“ ထမင်း စား ရင်တောင် မတ်တတ် ရပ် စားတယ် ”
မိဘ လုပ်စာ ထိုင် စား နေတယ် လို့ အပြော ခံ ရမှာ စိုးလို့ မတ်တတ် ရပ် စားတယ် ။ ဘယ်မှ တော့ မသွားဘူး ။ သားသမီး အပြစ်ကြီး ပဲ လည်း မဟုတ်ပါဘူး ။ မိဘများ က လည်း ကိုယ့် သားသမီး ကို ချစ် တော့ အရွယ် ရောက်ပြီ မှန်း သိ တာတောင် ကလေး လို သဘော ထား ပြီး ပြုစု စောင့်ရှောက် နေကြတုန်း ။ ဒါ့အပြင် အဲဒီ သူတို့ နဲ့ ခွဲ ရမှာ စိုးလို့ သမက် ( သို့မဟုတ် ) ချွေးမ ကို အိမ်ပေါ် ခေါ် တင် ထား ပြန်ရော ။ သမက် ၊ ချွေးမ စသည်ဖြင့် အိမ် ပေါ် က ဆင်း သွားရင် မျက်ရည် တစမ်းစမ်း နဲ့ ။
ကျွန်တော် အပြစ် ပြောတာ မဟုတ်ပါဘူး ။
“ လူ ဆို တာ အရွယ် ရောက် လာတဲ့ အခါ ကိုယ်ပိုင် ဘဝ ရှိသင့်ပါတယ် ၊ ကိုယ်ပိုင် ဘဝ နဲ့ နေသင့်ပါတယ် ”
တစ်ယောက် ယောက် ရဲ့ အရိပ် အောက် မှာ မဟုတ်ဘဲ ကိုယ့် ဟာ ကိုယ် ရှင်သန် နိုင် ရမှာပါ ။ လူ အားလုံး စံ ထား ရ လောက်အောင် ကြီးကျယ် မြင့်မြတ်တဲ့ သမိုင်း မဟုတ် ရင် တောင် ကိုယ့် မိဘ ဆွေမျိုးများ နဲ့ ကိုယ့် ရဲ့မျိုးဆက်များ ပြန် ပြောကြ တဲ့ ဆွေမျိုး သမိုင်း မှာ တော့ ကိုယ် ဆိုတာ ဘယ်လို လူမျိုး ဆိုတာ မှတ်ကျောက် အတင် ခံ သင့်ပါတယ် ။
“ ဒီ ကောင် လား ၊ ဘာ ကောင် မှ မဟုတ်ဘူး ၊ မိဘ တွေ ဆီ တစ်သက်လုံး ကပ် စားသွားတာ ”
ဒါမျိုး အပြော မခံ ရ အောင် လည်း လုပ်သင့်ပါတယ် ။ ချစ်သူရည်းစား ထားခြင်း ၊ အိမ်ထောင်ပြုခြင်း ဆိုတာ များသော အားဖြင့် ကိုယ့် စိတ်ကြိုက် ရွေးချယ်ခြင်း ဖြစ်သလို ၊ ကိုယ့် ဘဝလမ်း ကို လည်း ကိုယ် ကိုယ်တိုင် ပဲ ရွေးချယ် လျှောက်လှမ်းရမှာပါ ။
ကျွန်တော့် မိတ်ဆွေ တစ်ယောက် ကျ တစ်မျိုး ။ သူ လည်း နယ် က နေ တစ်ယောက် တည်း တက် လာပြီး ရန်ကုန် မှာ ဘဝ တစ်ခု တည်ဆောက်တာပါ ။ မိဘ လည်း မရှိတော့တဲ့ တစ်ကောင်ကြွက် ပေါ့ ။
“ ငါ က တစ်မျိုး ကွ ၊ အိမ်ထောင် ကျ တာ နဲ့ မိသားစု ဘဝ စတာပဲ ”
“ ဘာဖြစ်လို့လဲ ”
“ မိန်းမ ယူ လိုက်တာ နဲ့ ယောက္ခမတွေ ပါ အိမ် ပေါ် ရောက် လာတာလေ ”
မှတ်ထားပါ ။ အိမ်ထောင် ကျ တဲ့ ယောက်ျား အတော်များများ ဟာ ‘ အာဒမ် နဲ့ ဧဝ ’ ကို သဘော ကျ လေ့ ရှိတယ် ။
“ ကမ္ဘာဦး လူသား ဖြစ်တဲ့ အတွက် သူတို့ မှာ ယောက္ခမ မရှိဘူးလေ ”
မိဘတွေ က သားသမီးတွေ ကို “ စိတ် မချဘူး ” ဆိုတဲ့ စိတ် နဲ့ နေကြတယ် ။ မိဘများ က တစ်သက်လုံး အရိပ် သဖွယ် မိုးထား ပေး ချင်ကြတယ် ။ ကိုယ့် ရဲ့ သားသမီးလေးတွေ မပူမပင် ကြရအောင်ပေါ့ ။ မှန်သင့် သလောက်တော့ မှန်ပါတယ် ။
ဒါပေမဲ့ ကိုယ် မိုး ထား တဲ့ အရိပ် ဟာ ကလေးတွေ အတွက် လူငယ်တွေ အတွက် ‘ လောင်းရိပ် ’ လည်း ဖြစ် နေ နိုင်ပါတယ် ။
သတိထားပါ ။
ပြောပြီးသားပါ ။ ကျွန်တော်တို့ က ဆွေမျိုး ကို မင်ကြတယ် ။ အပေါင်းအသင်း သူငယ်ချင်းတွေ ကို ခင် ကြတယ် ။
မှတ်ထားပါ ။ သူငယ်ချင်း ဆိုတာ လည်း ချစ်ခင် တုန်းမှာ “ အဖော်ကောင်း ” ပါပဲ ။ ဒါပေမဲ့ မုန်း ပြီ ဆို “ ဖော်ကောင် ” ။ ရိုးရိုး စဉ်းစားမယ် ဆို သူငယ်ချင်း နှစ်မျိုး ရှိပါတယ် ။
၁ ။ အဖော်ကောင်း
၂ ။ ဖော်ကောင်
လူငယ်လေးတွေ ဟာ သူငယ်ချင်း ကို ချစ်ခင်တဲ့ အခါ သူငယ်ချင်းတွေ ကို “ ကကြီး က အစ အ အဆုံး ” အကုန်လုံး ပြော ပြ တတ် ပါတယ် ။ အမှန်တော့ ဒါဟာ မလုပ် သင့် တဲ့ ကိစ္စပါ ။
“ ကိုယ် နဲ့ ကိုယ့် ချစ်သူ အကြောင်း ဘယ်သူ မှ ကောင်းကောင်း မသိတာ ပို လုံခြုံပါတယ် ”
တချို့ကိစ္စတွေ မှာ လူတွေ မသိသင့်တဲ့ အကြောင်းအရာတွေ ရှိ ပါတယ် ။ ဒါကိုမှ အရာ ရာ အားလုံး သူငယ်ချင်း ကို ဖွင့်ဟ ပြောဆိုခြင်း ဟာ ကိုယ့် အတွက် ဒုက္ခ ရောက်ရာ ရောက် ကြောင်း ဖန်တီး ထား တာပါပဲ ။
သူငယ်ချင်းတွေ နဲ့ ပတ်သက်ပြီး မှတ်ထားပါ ။
“ ရန်သူ ဟာ ရန်သူ လို နေတာ ပြဿနာ သိပ် မရှိ လှပါဘူး ၊ ရန်သူ က မိတ်ဆွေ ဟန် ဆောင်ပြီး အနား မှာ ရှိနေတာ က မှ တကယ့် ပြဿနာပါ ”
သူငယ်ချင်း ကို ခင်ပါ ချစ်ပါ ။ ဒါပေမဲ့ ကိုယ့် ရဲ့ လျှို့ဝှက်ချက်တွေ ကို ဖွင့် ပြောရ သည် အထိတော့ မထိုက်တန်ပါဘူး ။ သူငယ်ချင်းတွေ နဲ့ ပတ်သက် ပြီး သတိ အထား သင့် ဆုံး စကား က
“ နင် ငါ့ ကို တောင် မယုံဘူးလား ”
မယုံပါနဲ့ ။ နှစ်နှစ်ခြိုက်ခြိုက်ကြီး မယုံပါနဲ့ ။ အပေါ်ယံ လောက် သာ ယုံကြည်ပါ ။ မှတ် ထားပါ ။
“ လူတိုင်း ဟာ ကိုယ့် ကိုယ် ကိုယ် ထက် ဘယ်သူ့ ကို မှ ပို မချစ်ပါဘူး ”
ဒါကို သိလျက် နဲ့ ကိုယ့် ကိုယ် ကိုယ် ထက် သူငယ်ချင်း ကို ပို ချစ်မိ ၊ ပို အားကိုး မိရင်တော့ ကိုယ့် ထိုက် နဲ့ ကိုယ့် ကံ ပဲ လို့ ပြော ရမှာ ဖြစ် ပါတယ် ။ သူငယ်ချင်းများ နဲ့ ပတ်သက်ပြီး လေး မှန် ဖူးတဲ့ စာသူငယ် လို့ ဆိုရင် လက်ခံ နိုင်ပါတယ် ။ ဒါပေမဲ့ အကြိမ်ကြိမ် လေး မှန် နေသေးရင်တော့ “ ဂိန် ” လို့ သာ အော် သင့်ပါတော့တယ် ။
တစ်ခါတလေ ဖြစ် တတ် ပါတယ် ။