လူပျိုအပျို ဖတ်စာ

ကျွန်တော် ကြုံ ဖူးပါတယ် ။ ကျွန်တော် တို့ နယ် တစ်နယ် ကို ရောက်တော့ နေတဲ့ အိမ် အနား မှာ လူငယ် လင်မယား နှစ်ယောက် ရှိပါတယ် ။ ဘာ လုပ်ကြမှန်း မသိပေမဲ့ အခြေခံ လူတန်းစား က မှန်း သိသာ ပါတယ် ။ ငယ်ရွယ်တဲ့ သူတို့ လင်မယား မှာ သားလေး တစ်ယောက် ထွန်းကား ထား ပါတယ် ။

အခြေခံ လူတန်းစား လင်မယား ဖြစ်တဲ့ အလျောက် နေ့တိုင်း အဆင်မပြေမှုတွေ ကြုံ ရပုံ ရ ပါတယ် ။ လင်မယား နှစ်ယောက် လုံး မနက် မိုး လင်း တာ နဲ့ ဆဲသံ ဆိုသံ နဲ့ ဆူညံ နေပါတော့ တယ် ။

ပိုပြီး ထူးဆန်း တာ က သူတို့ မွေး ထားတဲ့ ကလေး ကို အဆဲ က နေ စ သင် တာပါပဲ ။

တအံ့တဩ နဲ့ ကျွန်တော်တို့ မေး ကြည့်တော့

“ ခင်ဗျားတို့ က ဘာ သိ လို့လဲ ၊ ကလေး ဆို တာ အဆဲ က စ သင်ရင် စကား ပို အတတ် မြန် တယ်ဗျ ၊ သူ့ ကို ဒေါသ ဖြစ် အောင် ဆွ ပေးလိုက် ၊ အဆဲ သင် ပေး လိုက် လုပ်ရင် အစောကြီး စကား တတ် သွား ရော ၊ ကျုပ် ဆို တစ်နှစ်ကျော် မှာ စ ဆဲ နေပြီ ”

အဟုတ်ဗျာ ။ သိပ်မကြာဘူး ။ ကလေး က မတ်တတ် စမ်း တာ နောက် ၊ အဆဲ က အရင် တတ် နေပြီ ။

ငါးနှစ်သား လောက် ဆို ရင် ဘယ် ပြော ကောင်းမ လဲ ။ ရပ်ကွက် ပတ် ဆဲ နေပြီပေါ့ ။

လူတွေ က လည်း ဆဲတတ်တဲ့ ကလေး ကို လိုက် စ , တတ် ကြတယ်လေ ။

လူကြီးတွေ က စ , လိုက် ၊ ကလေး က ဒေါသ ထွက် ပြီး ဆဲ လိုက် ၊ လူကြီးတွေ က စ , လိုက် ဒီကလေး က ဆဲ လိုက် နဲ့ ငါးနှစ်သား လောက် မှာ မိဘ ကို ပြန် ကလော် တုတ် နေပြီ ။

ကဲ … ဒါဟာ ဘယ်လို စံပြပုဂ္ဂိုလ်များ လဲ ။

ဒီလို သင်ကြားမှု တစ်ခု နဲ့ ကလေး ရဲ့ ဘဝ ဘယ်လို ရှေ့ဆက် သွား ကြမလဲ ။

မာဂရက်သက်ချာ ပြော ဖူး တယ် ဗျ ။

လူ ဆို တာ အတွေး တစ်ခု က စ တင်ပါတယ် ။

အဲဒီ အတွေး ကို စကားလုံး အဖြစ် ပြောင်း လဲ တယ် ။

အဲဒီ စကားလုံး ဟာ အဲဒီ သူ ရဲ့ စရိုက် ဖြစ်တယ် ။

အဲဒီ လူ ရဲ့စရိုက် ဟာ အဲဒီ လူ ရဲ့ ဘဝ ဖြစ်တယ် ။

အဲဒီ လူ ရဲ့ ဘဝဟာ သူ့ ရဲ့ ကံကြမ္မာ သာ ဖြစ်တယ် ။

ကျွန်တော် တို့ မနက် လင်း တာ နဲ့ ကောင်းသော အတွေး နဲ့ စ တင် ရင် ကောင်းသော စကားလုံး ကို ပြောမယ် ။ ကောင်းသော စကားလုံး ပြော ရင် ကိုယ့် ရဲ့ပင်ကို စရိုက်လည်း ကောင်းမယ် ။ စရိုက် ကောင်း ရင် ဘဝ ကောင်းမယ် ။ ဘဝ ကောင်းရင် ကံကြမ္မာ ကောင်းမယ် ပေါ့ ။

မနက် မိုး လင်း တာ နဲ့ မကောင်းတဲ့ အတွေး နဲ့ နိုး လာရင် လူ က လည်း ဆဲဆို နေမယ် ။ ဒါဆိုရင် စရိုက် ဆိုး တဲ့ အတွက် ဘဝ မှာ ဆိုးသွမ်းတဲ့ သူတွေ နဲ့ ပဲ တွေ့ ရမယ် ။ ဒါဆို ဘဝ ဆိုးမယ် ။ ဘဝ ဆိုးရင် ကံကြမ္မာ ဆိုး နဲ့ပဲ ကြုံ ရမှာပေါ့ ။

ဒါဟာ မာဂရက်သက်ချာ ရဲ့စကား ဖြစ် ပါတယ် ။ ဘာ ကို အခြေခံ ထား သလဲ ဆိုရင် ဗုဒ္ဓ ရဲ့ အဆုံးအမ ကို အခြေခံ ထားပါတယ် ။

ကာယကံ

ဝစီကံ

မနောကံ

ဒီအတိုင်းပါပဲ ။