လူပျိုအပျို ဖတ်စာ

စိတ်တူ ကိုယ်တူ ဆို တာ …

“ ကောင်းမှု ကို ဆောင်ခြင်း စိတ်တူ ကိုယ်တူ ဖြစ် ရမယ် ”

“ မကောင်းမှု ကို ရှောင်ကြဉ်ခြင်း စိတ်တူ ကိုယ် တူ ဖြစ်ရမယ် ”

ဖြစ်ပါတယ် ။

တစ်ယောက် က သုံးဖြုန်း ချင် ရင် တောင် မသင့်တော် ရင် တားမြစ် ပြီး ကောင်းရာ ဘက် ကို ဆွဲ ခေါ် နိုင်ရပါမယ် ။

တစ်ယောက် ရန်ဖြစ် ချင် ရင် တောင် တစ် ယောက် က ဖျောင်းဖျ ပြီး လမ်းမှန် ရောက် အောင် လမ်းပြ နိုင်ရပါမယ် ။

ကိုယ့် ရဲ့ စကား ကို နား ဝင်ပြီး အမှန်တရား ဘက် အတူ ဆက် လျှောက်ခြင်း ဟာ စိတ်တူ ကိုယ်တူ ပြု ခြင်း ဖြစ်ပါတယ် ။

ဒါမှ သာ လျှင် “ စိတ်တူ ကိုယ်တူ” ပြုခြင်း အစစ် အမှန် ဖြစ် ပါတယ် ။

အံမယ် အခု ခေတ် ကလေးမတွေ က ကြွေးကြော်သေး ။

“ မမ လို သောက် နိုင် မှ မမ ဘဝ ထဲ ဝင် ခဲ့ ပါ ”

“ ခွေးဖြစ်မယ့် အကွက်တွေ ”

စိတ်တူ ကိုယ်တူ ရှာ ပါ ။

ကောင်းရာမွန်ရာ ဖြစ် နိုင်မယ့် အလုပ် ၊ ဘဝ အတွက် အရေး ပါ တဲ့ အလုပ်တွေ ကို စိတ်တူ ကိုယ်တူ ဆောင်ရွက်နိုင်မယ့် သူ ကို ရှာပါ ။

“ ဒါမှ လည်း သာယာ ပြီး ညီညွတ် တဲ့ အိမ်ထောင်ရေး ကို ရ မှာ ပါ ”

“ မစဉ်းစားရင် မစွဲလမ်းပါဘူး ” တဲ့ ။

ကျွန်တော် တို့ ဟာ စွမ်းရည် မြင့်မားတဲ့ လူသား တွေ ဖြစ်နေတဲ့ အတွက် တစ်စုံတစ်ခု ကို စဉ်းစား ရင်း အချိန် ဖြုန်း လေ့ ရှိပါတယ် ။

ဥပမာ ။ ။ ဂိမ်းသမား က ဂိမ်း အကြောင်း စဉ်းစားမယ် ။ ကျောင်းသား က စာမေးပွဲ အကြောင်း စဉ်းစားမယ် ။ တရားသမား က နိဗ္ဗာန် ရောက်ကြောင်း စဉ်းစားမယ် ။ . လူငယ်လေးတွေ က အချစ် အကြောင်း စဉ်းစားမယ် ။ ဒါဟာ သဘာဝ ပါ ပဲ ။

စဉ်းစားရင်း တွေးခေါ် ရင်း နဲ့ သာ လူသား စရိုက် လက္ခဏာ တိုးတက် ပြောင်းလဲ လာကြတာပါ ။

“ တွေးခေါ် ” တစ်ခု ပါ လာပါပြီ ။

“ စဉ်းစား တွေးခေါ် ”

တွေးခေါ်ခြင်း ဟာ ကောင်းခြင်း ဆိုးခြင်း နဲ့ အမှန်တရား ကို ခွဲခြမ်း စိတ်ဖြာခြင်း လည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ အချစ်ကိစ္စ မှာ တော့ “ တွေးခေါ် ” ဆို တဲ့ အပိုင်း ကို ထည့် မထားပါဘူး ။

“ မစဉ်းစား ရင် မစွဲလမ်းဘူး ” တဲ့ ။

ဘာကြောင့်လဲ ။ လူ ဆိုတာ အချစ် စိတ် ဖုံးလွှမ်း သွားရင် တွေးခေါ် နိုင်စွမ်း နည်း သွား လို့ ဖြစ်ပါလိမ့်မယ် ။ လူ တစ်ယောက် ကို တွေ့တယ် ။ သူ့ ကို ချစ် မိတယ် ။ အချိန်တိုင်း သူ့ အကြောင်း ပဲ စဉ်းစား မိပြီး စွဲလမ်း လာတယ် ။

“ စွဲလမ်း စိတ် ပို လာတဲ့ အခါ မိုက်ရူးရဲ ဆန်ချင် လာတယ် ”

ဘာလို့လဲ ။ အမှန်အမှား တွေးခေါ်နိုင် စိတ် နည်း သွားလို့ပါပဲ ။ ဒါကြောင့်လည်း အချစ်ကိစ္စ နဲ့ ပတ်သက်ပြီး “ ဖြစ် ချင် ရာ ဖြစ် ” ဆိုတဲ့ သူ တွေ ပေါ် လာကြတယ် ။

“ သူ့ ကို မှ မရ ရင် ဘာ လုပ်ပစ်မယ် ၊ ညာ လုပ်ပစ်မယ် ”

“ ကိုယ့် လက် ကိုယ် ဓား နဲ့ လှီးတာမျိုး ၊ အိပ်ဆေးတွေ သောက် ပစ်တာမျိုး ” က အစ ပေါ့ ။

ဘာကြောင့်လဲ ၊ သူ့ အကြောင်း လိုအပ်တာ ထက် ပိုပြီး စဉ်းစား မိတဲ့ အခါ ၊ တွေးခေါ်နိုင်စွမ်း နည်း သွား လို့ပါပဲ ။ ဒါဆိုရင် အချစ်ရေး မှာ မစဉ်းစားသင့်ဘူးလား ။

“ စဉ်းစားရမယ် ”

“ သူ့ ကို ကိုယ် တကယ် ချစ်တဲ့ အခါ နှစ်ယောက် ပေါင်းပြီး ဖြစ်လာတဲ့ ဘဝ ကို စဉ်းစား ရမယ် ”

ဘဝ နှစ်ခု ပေါင်း ခြင်း ဟာ မိသားစု နှစ်ခု ပေါင်းခြင်း ဖြစ်တဲ့ အတွက် နှစ်ဖက် မိသားစု အကြောင်း စဉ်းစား ရမယ် ။ နှစ် ဘဝ ပေါင်းဖက် ရ မှာ ဖြစ်တဲ့ အတွက် လိုအပ်တဲ့အလုပ်အကိုင် ၊ ငွေကြေး စဉ်းစား ရပါ့မယ် ။

သားသမီးတွေ မွေး လာတဲ့ အခါ သူတို့လေးတွေ လူတန်းစေ့ နေ နိုင်ဖို့ လည်း စဉ်းစား ရ မှာ ဖြစ်ပါတယ် ။

ဒါမှ မဟုတ်ဘဲ သူ့ မျက်နှာ ကွက်ကွက်ကလေး ပဲ ထိုင် စဉ်းစားမိတယ် ဆို ရင် တော့ သူများ သားသမီး ဒုက္ခ မပေးပါနဲ့ ။ ကိုယ့် ကိုယ် ကိုယ် လည်း ဒုက္ခ မခံပါနဲ့ ။ မှတ်ထားပါ ။

“ အချစ်စိတ် ဆိုတာ လူတိုင်း အလကား ရ တဲ့ ရောဂါ တစ်မျိုးပါ ”

ဒီ ရောဂါ ဟာ သူ့ အကြောင်း စဉ်းစား ရင်း နဲ့ အလို လို ဖြစ် လာတာပါ ။ တွေးခေါ်ခြင်း နဲ့ ကုသ လို့ ပျောက် ပါတယ် ။

တချို့ကလည်း ရှေ့ရေး ကြို မတွေးပါဘူး ။

“ အချိန် တန် ရင် သူ့ အလိုလို ဖြစ်သွားပါလိမ့်မယ် ”

ဖြစ်ပါလိမ့်မယ် ။

“ အသက်အရွယ် ကြီး မှ ဒုက္ခ ရောက်နေတဲ့ လူကြီး ”

ဒါကြောင့် အချစ်ကိစ္စ နဲ့ ပတ်သက်ပြီး ကံကောင်း ချင် သလား ။ စဉ်းစား ချည်း မနေပါနဲ့ ။ အနာဂတ် ကို ကြို တွေးပါ ။ ဒါ ဆိုရင်တော့ သာယာ တဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်လာ နိုင်ပါတယ် ။