လူပျိုအပျို ဖတ်စာ

ထင်ယောင် ထင်မှား ဖြစ် လာကြပါတယ် ။ လူ ကို ချစ် မိတာ မဟုတ်ဘဲ ဂုဏ်တွေ ငွေတွေ ကို ချစ်မိ နေတာ မျိုး ဖြစ် တတ်ကြပါတယ် ။ ဥပမာ – လူ ကို ချစ်တာ မျိုး မဟုတ်ဘဲ ဗိုလ်ကတော် ဖြစ်ချင် လာ တာမျိုးပါ ။ လူ ကို မချစ်ဘူး မဟုတ်ဘူး ချစ်ပါတယ် ၊ ဒါပေမဲ့ ဂုဏ် ကို ပို ချစ်မိ နေ တတ်တယ် ။

( ဥပမာ ပြောတာ နော် အားလုံး ကို မဆိုလိုပါဘူး )

သူ သာ ဒီ ဂုဏ် မရှိတော့ ရင် ချစ်နိုင်ပါတော့ မလား ။

တချို့ က လည်း ချစ်ပါသတဲ့ ။ ကိုယ့် ကို ငွေဖြည့်ကတ် လို သဘော ထားပြီး ဖြည်းဖြည်းချင်း ခြစ် ယူ နေတာမျိုး ။

လူ ထက် စာရင် အဲဒီ လူ ပိုင်ဆိုင် ထား တဲ့ ငွေတွေ ကို ပိုပြီး မက်မော ချစ်ခင် နေတာမျိုး ။

လူတွေ က ရောထွေး တတ် ပါတယ် ။

“ ကဲ အဲဒီ လူ မှာ အဲဒီလို ဂုဏ်တွေ ငွေတွေ မရှိရင် ချစ် နိုင်ပါ့မလား ”

“ သွားသေလိုက်လေ ” လို့ ပြောမယ့် သူတွေ အများကြီး ပါ ပဲ ။ ကိုယ့် အနီး အနား မှာ လူတွေ အများကြီး ရှိလျက် နဲ့ ဘာလို့ ခပ်ဝေးဝေး က လူ ကို သံယောဇဉ် တွယ် မိတာလဲ ။ ဒါဟာ စဉ်းစား စရာပါပဲ ။ လူ ကို ချစ်တာ မဟုတ်ဘဲ နဲ့ ဂုဏ် ကို ငွေ ကို ချစ်တဲ့ သူ တစ်ယောက် ဟာ သံယောဇဉ်ကြိုး ကို နှလုံးသား မှာ ချည် မှာလား ။ ဒါမှ မဟုတ် …

“ ကိုယ့် ရဲ့လည်မျို ကို ချည်ထားမှာလား ”

ကိုယ် သာ ဘာမှ မဟုတ်တော့ရင် သူ လည်း အဲဒီ ကြိုး ကို ဆွဲညှစ် လိုက်ဖို့ ဝန်လေးပါတော့မလား ။

ရာထူး က ပြုတ် သွားလို့ လင်မယား ကွဲ တယ် ။ ဆင်းရဲသွား လို့ လင်မယား ကွဲ တယ် ။ ဒါမျိုးတွေ က ကျွန်တော် တို့ ပတ်ဝန်းကျင် မှာ အမြဲ ကြား နေကျ စကားတွေ ပါပဲ ။ တကယ် ချစ်တယ် ဆို ဘယ် ဘဝ ဖြစ်ဖြစ် ဘာလို့ အေးအတူ ပူအမျှ မနေနိုင် ကြတာတုံး ။ အဖြေ က တော့

“ သံယောဇဉ် ကြိုး မှား ချည် ထား မိလို့ပါပဲ ”

လူ ကို ချည်ရမယ့် အစား ဂုဏ်တွေ ၊ ငွေတွေ ကို ချည် ထား မိလို့ပါပဲ ။ ဂုဏ်တွေ ၊ ငွေတွေ မရှိတော့ တဲ့ အခါ သူ ဟာ ကိုယ့် အပေါ် မှာ ထား တဲ့ သံယောဇဉ် ဘာမှ မရှိ တော့ပါဘူး ။

မူးယစ်ဆေး စွဲ နေတဲ့ သူ တစ်ယောက် ဟာ ချစ်သူ က မူးယစ်ဆေး သုံးစွဲ တာ မကြိုက် လို့ မူးယစ်ဆေး ဖြတ် ပစ် ဖို့ ပြောတယ် ။

“ ဆေး ဖြတ်ပြီး မှ ငါ့ ဆီ လာပါ ”

ချစ်သူ ရဲ့စကား ကြားတဲ့ အခါ မခံစားနိုင်ဘဲ ဆေး ကို ပို ချ ဖြစ်ပါသတဲ့ ။ ဘာကြောင့်လဲ …

သူ တကယ် သံယောဇဉ် ရှိတာ မူးယစ်ဆေး ဖြစ် ပါတယ် ။ ချစ်သူ ဆိုတာ အကြောင်းပြချက် သက်သက် ။

သူ ဟာ ကိုယ့် ကို သံယောဇဉ် မရှိတာ သေချာပါတယ် ။

တချို့က လည်း ပြော ကြတယ် ။

“ သံယောဇဉ် အရောင် ပြောင်းသွားတယ် ” တဲ့ ။

မဟုတ်ပါဘူး ။

အစ ကတည်း က

“ သံယောဇဉ် နေရာ မှား နေတာပါ ”

လူတွေ မှာ မျက်လုံး ပါ လို့ မြင် ကြတာတော့ မှန် ပေမဲ့ အမြင် အာရုံ အနိမ့် အမြင့် တော့ မတူညီ တတ်ကြပါဘူး ။

တချို့တွေ က ကိုယ့် ထက် မြင့်တဲ့ အမြင် ကို မြင် ကြပေမဲ့ တချို့တွေ က နိမ့်နိမ့်ကလေးတွေ ကိုပဲ မြင် တတ်ကြပါတယ် ။ တချို့ က တော့ ကိုယ့် ရဲ့ အမြင် အာရုံ ကို လယ်ဘယ်တန်း လောက် ကို ပဲ ရှုမြင် လေ့ ရှိကြပါတယ် ။

အဲဒီတော့ ဆုံစည်းမှုတွေ ကလည်း မတူညီ ကြတော့ပါဘူး ။

နိမ့်နိမ့်ကလေး က လူ က အမြင့်ကြီး က လူ ကို မြင်တယ် ။ အမြင့်ကြီး က လူ က သာမန် လူ ကို မြင်တယ် ။

ကျွန်တော် ပြော နေတာ လူ ရဲ့အရပ် အနိမ့် အမြင့် ကို ပြောနေတာ မဟုတ်ပါဘူး ။ အရပ် အနိမ့်အမြင့် နဲ့ ပြောရင် ဂျပုတွေ က “ ပု မှ နုတာဟေ့ ” လို့ ထ အော် နေ ပါဦးမယ် ။ ဘယ်လောက် ပုပု ၊ မုန်လာဥတောင် ကြာ ရင် ရင့် လာပါသေးတယ် ။ ဆိုပါတော့ … အမြင် အာရုံ မတူတဲ့ သူ တွေ ကလည်း ရံဖန်ရံခါ ပျက်စေ ပျောက်စေပြီး ပေါင်းဖက် ရတတ်ပါတယ် ။

တစ်ယောက် က မှန်တယ် ထင် တဲ့ ဟာ ကို တစ်ယောက် က မှားတယ် ။ တစ်ယောက် အမှားကြီး လို့ ပြောရင် နောက် တစ်ယောက် က အမှန် လို့ သတ်မှတ်တယ် ။ ဆိုပါတော့ ။ အဲဒီ နှစ်ဦး ဟာ အိမ်ထောင်ရက်သား ကျ ပြီ ဆိုရင် ဘာပဲ ပြောပြော တစ်လှေ တည်း စီး ပြီး တစ်ခရီး တည်း သွား ရတော့ မှာ ဖြစ်ပါတယ် ။ တစ်လှေ တည်း စီး တစ် ခရီး တည်း သွား ဆိုပေမဲ့ ဘာ နဲ့ တူ သလဲ ဆိုရင်

“ ဆိုက္ကား စီး သွားတဲ့ လင်မယားလို ပါ ပဲ ”

တစ်ခရီး တည်း သွားတယ် ဆို တာ မှန် ပေမဲ့ တစ်ယောက် က အရှေ့ ကို မြင် ပြီး တစ်ယောက်က အနောက် ကို မြင် တယ် ။ ဒီကြား ထဲ ကလေး တွေ ရ ရင် ပို ဆိုးသေး ။ ဘေးတွဲ က နေ ကန့်လန့်တွေ တိုက် နေတာ ။

ဒါကြောင့် ချစ်သူ ( သို့မဟုတ် ) အိမ်ထောင်ဖက် ရွေးချယ်မယ် ဆိုရင် အမြင် ကလည်း အင်မတန် အရေး ကြီး ပါတယ် ။ တစ်ယောက် နဲ့ တစ်ယောက် အမြင် မတူရင် ရေရှည် ပေါင်းသင်း ရတာ စိတ်ညစ်စရာ အလွန် ကောင်း ပါလိမ့်မယ် ။

ပြောရဦးမယ် ဗျ ။ ကျွန်တော်တို့ အိမ်နား က လူကြီး တစ်ယောက် အိမ်ထောင် ကျ တာ ။ သူ ယူ လိုက်တဲ့ ကောင်မလေး က တစ်မျိုးလေး ဗျ ။ ကြောင်စီစီလေး ။ ကျွန်တော်တို့ က မေးတယ် ။