လူပျိုအပျို ဖတ်စာ

“ ယူ လိုက် ရင် သူ့ ဘာသာ သူ ဖြစ် သွားမှာပါ ”

မှန်သင့်သလောက် မှန်ပါတယ် ။ ဒါပေမဲ့ ရာခိုင်နှုန်း အများစုဟာ မှား ပါတယ် ။ ဒီ စကား ကို အချို့သော သူ တွေ ကြိုက်မှာ မဟုတ်ပါဘူး ။

“ အိမ်ထောင် ပြုပြီး ဘယ်မှာ နေကြမလဲ ”

“ မိဘ အိမ် ပဲ နေကြတာပေါ့ ”

အဲဒါ လုံးဝ မလုပ်သင့် တဲ့ အလုပ် တစ်ခု ဖြစ်ပါ တယ် ။ ( ကျွန်တော့် အမြင် )

ကျွန်တော့် အတွေ့အကြုံ အရ ကျွန်တော့် သဘော အရ ဆိုရင် အိမ်ထောင် ပြု ပြီးရင် ဘယ် မိဘ အိမ် မှာ မှ မနေသင့်ပါဘူး ။ အိမ်ထောင် ပြုပြီး ပြန် ကွဲ ကြတယ် ။ အိမ်ထောင် ပြုပြီး မတည့်ကြဘူး ဆိုတာ အဲလို မိဘ အိမ် မှာ ပြန် နေတဲ့ လင်မယား ပို များပါတယ် ။

ဆိုပါတော့ ။ လင်မယား တွေ မှာ အခြား သူ မသိ သင့် ၊ မသိ ထိုက် တဲ့ အခက်အခဲလေး တွေ ရှိ စမြဲပါပဲ ။

သူ့ ဘက် က လိုအပ်ချက် ၊ ကိုယ့် ဘက် က လိုအပ်ချက် ၊ မပြည့်စုံ နိုင် မှု တွေ ပြဿနာ အနည်းငယ် ကလေးတွေ ပေါ့ ။

ဆိုပါစို့ ။ ယောက်ျားလေး က မိန်းကလေး နဲ့ အတူ ( သူမ ) မိဘ အိမ် လိုက် နေမိတယ် ဆိုပါစို့ ။

ပြဿနာ သေးသေးလေး တစ်ခု ကို မိန်းကလေး က သူ့ မိဘ နဲ့ တိုင်ပင် မိပြီး

“ အောင်မာ ဒီ ကောင် က ငါ့ အိမ် ပေါ် တက် နေ သေးတယ် ၊ ငါ့ သမီး ကို လည်း ဒီလို လုပ်တာပေါ့ လေ ဟုတ်လား ”

ပြဿနာက ပို ကြီး ပါပြီ ။

ယောက်ျား မိဘ အိမ် ၊ မိန်းကလေး က လိုက် နေပြီ ဆိုပြန်ရော ။

သူ ချစ်တဲ့ ယောက်ျား ကို ထမင်း ချက် ကျွေး ရတာ အပန်း မကြီးပေမဲ့ ယောက်ျား မယူခင် သူ့ မိဘ အိမ် နေ တုန်း က မီးဖိုချောင် ဆို တာ ဗိုက် ဆာ မှ ရောက် တတ်တဲ့ မိန်းကလေး အတွက် တော့ တစ်မိသားစု လုံး စာ ထမင်း ချက် ကျွေး ရတာ ၊ အိမ် အလုပ် လုပ် ပေး ရတာ သူ့ အတွက် တစ်မျိုး မြင်စရာ ဖြစ် နေပါ လိမ့်မယ် ။ ဒီတော့ ဘာ ဖြစ်လာနိုင်လဲ ။

“ နင့် မိန်းမ က ငါ တို့ အိမ် ပေါ် လာ တက် နေပြီး ထမင်းလေး တောင် ချက် မကျွေးနိုင်ဘူး ဟုတ်လား ”

မကျွေးချင် လို့ မဟုတ်ဘူး ။ ( တချို့တွေ ) ကိုယ်တိုင် က ဘာမှ မလုပ်တတ်ခဲ့တာ ။ အိမ် မှာ နေ တုန်း ကတည်း က မိဘ က

“ သမီးရေ အမေ့ ကို ကြက်ဥလေး ကြော် ပေး ဦး ”

ဆိုရင်

“ ဟုတ်ကဲ့ မေမေ ၊ ကြက်ဥ ကြော် တာ ဒီလိုလား မေမေ ”

ကြက်ဥကလေး ကြမ်းပြင် ချ ၊ ထဘီ မ , ပြီး ခုန်ကျော် ပြခဲ့တာ ။

ခုတော့ ယောက္ခမ အိမ် ရောက် မှ တစ်အိမ်လုံး စာ လုပ် ရမှာ ဆိုတော့ သူ့ အတွက် တကယ့် ပြဿနာ ပဲ ။ ဒါ့အပြင် သူ့ ယောက္ခမ တွေ အတွက် က လည်း ဒါဟာ တကယ့် အနှောင့်အယှက် ပါ ပဲ ။ ကျွန်တော် သိ သလောက် ယောက်ျားလေးတွေ က ဒီ ခံစားချက် အပေါ် ပို ဆိုးပါတယ် ။

“ ငါ ယူ တာ တစ်ယောက် လေ ၊ ခု ဘာလို့ တစ် မိသားစုလုံး ဖြစ် နေတာလဲ ”

အဆိုးဆုံး ပြဿနာ က

“ ကြည့်စမ်း ၊ သူ့ အိမ်ကလေး တက် နေ မိတာနဲ့ ၊ လူကြီးမိဘ ကို ပြန် ခံ ပြောနေတယ် ကြည့်စမ်း ၊ နင် က ဘယ် ဥ က ပေါက် တာလဲ ၊ ဒီလောက် ရိုင်းစိုင်း နေတာ ”

ပြန် ခံ ပြောတော့လည်း ကိုယ် လူရိုင်း ဖြစ် ၊ မဆီမဆိုင် မွေး ထားတဲ့ မိဘတွေ ပါ စကား နဲ့ ထိခိုက် နေပါဦးမယ် ။

ဆိုကြပါစို့ ။ အိမ်ထောင်သည် တစ်ယောက် ဟာ မိဘ နဲ့ အိမ်ထောင်ဖက် ပြဿနာ တက်ရင် ဘယ် ဘက် ကို လိုက် မလဲ ။ မိဘ ဘက် လိုက် ရင် ရော အိမ်ထောင်ဖက် အပေါ် သစ္စာ ပျက်ရာ မကျဘူးလား ။ အိမ်ထောင်ဖက် နောက် လိုက် ရင်ရော မိဘ အပေါ် တရား ပျက်ရာ မကျပေဘူးလား ။

ဘယ်သူ မှန်မှန် ၊ ဘယ်သူ မှားမှား ၊ ကိုယ် က တော့ သေချာပေါက် မှား မှာ သေချာပါတယ် ။

ဒါကြောင့် ပြော တာ ပါ ။

“ အိမ်ထောင် မပြုနိုင်ရင် မပြုပါနဲ့ ”

“ အိမ်ထောင် ပြု နိုင်ရင် အမှီအခို ကင်းကင်း နေပါ ”

အကယ်၍များ အိမ်ထောင် ပြုမယ် ဆိုရင်

“ မိဘ နဲ့ မခွဲနိုင်ဘူး ”

ဆိုတဲ့ သူ နဲ့ ပေါင်းဖက် ဖို့ အသေအချာ စဉ်းစား ပါ ။

သတိပေးပါရစေ ။

အိမ်ထောင် ပြု ပြီ ဆို ။

လိုအပ်ရင်

“ အကူအညီယူပါ ”

“ အမှီအခို မလုပ်ပါနဲ့ ”

ပျော်ရွှင်မှု ဆို တာ …

အချို့ က တော့ ကိုယ် ချစ်ရတဲ့ သူ နဲ့ နေ ရတာ ပျော် ရွှင်မှု တစ်ခု ပဲ လို့ ဆိုကြပါလိမ့်မယ် ။

ကိုယ် က တော့ ကိုယ် ချစ်တဲ့ သူ နဲ့ နေ ရလို့ ပျော်တယ် ၊ သူ က တော့ သူ မချစ်တဲ့ ကိုယ် ဆိုတာကြီး အနား ကပ် နေလို့ စိတ်ညစ် နေတာ မျိုး လည်း ဖြစ် နိုင်ပါတယ် ။