လူပျိုအပျို ဖတ်စာ

“ သူ လား ၊ ဘယ်သူ ရဲ့ အမျိုးသမီး ၊ ဘယ်သူ့ ရဲ့ အမျိုးသား ”

“ သူ့ အိမ်ထောင်ဖက် က သိပ် တော်တာ ”

ကိုယ့် ကြောင့် ကိုယ့် ရဲ့ ကြင်ရာဖက် က ဂုဏ် တက် နေတာမျိုးပဲ ဖြစ်ပါတယ် ။

ကျွန်တော်တို့ ဟာ ကိုယ့် ကိုယ် ကိုယ် သာ ဂရု စိုက် မိကြပြီး ကိုယ့် ကြောင့် တစ်ဖက်သား လှပခြင်း ၊ ဂုဏ်တက်ခြင်းတွေ ကို မေ့လျော့ နေကြပါတယ် ။ ငွေကြေး ချမ်းသာပြီး လို တ ရ နေပြီး ၊ လူတော မ တိုးရဲတဲ့ သူ အမြောက်အမြား ရှိ ပါတယ် ။ ငွေကြေး အနည်းငယ် သာ ရရှိပေမဲ့ လူကြား ထဲ မှာ ဂုဏ်သတင်း နဲ့ ဝင့်ထည် နေ တဲ့ သူ လည်း အများ ကြီး ရှိပါတယ် ။ ကိုယ့် ရဲ့ ချစ်သူ ကို ဘယ်လို ပုံစံမျိုး နဲ့ လှပစေချင်ပါသလဲ ။ အကောင်းစား အဝတ်အစားတွေ ဝတ် ထားပြီး

“ ဒီလို လူမျိုး ကို ငွေ မက် လို့ ကပ် ထားတာပေါ့ ”

အပြော ခံစေချင်တာလား ။

ဒါမှမဟုတ်

“ သိပ်ကို တော်တဲ့ အိမ်ထောင်ဖက်တွေ ”

လို့ အများ အလယ် မှာ ဆိုစေ ချင်တာလား ။

ဒါမှ မဟုတ်လည်း

“ ကိုယ့်ကို အမြဲတမ်း အလို လိုက်ပြီး အချိန်ပြည့် ဂရုစိုက် နေသူ လိုချင်လား ”

“ ၁၀၉ – ၁၁၀ ယူ ပြီး အတူ တောင်းစားကြပေါ့ ”

နောက်ထပ် ရွေးချယ် စရာ ကတော့

“ အချစ်ရေး မှာ ရေရှည် အာမခံချက် လိုချင်လား ”

“ ကိုယ့် ကြောင့် ကိုယ့် အိမ်ထောင် ဖက် ဂုဏ် တက်အောင် နေပါ ”

“ ဒါဟာ ရေရှည်ခံတဲ့ အာမခံချက် ဖြစ်ပါလိမ့် မယ် ”

အချစ် နဲ့ ငွေကြေး ရောထွေးမှု ပြဿနာများ ။

လူတွေ က အချစ် နဲ့ ငွေကြေး ကို ခွဲခြားပြီး မတွေးနိုင်ကြပါဘူး ။ ပြော စကား တွေ ရှိပါတယ် ။

“ အချစ် နောက် ကို မလိုက်နဲ့ ၊ အချစ် နောက် ကို လိုက်ရင် အချစ် ကျွန် ဖြစ်တတ်တယ် ”

“ ငွေကြေး နောက် ကို လိုက်ပါ ၊ အချစ် က ကျွန် ခံ ဝင် လာ ပါ လိမ့်မယ် ”

မှန် တော့ မှန် သလိုပါပဲ ။ တချို့ကျ တော့ လည်း

“ တကယ် ချစ် ရင် … ငွေကြေး မလိုပါဘူး ၊ စိတ် ချမ်းသာမှု ပဲ လိုပါတယ် ”

ဒါလည်း မှန်ပါတယ် ။ ဒါပေမဲ့ မင်္ဂလာဆောင် တော့ ပိုက်ဆံ လိုတယ် မဟုတ်လား ။ ဒီလို ဒွိဟ ဖြစ်စရာတွေ ကြောင့် လည်း ရွေးချယ်ရ ခက် စရာတွေ ဖြစ် လာပါတယ် ။

ပိုက်ဆံ ရှိတဲ့ သူ က လည်း

“ အချစ် ဆိုတာ ဦးနှောက် နဲ့ ရွေးချယ်ပါ ၊ ဒါမှ ရေရှည် အိမ်ထောင်ရေး သာယာမှာ ”

ဆင်းရဲတဲ့ သူ က လည်း

“ အချစ် ကို နှလုံးသား နဲ့ ရွေးပါ ၊ ဒါမှ တစ်သက်လုံး စိတ်ချမ်းသာမှာ ”

အမှန်တော့ ဘာမှ မဟုတ်ဘူး ။

“ ငါ့ ကို ရွေးတာ မှ အမှန် ”

လူတွေ ရဲ့ အရွယ် ကို က သတ်မှတ် ထားကြပါတယ် ။ ပညာ ရှာ တဲ့ အရွယ် ၊ ကြင်ရာ ရှာ တဲ့ အရွယ် ၊ ဥစ္စာ ရှာ တဲ့အရွယ် ၊ တရားဘာဝနာ ရှာဖွေ တဲ့ အရွယ် စသည်ဖြင့် ။

အခုကတော့ ပညာ ရော ၊ ကြင်ရာ ရော ရောပြီး တော့ ကို ရှာ ကြတာ ၊ တချို့ ကလေးတွေ က ရှိ သေး ၊ တက္ကသိုလ် အရမ်း တက် ချင်ကြတာ ။ ပညာ ရှာ ချင် လို့ မဟုတ်ဘူး ။ တက္ကသိုလ် ရောက် ရင် ရည်းစား ရမယ် ထင်လို့ ။ တချို့က လည်း စီးပွားဥစ္စာ ရှာဖွေရင်း ကြင်ရာရှာဖွေ တဲ့ အရွယ် ကို လွန် ကုန်ကြပါတယ် ။

ဒါတောင် ပြော သေးတာ ။

“ အိမ်ထောင် ပြုတယ် ဆိုတာ မော်တော်ကား ဝယ် စီး သလိုပါပဲ ၊ နောက် ကျ မှ ဝယ် လေ မော်ဒယ် ပို မြင့် တာကို စီး ရလေပဲ ”

မှန် သလိုလိုပဲ ။ ဒါပေမဲ့

“ နောက် ကျ မှ ဝယ်ပြီး မော်ဒယ် မြင့် တာ တော့ ရပါရဲ့ ၊ ကိုယ်တိုင် မမောင်း နိုင် လို့ ဒရိုင်ဘာ ခေါ် မောင်း နေရတဲ့ အဖြစ် လည်း ကြုံ နေပါဦးမယ် ”

လူ ရယ် လို့ ဖြစ် လာရင်

“ သားကောင်း ( မျိုးဆက် ) တစ်ယောက် မွေး ရမယ် ”

သစ်ပင် တစ်ပင် စိုက်ပျိုး ရ မှာပါ ။

အပျိုကြီး ၊ လူပျိုကြီး ပဲ ဖြစ် ကုန်ရင် လူသားမျိုးနွယ် တုံးသွား ပါလိမ့်မယ် ။ သစ်ပင် တွေ မရှိရင် ကမ္ဘာကြီး ပျက်စီး သွားပါလိမ့်မယ် ။ လူတိုင်း

လူသားတိုင်း မျိုးနွယ် အတွက် အိမ်ထောင် ပြုသင့် ပါ တယ် ။ ဒါကို ကျွန်တော် လေးလေးနက်နက် တိုက်တွန်း ပါတယ် ။

“ ဒါဆို ကိုယ်တိုင် က ဘာလို့ အိမ်ထောင် မပြုတာလဲ ”

ကျွန်တော့် အစ်ကို ပြော သလိုပေါ့ ။

“ ဟေ့ကောင် အိမ်ထောင် ပြုတယ် ဆိုတာ လွယ်တာ မဟုတ်ဘူးကွ ၊ မင်းတို့ လို အိမ်ထောင် မပြုဖူး တဲ့ သူတွေ ဆို ပို ခက်တယ် ၊ ဒါကြောင့် အိမ်ထောင် ပြုမယ် ဆိုရင် တောင် အတွေ့အကြုံ ရှိ တဲ့ ငါ ပဲ ထပ် ပြုမယ် ၊ မင်း က မပြုနဲ့ ကွ ”

ဒီလို အိမ်ထောင်မှု တစ်ခု တည်ဆောက် တော့ မယ် ဆို ကျွန်တော် ခုန က ပြောတဲ့ အချစ် နဲ့ ငွေကြေး ပြဿနာတွေ က ရှိ လာ ပါတယ် ။

“ ငွေကြေး ချမ်းသာ ဖို့ ပဲ လိုတယ် ၊ အိမ်ထောင်ဖက် က ကြာ လာရင် သူ့ ဟာ သူ ချစ် လာပါလိမ့်မယ် ”

မှတ်ထားပါ ။

“ အိမ်ထောင် ပြု ပြီး နှစ်ဆ တိုး လာ တာ ပေါင်ချိန် ပဲ ရှိပါတယ် ”

ပြောပြီးသားပါ ။ လူတွေ က အနေ နီး လေ အပြစ် ပို မြင်လာလေမို့ ပို ချစ် လာဖို့ ဆိုတာ အတော်ကလေး ကို မနီးစပ်တဲ့ကိစ္စ ပါ ။ ငွေကြေး တွေ တော့ အများကြီး ရှိ ပါရဲ့ ။ ဒီလို စဉ်းစား ကြည့်ရအောင် ။