လူပျိုအပျို ဖတ်စာ

တစ်နည်း ပြော ရရင်

“ ယောက်ျား တွေ က ဆုံးဖြတ်ချက် မြန် ပါတယ် ”

မိန်းမတွေ က ဆုံးဖြတ်ချက် မှန်ပါတယ် ။

“ တစ်ခါတစ်ရံ မှာ အချစ် ကို ရှာဖွေ နေတာ နဲ့ စာရင် ”

“ လက်ထပ် စာချုပ် ပြေး ဝယ် လိုက်တာ က ပို မြန်ပါတယ် ”

အချစ် က လက်ဆောင် ရ ထား တဲ့ ဖန်ထည် ပစ္စည်း နဲ့ တူ ပါတယ် ။

အလကား ရ တဲ့ အတွက် တန်ဖိုး မရှိဘူးလို့ တွက် ချင်ရင် လည်း ရပါတယ် ။ ဒါပေမဲ့ အသေအချာ တယုတယ ထား ရင် လည်း သူ များ ငေး ကြည့် ရ လောက် အောင် လှပ နေမှာပါ ။ တချို့ က လည်း ပစ်စလက်ခတ် ထား တဲ့ အတွက် အချစ် ဟာ ကွဲကြေ လွယ် ပါတယ် ။ တချို့ က လည်း “ အချစ် ဆို တာ တန်ဖိုး မရှိပါဘူး ကွာ ” ဆိုပြီး ချောင်ထိုး ထား ရာ က တစ်သက်လုံး ပြန် ရှာ မတွေ့တော့တာမျိုး ဖြစ် တတ်ပါတယ် ။

ပြောပါရစေ ။

အချစ် ကို ချောင်ထိုး ထား တတ် တဲ့ အထဲ မှာ အပျိုကြီး ၊ လူပျိုကြီး တွေ ပါ ပါတယ် ။

လောက မှာ “ နတ်ဖက် တဲ့ စုံတွဲ ” တွေ ရှိ သလို “ နတ်ဖွက် တဲ့ စုံတွဲ ” တွေ လည်း အများကြီး ရှိ ပါတယ် ။

အပျိုကြီး လူပျိုကြီး ဆိုတာ ။

“ နတ် ဖွက် ခြင်း ခံရတဲ့ သူတွေ ပါ ”

“ အားမငယ်ပါနဲ့ ”

“ ဖူးစာရေးနတ် ဟာ သူ ချစ်တဲ့ သူတွေ တခြား နောက် ပါသွားမှာ စိုးလို့ ရံဖန်ရံခါ ဖွက်ထား တတ် ပါတယ် ”

( ဒီလိုပဲ နှစ်သိမ့် ရတာပေါ့ )

“ လူပျိုကြီး ဆိုတာ အရာရာ ပိုင်ဆိုင်ပြီး ဘာ ပိုင်ဆိုင်မှု မှ လက်ဆုပ် လက်ကိုင် မပြနိုင်သူတွေ ဖြစ်ပြီး ”

“ အပျိုကြီး ဆိုတာ အရာရာ ကို ပိုင်ဆိုင်ခွင့် ရှိပေမဲ့ ကျော်ခွပြီး အရာရာ ကို ဘာ ပိုင်ဆိုင်မှု မှ လက်ဆုပ် လက်ကိုင် မပြနိုင်သူ ” အကောင်းဆုံး ဆိုတာ ကျော် ခွ ပြီး “ ဒီထက် ပို ကောင်း တာများ ထပ် ရှိနိုင်ဦးမလား ” ရှာဖွေရင်း အရွယ် လွန် သွား သူတွေ ဖြစ်ပါတယ် ။

လူတွေ က သက်တမ်း အရ ( မတော်တဆ မပါ ) တကယ် အိမ်ထောင် ပြုချင်စိတ် ဖြစ်တာ ယောက်ျားလေး က ( ၂၆ ) နှစ် ဖြစ်ပြီး ၊ မိန်းကလေး တွေ က ( ၂၂ ) နှစ် ဖြစ် ပါသတဲ့ ။ ပြီးတော့ ယောက်ျားလေး တွေ က ( ၃၂ ) နှစ် မှာ တစ်ကြိမ် ထပ် ဖြစ်ပြီး ၊ မိန်းကလေး တွေ က ( ၂၆ ) နှစ် မှာ အိမ်ထောင် ပြုချင် စိတ် ထပ် ဖြစ်ကြပါတယ် ။ ယောက်ျားလေး တွေ ( ၃၈ ) နှစ် မှာ အိမ်ထောင် ပြုချင်စိတ် ထပ်ဖြစ်ပြီး ၊ မိန်းကလေး တွေ က ( ၂၈ ) နှစ် မှာ အသည်းအသန် ဖြစ်လေ့ ရှိတယ် လို့ ဆိုပါတယ် ။

တကယ်တမ်း အိမ်ထောင် ပြု သင့် တဲ့ အရွယ် ၊ အချစ်စစ် ကို တွေ့ နိုင်တဲ့ အရွယ် က ( ၂၆ ) နှစ် က နေ ( ၃၂ ) နှစ် အရွယ် လို့ ဆိုပါတယ် ။ ပြော ရ ရင် တော့ လူ့ သက်တမ်း တစ်လျှောက် အချစ်စစ် ကို တွေ့ရှိ နိုင်ခြေ ဟာ ( ပျမ်းမျှ အားဖြင့် ) အရမ်း ကို နည်း လွန်းပါတယ် ။ ပြော ရ ရင်တော့ ယောက်ျားလေး တွေ ထက် စာ ရင် မိန်းကလေးတွေ ဟာ တစ်အိုးတစ်အိမ် ထူထောင်ချင် စိတ် ပို များ ပါတယ် ။

ဆိုပါစို့ ။

အသက် ( ၂၈ ) နှစ် လောက် က နေ စ ပြီး အပျိုကြီး လူပျိုကြီး အဖြစ် စတင် သတ်မှတ် ကြပါတယ် ။ အမှန်တော့ ( ၃၂ ) နှစ် ကျော် ရင် တော့ အပျိုကြီး လူပျိုကြီး တကယ် ဖြစ်ပါပြီ ။

အပျိုကြီး လူပျိုကြီး ဖြစ်ကြတာ အကြောင်းပြချက် မျိုးစုံ လည်း ရှိတတ်ကြပါတယ် ။ မိဘ မခွဲနိုင်လို့ ၊ စိတ်ကြိုက် မတွေ့လို့ ၊ ကိုယ့် ကို ချစ်မယ့်သူ မရှိလို့ စသည်ဖြင့် ပေါ့ ။

အမှန်တော့ “ အရွေး လွန် ရင်း အရွယ် လွန် သွားတာပါပဲ ”

အိမ်ထောင် ပြု ချင်ရင် ဘယ်သူ မဆို ပြုလို့ ရနိုင် ပါတယ် ။

ဘယ်လောက်ကြီးပဲ ရုပ် ဆိုးပါစေ ၊ ဘယ်လောက်ပဲ ချို့ယွင်းချက် ရှိပါစေ အိမ်ထောင် ပြုချင် ပြုလို့ ရပါတယ် ။ ဒါပေမဲ့ ပြုလို့ မရ သူ တွေ လည်း ရှိပါတယ် ။ “ အပျိုကြီး လူပျိုကြီး ” တွေပါ ။

ကိုယ်တိုင် လည်း လူပျိုကြီး ဖြစ် နေလေတော့ လူပျိုကြီး အကြောင်း ကောင်းကောင်း သိပါတယ် ။

လူပျိုကြီး အပျိုကြီးတွေ ဟာ အနည်းငယ် တော့ ကြောင်တောင်တောင် နိုင် ပါတယ် ။ ( ကျွန်တော် လည်း အူကြောင်ကြောင် ကောင်မျိုး ပါ ပဲ )

သူတို့ တွေ ဟာ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး အစဉ်းစား လွန် တဲ့ ရောဂါ ရ နေကြတာ များပါတယ် ။ နောက် ပို ဆိုး တာ က “ လွယ်လွယ်ကူကူ နဲ့ စိတ်ပျက် တတ် တဲ့ ရောဂါ ” ပါ ။ ကျန်တဲ့ အရာဝတ္ထုပစ္စည်း အသုံးအဆောင် ၊ ယုတ်စွ အဆုံး ကိုယ့် ရဲ့ အပေါင်းအသင်း ကို က အစ စိတ် မပျက်တတ်ပါဘူး ။

ဒါပေမဲ့ ချစ်သူ နဲ့ ပတ်သက် ရင် တော့ စိတ်ပျက် လွယ် ကြပါတယ် ။ အဓိက အတွေး က တော့ “ ရေရှည် ငါ နဲ့ ဖြစ် ပါ့မလား ” ဆိုတာ ပါ ပဲ ။