လူပျိုအပျို ဖတ်စာ

ရည်းစား ရပြီ ဆိုတာ နဲ့ facebook ပေါ် ခြေကန်တက် လာပြီး relationship ဆို ပြီး ပြုံးပြုံးကြီး နဲ့ စုံတွဲ ပုံ တွေ တင်ကြပါတယ် ။ ဒါ့အပြင် အခေါ်အဝေါ် က အစ “ ယောက်ျား ရေ ၊ မိန်းမ ရေ ” စသည် ဖြင့် တကယ့် လင်မယား လို ခေါ်ဝေါ်ကြပါတော့တယ် ။ ပြန် စဉ်းစားပါ ။

“ ကိုယ် ဒီ တစ်ယောက် နဲ့ တကယ် ညား မှာလား ”

မသေချာပါဘူး ။

သိပ် မကြာပါဘူး ။

“ Single is the best ”

ပြန် တွေ့ရမှာပါ ။

မသေချာဘဲ နဲ့ Facebook စုံတွဲ ပုံ တင် လိုက်ခြင်း ဟာ ကိုယ့် အမည်းစက် ကိုယ် ဖန်တီး လိုက်ခြင်း ဖြစ်ပါတယ် ။ နောက်ထပ် ကိုယ် တကယ် ချစ် တဲ့ သူ နဲ့ တွေ့တဲ့ အခါ ပတ်ဝန်းကျင် က

“ ဟာ အဲဒါနဲ့ ဆို သတိထား ၊ အရင် က Facebook ပေါ် မှာ စုံတွဲ ပုံတွေ တင် ပြီး ၊ ယောက်ျား ရေ ၊ မိန်းမ ရေ လုပ်ခဲ့တာ အများကြီး ”

ဒါဆို နောက် လူ က ကိုယ့် ကို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်မယ် ဆိုရင် သူ့ ဘက် က စဉ်းစားစရာ ဖြစ် မနေဘူးလား ။ ဒါဟာ ကိုယ် ဘယ်လောက် ဉာဏ် နည်း ခဲ့တယ် ဆို တာ ဖော်ပြ နေ သလိုပါပဲ ။ တချို့ က လည်း အပြင် မှာ တောင် မမြင်ဖူးဘဲ facebook ပေါ် မှာ တင် တွေ့ပြီး ၊ facebook ပေါ် မှာ တင် ရည်းစား ဖြစ်ပြီး relationship တင် ကြတယ် ။ စဉ်းစား ကြည့် ပါ ။

Facebook ပေါ် မှာ တွေ့ Facebook ပေါ်မှာ ချစ် ကြတာ ဘာ နဲ့ တူ သလဲ သိလား ။

“ အမှောင် ထဲ မှာ မျက်စ ထိုင် ပစ် နေသလိုပါပဲ ၊ တစ်ဖက် က မြင်လား မမြင်လား မသိဘဲ ကိုယ့် ဟာ ကိုယ် ကြည်နူး နေတာ ”

တချို့က ပို ဆိုးပါတယ် ။

ရည်းစား ဖြစ်တာနဲ့ ကိုယ့် ရဲ့ Password ပါ ပေး ထား တတ်ကြပါတယ် ။ ဒါဟာ လုံးဝ မလုပ်သင့်တဲ့ အလုပ် တစ်ခု ဖြစ်ပါတယ် ။

လူ ဆို တာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိ ပါတယ် ။

“ မယုံဘူးလား ”

“ မယုံရင် ‌ေ ,သ လိုက်လေ ”

ကိုယ့် ကို မယုံတဲ့ သူ ကို ကိုယ် က လည်း ယုံစရာ မရှိပါဘူး ။ Password တွေ ရတော့ အဲဒီ သူ က ကိုယ့် ထဲ ဝင်ပြီး မွှေ တော့တာပါပဲ ။ ဒီတော့ ကိုယ့် ဆီ မှာ ဘာ တွေ့ မှာလဲ ။

“ အနာဂတ် ဆို တာ မတွေ့ပါဘူး ။ အတိတ်တွေ ကို သူ တွေ့ ပါတယ် ၊ အဲဒီ အတိတ် တွေ မှာ အပြစ် ရှာ စရာ အများကြီး သူ တွေ့ပါပြီ ၊ သူ ခွင့်လွှတ် ကောင်း ခွင့်လွှတ်မယ် ၊ မေ့ မှာတော့ မဟုတ်ပါဘူး ”

ဒါဟာ လျှောက်လှမ်းကြမယ့် ဘဝ ခရီး အတွက် ကောင်းမွန်တာ တော့ မဟုတ်ပါဘူး ။ လူတိုင်း ဘဝ မှာ သင်ခန်းစာ ရလောက် စရာ အမှား တစ်ခု ခုတော့ ရှိ မှာပါပဲ ။ ဒါကို ကိုယ့် ဟာ ကိုယ် ပဲ သိ ထားပါ ။ တစ်ဖက်သား ကို မသိပါစေ နဲ့ ။

ကိုယ် က လည်း သူ့ ကို မပြတ်နိုင် ။ သူ က လည်း ကိုယ့် ရဲ့ အတိတ် အကြောင်း နဲ့ အချိန်တိုင်း ထိုးနှက် နေမယ် ဆိုရင် ဘယ်လောက် ကြီး တဲ့ ငရဲ လဲ စဉ်းစား ကြည့် ပါ ။

“ အိမ်ထောင် ပြုတယ် ဆိုတာ ဖူးစာ ဆုံ လို့ ကြုံ ရတာ မှန်ပေမဲ့ ဝဋ်ကြွေး ရှိ လို့ ပေးဆပ် ရတာလည်း ဖြစ် နေနိုင်ပါတယ် ”

ဒါကြောင့် အတိတ် မှာ ကောင်းမွန် အောင် ကြိုးစားပါ ။

ဒီ နေ့ ဆို တာ မနက်ဖြန် ရဲ့ အတိတ် ဆို တာ မမေ့ပါနဲ့ ။

ဒါကြောင့် ကိုယ့် ရဲ့အတိတ် ကောင်းမွန်စေချင်ရင်

“ ဒီနေ့ က စပြီး ကောင်းမွန်အောင် နေထိုင်ပါ ”

“ ဒီ နေ့ ကိုယ် အလုပ် မအားလို့ မလာနိုင်တော့ဘူး ကွာ ”

“ အလုပ်တွေ က အရမ်း များ နေ လို့ နောက်မှ တွေ့ ကြတာပေါ့ ”

အမြဲ ကြား နေ ရတဲ့ စကား ဖြစ်ပါလိမ့်မယ် ။

မှတ်ထားပါ ။

လူ တစ်ယောက် အားခြင်း ၊ မအားခြင်း ဟာ သူ ကိုယ့် အပေါ် မှာ ထားတဲ့ ချစ်ခြင်းတရား နဲ့ လည်း ဆိုင် ပါတယ် ။

ဆိုပါတော့ ။

ချစ်သူ ရည်းစား မဖြစ်ခင် ၊ ကိုယ့် ဆီ ကို အမြဲတမ်း အားအား ယားယား ရောက် နေတာ ဘယ်သူလဲ ။ ဒီ လူတွေ ပဲ လေ ။

ဒါကြောင့်ပြောကြတယ် ။