လူပျိုအပျို ဖတ်စာ

“ ဘာဖြစ်လို့ ဒီ ကောင်မလေး ကို ရွေးတာတုံး ”

ဆိုတော့ လူကြီး က ပြုံးတယ် ။ ပြီးတော့ ပြောတယ် ။

“ ဒီ ကောင်မလေး အမြင် က ဆန်းတယ် ကွ ၊ ဒါကြောင့် သဘောကျ သွားတာ ”

ဒီလိုနဲ့ အိမ်ထောင် ကျ ပြီး သိပ်မကြာဘူး ။ သူတို့ လင်မယား တကျက်ကျက် ၊ ရပ်ကွက်ထဲ ရန် အဖြစ်ဆုံး လင်မယား ဆု ဆို သူတို့ ချည်း ရမှာ ။ တစ်ချိန်လုံး ရန် ဖြစ်နေတာ ။ ကျွန်တော်တို့ က မေး တာပေါ့ ။

“ ဘာဖြစ်လို့ ဒီလောက် တောင် ရန် ဖြစ်နေတာလဲ ”

ဆိုတော့ လူကြီး က သက်ပြင်း ချတယ် ။

“ အမြင် မတူဘူးကွ ၊ ဒါကြောင့် ညှိ မရတာ ”

ဒါနဲ့ ကျွန်တော် က ပြော တာပေါ့ ။

“ ဟာ ယူတုန်း က အမြင် ဆန်းလို့ သဘော ကျ တာဆို ၊ ခုဘယ်လို ဖြစ် ရတာလဲ ”

ဆိုတော့ လူကြီး က ဒေါသတကြီး နဲ့

“ အမြင် ဆန်း မှာပေါ့ဟ သောက်ရမ်းတွေချည်း ခန့်မှန်း နေတာကိုး ”

အဲလိုလည်း ဖြစ် နေပါဦးမယ် ။

အမြင် မတူ ရင် ခံယူချက် လည်း တူ မှာ မဟုတ်တော့ပါဘူး ။ ခံယူချက် မတူရင် ရည်မှန်းချက် လည်း တူ မှာ မဟုတ်တော့ပါဘူး ။ ရည်မှန်းချက် မတူရင် ဘဝ လည်း တူ တော့မယ် မထင်ပါဘူး ။

ကျွန်တော် ပြော နေတာ မျက်လုံး အမြင် မဟုတ်ပါဘူး ။ အတွင်း စိတ် သဏ္ဌာန် ကို ပြောနေတာပါ ။

မိသားစုတွေ ဟာ ပေါက်ဖွားမှုပုံစံ မတူ တဲ့ အတွက် ခံယူချက် ( အမြင်တွေ ) မတူကြပါဘူး ။ တချို့ အကြောင်းအရာ တွေ က ညှိ လို့ ရတာ ရှိ သလို ၊ တချို့အကြောင်းအရာတွေ က ညှိလို့ မရပါဘူး ။

တစ်ယောက် နဲ့ တစ်ယောက် အမြင် တွေ က ခန့်မှန်း ရ ခက် ပါတယ် ။ ဆိုပါစို့ ။

“ ပေါ့ပေါ့ပါးပါး နဲ့ ပျော်ပျော် နေတတ်လို့ ပေါတောတောလေး ပဲ ငါ နဲ့ ကိုက်တယ် ” .. ဆိုပြီး ပေါင်းသင်း ကြည့်တယ် ။ “ ဟိုက ပေါတောတော နေတာ မဟုတ်ဘူး ၊ ကျပ် ကို မပြည့်တာ ” အမြင် ချင်း ညှိ လို့ မရလို့ တကျက်ကျက် နဲ့ ဖြစ်နေတဲ့ အိမ်ထောင်ရေးတွေ ကို လေ့လာ ကြည့်ပါ ။

အမြင်ချင်း မတူတဲ့ အခါ …

ကိုယ် မချစ် တဲ့ သူ နဲ့ လက်ထပ်ရ ရင် ပျော်နိုင်ပါ့မလား မတွေးပါနဲ့ ဦး ။ ကိုယ် ချစ် တဲ့ သူ နဲ့ လက်ထပ်ခဲ့ ရင်တောင် အမြင်ချင်း မတူတဲ့ အခါ ရေရှည် ပျော် နိုင်ပါ့မလား ပဲ တွေးကြည့်ပါ ။

မိန်းကလေးတွေ က သူတို့ ရွေးချယ် တဲ့ ယောက်ျားတွေ ကို တည်ကြည်ရမယ် ။ ဖြောင့်မတ်ရမယ် ။ ကိုယ့် ဘဝ ကို အလင်းရောင် ပေး နိုင်တဲ့ သူမျိုး ဖြစ် ရမယ် ။ အဲလိုမျိုး လိုချင်ကြပါတယ် ။

ဟုတ်ကဲ့ ။ ဒါ ဆိုရင်တော့ “ စည်ပင်သာယာ နဲ့ ညှိ ပြီး ဓာတ်တိုင် ကို သာ ရွေးချယ်ပါ ” အဲလောက် ပြည့်စုံတဲ့ ယောက်ျား အပြင် မှာ ရှားပါတယ် ။ ယောက်ျားတွေ က လည်း မိန်းကလေးတွေ ကို “ ရိုးသားရမယ် ၊ လှပရမယ် ၊ အိမ်မှုကိစ္စ နိုင်နင်းရမယ် ၊ သဘောထား ကောင်းရမယ် ၊ အလိုက် သိရမယ် ”

ဟုတ်ကဲ့ ။ ဒီလို မိန်းကလေးမျိုး က လည်း ပုံပြင် ထဲ က ထွက် မလာသေးပါဘူး ။ အင်မတန် လှပပြီး အင်မတန် ထက်မြက်ပြီး အင်မတန် ဦးဆောင်နိုင် တဲ့ မိန်းကလေးတွေ ဟာ လည်း အင်မတန် သနားစရာ ကောင်းပါတယ် ။ သူတို့ အတွက် ယောက်ျား ဒီ ကမ္ဘာ မှာ မမွေးဖွားသေးပါဘူး ။

အရာရာ ပြည့်စုံခြင်း ဆိုတာ မရှိတဲ့ အခါ လူတွေ ဟာ ကိုယ် နဲ့ သင့်တော်တာတွေ ကို ရွေးချယ်ရပါတယ် ။ တချို့ က လည်း အကောင်းစား လိုချင်တယ် ။ ဒါပေမဲ့ ကိုယ် နဲ့ မသင့်တော် ပြန်ဘူး ။ အဝတ်အစား ရွေး သလိုပေါ့ ။

လူတိုင်း က တော့ အကောင်းဆုံး ကို ပဲ ရွေးချယ်ချင် မှာ ပါ ။ ဒါပေမဲ့ အဲဒီ အဝတ်အဆင် က ဆိုက် ကြီးနေတယ် ။ ကိုယ် က ပိန်ပိန်လေး ။ လိုချင်တာ အကောင်းစား ဆိုပေမဲ့ ကိုယ် ဝတ်ရင် ကျွတ် ကျမှာ ။ သင့်တော်ပါ့မလား ။ ၀၀ကြီး ကျ တော့ လည်း အင်္ကျီဆိုဒ် သေးသေးလေး ဝတ်ချင် ပြန်ရော ။ ဝတ် တာ နဲ့ ကွဲ ထွက်သွားမှာ သိတယ် ။ ဒါပေမဲ့ တန်ဖိုး ရှိ တော့ လိုချင်ပြန်ရော ။

တချို့ကလေးမတွေ က ပိုက်ဆံရှိ ရင် ပြီးရော ၊ အသက်ကြီးကြီး ယောက်ျားတွေ ကို ရွေးချင်ကြတယ် ။ ဘာ နဲ့ တူသလဲ သိလား ။