လူပျိုအပျို ဖတ်စာ

ကိုယ့် သူငယ်ချင်း က နေပြီး

“ နင် အဲဒီ လူ ကို ချစ် လိုက်ပါလား ”

လူတွေ က ဇဝေဇဝါ ဖြစ် တတ်ပါတယ် ။

ထပ် ပြောသေးတယ် ။

“ သူ့ မှာ ဘာ အပြစ် မှ မရှိဘူး ”

ဒါဆိုရင် သူငယ်ချင်း စကား ကို ယုံ မိပြီး တကယ်တမ်း သူငယ်ချင်း ပြော နေသူ ကို ကြည့် လိုက်တော့ ကိုယ့် ရဲ့ ရုတ်တရက် အမြင် မှာ

“ ဟုတ်တယ် ”

သူငယ်ချင်း ပြောတဲ့ သူ က ရုပ်ရည် လည်း ပြော စရာမရှိဘူး ။ ငွေကြေး လည်း ပြောစရာ မရှိဘူး ။ အကျင့်စာရိတ္တ လည်း သိပ် မဆိုးဘူး ။ ဒါဆို လူငယ်တွေ က ယောင်ဝါးဝါး နဲ့ သူငယ်ချင်း ညွှန်း ဆို သူ ကို ပြန် ကြိုက်ချင်ကြလေ့ ရှိပါတယ် ။ အားလုံးဟာ အချက် တစ်ချက် ကို မစဉ်းစားမိ ဘူး ။

“ ဒီလောက် တောင် ပြည့်စုံ နေတဲ့ သူ တစ်ယောက် ကို သူ က မကြိုက်ဘဲ ၊ ဘာလို့ တခြား သူ ကို ကြိုက် ခိုင်းနေတာလဲ ”

သူ ညွှန်း ဆို နေတာဟာ သူ့ ဆွေမျိုး လား ၊ ဒါမှ မဟုတ် တခြား မမြင်နိုင်တဲ့ ပြဿနာတွေ ရှိလို့ သူ က မကြိုက်တာလား ။ ဆိုပါတော့ ။ ကျွန်တော် ပြောပြီးသားပါ ။ ကျွန်တော် တို့ ဟာ အကောင်း ဆုံး ဆို တာ မမျှော်လင့်ချင်ပါဘူး ။ ကိုယ် နဲ့ သင့်တော်ရာ ဖြစ်ရင် ပို လိုက်ဖက်မယ် ဆိုတာ သိ ထား ပြီး ပါပြီ ။

ဒါဆို ဒီလောက် ကောင်းမွန် ပြည့်စုံ နေတဲ့ သူ တစ်ယောက် ကို သူ က ဘာလို့ မရွေးချယ် လဲ ။ ကိုယ့် ထဲ ဘာလို့ လာ ထိုးထည့် နေတာလဲ ။ သူ့ မှာ ရွေးချယ်ပြီး သား ရှိ နေတာလား ။ ဒါလည်း စဉ်းစားစရာပါပဲ ။ ဒါပေမဲ့ ဆိုပါစို့ဗျာ ။ ကိုယ် ကြိုက် တဲ့ အဆိုတော် ရုပ်ရှင်မင်းသား က ကိုယ့် ကို ကမ်းလှမ်းလာမယ် ဆိုရင် လက်ရှိ ရည်းစား ကွာ ပစ်နိုင်တဲ့ သူ အများကြီး ပါ ။

“ မင်းသား သာ ရမယ် ဆို ဒီ ကောင် လောက် အချိန်မရွေး ကန်ချတယ် ”

ဒါမှမဟုတ် ခုန ကျွန်တော် ပြောခဲ့သလို ၊ သူ့ ဆွေမျိုး ဖြစ် နေတာလား ။ ဒါမှမဟုတ် ကိုယ် မမြင်နိုင်တဲ့ ပြစ်ချက် တစ်ခု ခု ရှိ နေတာလား ။ ဒါမှ မဟုတ် ကိုယ့် ဆီ က သူ လိုချင်တာ တစ်ခု ခု များ ရှိ နေတာလား ။

ကျွန်တော် ပြော နေတာ သူငယ်ချင်း အားလုံး ကို ဆိုလိုခြင်း မဟုတ်ပါဘူး ။ ဖြစ်နိုင်ခြေတွေ ကို စဉ်းစားမိဖို့ တင်ပြနေရခြင်း သာ ဖြစ်ပါတယ် ။ တကယ် ကောင်း တဲ့ သူငယ်ချင်းတွေ ရှိ သလို ကောင်း ချင် ယောင် ဆောင် နေတဲ့ သူငယ်ချင်း တွေ လည်း ရှိ မှာပါ ။ ဒါပေမဲ့ တစ်သက်လုံး လင်မယား လို မခွဲအတူ နေ ရ မှာ မဟုတ်တဲ့ အတွက် လျှို့ဝှက် သင့် တာ ကို လျှို့ဝှက် ထားပါ ။ ဒါ မှလည်း သူငယ်ချင်း ကို လည်း ကိုယ် ကိုယ်တိုင် က လိပ်ပြာ သန့်သန့် နဲ့ ပေါင်းသင်း နိုင် မှာ ဖြစ်ပါ တယ် ။ သတိထားပါ ။

စားဖို့ သောက်ဖို့ ဆို ရင် ပေါ် လာ တတ်တဲ့ သူငယ်ချင်း ။

ချေးငှား ဖို့ ဆို ရောက် လာ တတ်တဲ့ သူငယ်ချင်း ။

အပြစ် တွေ မကြာ မကြာ လွှဲ ချ တတ်တဲ့ သူငယ်ချင်း ။

ဒီလို သူငယ်ချင်းတွေ ကို သတိထား သင့်ပါတယ် ဗျ ။

ကျွန်တော် သိ ရသလောက် ချစ်သူရည်းစား အကြင်လင်မယား တွေ ပြဿနာ ဖြစ်လေ့ ရှိတာ ၊ အနာဂတ် အကြောင်း ဆွေးနွေးပြီး ပြဿနာ ဖြစ်တာ နဲ့ စာရင် အတိတ် အကြောင်း ပြန်လည် တူးဆွ ကြရင်း ပြဿနာ ဖြစ်ကြတာ ပိုပြီး များပါတယ် ။

“ အတိတ် မှာ ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ မင်း ကို ငါ ချစ်တယ် ”

ပြော သာ ပြော ကြတာ ။ သိပ်တော့ မမှန်ဘူးဗျ ။ တကယ်တမ်း လက်ထပ် ပေါင်းသင်းကြတဲ့ အခါ အနာဂတ် မှာ ဘယ်လို နေထိုင်မယ် ၊ သားသမီး ဘယ်နှယောက် ယူ ကြမယ် ၊ သူတို့ ကို ဘယ်လို ပျိုးထောင်မယ် ။ မိဘတွေ ကို ဘယ်လို စောင့်ရှောက်မယ် စသည် စသည် သော အကြောင်းအရာ ပေါင်း မြောက်မြားစွာ ငွေ ရှာတာ က အစ သားသမီး ပျိုးထောင်တာ ၊ မိဘများ ကို ပြုစု စောင့်ရှောက် တာ အပြင် ကိုယ့် ရဲ့အိုမင်းချိန် မှာ ဘယ်လို နေထိုင် ကြမယ် ၊ စတာတွေ ကို ညှိနှိုင်း ရတာ ပြဿနာ မရှိလှပါဘူး ။ စိတ်တူ ကိုယ်တူ မို့ လွယ်လွယ်ကူကူ ညှိနှိုင်း လို့ ရနိုင် ပါတယ် ။

ဒါပေမဲ့ ခက် တာ က သူ နဲ့ ကိုယ် မဆုံတွေ့ ခင် က ကိုယ့် ရဲ့ ဖြစ်တည်ခဲ့မှု နဲ့ ပတ်သက်ပြီး ပြန်လည် တူးဆွပြီး ပြဿနာ ဖြစ် ကြတာ ပို များပါတယ် ။

“ ဒါဆို ဘဝ မှာ အတိတ် ကောင်း ဖို့ လိုသလား ”

“ သိပ် လိုတာပေါ့ ”

အဝေးကြီး ကို မတွက်ပါနဲ့ ။ ဒီနေ့ ဟာ မနက်ဖြန် ကျရင် ကျွန်တော်တို့ ရဲ့ အတိတ် ပါ ပဲ ။

“ ဒါဆို ဒီနေ့ ကို အကောင်းဆုံး ဖြစ်အောင် မနေသင့်ဘူးလား ”

အတိတ် ဆို တာ …

“ ခွင့်လွှတ်စေချင် ခွင့်လွှတ် လို့ ရမယ် ၊ ဒါပေမဲ့ တစ်ဖက်သား က ဘယ်တော့ မှ မေ့ မှာ မဟုတ်ဘူး ”

ကျွန်တော်တို့ အားလုံး ဟာ အမှား နဲ့ မကင်းဘူး ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ ကျူးလွန်နေကျ အမှား ကို ပဲ ထပ်ခါ ထပ်ခါ ကျူးလွန် နေ လို့ တော့ မရပါဘူး ။ တချို့ က လည်း အမှား တစ်ခု ကို ဖုံးကွယ် ဖို့ နောက်ထပ် အမှား တွေ ပို တင်ရင်း နဲ့ အမှား သံသရာ က မကင်းနိုင်ကြပါဘူး ။ အတိတ် မှာ ကိုယ် က ရည်းစား တွေ ရှုပ်ခဲ့တာ ၊ ရန်တွေ ဖြစ်ခဲ့တာ ၊ သူငယ်ချင်းတွေ နဲ့ မှားခဲ့ကြတာ ၊ ဒါတွေဟာ ဖျောက် ပစ် လို့ မရတော့ပါဘူး ။ ကိုယ် တကယ် ချစ်တဲ့ သူ နဲ့ ဆုံတဲ့ အခါ အဲဒါတွေ က တစ်ဖက်သား ထောက်ပြ စရာ အမည်းစက်တွေ ပဲ ဖြစ်ပါတယ် ။

ခု ခေတ် ကလေးတွေ ပို ပြီး သတိထား သင့်ပါတယ် ။

အရင် ခေတ် က ဆို လူငယ်တွေ ဟာ ရည်းစား ထား ရင် မိဘ မသိအောင် ၊ ပတ်ဝန်းကျင် မရိပ်မိအောင် ခိုးကြောင်ခိုးဝှက် ထား တတ်ကြပါတယ် ။ အခု ခေတ် က ဒီလို မဟုတ်တော့ပါဘူး ။