လူပျိုအပျို ဖတ်စာ

ဒါပေမဲ့ ခဏ ပါ ပဲ ။

ဖန်ခွက် အလွတ် နှစ်ခု ဟာ အိမ်ထောင် ကျ သွား တဲ့ အခါ ပြောင်းပြန် အချိုး သက်ရောက် သွား ပြန် ပါတယ် ။

ယောက်ျားလေးတွေ ရဲ့ စိတ် ထဲ မှာ

“ ငါ နဲ့ ငါ့ မိသားစု အဆင် မှ ပြေကြပါ့မလား ”

တွေး မိပြီး

မိန်းကလေးတွေ ရဲ့ စိတ် မှာ တော့

“ သူ အဆင်ပြေအောင် စီစဉ်မှာပါ ”

ဆိုပြီး တွေး မိ တတ်ပြန်ပါတယ် ။

“ ဒါဆိုရင် မိန်းကလေးတွေ က အား နည်းသွား တာလား ”

မယုံ မရှိပါနဲ့ ။

မိန်းကလေးတွေ ရဲ့ စိတ် ထဲ မှာ ကိုယ် ချစ်လို့ ပေါင်းသင်း ထား တဲ့ ယောက်ျားသား အပေါ် အားကိုး ချင် စိတ် အပြည့် အဝ ရှိ ကြပါတယ် ။

နေရာတိုင်း မဟုတ် ရင် တောင် တစ် ထောင့် တစ် နေရာ အတွက် ယောက်ျားသား ကို အားကိုး ချင် စိတ် ရှိ ကြပါတယ် ။

စီးပွားရေး မှာ သော် လည်းကောင်း ၊ မိသားစု လုံခြုံရေး မှာ သော် လည်းကောင်း အားကိုး ချင် လို့ အိမ်ထောင် ပြု ကြတာ ဖြစ် ပါတယ် ။

အား နည်းသွားတာ မဟုတ်ပါဘူး ။

ဒီလို အနာဂတ် ကို တွေး ပုံချင်း မတူဘဲ အနာဂတ် တစ်ခု တည်း ကို သွား နေတဲ့ ဖန်ခွက် အလွတ် နှစ်ခု ဟာ ဘယ်လို အရာတွေ နဲ့ အဓိက ပွတ်တိုက် မိ ကြ တာလဲ ။

( ၁ ) ယောက်ျားတွေ ရဲ့ ကတိ မတည်တဲ့ စိတ်

မိန်းမ အတော်များများ ဟာ ယောက်ျားတွေ ရဲ့ မ တည် နိုင် တဲ့ ကတိ စကား တော်တော်များများ ကို မှတ်သားထား လေ့ ရှိ ကြ ပါတယ် ။

“ ဒီနေ့ ညနေ စောစော ပြန် လာမယ် ”

ဆိုတာ က အစ ဟိုး အရင် ချစ်သူရည်းစား ဘဝ မှာ ပြော ထားခဲ့တဲ့

“ တစ်သက်လုံး ချစ်ပါ့မယ် ”

အဆုံး အကုန်လုံး ကို မှတ်မိ နေ တတ်ပါတယ် ။

ဒါကိုလည်း ယောက်ျားတွေ ဟာ မတည်နိုင်တဲ့ ကတိတွေ အမြဲတမ်း ထပ်ကာ ထပ်ကာ ပေး တတ် ကြပါတယ် ။ မိန်းကလေးတွေ က လည်း မတည်နိုင် မှန်း သိပြီး ထပ်ကာ ထပ်ကာ မှတ် ထားပါတယ် ။

ကြာလာတဲ့ အခါ … ဒါ က လည်း မကြာခဏ ပွတ်တိုက် မိ ပြီး အက်ကြောင်း ထင် လာ တတ် ပါတယ် ။

( ၂ ) အနိုင်အထက် ပြုကျင့်ခြင်း

“ အိမ်ထောင် ပြု တယ် ဆိုတာ မိန်းကလေးတွေ အတွက် တော့ လူမှု အသိုင်းအဝိုင်း က တရားဝင် ခွင့် ပြု ထား တဲ့ တစ်ခုတည်း သော ကျွန်စနစ် ”

ဒါဟာလည်း … ယောက်ျားသားများ အနေ နဲ့ တမင် လုပ် တာ မဟုတ်သော်ငြား မထင် မှတ်ဘဲ ဖြစ် သွား တတ်တာ မျိုး လည်း ရှိ ပါတယ် ။

ရေလေး ခပ် ခိုင်းတာ က အစ ၊ ထမင်းစားပွဲ ပြင် ပေး တာ အဆုံး ပါ ။

ကိုယ်တိုင် လုပ် ရင်လည်း ရ တာပဲ ကို

“ မိန်းမ ရေ ရေပုလင်းလေး ယူ ပေး စမ်းပါဦး ”

“ မိန်းမ ရေ အဝတ်တွေ လျှော် ပေး စမ်းပါဦး ”

ယောက်ျား ဆိုတာ အိမ်ထောင်ဦးစီး ပါ ။ သူတို့ က ငွေ ရှာတဲ့ အလုပ် ကို ဦးဆောင် လုပ်ရတာ လည်း မှန်ပါတယ် ။ အလုပ် မှာ ပင်ပန်းကြတာ လည်း မှန် ပါတယ် ။

ထိုနည်း လည်းကောင်း ပါ ပဲ ။

အိမ် မှာ နေ တဲ့ မိန်းမတွေ က လည်း နား နေ ရတာ မဟုတ်ပါဘူး ။ တစ်နေကုန် အိမ်မှုကိစ္စ နဲ့ သားသမီး အရေး နဲ့ သူ့ ဟာသူ အား နေရတာ မဟုတ်ပါဘူး ။

သားသမီး များ ရင် ပို ဆိုး ပါ သေးတယ် ။ ( တချို့ ကတော့ ခြွင်းချက်ပေါ့ )

တစ်လောကပဲ နိုင်ငံခြား မှာ လူ တစ်ယောက် ဟာ သူ အလုပ် သွား နေ တုန်း သူ့ မိန်းမ ဘာတွေ လုပ် နေလဲ သိ ချင် လို့ CCTV တပ် ပြီး သူ့ မိန်းမ ကို ပြန် ကြည့်တာ ။ သူ ကိုယ်တိုင် တောင် အံ့အား သင့် ရပါတယ် ။ ဘာလို့လဲ ဆိုတော့ မိန်းမ တစ်ယောက် လုပ် နေရတဲ့ အလုပ် ကို သူ ကိုယ်တိုင် တောင် မ လုပ်နိုင်လို့ ပါ တဲ့ ။

ဒါကြောင့် အပြန်အလှန် လေးစားမှု ရှိ ရပါ့မယ် ။

ငါ ချည်းပဲ ပင်ပင်ပန်းပန်း လုပ် နေရတယ် မထင်ပါ နဲ့ ။