လူပျိုအပျို ဖတ်စာ

ဟိုဘက် က ဖြစ်ပါတယ် ။ ကိုယ့် ဘက်က သာ မဖြစ်တာ များ ပါတယ် ။ တစ်ယောက် တည်း ကို ပဲ ချစ် ၊ အဲဒီ တစ်ယောက် နဲ့ မညားလိုက် လို့ အပျိုကြီး လူပျိုကြီး ဖြစ် တာ ဒီ ခေတ် မှာ ရှား ပါတယ် ။

“ မင်း ကို မှ မချစ်ရ ရင် ဒီဘဝ မှာ ငါ တော့ ‌ေ သ ရချည်ရဲ့ ” ဆိုတဲ့ သူ တွေ ခုချိန် ထိ မ‌ေ သ သေးဘဲ ၊ သား တွဲလောင်း မယား တွဲလောင်း နဲ့ လန်းလန်းကြီး ရှင်သန် နေကြသူ တွေ ကို အပျိုကြီး ၊ လူပျိုကြီး တွေ မမြင်ချင် မှ အဆုံး မြင်တွေ့ နေရမှာပါ ။

“ မင်း နဲ့ သာ မညား ရ ရင် ဒီဘဝတော့ ငါ ‌ေ သ ပြီပဲ“

လို့ ပြော သူတွေ သာ တကယ် ‌ေ သ ရင် နေ့စဉ် သတင်းစာ တစ်စောင်လုံး နာရေးကြော်ငြာ နဲ့ ပဲ ပြည့် နေ မှာ သေချာပါတယ် ။

ဘဝ မှာ အသက် ကြီး လာ တဲ့ အခါ “ ဆေးပေး မီးယူ ၊ ကူဖော် လောင်ဖက် ” လိုအပ် မှန်း အပျိုကြီး လူပျိုကြီးများ သိ ကြပါတယ် ။

ဒါပေမဲ့ သူတို့ ရဲ့ အတွေး မှာ ကို က

“ ဆေးပေး မီးယူ လိုအပ် တာ တော့ မှန်ပါရဲ့ ၊ ဒါပေမဲ့ အသက် ကြီး လာ တဲ့ အခါ ၊ ကိုယ် က ဆေး ပေး နေရပြီး ၊ သူ က မီးယူ ( အပူ ) လာရင် ဒုက္ခ ”

“ ကူဖော် လောင်ဖက် ဆိုတဲ့ အတိုင်း ကိုယ် က ကူဖော် ၊ သူ က လောင်ဖက် ( မီး ) ဖြစ် နေရင် ဒုက္ခ ”

မဆီမဆိုင် တွေ တွေး တာနော် ။ တွေး ရင်လည်း ကိုယ့် ဘက် နာမှာ စိုးလို့ အဲလို တွေး တာ ။

“ သူ အဆင်ပြေပါ့မလား ”

ဆိုတဲ့ အတွေး ထက် ကို

“ ကိုယ် အဆင်ပြေပါ့မလား ”

အဲဒါ အမြဲ ခေါင်းထဲ ရောက် ရောက် လာတယ် ။

“ ငါ နဲ့ ရေရှည် အဆင် မပြေ နိုင်ပါဘူးလေ ”

ဆိုတဲ့ အတွေးမျိုး နဲ့ သာ ဇာတ်သိမ်း သွားကြတာ များ ပါတယ် ။

“ လောက မှာ ဒီလောက် ရွေးချယ်စရာ များ တာ ၊ သူတို့ ဘာလို့ အိမ်ထောင် မကျတာလဲ ”

အဖြေ က ရှင်းပါတယ် ။

“ လူပျိုကြီးတွေ က အပြေး သန်လို့ ”

“ အပျိုကြီးတွေ က အရှောင် မြန်လို့ ”

လောက မှာ လေး နဲ့ မြား လွယ်ပြီး ရောက် လာ ပါ လျက် နဲ့ ဘယ် ပစ်မှတ် ကို မှ ထိ အောင် မပစ်ဖူး တဲ့ ၊ ဘယ် သားကောင် ကို မှ ရအောင် မဖမ်းနိုင်ဘဲ ကိုယ့် ကိုယ် ကိုယ် လူစွမ်းကောင်း ထင် နေကြတာ “ အပျိုကြီး လူပျိုကြီး ” တွေပါပဲ ။

“ ငါ နဲ့ တော့ မဖြစ်လောက်ပါဘူး ” အတွေး နဲ့ ခပ်ဝေးဝေး မှာ ဆွေးပြီး ကျန်နေခဲ့ရသူ ။

အဲ … ဒါပေမဲ့ အထင်တော့ မသေးနဲ့နော် ။

“ အပျိုကြီး လူပျိုကြီး ဆိုတာ သင်ကြားရေး မှာ ပါရဂူ ”

“ ကိုယ်တိုင် ဝင် ဖြေ မှ စာမေးပွဲ မအောင်တာ ”

နောက် တစ်ခု မှတ် ထားပါ ။

“ အိမ်ထောင် ပြု ရတာ လွယ်ပါတယ် ”

“ အပျိုကြီး လူပျိုကြီး ဖြစ်ဖို့ နှစ်ပေါင်း ( ၃၀ ) ၊ ( ၄၀ ) လောက် မရင်း ရင် မရပါဘူး ”

နောက်ထပ် တစ်ခု မှတ်ထား ပေးပါ ။

Fall in love ( ချစ်မိတာ လွယ်ပါတယ် )

Stay in love ( ချစ်ခြင်း ကို တည်မြဲအောင် လုပ်ရတာ ခက်ခဲပါတယ် )

Not stay in love ( ချစ်ခြင်း ကို တည်မြဲအောင် မလုပ်နိုင်ရင် အပျိုကြီး လူပျိုကြီး လုပ်ပါ )

စိတ် ချမ်းသာ ရ ပါလိမ့်မယ် ။

“ ကိုယ့် ကိုယ် ကိုယ် မရပ်တည် နိုင် ဘဲ အိမ်ထောင် မပြုပါနဲ့ ”

အဲဒီ စကား ကို အမြဲ မှတ်ထားပါ ။

“ နောက်တော့လည်း သူ့ အလိုလို ဖြစ် သွားမှာပဲ လေ ”

ဆိုတဲ့ အတွေး နဲ့ တော့ အိမ်ထောင် မပြုပါနဲ့ ။

“ အမှီအခို ကင်းပါစေ ”

ဒီ စကား ကို အလေးအနက် ပြော ပါ ရစေ ။

တချို့ က လည်း အိမ်ထောင်ရေး ဆိုတာ ကို ခပ် လွယ်လွယ်ပဲ တွေး ကြပါတယ် ။