“ မစဉ်းစားရင် မစွဲလမ်းပါဘူး ”
မိန်းကလေး တွေ ရဲ့ အမြင် နဲ့ ယောက်ျားလေး တွေ ရဲ့ အမြင် ဟာ ပုံသဏ္ဌာန် မတူပါဘူး ။
“ အတူတူ ဒါကို ပဲ ကြည့်တယ် ၊ ဘာလို့ ပုံသဏ္ဌာန် မတူလဲ ”
မေးစရာ ရှိတယ် ။
ဟုတ်ကဲ့ ပြောပြပါ့မယ် ။
ကျွန်တော်တို့ မိန်းကလေး တစ်ယောက် ကို ကြည့်ရင် ဘာကို ကြည့်သလဲ ။
“ သူမ လှ၏ ၊ မလှ၏ သာ ကြည့်ပါတယ် ”
မိန်းကလေးတွေ က တော့ မိန်းမလှလေး မြင် ရင်တောင် အဝတ်အစား က အစ ကြည့် ပါတယ် ။ အဝတ်အစား မကောင်းရင် သူတို့ စိတ် ထဲ “ ဟွန့် ဟိုကောင်မ အတုတွေ ဝတ်ထားတယ် ” အဲလို မြင် တတ်ပါတယ် ။ ကိုယ် လည်း စားထား သောက် ထားလို့ ရောင်ကိုင်း နေပါပြီ ။ ဒါကို ကိုယ်လို လူမျိုး တွေ့ ရင်တောင် “ ကိုယ့်မှာ တော့ လှလို့ ဝလို့ ၊ ဟိုကောင်မကျတော့ ဖောလို့ ရောင်လို့ ”
ဒါကြောင့် ယောက်ျားလေး နဲ့ မိန်းကလေး ဟာ အမြင် တစ်ခု တည်း နဲ့ ညှိနှိုင်း လို့ မရပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ သဘော သဘာဝ မတူလို့ပါပဲ ။
“ ယောက်ျား ဆိုတာ ဘယ်လို ၊ မိန်းမ ဆိုတာ ဘယ်လို ” စသည်ဖြင့် ခွဲခြားပြီး သင်ကြားခံခဲ့ ရပါတယ် ။ ဒါကြောင့် ယောက်ျားလေး တစ်ယောက် အနေ နဲ့ မိန်းကလေး ကို
“ ငါ့ လို ဘာလို့ မမြင်နိုင်တာလဲ ”
သွား ပြောလို့ မရပါဘူး ။
“ ရှင် က ရော ကျွန်မ လို မြင်တတ်ရဲ့လား ”
ယောက်ျားလေး တွေ ရဲ့ မျက်လုံး ဟာ ကိုးဆယ် ဒီဂရီ မြင် ရင် မိန်းကလေး တွေ ဟာ ၁၈၀ ဒီဂရီ မြင် တတ်ပါတယ် ။
မယုံ မရှိပါနဲ့ ။ မိန်းကလေး အတော်များများ ဟာ သူ့ နောက် မှာ ရှိ နေတဲ့ သူ ကို တောင် တစ်နည်း မဟုတ် တစ်နည်း နည်း နဲ့ မြင် အောင် ကြည့်တတ်ပါတယ် ။ လမ်းလျှောက်ရင်း ယောက်ျားလေး တွေ စိတ် မဝင်စားတဲ့ ကား မှန် က နေ ကြည့် တာမျိုး ၊ ပြတင်းပေါက် မှန် ကနေ လှမ်း ကြည့်သွားတာမျိုး ၊ ရှေ့ က ဖြတ် သွားတဲ့ သူ ရဲ့ မျက်မှန် က နေ ကြည့်လိုက် တာမျိုး လုပ် တတ်ကြပါတယ် ။
နောက်ပြီး မိန်းကလေး အတော်များများ ဟာ မြင် တတ်တဲ့ စိတ် လည်း ရှိပါတယ် ။ ကျွန်တော်တို့ က လူ တစ်ယောက် ကို ကြည့် ရင် “ ဒီလူ ရိုးသားမှု ရှိ မရှိ ၊ သူ့ ရဲ့ ပုံသဏ္ဌာန် လောက် ကိုပဲ အဓိက ထား ကြည့် ကြပါတယ် ”
မိန်းကလေး တွေ အမြင် က အဲလောက် မရိုးရှင်းပါဘူး ။
“ ဟယ် သူ ကိုင်ထားတာ LV အတုကြီး တော့ ”
“ ဒေါက်ဖိနပ် က ချိုင်းနားမိတ်ကြီး ”
“ မိတ်ကပ် လိမ်း ထားတာ အပေါစား တွေ လိမ်း လာတယ် ကြည့်စမ်း ”
သာမန် ယောက်ျားလေး တွေ မမြင်နိုင်တဲ့ အမြင် အာရုံ တချို့ မိန်းကလေးတွေ ဆီ မှာ ရှိပါတယ် ။ ဒါဟာ မိန်းကလေး အတော်များများ မှာ သူ့ အလို လို ပါ လာ ပြီးသား ဗီဇ တွေ ပါပဲ ။
နောက်ပြီး မတူညီတာ တွေ ရှိပါသေးတယ် ။
ရပ်ကွက် တစ်ခု ကို ယောက်ျားလေး တစ်ယောက် နဲ့ မိန်းမတစ်ယောက် အတူတူ ပြောင်းလာကြတယ် ။ ယောက်ျားလေး ဟာ လက်ဖက်ရည်ဆိုင် ထိုင် ၊ အရက်ဆိုင် ထိုင် လချီ နေနေရင်တောင် သူ သိ လာတာ သုံးလေးယောက် မပိုပါဘူး ။ ဒါပေမဲ့ မိန်းကလေး က ဈေး သုံးလေးပတ် ပတ် လိုက် ရုံ နဲ့ အရှေ့ ခုနစ်အိမ် ၊ အနောက် ခုနစ်အိမ် အပြင် ဘယ်သူ က ဘာ လုပ်စားတာ ၊ ဘယ်သူက ဘယ်မှာ နေတာ စသည်ဖြင့် နှံ့နှံ့စပ်စပ် ကို သိ တတ်ကြပါတယ် ။
ဘာကြောင့်လဲ ဆိုတော့ အမြင် နဲ့ ဆုံးဖြတ်တဲ့ ပုံစံချင်း ကွာခြားနေလို့ပါပဲ ။
ဆိုပါစို့ ။
ယောက်ျား တစ်ယောက် ဟာ ဈေး သွားမယ် ဆိုရင် သူ ဘာဝယ် ချင်တယ် ၊ ဘာ စားချင်တယ် ဆို တာ ကြိုပြီး ဆုံးဖြတ်သွားကြလေ့ ရှိပါတယ် ။ ဒီတော့ သူ ဆုံးဖြတ်ထားတဲ့ အရာ ကို ပဲ တန်းတန်းမတ်မတ် သွားပြီး သူ လိုချင်တာ ကို ပဲ အလွယ်တကူ ဝယ် လိုက်တတ်ကြပါတယ် ။
ယောက်ျားလေးတွေ ဟာ အကြာကြီး ရွေးချယ်ရတာ ရှက်စရာ လို့ မြင်တတ်ပါတယ် ။
မိန်းကလေးတွေ က ဒါမျိုး မဟုတ်ပါဘူး ။ သူ ဝယ်မယ် လို့ ဆုံးဖြတ် ထားတဲ့ အရာ ရှိ နေရင် တောင် အဲဒါ ကို မဝယ်သေးဘဲ တစ်ဈေး လုံး ပတ် ကြည့် ပါသေးတယ် ။ ပြီးရင် ဘယ်ဟာ ဈေးပေါလဲ ၊ ဘယ်ဟာ ဘယ်ဈေးလဲ လိုက်ကြည့် ၊ လိုက်မေးပါတယ် ။ ပြီးရင် သူ ဝယ်ချင်တဲ့ အရာ နဲ့ သူ မြင်တွေ့ နေ ရတာ တွေ ကို နှိုင်းယှဉ် ကြည့်ပါသေးတယ် ။ ပြီးရင် အဖြေ လည်း ပြောင်း သွားနိုင်ပါတယ် ။
ဆိုပါစို့ ။
ကြက်သား ဝယ် ဖို့ သွားပေမဲ့ ငါးကလေးတွေ လတ်ရင် သူ့ ရဲ့ ဒီနေ့ ဟင်းလျာ ဟာ ငါးဟင်း ဖြစ် သွား နိုင်ပါတယ် ။ ဆိတ်သား က ပို ကောင်း ရင် ဆိတ်သားဟင်း ပေါ့ ။
ယောက်ျားတွေ က တော့ ကြက်သား ဝယ်မယ် လို့ ဆုံးဖြတ် ပြီးရင် ကျန်တာ မမြင်ပါဘူး ။ ဝယ်ချင်တဲ့ ကြက်သားသည် ဆီ တန်းတန်းမတ်မတ် သွားပြီး လတ်တာ ၊ မလတ်တာ အပထား ။ ကြက်သား ပဲ ရအောင် ဝယ် တတ်ပါတယ် ။