လူပျိုအပျို ဖတ်စာ

ဒါကြောင့် …

တခြားသူ ပျော်ရွှင်မှု နဲ့ စာရင် ကိုယ့် ရဲ့ပျော်ရွှင်မှု ကို အမြဲ စဉ်းစားပါ ။

တကယ့် ပျော်ရွှင်မှု အစစ်အမှန် ကို ရှာဖွေ ရာ မှာ အချက် နှစ်ချက် ကို ထိန်းသိမ်း ဖို့ လို ပါတယ် ။

နံပါတ် တစ် ။ ။ ကိုယ့် ကိုယ် ကိုယ် ပျော်ရွှင်အောင် နေပါ ။

နံပါတ် နှစ် ။ ။ နံပါတ် တစ် အချက် ကို အမြဲတစေ ထိန်းသိမ်းပါ ။

အာဏာလုပွဲ ။

အကယ်၍များ ချစ်သူရည်းစား ဘဝ ကို ကျော်လွန်ပြီး မိသားစု ဘဝ ကို ရ လာပြီ ဆိုရင် ဒီလို အာဏာ လုပွဲ မျိုး ကြုံတွေ့ ရလေ့ ရှိပါတယ် ။

ဒါဟာလည်း ချစ်စ ခင်စ မှာ ဖြစ်လေ့ ဖြစ်ထ မရှိဘဲ အိမ်ထောင်သက် ကြာ လာတဲ့အခါ ( ဆိုရရင် ) သားသမီးတွေ ရ လာတဲ့အခါ အာဏာလုပွဲ ဆိုတာ မလွဲမသွေ ကြုံ ရ နိုင်ပါတယ် ။

“ ဘယ်သူတွေ က အာဏာ လုကြတာလဲ ”

ကိုယ် နဲ့ ကိုယ့် ချစ်သူ နဲ့ ပါ ။ ( လင်မယား နှစ်ယောက် ပါ )

“ ဘယ်သူ့ အပေါ် မှာ အာဏာ လုတာလဲ ”

“ ကိုယ် မွေးထားတဲ့ သားသမီး အပေါ် အာဏာ လုကြတာ ”

အိမ်ထောင် ကျ ပြီ ဆိုရင် လင်မယား နှစ်ယောက် ဟာ တစ်ယောက် ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ဖြတ်သန်း ကြပါသေးတယ် ။

ကိုယ်ဝန်ဆောင်ချိန် မှာ လည်း ဒီ ကလေး လေး မွေးဖို့ အတွက် ချစ်ချစ်ခင်ခင် ပြုစုစောင့်ရှောက် ကြပါသေးတယ် ။ ကလေး မွေးပြီး စကား ပြော တတ် လမ်းလျှောက် တတ် အချိန် အထိ လည်း ချစ်ချစ်ခင်ခင် တစ်သဘော တည်း ရှိကြ ပါသေးတယ် ။

အဲ … ဒီ ပြဿနာတွေ ဘယ်အချိန် မှာ စ ဖြစ် တတ် သလဲ ဆိုရင် မွေး ထား တဲ့ ကလေးတွေ အသိဉာဏ် ရှိ စ အချိန် ဆို ဒီ ပြဿနာ က ဖြစ်လာ လေ့ ရှိပါတယ် ။ အိမ်ထောင်သက် လည်း ကြာ လာတဲ့ အခါ တစ်ယောက် ကို တစ်ယောက် စိတ် မဝင်စား တော့ ဘဲ သားသမီး ဘက် ကို လှည့်လာကြတော့ တာပါပဲ ။

ဒီလို အာဏာလုပွဲ ဟာ ဘယ်က စ သလဲ ဆိုရင် မိဘတွေ က သားသမီးတွေ ကို မဲဆွယ်ရာက စတင် ပါတယ် ။ ( အိမ်ထောင်ရှင်မ တွေ က ပိုပြီး လုပ် တတ်ကြပါတယ်)

ဆိုပါစို့ ။ မသိစိတ် က ပဲ ဖြစ် ဖြစ်ပေါ့ ။

ယောက်ျား ဖြစ် သူ က လည်း သားသမီး ကို ဒီလို မဲဆွယ် ပါတယ် ။

“ ဒီ အိမ် မှာ အဖေ က ပဲ ဦးဆောင် နေရတာ ၊ တစ်အိမ်လုံး စားဖို့ ငွေ ရှာရတယ် ၊ သားတို့ သမီးတို့ ကျောင်း ထား ဖို့ လည်း အဖေ ပဲ ရှာဖွေ နေ ရတာ ၊ နင် တို့ အမေ က အိမ် မှာ နေပြီး ဘာမှ သိတာ မဟုတ်ဘူး ”

ဆိုလိုချင်တာက သားသမီး အပေါ် မှာ ကိုယ့် ရဲ့ အရေး ပါ မှု ကို ပြသ ချင်တာ ။ ဒါပေမဲ့ ကိုယ့် ရဲ့ အရေး ပါ မှု ကို ပြတာ တစ်ဖက်သား ( ကိုယ့် ရဲ့ ကြင်ဖက် ကို ) ကို ဘယ်လောက် နှိမ် ထားတယ် ဆို တာ သတိ မပြုမိကြဘူး ။

ကိုယ့် ရဲ့ အရေး ပါမှု ကို ပြော ချင်တာ နဲ့ ပဲ တစ်ဖက်သား က ပဲ ဘာမှ မလုပ်ဘဲ အသုံး မကျ တော့ သလိုလို ။ အမှန်တော့ ယောက်ျား နဲ့ မိန်းမ ( မိဘ ) ဆိုတာ သူ့ နေရာ နဲ့ သူ အသုံး ဝင် ကြတာပဲ မဟုတ်လား ။

သားသမီး ကို မဲဆွယ်ချင် စိတ် နဲ့ ဒါတွေ ကို မေ့ပြီ ။

ဒီလိုပဲ ။ မိန်းမ တွေ က လည်း …

အံမယ် သူတို့ က ပိုဆိုးသေး ။ ပြောတဲ့ စကား ကို က ကြည့် ။

“ အောင်မလေး နင် တို့ အဖေ သာ အားကိုး နေ လို့ က တော့ နင် တို့ တောင် လူ ဖြစ် လာမှာ မဟုတ်ဘူး ”

ရှေ့ မကြည့် နောက် မကြည့် ။ ကိုယ့် စကား က ဘယ်ထိ ရောက် သွားလဲ မသိ ။

လင်တော်မောင် က ကလေးလေး ကောက် ချီ ပြီး

“ တို့ အသွေး လည်း မဟုတ် ၊ တို့အသားလည်း မဟုတ် ၊ တို့အမျိုးလည်း မဟုတ်တယ် ”

ထ ဆို ရမလို ။

ဘာကြောင့် ဒီလို ဖြစ်သလဲ ဆိုရင် ကိုယ့် ရဲ့ သားသမီး ရဲ့ စိတ် ထဲ ကို ကိုယ် ဆိုတာ ဘယ်လောက် ထိ အရေး ပါ နေသလဲ ဆိုတာ သိ စေ ချင်တာ ။

ဒါကို ရိုးရိုးသားသား မပြောပြဘဲ တစ်ဖက်သား ( ကိုယ့် ရဲ့ အိမ်ထောင်ဖက် ) ကို နှိမ် ပြောသလို နဲ့ အာဏာ သိမ်း ချင်တာမျိုး ပါ ။

ဥပမာ ဆိုရရင်

“ ဟို ကိစ္စ ဖြစ်တော့ရော သိတယ် မဟုတ်လား ၊ ငါ သာ မရှိရင် နင်တို့ ဘယ်လို ဖြစ်နေမယ် ဆိုတာ သိတယ် မဟုတ်လား ၊ နင်တို့ ( အဖေ ( သို့မဟုတ် ) အမေ ) အားကိုး နေလို့ က တော့ နင် တို့ ဒီ အချိန် မြောင်း ထဲ ရောက် နေပြီ ”

အဓိက , က တော့ ကိုယ် မွေးထားတဲ့ သားသမီး ကိုယ့် ကို ပိုပြီး အားကိုး စေချင်တာ ။

အမှန်တော့ ရှင်းရှင်းလေး ။

ကိုယ် မွေးထားတဲ့ သားသမီး ကိုယ့် ကို အားမကိုး ရင် ဘယ်သူ့ ကို အားကိုး ရ မှာလဲ ။

ဒါကို မှ မိဘနှစ်ပါး ဟာ သတိ မထားမိဘဲ ကိုယ့် အိမ် ကို ကိုယ် အာဏာ ပြန် သိမ်း နေမိကြတယ် ။

ဒီ မိသားစု မှာ ကိုယ် အာဏာ ရဖို့ ၊ ကိုယ့် ရဲ့ သားသမီး ကိုယ့် ကို ပိုပြီး လေးစား စေဖို့ ၊ ကိုယ် ချစ် လို့ ယူ ထားတဲ့ အိမ်ထောင်ဖက် ကို အသုံး ချ လာ တတ်ကြတယ် ။

ဒါဟာ လည်း အိမ်ထောင်ရေး မှာ အဖုအထစ် ဖြစ်စေတဲ့ အကြောင်း တစ်ခု ပါ ပဲ ။

သားသမီးများ ကိုယ့် ကိုလေးစား စေ ဖို့ ကိုယ့် ရဲ့ အိမ်ထောင်ဖက် ကို ချ နင်း မိတာမျိုးပါ ။

အမှန်တော့ သားသမီး ဆို တာ ကိုယ် က သူတို့ ကို ကြောက် အောင် မလုပ် ထား ရင် မိဘ ကို လေးစားကြ ပြီးသားပါ ။ ဒီထက် ပိုပြီး အသုံး ကျ အောင် ဘာမှ အာဏာ လုပ် နေစရာ မလိုပါဘူး ။ တချို့က သားသမီး အပေါ် အာဏာ ရ ဖို့ လက် ပါ တာ မျိုး ထိ တောင် ရှိတတ် ကြပါတယ် ။