လူပျိုအပျို ဖတ်စာ

“ ဒဿဂီရိ ဘီလူး ဟာ မယ်သီတာ ကို သိပ် ချစ်တဲ့ အတွက် လေးတင်ပွဲ မှာ ရှုံးပြီး တစ်ပါး သူ ကို ပေး လိုက်ရတာတောင် အလျှော့ မပေးဘဲ အသက် ဆုံး သည် အထိ ကြိုးပမ်း ခဲ့ပါတယ် ။ သူ သာ မယ်သီတာ ကို ရ ခဲ့ရင် ၊ မယ်သီတာ ကို မယုံ လို့ မီးပုံ ထဲ ခုန်ဆင်း ခိုင်း မှာ မဟုတ်ပါဘူး ”

“ ဘာကြောင့်လဲ ”

“ အချစ်စိတ် ကြောင့် ပါ ”

“ ယောက်ျားတွေ ရဲ့ အချစ်စိတ် ဟာ ယုံကြည်မှု ကို ပြင်းထန် စေပါတယ် ”

ယောက်ျားတွေ သာ တကယ် ချစ် ရင် တစ်သက်တာ လုံး အတွက် ယုံကြည်လိုက်ပါ ။

ကျွန်တော် တို့ ဟာ ဘဝ ကို ခက်ခက်ခဲခဲ ကျော်လွှား နေကြသူတွေပါ ။ ချမ်းသာ တဲ့ သူတွေ က လည်း ချမ်းသာ တဲ့ အလျောက် ၊ ဆင်းရဲ တဲ့ သူတွေ က လည်း ဆင်းရဲ တဲ့ အလျောက် ပေါ့ ။

နာကျင်စရာ ၊ ကြေကွဲစရာ တွေ ၊ ပျော်စရာ တွေ ၊ လွမ်းမောစရာ တွေ နဲ့ ပြည့်နှက် နေ တတ် ပါတယ် ။ ပျော်ရွှင်စရာ ကို မကြာခဏ မေ့ တတ်ပေမဲ့ နာကျင်စရာ ကို တော့ ဘယ်တော့ မှ မမေ့ပါဘူး ။ လူ တွေ ဆိုတာ မတည်မြဲ ဖူး လို့ အမြဲ ပြောတာ ကြားဖူး မှာပါ ။ တည်မြဲခြင်း အကြောင်းတရား တွေ လည်း ရှိပါတယ် ။

“ အချစ်စိတ် ပါ ”

အချစ်စိတ် ဟာ တည်မြဲ ပါတယ် ။ ချစ်သူ သာ ခဏခဏ ပြောင်း လဲ သွားတာပါ ။ ခုခေတ် က ပို ဆိုးလာ ပါတယ် ။

“ အိမ်ထောင်ရေး မတည်မြဲဘူး ”

ဒီခေတ်မှာ Single Mother , Single Father တွေ အများကြီး ပါ ပဲ ။ အကြောင်း အမျိုးမျိုး ကြောင့် လက်ထပ် ပေါင်းသင်း ကြတယ် ။ သဘောထား မ တိုက်ဆိုင်တဲ့ အခါ လွယ်လွယ်ပဲ ပြန် ကွဲကြလေ့ ရှိ ပါတယ် ။

“ ဘာကြောင့်လဲ ”

“ တစ်ယောက် အကြောင်း တစ်ယောက် အသေအချာ မသိဘဲ ပေါင်းဖက် မိ ကြလို့ ”

အကြောင်း လည်း သိ သွား ရော ဆက်ပြီး ပေါင်းဖက် ချင် စိတ် ကုန် သွား တာ မျိုးပါ ။

ယောက်ျား နဲ့ မိန်းမ တွေ ဟာ အပေါ် ယံ ပေါင်းသင်း ပြီး တစ်ယောက် ကို တစ်ယောက် အရမ်း နားလည် ပြီ ထင် တတ် ကြပါတယ် ။ အမှန်တော့ နား မလည်ကြပါဘူး ။

ဆိုပါစို့ ။ ယောက်ျား တွေ ဟာ အကြမ်း နှုန်း နှစ် မျိုး ကို စိတ်ဝင်စားပါသတဲ့ ။

၁ ။ ပိုက်ဆံ

၂ ။ မိန်းမ

မဟုတ်ပါဘူး ။

သုံးမျိုးပါ ။

၁ ။ ပိုက်ဆံ

၂ ။ မိန်းမ

၃ ။ ပိုက်ဆံ ရှိတဲ့ မိန်းမ

ဒါ့အပြင် အများကြီး ထပ် ရှိ ပါသေးတယ် ။

မိန်းကလေး တွေ ဟာ ပို ပြီးတော့ ခန့်မှန်းရ ခက်ပါ တယ် ။

ဥပမာ ။ ။ မိန်းကလေးတွေ က “ ဟုတ်တယ် ” လို့ ပြော လိုက်ရင် အဲဒါ ဟုတ်ချင် မှ လည်း ဟုတ် မှာ ပါ ။ ကိုယ့် ကို ရွဲ့ပြီး ပြော တာလည်း ဖြစ် နိုင်ပါ တယ် ။ “ ဟုတ်တယ် ” ဆိုတာ တကယ် ဟုတ်နေတာ လည်း ဖြစ် နိုင် ပါတယ် ။ ဒါကြောင့် “ ဟုတ်တယ် ” ဆိုတာ မဟုတ်ဘူး လို့ ငြင်း တာ လည်း ဖြစ်နိုင် သလို ဟုတ်တယ် လို့ ဝန်ခံ တာ လည်း ဖြစ် နိုင်ပါ တယ် ။ အဲဒီ ဟုတ်တယ် ဆို တာ ဟုတ်တယ် ၊ မဟုတ်ဘူး အပြင် အခြား သော အဓိပ္ပာယ် သက်ရောက်မှု တစ်ခု လည်း ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် လူ ကို နားလည် ဖို့ မပြော နဲ့ ။ မိန်းကလေး တွေ ရဲ့ “ ဟုတ်တယ် ” ဆိုတဲ့ စကားလေး တစ်လုံး ကို နားလည် အောင် အရင် ကြိုးစား ကြည့်ပါ ။ နား မလည်နိုင်ပါဘူး ။ ဒါကြောင့် ဘာ ဖြစ် လာသလဲ ဆိုရင်

“ နားလည်ပါတယ် ၊ နားလည်ပါတယ် ဆိုပြီး ဘဝ ထဲ ကို ဝင် လာကြတယ် ၊ နား မလည်နိုင်ဘူး ၊ နား မလည်နိုင်ဘူး ဆိုပြီး ဘဝ ထဲ က ပြန် ထွက် သွားကြတယ် ”

ယောက်ျားလေးတွေ အတော်များများ ဟာ မိန်းကလေး တွေ ကို နားလည် နိုင် ဖို့ ကြိုးစား ကြ ပါတယ် ။ နောက်ပြီး အပေါ်ယံ လောက် ကို သိရှိ ပြီး နားလည်ပြီ လို့ ထင် တတ်ကြပါတယ် ။ အဲဒီ စိတ် နဲ့ ပဲ မိန်းကလေးတွေ ကို တာဝန် ယူ တတ်ကြ ပါတယ် ။

“ မင်း ပြဿနာ လည်း ငါ့ ပြဿနာ ၊ မင်း အတွက် အရာရာ တာဝန် ယူ ဖြေရှင်း ပေးနိုင်တယ် ”

ဒီလို စိတ်မျိုး မွေး ကြပါတယ် ။

မှတ်မိပါတယ် ။

ခေါင်းမော့ ရင် ကော့ ပြီး ခပ်တည်တည် ပြော ပါ တယ် ။

ကောင်မလေး က တစ်ခွန်း ပဲ ပြန် မေးပါ တယ် ။