လူပျိုအပျို ဖတ်စာ

တစ်ခုခု လုပ် မယ် ကြံတိုင်း

“ အင်း အမေ နဲ့ တိုင်ပင်လိုက်ဦးမယ် ”

“ အမေ့ ကို မပြောရသေးလို့ ”

စသည်ဖြင့် ဘာလေးပဲ လုပ်လုပ် အမေ ကို ပြန် တိုင်ပင် တတ် ကြပါတယ် ။

“ အဲ .. ခိုးရာ လိုက်တာ က လွဲ ရင် ပေါ့ ”

ယောက်ျားလေး တွေ အနေ နဲ့ လည်း မှတ်ထားပါ ။

“ သူ တစ်ပါး ပစ္စည်း ကို ခိုး ယူပြီး ပြန် ပေးလို့ မရတာ မိန်းမ ပဲ ရှိ ပါတယ် ”

ဆိုပါစို့ ။ သူ များ အိမ် က နှင်းဆီပန်းလေး ပဲ ဖြစ်ဖြစ် ခိုးမိပြီး ကိုယ် အသိတရား ရလို့ ပြန်ပေး ရင် အိမ်ရှင် က လက်ခံ ပါတယ် ။ လက် မခံ လည်း လျော်ကြေး ပေး ရင် ကျေနပ် ကြပါတယ် ။

အဲ … မိန်းမတွေ ကျ အဲလို မရဘူးဗျ ။

စဉ်းစားကြည့် ။ ဒါကြီး ဟာ ကိုယ့် ပစ္စည်း လည်း မဟုတ် ။ သူ များ ဘိုးဘွားပိုင်ကြီး ။ ဒါကြီး ကို ခိုး ပြီး အသိတရား ရလို့ ဖြစ်ဖြစ် ပြန် ထား ချင်လို့ ဖြစ်ဖြစ်

“ မလိုချင်တော့ပါဘူး ”

သွား ပြန် ပေးရင် ဓား နဲ့ တောင် အခုတ် ခံရပါ့မယ် ။

ဒါကြောင့် …

ခိုး မိတယ် ။ ပြန် အပ် ရတယ် ။ ( တစ်သက်လုံး ပြန် အပ် ရ တာ မဟုတ်ဘူး ) ပြီးရင် ပြန် တောင်း ရတယ် ။

ယောက္ခမ ဆို တဲ့ အမျိုး က လည်း

“ ကိုယ့် သမီး ကို ဘယ်တော့ မှ ရောင်း မစားဘူး ဟေ့ ”

သာ ပြောတာ ။ တင် တောင်းတာ ဆို ရင်တော့ လက်ခံ ကြတယ် ။ ( နောက်တာ နော် )

ဒီတော့ ယောက်ျားတွေ က လည်း ကိုယ် တစ်သက်လုံး ရ မယ့် မိန်းမ ခိုး မယ် ဆို ရင် အသေအချာ စဉ်းစားပါ ။

ဆိုပါစို့ ။

မိဘ ကို တအား အားကိုး တဲ့ ကလေးတွေ ဟာ ကိုယ့် တစ်သက်လုံး ဆက် သွားရမယ့် အိမ်ထောင်ရေး ကို တောင် မိဘတွေ စီစဉ်ပေးတာ လက်ခံ တတ် ကြတယ် ။ မိဘ ပေးစားသူ နဲ့ ယူ တတ် ကြတယ် ။

ဒါဟာ ဘာ နဲ့ တူ သလဲ ဆို ရင် ရယ်ဒီမိတ်ဘူး ကို ဝယ် လိုက်သလိုပဲ။

သပ်သပ်ရပ်ရပ် နဲ့ ပို ကောင်းတယ် ထင် ရပေမဲ့ ဒါကြီးဟာ ဘယ်လို ကုန်ကြမ်း နဲ့ ပြုလုပ်ထားလဲ ကိုယ် မသိနိုင်ဘူး။ သူ ပြော ထားတဲ့ ( ဘူးခွံ မှာ ရေး ထားတဲ့ ) အချိုးအစား မှန် ရဲ့လား လည်း ကိုယ် မသိနိုင်ဘူး။ ကိုယ် မကြိုက်တာ ကို ကိုယ် ကြိုက်တာတွေ ထဲ ဖယ် မရ အောင် ရော ပါ လာရင် တော့ ဒုက္ခ ရောက်ပြီ သာ မှတ်တော့။ ဘူးခွံ သာ ကောင်း ပြီး အထဲ မှာ မှို တက် နေရင်ရော။

စား ရမှာလည်း အဆင် မပြေ ၊ ပစ် ရမှာ လည်း နှမြော နဲ့ ပေါ့။

ဆိုလိုတာ က မိဘတွေ က အကောင်းဆုံး လို့ ညွှန်းဆို ခဲ့ရင်တောင်

“ကောင်းမွန်မှုတွေ နဲ့ ဒွန်တွဲ ပါလာမယ့် မကောင်းမှုတွေ ပါ ကိုယ် က ခံစား ရ မှာ ဖြစ်ပါတယ် ”

ကိုယ် ကိုယ်တိုင် အကျွမ်းတဝင် သိ ခဲ့တာ မဟုတ်တဲ့ ရယ်ဒီမိတ်ကြီး က ကိုယ် ကြိုက် တာ ချည်း ဖယ် ယူ လို့ ရ ပါ့မလား ။ မရ ရင်ရော ။

အမှန်တော့ အိမ်ထောင်ရေး ဆို တာ ကိုယ် တစ်သက်လုံး ဖြတ်သန်း ရ မယ့် အရာ ဖြစ်တယ် ။ တစ်နည်း ပြော ရရင် ကိုယ့် ရဲ့ ကိုယ်ပိုင် ဘဝ ဖြစ် ပါတယ် ။ ကိုယ့် ရဲ့ ကိုယ်ပိုင် ဘဝ တစ်ခု ကို ကိုယ်တိုင် ရွေးချယ် သင့်ပါတယ် ။

ပို ကောင်းတယ် လို့ ညွှန်းဆိုထား ပေ မဲ့ မမြင်ရတာ ကို ရွေးချယ်တာ နဲ့ စာရင် လမ်းဘေးမုန့် ဟင်းခါး က တောင် ကိုယ် နဲ့ သင့်တော် မှာ ပဲ ဖြစ်ပါတယ် ။ မလိုအပ်တာ တွေ ဖယ်ပြီး လိုအပ်တာတွေ ပေါင်းစပ် လို့ ရ ပါလိမ့်မယ် ။

ဒါကြောင့် အိမ်ထောင်ဖက် ရွေးချယ်တဲ့ အခါ ကိုယ် အားကိုး ရ တဲ့ မိဘတွေ က ရွေးချယ် ပေး ရင် တောင် ကိုယ်တိုင် လေ့လာပါ ။

ဘာလို့လဲ ဆို တော့ …

“ ဒါဟာ ကိုယ် ဖြတ်သန်းရမယ့် ကိုယ့် ဘဝကြီး တစ်ခုလုံး မို့လို့ပါပဲ ”

ဒီ ဖက် ခေတ် မှာ လူငယ် အတော်များများ ဟာ အိမ်ထောင် ပြုတာ နဲ့ စာရင် ဘဝ ကို တစ်ကိုယ် တည်း ဖြတ်သန်း ရ တာ ပို သဘော တွေ့ လာ ကြပါတယ် ။