လူပျိုအပျို ဖတ်စာ

ဒါကြောင့် သဝန်တို စိတ် နဲ့ ကိုယ် ချစ် တဲ့ သူ ကို ကတ်ကြေး နဲ့ ထိုး ၊ ဓား နဲ့ ထိုး စသည် ကျူးလွန်မှု တွေ ရှိ လာပါတယ် ။ အကယ်၍များ ခင်ဗျား တို့ က အဲဒီလို မှ အထိုး မခံချင်ရင် …

“ အပျိုကြီး ၊ လူပျိုကြီး လုပ်ပါ ”

“ ဓား တို့ ကတ်ကြေး တို့ နဲ့ ထိုး ဖို့ မပြောနဲ့ ၊ ကလိ တောင် ထိုးမယ့် သူ မရှိပါဘူး ”

အကြံပေးပါရစေ ။

“ ခွင့်လွှတ် နိုင်သလား ”

“ ခွင့်လွှတ် နိုင်ရင် မစွန့်လွှတ်ပါနဲ့”

“ ခွင့် မလွှတ် နိုင်ရင် စွန့်လွှတ် လိုက်ပါ ”

“ တကယ် ချစ်မိနေပြီ သေချာရင် မျှော်လင့်ချက် နည်းပါစေ ”

ချစ်ခြင်းတရား ဆိုတာ အလိမ်အညာ များ ပါ တယ် ။ ကိုယ့် ချစ်သူ ကို အနည်း နဲ့ အများ လိမ် မပြောဖူး တဲ့ သူ တစ်ယောက် မှ မတွေ့ဖူးပါဘူး ။

ဒါကြောင့်လည်း ‘ တင်စား ပြောဆိုတာ ‘ ဆိုတာ မျိုးတွေ ဖြစ် လာပါတယ် ။

“ သမင် မျက်လုံး ၊ ငါးရံ့ကိုယ်လုံး ၊ မျက်ခုံး က စင်ရော်တောင် ၊ လမ်းလျှောက် တာ က ဆင်မယဉ်သာ ၊ လက်မောင်း က ဆင်စွယ် ၊ ရိုးသားပုံ က သိုး ပေါက်လေး လို ”

စသည်ဖြင့် တင်စား ခိုင်းနှိုင်း ပါလိမ့်မယ် ။ အထင် မကြီးပါနဲ့ ။ အားလုံးက တိရစ္ဆာန် နဲ့ ချည်းပဲ ခိုင်းနှိုင်း ထားတာမို့ ကိုယ့် ကို တိရစ္ဆာန် နဲ့ တူတယ် ဆိုပြီး ပြော တာ လည်း ဖြစ်နိုင်ပါတယ် ။

များသောအားဖြင့် ကိုယ် စိတ်ဝင်စား တဲ့ သူ တစ်ယောက် ရဲ့ အချစ် ကို ရရှိဖို့ အနည်းဆုံး တော့ လိမ်ညာ ပြောဖူးကြပါလိမ့်မယ် ။ သူငယ်ချင်း တစ်ယောက် ကို မေး ဖူးတယ် ။

“ မင်း က မင်း ချစ်သူ ကို ယုံကြည်အောင် ဘယ်တုန်း က စပြီး လိမ်ညာ ပြောဖူးတာလဲ ”

သူငယ်ချင်း က မျက်မှောင် ကြုတ် ပြီး …

“ သူ က ငါ ကို ဘယ် ကိစ္စ မဆို မလိမ်ညာတမ်း ဝန်ခံ ပြော ဆိုရမယ် လို့ ပြောတယ် ”

“ အဲဒီတော့ ”

“ ငါ သူ့ ကို ဘယ်တော့မှ မလိမ်ပါဘူး ဆိုပြီး ကတိ ကို လိမ်ပြီး ပေး ကတည်း က စ လိမ်မှန်း သိတော့တာပါပဲ ”

ဒီတော့ သတိ ပေး ပါ့မယ် ။

“ လိမ်ညာတာ ခံချင်လား ၊ ရည်းစား ထားပါ ”

မိန်းကလေးတွေ ရဲ့ အမူအကျင့် က ထူးဆန်း တယ် ။

တစ်ခါက မြို့ ထဲ မှာ ကလေးမ တစ်ယောက် တွေ့ ဖူးတယ် ။ ကျွန်တော် တို့ က လေးလွှာ ၊ သူတို့ က ခြောက်လွှာ ။

လူပုံ က ပိန်ပိန်ပါးပါး ပါ ပဲ ။ ဒါပေမဲ့ မြေညီထပ် က နေ သူ နေ တဲ့ ခြောက်လွှာ ကို ရေသန့်ဘူးကြီး တစ်ဘူး အသာလေး ဆွဲ တက် နိုင်တယ် ။

ဒါတောင် ဒေါက်ဖိနပ် နဲ့ ။

ကျွန်တော်တို့ ယောက်ျား သန်သန်မာမာကြီး တောင် လေးလွှာ ကို ရေသန့်ဘူးကြီး ဆွဲ သွားဖို့ ဆို တာ ဟစိဟစိ နဲ့ နေတာ ။

ကောင်မလေး က တော့ သာသာယာယာ ပဲ ။ ပခုံး တစ်ဖက် မှာ လွယ် ထားတဲ့ စလင်းဘက် ( ခ် ) ကို သိုင်း လွယ် လိုက်တယ် ။ ပြီးတော့ ဒေါက်ဖိနပ် တောင် မချွတ်ဘူး ။ ရေသန့်ဘူးကြီး ကို လက် တစ်ဖက် က ဆွဲပြီး ဒေါက် … ဒေါက် ဒေါက်ဒေါက် နဲ့ တက် သွားတာ ။

အဲ … သိပ် မကြာဘူး ။ ခြောက်လွှာ ကို ဒေါက်ဖိနပ် နဲ့ ရေသန့်ဘူး ဆွဲ တက် ခဲ့တဲ့ ကလေး မ ဟာ တဖြည်းဖြည်း နဲ့ အားနည်း လာ သလို ဖြစ် လာတယ် ။ လူ ပုံ ကလည်း တဖြည်းဖြည်း နွဲ့ ကျ လာတယ် ။ လမ်း လျှောက် ရင် တောင် လေပြင်း တိုက် ရင် လွင့်ပါ မလို ဖြစ်လာတယ် ။ ဒီ ကောင်မလေး ဘာလို့ ပုံစံ ပြောင်း ကုန်လဲ စုံစမ်း ကြည့်တော့ …

“ ရည်းစား ရ သွားလို့ ”

ရည်းစား ရ သွားတာနဲ့ ဒီ ကလေးမ ဘယ်လောက် အား နွဲ့ သွားသလဲ ဆို ….. ။

“ ကိုကို ချစ် အအေးပုလင်း မ မ နိုင်လို့ ပိုက် တပ် ပေးဦး ”

ကြည့်စမ်း ။ ခြောက်လွှာ ကို ဒေါက်ဖိနပ် နဲ့ ရေသန့်ဘူး ဆွဲ တက် နေတဲ့ ကလေးမ က ရည်းစား ရ တာ နဲ့ အအေးပုလင်း မ မ နိုင်လို့ ပိုက် တပ်ပေးရ တယ် ။ ( အဲဒီတုန်း ကတော့ အအေး ခေတ်ပေါ့ ၊ အခု ကတော့ ဘီယာတစ်ဂျား ကို နှစ်ယောက် လု သောက် ရင်း သူ ပိုသောက်တယ် ၊ ငါ ပို သောက်တယ် နဲ့ ခွက်စောင်း ခုတ်တဲ့ ခေတ်ပေါ့ )