လူပျိုအပျို ဖတ်စာ

ကျွန်တော်တို့ ရဲ့ စံပြပုဂ္ဂိုလ်များ ကိုယ့် ရဲ့ သားသမီးများ ကို ဘယ်လို မဲဆွယ်ပြီး ဘယ် လမ်းကြောင်း ကို ထည့် ပေး ချင် လဲ ခင်ဗျ ၊ ကိုယ်တိုင် လင်မယား ချင်း က တော့ အစိုးရ လို သာ ငါးနှစ် တစ်ကြိမ် ရွေးမယ် ဆို အစိုးရသစ် ပဲ လိုချင်ကြ မှာ ချည်းပဲ ။

ကိုယ် ကိုယ်တိုင် ဘဝ ဆိုး နေပြီး ကိုယ့် ရဲ့ သားသမီး ကို ဘယ်လို ဘဝမျိုး ပိုင်ဆိုင် စေ ချင်တာလဲ ။

လူလယ်ကောင် မှာ ဒါ ငါ့ သား ဒါ ငါ့ သမီး လို့ ဂုဏ် ယူ ချင် တာ လား ။

ဒါမှမဟုတ် ကိုယ် ဆုံးမ ခဲ့ တာ မမှန်ကန် တာ ကို ခေါင်း မခံချင်ဘဲ

“ ဟာ ဒီကောင် ငါတို့ နဲ့ ဘာမှ မဆိုင်ဘူး ၊ သူ့ ဘဝ နဲ့ သူ ”

ဆိုပြီး ခေါင်း ရှောင် ချင်တာလား ။

မှတ်ထားပါ ။

မိဘ နဲ့ သားသမီး ဟာ မခေါ်ချင် လို့ ရပါတယ် ။

မတော်ချင် လို့ မရပါဘူး ။

စံပြပုဂ္ဂိုလ်များ လမ်းပြ မြေပုံ မှန်ကန်ပါစေ ။

ယောက်ျားလေး နဲ့ မိန်းကလေး တစ်ယောက် လက် ကို တစ်ယောက် မြဲမြဲ ဆွဲထားတိုင်း သိပ်ချစ်ကြတယ် လို့ မထင်ပါနဲ့ ။

လက်ချင်း ဖြုတ် တာ နဲ့ အလှပြင်ဆိုင် ပြေး သွားမယ့် သူ နဲ့ ဘီယာဆိုင် ခြေလှမ်းသွားမယ့် သူ တွေ ဖြစ် နေလို့ လက်ချင်း ချိတ် ထား တာလည်း ဖြစ် နိုင်တယ် ။

လူ တစ်ယောက်ချင်း ဆီ မှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ် ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ အိမ်ထောင် ကျ သွားတဲ့ အခါ စည်းမျဉ်းစည်းကမ်း အတွင်း မှာ သာ လွတ်လပ်ခွင့် ရှိပါတယ် ။

လက်ထပ် တယ် ဆိုတာ ကိုယ် ရရှိ ထား တဲ့ အခွင့်အရေး ကို ထက်ဝက် လျှော့ ချ ပြီး တာဝန် ကို နှစ်ဆ တိုး ယူ လိုက်တာ နဲ့ အတူတူ ပါ ပဲ ။

တချို့ မိန်းကလေးတွေ က လည်း ရှိ တတ် ပါတယ် ။

“ သူ ရှာတာ မိသားစု အတွက် ငါ ရှာတာ ငါ့ အတွက် ”

“ သူ ရှာတာ မိသားစု အတွက် ဖြစ်တဲ့အတွက် သူ ရှာတဲ့ ငွေတွေ ဟာ မိသားစု ကို စီမံခန့်ခွဲ နေရတဲ့ ငါ နဲ့ ဆိုင်တယ် ၊ ငါ ရှာတာ ငါ့ အတွက် မို့ ငါ နဲ့ ပဲ ဆိုင်တယ် ”

တွေး လိုက်ရင် အသာ ချည်း ပဲ ။

ဘယ်လိုပဲ ဖြစ်ပါစေ ။

ယောက်ျား တစ်ယောက် ရဲ့ ပိုက်ဆံအိတ် နဲ့ မိန်းမ ရဲ့ ဈေးခြင်းတောင်း ဟာ အတူတူ ပါ ပဲ ။

ယောက်ျား တစ်ယောက် ရဲ့ ပိုက်ဆံအိတ် ကို လူတွေ က အတွင်း ထိ မမြင်နိုင်ပါဘူး ။ ဒါပေမဲ့ သူ့ မိန်းမ ရဲ့ ဈေးခြင်းတောင်း ကို ကြည့် ရင် ၊ သူ့ ယောက်ျား ရဲ့ ပိုက်ဆံအိတ် ကို လှမ်း မြင် ရ ပါလိမ့်မယ် ။

သာယာ တဲ့ အိမ်ထောင်ရေး မှာ မိန်းမတွေ ရဲ့ ဈေးခြင်းတောင်း ဟာ အင်မတန် မှ ကို အဓိက ကျ လှပါတယ် ။

ဒါပေမဲ့ အခု ခေတ် အိမ်ထောင်ရေး မှာ ဈေးခြင်းတောင်း ကို သိပ် ပြီး အလေး မထားကြတော့ ပါဘူး ။

“ ယောက်ျား ပိုက်ဆံအိတ် ထဲ မှာ ပိုက်ဆံ ရှိ တာပဲ ၊ စား ချင်တာ ဝယ် စား လိုက်မယ် ”

ဆိုတာမျိုးတွေ အများကြီးပါ ။

တချို့ကလည်း “ အိမ် မှာ ချက်တာ အရသာ မကောင်းလို့ ၊ အပြင် မှာ ပဲ ဝယ် စား ဖြစ်တော့တယ် ” လို့ ဆိုပါတယ် ။

တချို့က လည်း “ အိမ် မှာ ချက်ပြုတ် စား တော့ အရသာ လည်း မကောင်းဘူး ၊ အိမ် မှာလည်း အမှိုက် ရှုပ်တယ် ” အကြောင်း ပြ တတ် ကြပါတယ် ။

ဒီလိုနဲ့ ယောက်ျား က လည်း အလုပ် အသွား အပြန် ကြုံ ရာ ဝယ်စား ၊ မိန်းမ က လည်း သူ ကြိုက်ရာ ထွက် စား နဲ့

“ လင်မယား ဆို တာ ညအိပ် ဖော် မရှိလို့ ယူ ထားကြတဲ့ အတိုင်းပါပဲ ”

“ အိမ် ” ဆိုတဲ့ အဓိပ္ပာယ် က ဘာလဲ ။

“ နွေးထွေးစွာ လုံခြုံသမို့ အိမ် လို့ ခေါ်သကွယ် ”

( နေထွန်း )

လင်မယား နှစ်ယောက် ဟာ ပိုက်ဆံအိတ် နဲ့ ဈေးခြင်းတောင်း ကို မသုံး တတ် တဲ့အခါ

“ ဘယ်မှာလဲ နွေးထွေးမှု ”

လူတိုင်း ဟာ စားဖိုမှူး တစ်ယောက် လိုတော့ အချက်အပြုတ် ကျွမ်းကျင် နေ မှာ မဟုတ်ပါဘူး ။

ဒါပေမဲ့ မိသားစု ထမင်းဝိုင်း ဆိုတာ က ကိုယ် စား နေတဲ့ အစားအသောက် အပေါ် မှာ အရသာ ခံ နေခြင်းမျိုး မဟုတ်ပါဘူး ။

တစ်ယောက် နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှု နဲ့ အတူတူ တစ်ပြေးညီ ခံစားခွင့် ကို ပြသခြင်း ဖြစ်ပါတယ် ။

တစ်နည်း ဆို ရ ရင် တစ်ယောက် ကို တစ်ယောက် ချစ်ခင် နွေးထွေးမှု ကို အတူ ခံစားနေခြင်း သာ ဖြစ်တယ် ။