လူပျိုအပျို ဖတ်စာ

ဆိုကြပါစို့ ။

ကျွန်တော်တို့ တစ်တွေ ဟာ မိဘတွေ နဲ့ ခွဲခွာပြီး ကြာ လာတဲ့ အခါ မိဘ အိမ် ပြန်ပြီး မိဘ ချက်ကျွေး တဲ့ ထမင်းဟင်း ကို တမ်းတ လာ တတ် ကြပါတယ် ။

အိမ် ကို တခုတ်တရ ပြန် ပြီး အိမ်ထမင်း အိမ်ဟင်း ကို တဝကြီး ပြန် စား ဖြစ် တတ်ကြပါတယ် ။

မိဘတွေ ချက်ကျွေး တဲ့ ထမင်းဟင်း ဟာ ကမ္ဘာ မှာ အကောင်းဆုံး လို့ ထင် တတ် ကြပါတယ် ။

“ ဒါဆို မိဘတွေ က ကမ္ဘာကျော် စားဖိုမှူး တွေ လား ”

မဟုတ်ပါဘူး ။

“ ဒါဆို ဘာလို့ စားလို့ ကောင်း နေရတာလဲ ”

မှတ်ထားပါ ။

“ မေတ္တာဓာတ် ပါ လို့ ၊ စား လို့ ကောင်း နေတာပါပဲ ”

“ မိသားစု ထမင်းဝိုင်း ဟာ နွေးထွေးမှု ကို ဖော်ပြပါတယ် ”

ဒီအတိုင်းပါပဲ ။

မိန်းမ တစ်ယောက် ရဲ့ ဈေးခြင်းတောင်း ဟာ ယောက်ျား တစ်ယောက် ရဲ့ ပိုက်ဆံအိတ် ကို ညွှန်ပြ နေပါတယ် ။

ဒီ ဈေးခြင်းတောင်း တစ်ခု ဟာ ယောက်ျား ဖြစ်သူ ရဲ့ ပိုက်ဆံအိတ် ကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ။

ယောက်ျားတွေ အနေ နဲ့ က လည်း ချစ်စ ခင်စ မှာ

“ မင်း က မှ ကျွေးမယ် ဆို ၊ အဆိပ် ဆို လည်း ကိုယ် စား ရဲပါတယ် ”

ဆိုပြီး အိမ်ထောင်ကျပြီး ကာ မှ

“ မင်း ချက်ကျွေး တာ ဘာ အရသာ မှ မရှိဘူး ”

မလုပ်ပါနဲ့ ။

မိန်းမ တစ်ယောက် ရဲ့ ဈေးခြင်းတောင်း ဟာ ကိုယ့် ရဲ့ပိုက်ဆံအိတ် ကို ထိန်းသိမ်း ပေးနေကြောင်း ကို သတိရပါ ။

မိသားစု ထမင်းဝိုင်း တစ်ခု ဟာ ချက် ထား တဲ့ စားစရာ အပေါ် မှာ အရသာ ခံခြင်းမျိုး မဟုတ်ဘဲ ချက်ကျွေးသူ ရဲ့ မေတ္တာ ကို ခံစားခြင်း သာ ဖြစ်ပါတယ် ။

ကဲ … ဒီတော့

မိသားစု ထမင်းဝိုင်းလေး ဖန်တီး ဖို့

“ ဈေးခြင်းတောင်းလေး ဆွဲ လိုက်ရအောင်ဗျာ ”

အကယ်၍များ ခင်ဗျားတို့ ဟာ အရွယ် ရောက်ပြီး သား ဆို ရင် ကိုယ်တိုင် တော့ ဈေး ဝယ်ဖူးကြ မှာ ပါ ။

ဈေး ဝယ်ဖူးရင် တော့ ဈေး ဝယ်ရပုံတွေ မတူတာ ကို သတိထား မိမှာပါ ။

ဆိုပါစို့ ။

စားသောက်ကုန် ဝယ်တယ်ပဲ ထားပါတော့ ။

မုန့်ဟင်းခါး စားမယ် ဆိုပါစို့ ။

မုန့်ဟင်းခါးသည် ကို ကိုယ် ကြိုက်တာ မကြိုက်တာ ပြောခွင့် တောင်းဆို ခွင့် ရှိတယ် ။

“ နံနံပင် မထည့် နဲ့ အန်တီ ရေ ၊ ငါးဖယ် နှစ်ခု ထည့် ၊ ငရုတ်သီး မပါစေ နဲ့ ၊ ဆီချက် က ပါရုံပဲ ၊ သိပ် မကြိုက် လို့ ”

စသည်ဖြင့် ပေါ့ ။

ကိုယ် မကြိုက်တာ ကို ဖယ် ခိုင်းပြီး ကိုယ် ကြိုက်တာ ကို ထည့် ခိုင်း ခွင့် ရှိတယ် ။

အိုးဘဲဥ ကြိုက် ရင် အိုးဘဲဥ ၊ ပဲကြော် ကြိုက် ရင် ပဲကြော် ပေါ့ ။ ကိုယ် ကြိုက်တာ ကို ရွေးချယ် ခွင့် ရှိတယ် ။

ဒါမှမဟုတ် ပါဆယ် ဝယ် မယ် ဆိုရင် တောင် သူ့ အလိုလို အလကား ရတဲ့ ( မုန့်ဟင်းခါးဝယ် ရင် ပါ လာတဲ့ အခြား ) ဟာ တွေ ကို မကြိုက် ရင် ဖယ်ခိုင်း လို့ ရ သလို ကြိုက် ရင်လည်း ထပ် ထည့် ခိုင်း လို့ ရပါတယ် ။

“ ကြက်သွန်ဥလေး ထည့် ပေးပါဦး ၊ ပဲသီး မထည့် နဲ့ ”

စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ် ။

အဲ … ဒါပေမဲ့ ရယ်ဒီမိတ်ဘူး ဝယ် စား ရင်တော့ ဒီ အခွင့်အရေး မရပါဘူး ။

ဘူး ထဲ ပါ လာတာ အကုန် ယူရ တော့တာပါပဲ ။ ကိုယ့် ဆီ ရောက် မှ ကိုယ်တိုင် ဖယ် ယူပေါ့ ။

ဒီလိုပါပဲ ။ ချစ်သူ အိမ်ထောင်ဖက် ရွေး တဲ့ အခါ ဒီ အတိုင်း ကြုံ ရတာမျိုး ပါ ပဲ ။

တချို့ မိန်းကလေးတွေ က မိဘ ကို တအားကြီး အားကိုး လွန်း ပါတယ် ။ အထူးသဖြင့် အမေ ပေါ့ ။