လူပျိုအပျို ဖတ်စာ

“ ဟာ သွားပြီ ”

ကြည့်နေစဉ် အချိန် အတွင်း မှာ ပဲ “ဖလွတ် ” ဆို ငချည့် ၊ ချိုင်းထောက် ကို ထားပြီး ပလက်ဖောင်း ပေါ် တက် ပြေးတာ ။

“ ဟာ ဒါတော့ မြန်သဟ ”

ငချည့် ။ လူ က သာ ချည့် တာ ။ အပြေးတော့ သန်သား ။

လမ်းလယ်ကောင် မှာ ချိုင်းထောက် တစ်ယောက် တည်း ကျန်ခဲ့တာ ။

“ ကျွီ ”

“ အမယ်လေး ကိုကို ကယ်ပါဦး ”

အံမယ် ၊ ဒုက္ခ ကြုံလို့ ‘ တ ’ တာ တောင် ဘုရား မ တ ဘူး ။

“ ကိုကို ကယ်ပါဦး ” တဲ့ ။

သူ့ ကိုကို ငချည့် က သူ့ ကို ထားပြီး ထွက် ပြေး တာ ။ ပလက်ဖောင်း မှာ ရေတောင် သောက် နေပြီ ။

ကား က ဘရိတ်အုပ် မြန် လို့ပေါ့ ။ ကားသမား သာ မမြန်ရင် ချိုင်းထောက် ကျိုးပြီ ။

ဒါကိုတောင် ငချည့် က မာန် မလျှော့ဘူး ။ လက်မောင်းပိန် ပေါ် က အင်္ကျီ ကို လိပ်တင်ပြီး …

“ ဟေ့ လူ ကား ကို ဘယ်လို မောင်းတာလဲ ဗျ ၊ လူ ဖြတ် နေတာ မမြင်ဘူးလား ၊ တယ်လေ ငါ လုပ် လိုက်ရ ”

ဆိုပြီး သွား နေလို့ ဒရိုင်ဘာ မူလီ ကြပ် တဲ့ ဂွ ကြီး ဆွဲ ဆင်းလာပြီး ..

“ ဟင် ဘာ စကား ပြောတာလဲကွ ၊ မျဉ်းဝါကြား မ ဖြတ်ဘဲ မဖြတ်ရမယ့် နေရာ က ဖြတ်တာ သေချင် လို့လား ၊ လာလေ ”

တက္ကစီဒရိုင်ဘာ ကို သံဂွကြီး နဲ့ မြင် တော့ ငချည့် ကြောက်ကြောက်လန့်လန့် နဲ့ ပလက်ဖောင်း ပေါ် ပြန် ပြေး တက်သွားပြီး

“ ဟေ့လူ ခင်ဗျား စကား ပြော ရင် ကောင်းကောင်း ပြော ၊ လက် မပါနဲ့ ”

ကားသမား က ဆဲဆိုပြီး ထွက် သွားမှ လေ ထဲ ကို ခြေ တစ်ချက် လွှဲ ကန်ပြီး

“ တောက် ကိုယ့် အသက် နဲ့ မက ချစ်ရတဲ့ ချစ်သူ လေး ပါ နေလို့ပေါ့ ကွာ ၊ နောက်မို့ဆို သေသွား မယ် ၊ လာ ချစ်လေး ”

ဆိုပြီး ချိုင်းထောက် လက် ကို ငချည့် ဆွဲ ပြီး ထွက် သွားလေရဲ့ ။ ချိုင်းထောက် က လည်း အမှတ် မရှိ ဘူး ။

“ ကြောက်ဖုတ် ကောင်းလိုက်တာ ကိုကို ရယ် ( စကား မပီတော့တာ ) ရင် တွေ တောင် တုန်တယ် ”

ဒါကို ငချည့် က မာန် မလျှော့ဘူး ။

“ ကိုယ့် ချစ်သူလေး ပါ လာလို့ပေါ့ ကွာ ၊ ကိုယ် ဖြဲ ရင် ပြဲ တယ် ဆိုတာ ချစ် သိတယ်နော် ”

ဒါကို ချိုင်းထောက် က လည်း

“ သိတာပေါ့ ကို ရယ် ၊ ကို ဖြဲ ရင် ပြဲ နေကျပဲ ၊ ကြောက်ဖုတ်ကောင်း လတ်တာ ”

ဆိုပြီး ထုံးစံ အတိုင်း ချိုင်းထောက် သဖွယ် ငချည့် ချိုင်း အောက် တိုး ဝင်ပြီး လိုက် သွားတော့တာ ။

အမှန်ဆို စဉ်းစား ကြည့် ။

“ ကိုယ် အသက် မ က ချစ်ရတဲ့ ချစ်သူလေး ”

တဲ့ ။ တကယ် အရေးကြုံ တော့ ကိုယ့် အသက် သာ တန်ဖိုး ထားပြီး ထွက်ပြေး သွား တာ ဘယ်သူတုံး ။ ကဲ … ဒီလောက် အားကိုးချင်စရာ မကောင်းတဲ့ ငချည့် ။ အန္တရာယ် နဲ့ ကြုံ လာတဲ့ အခါ ကိုယ့် ကို ချန် ထားပြီး ထွက်ပြေး သွား တဲ့ ငချည့် ။ ကိုယ့် အမှား ကို ဝန် မခံဘဲ တစ်ပါးသူ ကို သံကောင်းဟစ် ရန်ရှာ တဲ့ ငချည့် ။ လူ က လည်း ငချည့် ။

ကောင်းကွက် ဆိုတာ တစ်ကွက် မှ မရှိဘူး ။ ဒါကို ဘာကိစ္စ အားကိုး နေဦးမှာလဲ ။

လောက မှာ ဘာ တစ်ခု မှ မကောင်း ဘဲ အပြော ကောင်း လို့ ယုံကြည် ခံ နေရ သူ တွေ အများကြီး ။ ဒီလို လူတွေ အများကြီး ပါ ။

လမ်း ဖြတ်ကူးချိန်လေး တစ်ခု မှာ တောင် အား မ ကိုး ရ ရင် ဘဝကြီး တစ်ခုလုံး ဖြတ်ကူး ဖို့ အတွက် ဘာ ယုံကြည်စရာများ ရှိလဲ ။

ယောက်ျား ဆိုတာ လဲ ကိုယ် ချစ်တဲ့ သူ ကို အကာအကွယ် ပေး ရမှာလေ ။ ထွက်ပြေး ရ မှာ မဟုတ်ဘူး ။

ဒါပေမဲ့ လည်း ပေါ့ ။

တချို့ယောက်ျား တွေ က ကြောင် နဲ့ တူတယ် ။

“ အိမ် သာ ရင် ကြောင် နေပါတယ် ”

“ အိမ် မသာယာ ရင် အဲဒီ ကြောင် က ထွက်ပြေး သွားပါလေရော ”

ဒါကြောင့် သတိပေးပါရစေ …

“ ရည်းစား ထား တာ ကြောင် မမွေးမိပါစေနဲ့ ”

အခုခေတ် ကလေး တွေ က ခေတ် ပဲ မီ လွန်း နေတာလား ၊ ခွဲခြမ်းစိတ်ဖြာမှု က ပဲ ပုံစံ ပြောင်း သွားတာလား မသိပါဘူး ။

ဆုံးဖြတ်မှုတွေ ပုံစံ ပြောင်း လာ ကြပါတယ် ။

Facebook ကို စွဲစွဲမြဲမြဲ သုံးသူတွေ ဆို ပို ဆိုးပါတယ် ။

ကလေးမလေး တစ်ယောက် နဲ့ စကား ပြော ဖြစ်တော့

“ သမီး ရဲ့ အချစ်ဆုံး Friend တွေ က အမေရိကား က တစ်ယောက် ၊ ကနေဒါ က တစ်ယောက် ၊ ဩဇီ က တစ်ယောက် ”

“ ဒီ က လူတွေ နဲ့ က ရော Friend မဖြစ်ဘူးလား ”

ဆိုတော့ ဘာ ပြောတယ် သိလား ။

“ အကျင့် မကောင်း လို့ Block ထားတယ် ”

ဒါနဲ့ ကိုယ် လည်း ဆက် မေး ရတာပေါ့ ။