လူပျိုအပျို ဖတ်စာ

“ ပင်လယ်စာ မှာ ဘာလို့ ငုံးဥ ပါ တာလဲ ဟင် ”

ဟိုကောင် ငုတ်တုတ် မေ့ သွားတယ် ။ ဘယ်လိုမှ မဖြေနိုင်ဘူး ။

ဟုတ်တယ်လေ ။ ဒီ ငုံး ဟာ ပင်လယ် ဖြတ် ပျံ ပြီး ဥ ခဲ့တာလဲ မဟုတ် ၊ ပျံ ရလောက် အောင် လည်း တောင်ပံ က မရှိ ။ ပင်လယ် နဲ့ ငုံး ဆိုတာ လားလား မှ မသက်ဆိုင် ။

“ ဒါဆို ပင်လယ်စာ မှာ လိုက် တိုင်း ဘာကြောင့် ငုံးဥ ပါ နေရပါသလဲ ”

မိတ်ဆွေ ။ လောက မှာ မဖြေ နိုင် တဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ရှိတယ် ဆိုတာ သတိရပါ ။

အဲဒီ ထဲ မှာ မှ မိန်းကလေး တွေ ရဲ့ မေးခွန်းတွေ က ပို ကတ်သီးကပ်သပ် နိုင်တယ် ဆိုတာ သိပါ ။

အရာရာ ကို ဖြေရှင်း ပေး နိုင်တယ် ဆိုတာ မဟုတ်ပါဘူး ။ အရာရာ ဖြေရှင်း ပေးနိုင်တယ် ထင် ခဲ့ရင်

“ ပင်လယ်စာမှာ ဘာလို့ ငုံးဥပါတာလဲ ”

ဆိုတဲ့ မေးခွန်း ကို သတိ ရပါ ။ ( ဥပမာ အနေနဲ့ ပြော ခြင်းသာ )

အရာရာ ကို ဖြေရှင်း ပေး နိုင်တယ် ဆိုတဲ့ ကိုယ့် ကိုယ် ကိုယ် အထင် ကြီး ပြီး သူ များ သားသမီး ကို ဘယ်တော့ မှ တာဝန် မယူပါ နဲ့ ။ အရာရာ ကို မဖြေ ရှင်း ပေး နိုင်ပါဘူး ။

သို့သော် တတ် နိုင်သလောက် ပံ့ပိုး ကူညီချင် စိတ် ဖြင့် သာ တာဝန် ယူပါ ။

နောက်ထပ် တစ်ခု သတိ ထား ပါ ။ မိန်းကလေး များ မေးခွန်း ထုတ် ပြီ ဆို ရင် အဲဒီ အဖြေ ကို သူ သိ ပြီး သား ဖြစ် နေ တတ် ပါတယ် ။

ဒီလောက်ပါပဲ ။

“ မင်္ဂလာပွဲတွေ မှာ သတို့သား နဲ့ သတို့သမီး ဘာ လို့ တစ်ယောက် လက် ကို တစ်ယောက် ဆွဲ ထား ကြသလဲ ”

“ ရိုးရာပါပဲ ”

လက်ဝှေ့ ပွဲ မှာ တစ်ယောက် ကို တစ်ယောက် မထိုး ခင် လက်ဆွဲ နှုတ်ဆက်ထား တဲ့ သဘော ။

ကျွန်တော် ပြောပြီးသားပါ ။

အိမ်ထောင် ပြုတယ် ဆိုတာ ဖူးစာ ကြုံ လို့ ဆုံ ရ တာ ဖြစ် နိုင်သလို ဝဋ်ကြွေး ပါ လို့ ပေးဆပ် ရ တာ လည်း ဖြစ် နိုင် ပါတယ် ။

များသော အားဖြင့် မပြည့်စုံ ဘဲ တစ်ယောက် အကြောင်း တစ်ယောက် ကောင်းမွန်စွာ မသိဘဲ လက်ထပ် သူ များ အတွက်

“ လောကဓံ ဟာ ဒုက္ခ ကို သာ လက်ဖွဲ့ လေ့ ရှိ ပါ တယ် ”

“ ဘာကြောင့်လဲ ”

လူ ဆို တာ တစ်ယောက် နဲ့ တစ်ယောက် ဘယ်လောက် တူတူ ၊ တစ်နည်းနည်း နဲ့ တော့ ကွဲပြား ခြားနားချက်တွေ ရှိ နေ တတ်ပါတယ် ။

အိမ်ထောင်ရေး ဆိုတာ တစ်ယောက် ယောက် ကို သင်ခန်းစာ ယူ ဖို့ အတော် ခက်ပါတယ် ။

“ ဘာကြောင့်လဲ ”

“ အိမ်ထောင်ရေး ဆိုတာ သင်ရိုး တူ ရင်တောင် သင်ခန်းစာ က ခဏခဏ ပြောင်း တတ် ပါတယ် ”

ကိုယ့် မိဘ ကြုံခဲ့ရ သလို မျိုး ကိုယ် ကြုံတွေ့ရမှာ မဟုတ်ပါဘူး ။ ကိုယ့် ပတ်ဝန်းကျင် က မြင် နေကျ အိမ်ထောင်ရေး မျိုး နဲ့ ကိုယ် တူ ချင် မှ တူ နိုင်မှာပါ ။ အိမ်ထောင် ပြုတယ် ဆို တာ စိတ် နှစ်ခု ကို ပေါင်းစပ်ခြင်း ဖြစ် ပါတယ် ။ ပေါင်းစပ် လိုက်တဲ့ စိတ် နှစ်ခု ကို အခြေခံပြီး အခြား သော အလုပ်အကိုင် ၊ အခွင့်အလမ်း ၊ ဥစ္စာဓန စသည်ဖြင့် ဖြစ် လာကြတာပါ ။

“ အလုပ် ချင်း တူ ကြပါလျက် တချို့ က ချမ်းသာ ပြီး ၊ တချို့ က ဘာလို့ ဆင်းရဲတာလဲ ”

လူ ချင်း တူ အလုပ် ချင်း တူ ပေမဲ့ ပေါင်းစပ်ခြင်း ခံ ထား ရတဲ့ စိတ် အခြေခံ ကွာခြားမှု ကြောင့် ပါ ပဲ ။

ကိုယ် နဲ့ ပေါင်းစပ် ထား တဲ့ ကိုယ့် အိမ်ထောင်ဖက် ရဲ့ စိတ် က ကိုယ့် ကို ပျော်ရွှင်စေချင် နေရင် ကိုယ့် ရဲ့ အဆင်ပြေ မှု ကို လိုလား နေရင် အလုပ်ချင်း တူ ရင် တောင် ကိုယ် က ပိုပြီး ပေါ့ပေါ့ပါးပါး ဖြတ်သန်း နိုင်မှာပေါ့ ။

ဒီလိုမှ မဟုတ်ဘဲ ကိုယ် နဲ့ တွဲလျက် ရှိ နေတဲ့ ကြင်ရာဖက် က ကိုယ့် အကြောင်း နား မလည်ရင် ၊ ထင်ရာ စိုင်း နေ ရင်တော့ ကောင်းမွန်သော နေထိုင်မှု နဲ့ ပျော်ရွှင်သော အိမ်ထောင်ရေး ကို ပိုင်ဆိုင် နိုင် မှာ မဟုတ်ပါဘူး ။ ဒီလို ဆိုရင်တော့ မင်္ဂလာ ဆောင် ခဲ့ စဉ် က ကိုယ် ဆွဲ ခဲ့တဲ့ လက် ဟာ လက်ဝှေ့ ထိုး ဖို့ တစ်ယောက် ကို တစ်ယောက် နှုတ်ဆက် ထား တဲ့ သဘော နဲ့ အတူတူ ပါ ပဲ ။

တချို့ က လည်း ပြော ကြတယ် ။

“ အိမ်ထောင် ပြု တယ် ဆိုတာ စိတ် တူ ကိုယ် တူ မှ ကောင်းတာ ”

ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ် ။ ဒါပေမဲ့ စိတ် တူ ကိုယ် တူ ရ သမျှ သောက်စား သုံးဖြုန်း ပြီး မွဲ နေ ကြတဲ့ စုံတွဲတွေ လည်း အများကြီး ပါ ။ ယောက်ျား က ရန် ဖြစ်ပြီ ဆို မိန်းမ က ပါ ထဘီ စွန်တောင် ဆွဲ ပြီး လိုက် ချဲ နေသူတွေ လည်း အများ ကြီးပါ ။

“ စိတ်တူ ကိုယ်တူ ဆို တာ သူ လုပ်တဲ့ အရာတိုင်း ငါ လိုက် လုပ်မယ်“ ”

ဆို တာ စိတ်တူ ကိုယ်တူ အစစ် မဟုတ်ပါဘူး ။

“ ငါ လုပ်ချင်တာ သူ လိုက် လုပ်ရ မယ် ”

ဆို တာ လည်း စိတ်တူ ကိုယ်တူ မဟုတ် သေးပါဘူး ။