လူပျိုအပျို ဖတ်စာ

“ ကိုယ့် ဘက် က တော့ ဖိတ်စာ တစ်ခြမ်း ရိုက် ထားတယ် ။ သူ့ ဘက် က ရဲ တိုင်နေပြီ ”

အဓိက , က တော့ ကိုယ် ကိုယ်တိုင် ထက် တစ်ပါး သူ ရဲ့ ပျော်ရွှင်မှု ကို ဦးစား ပေး ချင်ကြတယ် ။

ဆိုပါစို့ ။

တစ်ယောက်တည်း ရှိ နေချိန်မှာ လူ တွေဟာ ကိုယ် ပျော်ရွှင်ဖို့ ကို ပဲ ဦးစား ပေးခဲ့ ပေ မဲ့ နှစ်ယောက် ဖြစ် လာတဲ့ အခါ တစ်ပါးသူ ရဲ့ ပျော်ရွှင်မှု ကို ပါ ထည့် တွက် လာကြတယ် ။ ဒါဟာ လည်း သိပ် မှားလှတယ် တော့ မဟုတ်ပါဘူး ။

ဘာကြောင့်လဲဆို …

“ မည်သူမဆို ကိုယ် ချစ်တဲ့ သူ ကို ပျော်ရွှင်စေချင် ကြတာပါပဲလေ ”

ဒါပေမဲ့ ပျော်ရွှင်မှု မှာ အတိုင်းအတာ ရှိပါတယ် ။

မနိုင်ဝန် ထမ်း ထားရတဲ့ ပျော်ရွှင်မှုမျိုး ပေါ့ ။

အခုခေတ် ကလေး တွေ မှာ မြင် နေရပါတယ် ။ ချစ်သူ သက်တမ်း ဘယ်နှလပြည့် မှာ ချစ်သူ ကို မျက်လုံး စည်းပြီး ခေါ် လာ ၊ တော ထဲ မှာ ဘောလုံး တွေ ချိတ် ၊ သူငယ်ချင်းတွေ က Facebook တင် ဖို့ ဗီဒီယိုတွေ ရိုက် ၊ Live တွေ လွှင့် ပေါ့ ။ ပြီးတော့ ချစ်သူ ရဲ့ မျက်လုံး စည်း ကို ဖွင့် လိုက်တဲ့အခါ ထင်မှတ် မထားတဲ့ Surprise အကြီးစားကြီး ပေါ့ ။

ချစ်သူ က မျက်ရည်တွေ လည် ၊ နှစ်ဦးသား ပြေး ဖက် ။

ကြည့်နေသူ များ က လည်း

“ ဟာ သူ့ ချစ်သူလေး ကံ ကောင်း လိုက်တာ ”

“ ဒီလို ချစ်သူမျိုး ရ ချင်လိုက်တာ ”

တချို့ မိန်းကလေးတွေ က ကိုယ့် ချစ်သူ ကို ( မန်း ရှင်း ) Mention ခေါ် ပြီး

“ မောင် တွေ့တယ် မဟုတ်လား ၊ သူများ ချစ်သူ တွေ ”

စသည်ဖြင့်

နာမည်တွေ ကြီး ၊ အထင်တွေ ကြီး ကြပေါ့ ။

အမှန်တော့ ရိုးရိုးလေး ပြန် တွေး ကြည့်ပါ ။ ဘဝ မှာ …

“ သူ ကံကောင်း ဖို့ မလိုဘူး ၊ ကိုယ် ကံကောင်း ဖို့ သာ လို တာပါ ”

ဘဝ မှာ တစ်ပါးသူ ပျော်ရွှင်အောင် လုပ် ပေးတာ ထက် စာ ရင် ကိုယ်တိုင် ပျော်ရွှင်အောင် လုပ်ဖို့ နေထိုင်ဖို့ ပို ခက်ကြောင်း သိ ကြပါလိမ့်မယ် ။ ဒါ ကြောင့် …

“ ကိုယ့် ချစ်သူ ပျော်ရွှင်အောင် လုပ် နေရတာ ကိုယ် ရော ပျော်ရွှင်ပါရဲ့ လား ”

ကိုယ့် ချစ်သူ ပျော်ရွှင်ဖို့ သူ လိုချင်တဲ့ တန်ဖိုးကြီး ပစ္စည်း တစ်ခု ကို ကိုယ် က မစားရက် ၊ မသောက်ရက် နဲ့ အသည်းအသန် ငွေ စုပြီး ဖြည့်ဆည်း ပေး ခဲ့တယ် ။ ဖြည့်ဆည်း ပေးလိုက်တဲ့ အချိန် မှာ တော့

“ သူ ပျော်တာ မြင်တော့ ကိုယ် လည်း ပျော်တယ် ”

အဲလို ခဏ ပျော်ပြီး သူ ကတော့ လိုချင်တာ ရလို့ ဆက် ပျော် သွားတယ် ။ ဒါပေမဲ့ ကိုယ့် မှာ တော့ သူ ပျော်ရွှင်ဖို့ လုပ် ပေး ရတဲ့ အတွက် အကြွေးတွေ တက် ၊ ပြန် ဆပ် ပေးရမယ့် အချိန် မှာ ဗျာတွေ များ ပြီး သောကတွေ နဲ့ ဖြေရှင်း နေရတယ် ။

ကဲ … ဒါဟာ ပျော်ရွှင်မှု အစစ်လား ။

နှစ်ယောက်သား ပျော်ရွှင်မှု တစ်ခုက ခဏတာ ရ ပြီး သူ ကတော့ ဆက်လက် ပျော်ရွှင် သွားတယ် ။ ကိုယ် က သောကတွေ နဲ့ ကျန် ခဲ့ရတယ် ဆိုတာဟာ ပျော်ရွှင်မှု အစစ် မဟုတ်သေးပါဘူး ။

လူငယ်တွေ ဟာ ပျော်ရွှင်မှု ကို ရှာ တဲ့ အခါ နေရာ လွဲ တတ်ကြပါတယ် ။

ဥပမာ ခရီး ထွက်တယ် ပဲ ဆိုပါစို့ ။

ခရီး ထွက်တယ် ဆိုတာ မရောက်ဖူးတဲ့ ဒေသ ရောက်ဖူး ချင် လို့ ၊ သဘာဝ ရဲ့ အလှအပ ခံစားချင် လို့ ၊ ဒေသန္တရ ရဲ့ ထူးခြားဆန်းပြားမှု ကို သိ ချင် လို့ ခရီး ထွက်ကြတာပါ ။

ဒါပေမဲ့ ခုခေတ် ကလေးတွေ က Facebook ပေါ် တင် ဖို့ ဓာတ်ပုံ တစ်ပုံ ရ ရုံ ခရီး ထွက် နေကြပါ တယ် ။ ဒါဆို ခရီး မသွားဘဲ Photoshop ပညာ သင်ပြီး ကိုယ့် ဓာတ်ပုံ ထိုင် ပြင် နေတာ က အကုန်အကျ သက်သာ ပါ လိမ့်မယ် ။ ကိုယ် လိုချင် တဲ့ Background ကို ထည့် ဖို့ ကိုယ့် ဓာတ်ပုံ ကို အလှဆုံး ပြင်ပြီး ထိုင် တင် နေရင်တောင် လူ အထင် ကြီး ပါ လိမ့်ဦးမယ် ။

ဒါကြောင့် ပြောတာ ။

“ ဓာတ်ပုံ တစ်ပုံ ရဖို့ အတွက် ခရီး မထွက်ပါနဲ့ ”

“ ပျော်ရွှင်မှု အတွက် ဗဟုသုတ အတွက် ခရီး ထွက်ပါ ”

ပြောခဲ့ ပြီး ပါ ပြီ ။

ပျော်ရွှင်မှု ဆိုတာ အကန့်အသတ် ရှိပါတယ် ။

မိမိ ရဲ့ ပျော်ရွှင်မှု ဟာ တစ်ပါးသူ ကို ထိခိုက်စေတာ မျိုး ၊ တစ်ပါးသူ ရဲ့ ပျော်ရွှင်မှု ဟာ မိမိ အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ် နေတာမျိုး ကို ရှောင် ကြဉ် ရမှာ ဖြစ်ပါတယ် ။

ကောင်လေး တစ်ယောက် ပြောတာ ကြား ရပါတယ် ။

“ ဆရာ ရယ် … သူ လိုချင်တဲ့ တယ်လီဖုန်း လေး မရ , ရအောင် ခြစ်ခြုတ်ပြီး ဝယ် ပေး ခဲ့ပါတယ် ၊ ခုတော့ အဲဒီ တယ်လီဖုန်း က ပျက်ပြီး ဘယ်ရောက် သွား မှန်းတောင် မသိတော့ ပါ ဘူး ၊ ဒါပေမဲ့ ကျွန်တော် က တော့ ဒီနေ့ အထိ အဲဒီ တယ်လီဖုန်း ကြွေး ဆပ် နေ ရတုန်းပါပဲ ”

ကိုယ့် ချစ်သူ ရဲ့ ပျော်ရွှင်မှု ဟာ ကိုယ် နဲ့ ထိုက်တန်ပါ ရဲ့ လား ။

သိန်း တစ်သောင်း တန် အိမ် ဝယ် ပေးတယ် ဆိုပြီး အား မကျပါနဲ့ ။ သူ့ လင် ကို သူ့ မယား က ဝယ် ပေးတယ် ဆို ပြီး အထင် မကြီးနဲ့ ။ ပြီး ရင် လင်မယား နှစ်ယောက်လုံး အတူ နေ မှာ ပဲလေ ။ မဟုတ်ဘူးလား ။

အဲလို သတင်းတွေ ကြား ကိုယ် က ယား ပြီး ၊ ရတဲ့ လခ က သုံးသိန်း ၊ ချစ်သူ ကို ကျ ဆယ့်ငါးသိန်း တန် တယ်လီဖုန်း ဝယ် ပေး မိ လို့ အကြွေး တွေ နဲ့ ဂျလည် အူလည် ရိုက် နေတာမျိုး ဟာ ပျော်ရွှင်မှု အစစ်လား ။

ပျော်ရွှင်မှု အစစ် ဆို တာ ကိုယ်တိုင် ပျော်ရွှင် ရ မှ ပျော်ရွှင်မှု အစစ်ပါ ။

ခဏတာ ပျော်ရွှင် ရ ပြီး ကြာ တဲ့ အခါ ဝန်ထုပ်ဝန်ပိုး ဖြစ် နေတာဟာ ပျော်ရွှင်မှု အစစ် မဟုတ်ပါဘူး ။