လူပျိုအပျို ဖတ်စာ

သူတို့ ရဲ့စိတ် ထဲ မှာ သားသမီး က ကိုယ့် ကို ကြောက် နေ မှ လေးစားတာ လို့ ထင် ပါတယ် ။

မှားပါတယ် ။ ကြောက်ရွံ့တာ နဲ့ လေးစားတာ တခြား စီ ပါ ပဲ ။

အတွေ့အကြုံလေး တစ်ခု ပြောပြပါရစေ ။

ဒီ က နေ နိုင်ငံခြား ရောက် နေတဲ့ ကောင်လေး တစ်ယောက် ဟာ နိုင်ငံခြားသူ နဲ့ အိမ်ထောင် ကျ ပါတယ် ။ သူ က ဗုဒ္ဓဘာသာ ဖြစ်ပြီး ၊ သူ့ အမျိုးသမီး က ဘာသာခြား ပါ ။ ထူးထူးခြားခြား သူတို့ အိမ် မှာ ဘုရားစင် နှစ်ခု ရှိ ပါတယ် ။

တချို့ဆို ရင် လင်မယား ဖြစ် လာတဲ့ အခါ အား သာရာ ဘက်ကို ဘာသာ ကူးပြောင်း သွားလေ့ ရှိပါတယ် ။ တချို့ကလည်း အား သာရာ ဘက် အတင်းအကျပ် ကူးပြောင်း စေပါတယ် ။

( အာဏာ လုသလိုပေါ့ )

သူတို့ မှာ ဆယ့်နှစ်နှစ် ၊ ဆယ်သုံးနှစ် အရွယ် လောက် သမီးလေး တစ်ယောက် နဲ့ ကိုးနှစ် အရွယ် သားလေး တစ်ယောက်ကို ပိုင်ဆိုင် ထားကြတယ် ။

မနက် မိုး လင်းတာ နဲ့ လင်မယား နှစ်ယောက်လုံး ဟာ မိမိ ကိုးကွယ်ရာ စင် ကို သန့်ရှင်းရေး လုပ်ကြ ၊ လုပ်စရာ ရှိတာ လုပ်ကြပေါ့ ။ ဒါကို ကြည့် ခြင်း အားဖြင့် နှစ်ယောက်လုံး ဟာ ကိုယ် ကိုးကွယ် ရာ ဘာသာ ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကြတယ် ဆိုတာ သိသာ ပါတယ် ။

ဒါပေမဲ့ ကလေးတွေ က ဘယ် ဘုရားစင် ဘက် မှ ခြေဦး မလှည့်ဘူး ။ သူတို့ က လည်း မခေါ်ကြဘူး ။ ဒါနဲ့ ကျွန်တော် လည်း အံ့အားသင့်ပြီး

“ ခင်ဗျားတို့ က တစ်ယောက် တစ် ဘာသာ စီ ကိုးကွယ် တော့ ကလေးတွေ က ဘယ် ဘာသာ ကိုးကွယ်လဲ ”

အမျိုးသား က ယဲ့ယဲ့ ပြုံး ပြီး

“ ခုထိ ဘယ် ဘာသာ မှ မကိုးကွယ်ဘူး ဆရာ ရေ ”

“ ဟင် ”

သူ့ အဖြေ ကြောင့် ကျွန်တော် အံ့အား သင့် သွားတယ် ။ တစ်အိမ် တည်း မှာ ဘာသာကြီး နှစ် ဘာသာ ရှိ နေတာတောင် ကလေးတွေ က ဘယ် ဘာသာ မှ မကိုးကွယ်ဘူး တဲ့ ။ ဒါနဲ့ ကျွန်တော် က ပဲ ဆက်ပြီး

“ ခင်ဗျားတို့ က ရော ကိုယ့် ဘာသာ ကို ကိုးကွယ်ဖို့ မတိုက်တွန်းကြဘူးလား ”

အမျိုးသား က ပဲ ပြုံးပြီး

“ ဘာသာရေး အိမ်ထောင်ရေး ဆိုတာ မက်လုံး ပေးပြီး မြှူဆွယ်စရာ မဟုတ်ပါဘူး ဆရာရယ် ၊ အခု သူတို့ ဘာကို မှ မခွဲခြားတတ်သေးတဲ့ အရွယ် မို့ လို့ ဘာကို မှ မကိုးကွယ်တာပေါ့ ၊ သူတို့ နားလည် လာ တဲ့ အရွယ် ရောက်တဲ့ အခါ သူတို့ နဲ့ သင့်တော်ရာ ကို သူတို့ ဘာသာ ရွေးချယ်သွားပါ လိမ့်မယ် ။ ကိုယ် က ဘယ်လောက်ပဲ ကိုယ့် အတွက် ပြောပါစေဦး အရွယ် ရောက် ရင် သူတို့ နဲ့ သင့် တော်ရာ ကို ပဲ ရွေးချယ် ကြမှာပဲလေ“

ဒီအတိုင်းပါပဲ ။

အိမ် အတွင်း မှာ ကိုယ် ချစ် လို့ ယူထား တဲ့ အိမ်ထောင်ဖက် ကို အပြစ် ပြောပြီး သားသမီးတွေ အပေါ် အာဏာ မလိုချင်ပါနဲ့ ။

ကလေးတွေ ဟာ သူတို့ စဉ်းစားတတ်ချိန် မှာ ဘယ်သူ က ကောင်းတယ် ၊ ဘယ်သူ က ညံ့တယ် ဆိုတာ အလိုလို သိ လာ ပါလိမ့်မယ် ။

ဒါကြောင့် အိမ်ထောင် ကျ ပြီဆို ကိုယ့် ရဲ့ အိမ်ထောင်ဖက် ကို အပြစ် ပြော ပြီး အိမ်တွင်း အာဏာ မလိုချင်ပါနဲ့ ။

ယောက်ျား တစ်ယောက် ဟာ အိမ်ထောင် မပြုခင် အချိန် အထိ အနာဂတ် ဆို တာ မစဉ်းစားသေးပါ ဘူး တဲ့ ။ အိမ်ထောင် ပြု လိုက် မှ သာ အနာဂတ် ကို တွေး ပူ လေ့ ရှိ ကြပါတယ် ။

မိန်းကလေး ကျ တော့ အပျိုအရွယ် မှာ အနာဂတ် ကို တွေး ပူကြပြီး အိမ်ထောင် ပြု လိုက်တာ နဲ့ အနာဂတ် ဟာ သူ နဲ့ မဆိုင်တော့ပါဘူး တဲ့ ။

ဒါဟာ လူတိုင်း အတွက် အမှန်တရား မဟုတ်ပေ မဲ့ လူ တော်တော် များများ အတွက် က တော့ မှန်ပါတယ် ။

ယောက်ျားလေး အတော်များများ ဟာ လူပျို လူလွတ် အရွယ် မှာ ပျော်ရွှင်မှု ကို ကိုးကွယ် ကြ ပါ တယ် ။ ပျော်သလို နေတယ် ။ ပျော်တာ လုပ် တတ် ကြပါတယ် ။ အချစ် ဆို တာ ကို မတွေ့မချင်း စိတ်ညစ်စရာတွေ ရှောင် တတ် ကြပါတယ် ။

ဒါဆိုရင် အချစ် က စိတ် ညစ် စရာလား ။ မေး စရာ ရှိ ပါတယ် ။ ဟုတ်ကဲ့ ဖန်ခွက် အလွတ်တွေ လို ပါပဲ ။ သူ့ ဟာ သူ ကျ ကွဲ ကောင်း ကျ ကွဲ နိုင်ပေမဲ့ တစ်ခွက် တည်း ဆို ဘာ သံ မှ မထွက်ပါဘူး ။

တစ်ခွက် တည်း ဆို ဘာ သံ မှ မထွက်ပေမဲ့ ဖန်ခွက် အလွတ် နှစ် ခု ထိ မိတဲ့အခါ အနည်း နဲ့ အများ အသံ ထွက် တတ် ပါတယ် ။ ပို ပြီးလည်း အကွဲ အရှ လွယ်ကူ ပါလိမ့်မယ် ။

ယောက်ျားသား များ ဟာ လူပျိုလူလွတ် အရွယ် မှာ ဖန်ခွက် အလွတ် လို ပါပဲ ။ သူ့ ထဲ ကို ဘာ ထည့် ထား ဖို့ ညာ ထည့် ထား ဖို့ မစဉ်းစားပါဘူး ။ ရ သမျှ အကုန် သုံး ပစ်ပြီး အလွတ် အတိုင်း ပေါ့ပေါ့ပါးပါး နေလေ့ ရှိ ကြပါတယ် ။ ဒီ နေ့ မစား ရ ရင် တောင် နောက်နေ့ သူ့ အလိုလို ဖြစ် သွားလိမ့်မယ် လို့ တွေး တတ်ကြ ပါတယ် ။

မိန်းကလေး တွေ က အဲဒီလို မဟုတ်ပါဘူး ။ သူတို့ က အပျို အရွယ် မှာ သူတို့ တစ်ကိုယ် စာ လုံခြုံအောင် အမြဲ တွေး လေ့ ရှိပါတယ် ။ ဒီနေ့မှ အဆင် မပြေ ရင် နောက်နေ့ အတွက် တွေး ပူ ကြလေ့ရှိပါတယ် ။

“ ငါ တစ်ယောက် တည်း ဖြတ်သန်း ရ တဲ့ ဘဝ ဟာ အဆင် မှ ပြေပါ့မလား ”

ဆိုပြီး အမြဲတမ်း စိတ် ထဲ မှာ ရှိ နေတတ်ကြပါ တယ် ။