပို ဖို့ ပြောတာ မဟုတ်ပါဘူး ။ လူ ဆိုတာ ကိုယ် နဲ့ သင့်တော်တဲ့ အဆောင်အယောင် ရှိ ဖို့ လိုအပ် ပါ တယ် ။

“ ဘုရင် ဆိုရင် ပလ္လင် လိုအပ်ပါတယ် ”

“ မိဖုရား အတွက် နားဋောင်း လိုအပ်ပါတယ် ”

စူဠသုဘဒ္ဒါ က ဆန္ဒန်ဆင်မင်း အစွယ် ဖြတ် ခိုင်းတာ နား‌ဋောင်း လုပ်ဖို့ ။

ကျွန်တော် ဆိုလိုတာ ကြွားဝါခြင်း မျိုး မဟုတ် ။ လိုအပ်တဲ့ အဆောင်အယောင် ကို ပြော နေရခြင်း ၊ ဖြစ်ပါတယ် ။ ဒီထက် ပို အရေးကြီးတာ က

“ တစ်ဖက်သားအပေါ် လှပခြင်း ”

ဖြစ်ပါတယ် ။

ကိုယ့် ရဲ့ ချစ်သူ ကို လှပစေခြင်း ပါ ပဲ ။ ဒီလို လှပစေ ခြင်း က ကိုယ်တိုင် သူ့ အပေါ် မှာ နှလုံးသား လှပ နေဖို့ လိုအပ်ပါတယ် ။

တချို့တွေ ကလည်း ခုနက ကျွန်တော် ပြောခဲ့တဲ့ တစ်ကိုယ်ရေ လှပခြင်း ကို ပဲ အာရုံ စိုက်နေကြပါ တယ် ။ လမ်း ထွက်ရင် ဘာ ဝတ်ရမယ် ။ သူ နဲ့ တွေ့ ရင် ဘယ်လို ဆင်သွားရမယ် စသည်ဖြင့်ပေါ့ ။ ဒါပေမဲ့ တစ်ဖက်သား ကို လှစေ ချင် တာ မျိုးတော့ မပြုလုပ် တတ်ကြပါဘူး ။ ကိုယ့် ရဲ့ ချစ်သူ ကိုယ့် ကြောင့် လှပနေတာမျိုး ကို မစဉ်းစားမိကြပါဘူး ။

“ ကိုယ့် ချစ်သူ ကိုယ့်ကြောင့် လှပစေချင် တယ် ”

ဆိုတာ အဝတ်အစား ဆင်ယင်ပေးတာ မျိုး ၊ ရွှေတွေ ညွှတ်နေအောင် ဝတ် ထားတာမျိုး မဟုတ်ပါဘူး ။ ပိုက်ဆံတွေ သုံး မကုန်အောင် ပေး နေတာမျိုး မဟုတ်ပါဘူး ။