လူပျိုအပျို ဖတ်စာ

ဒီ ကြား ထဲ အအေးဆိုင် ထဲ … ။

“ မကြက်ပု ၊ သောက်ပု ၊ ကြက်ပု ၊ သောက်ပု ”

အသံ ကြား လို့ ဘယ် ဂျပု ကို စော်ကားနေလဲ လှည့် ကြည့်တော့ …

အံမယ် ။ ဘဲ က အအေးပုလင်း ပိုက် တပ်ပြီး နှုတ်ခမ်း တေ့ ပေးတာ ကို …

“ မကြိုက်ဘူး ၊ မသောက်ဘူး ”

ဆိုပြီး မူပြီး ပြော နေတာ …

“ မကြက်ပု ၊ သောက်ပု ၊ မကြက်ပု ၊ သောက်ပု ”

ဆိုပြီး ဖြစ် နေတာ ။

အရင် က တစ်ယောက် တည်း လွှားလွှား လွှား လွှား နဲ့ နေတဲ့ မိန်းကလေး ဟာ အခု ကျတော့ တစ်ယောက် တည်း လမ်း လျှောက် ရင်တောင် ပစ် လဲ မှာ စိုးလို့ သူ့ ဘဲ လက်ကို အမိ အရ ဆွဲ ထားရတာ ။

အရင် က ဆိုရင် …

“ သမီး ရဲ့အားသာချက် တစ်ခုကို ပြောပါ ”

ဆိုရင် …

“ အစား ပဲ ၊ အစား ဆိုရင် ဘာ ကျွေးကျွေး စား တယ် ”

အဲဒီ မိန်းကလေး က ခုတော့ …

“ ကြက်ပု ၊ သောက်ပု ”

တွေ ဖြစ်နေတာ ။

ဆိုလိုချင်တာ က ဗျာ ။

ယောက်ျားလေး တွေ ရည်းစား ထားတယ် ဆိုတာ …

“ ချိုင်းထောက် ငှားတာ မှ မဟုတ်တာ ”

ချိုင်းထောက် တောင် ကိုယ် တွဲ ထူ ထားရတဲ့ ချိုင်းထောက် ။

ပြောချင်တာ က မိန်းကလေး တွေ ဟာ …

“ ရည်းစား ရပြီ ဆိုတာနဲ့ အားကိုး ချင် စိတ် လွန်ကဲ တာ ”

ယောက်ျားတွေ က ဒီလို အားကိုး ယုံကြည်မှု ကို မကြိုက်ဘူးလား ဆိုတော့ …

“ ကြိုက်တယ် ”

“ ဒါပေမဲ့ ရေရှည် မဟုတ်ဘူး ”

“ လူ တစ်ယောက် ရဲ့ ဖြစ်တည်မှု အစစ် ကို ချစ် မှ ၊ အချစ် စစ် ဖြစ်ပါတယ် ”

“ လူ တစ်ယောက် ရဲ့ ဖြစ်တည်မှု အတု ကို ချစ် နေ တာဟာ အချစ်စစ် မဟုတ်ပါဘူး ”

“ ခဏတာ သာယာတာ ပဲ ဖြစ် နိုင်ပါတယ် ”

ကျွန်တော် တို့ ဆန့်ကျင်ဖက် လိင် ဆိုတာ ခဏ ဖယ် ထားပြီး အားလုံး ကို တစ်ပြေးညီပဲ စဉ်းစား ကြည့်ပါ ။

ကိုယ့် ကိုယ် ကိုယ် ယုံကြည်သူ ကိုပဲ ပိုပြီး သဘော ကျ လေ့ ရှိပါတယ် ။ မည်သူ မဆိုပါ ။ ရည်းစား ထား လိုက်လို့ ကိုယ့် အပေါ် လုံးဝ မှီ ချ လိုက် သူ ကို ရေရှည် မကြိုက်နိုင်ပါဘူး ။

ဒါကြောင့် …

“ ကိုယ့် ရဲ့ ဖြစ်တည်မှု ကို ချစ်ပါ ”

“ ကိုယ့် ရဲ့ ဖြစ်တည်မှု ကို ချစ်သူ ကို မှ ပြန် ချစ်ပါ ”

“ သူ့ ရဲ့ အချစ် ကို ရယူရုံ လောက် နဲ့ ပုံစံ မပြောင်းပါ နဲ့ ”

ယောက်ျားတွေ က လည်း တစ်မျိုး ။

ချစ်သူ ဆီ က အဖြေ ရ ဖို့ ဆိုရင် ကောင်းကင် ပေါ် က ဓူဝံကြယ် တောင် ဒူး နဲ့ တက် တိုက်မယ် တကဲကဲ ။

အမှန် လူ က ချည့် နေတာ ။

ရှိစု မဲ့စု လက်မောင်းပိန် ကို ညှစ် ပြပြီး ၊ မြန်မာ ရုပ်ရှင် ထဲ က လူကြမ်း အိုက်တင် နဲ့

“ ကိုကြီး ကို အားကိုး လိုက်စမ်းဘာ ဟင်း ဟင်း ”

တစ်ခါသား မြို့လယ် မှာ ကြုံရဲ့ ။

တစ်ယောက် က ချိုင်းထောက် ။ တစ်ယောက် က ငချိ ။

နှစ်ယောက်သား တစ်ယောက် ကို တစ်ယောက် အမှီသဟဲ ပြုပြီး လမ်းဖြတ် ကူးတာ ။ အံမယ် မိုး မ မြင် လေ မ မြင် ပဲ ။ ကောင်းကင် ကို လက်ညှိုး တ ထိုးထိုး နဲ့ ။

သူတို့ လမ်းလယ်ကောင် ရောက် မှ တက္ကစီ တစ်စီး က အရှိန် နဲ့ ဖြတ် ဝင်လာတာ ။ သူတို့ တည့်တည့် ကြီး ။