ဒီတော့ အပြင် မှာ လည်း ကိုယ်တိုင် ကောင်းမွန် အောင် နေထိုင်ပါ ။ တကယ် မြင်တွေ့ နေရသူ တွေ နဲ့ ပေါင်းသင်းပါ ။
တကယ် မြင်တွေ့ နေရတာ ကိုပဲ ယုံပါ ။
တကယ် အကြောင်း သိ သူ ကို ပဲ ချစ်သူ ရည်းစား အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ပါ ။
ကျွန်တော်တို့ မှာ ပြဿနာ တစ်ခု ရှိ ပါတယ် ။ အဲဒါက ဘာလဲ ဆိုရင်
ကိုယ့် ချစ်သူ ကို ချစ်ကြောင်း ဖွင့် ပြောသင့် ၊ မသင့် ပါ ပဲ ။
တချို့ က လည်း “ အုံ့ပုန်းချစ် ” လို့ ခေါ် ပါတယ် ။
ကိုယ် ချစ်တဲ့ သူ ကို ဖွင့် လည်း မပြောရဲ ။ ချစ် နေမိတဲ့ အတွက် လည်း မခံစား နိုင် ဖြစ် နေ ရ ရှာပါတယ် ။
တချို့လူတွေ များ ဆို ချစ်နေ သူ ကို ဖွင့် ပြော ဖို့ မပြော နဲ့ ၊ အနား တောင် မကပ် ရဲ ဘဲ အဝေး က ပဲ ငေး ကြည့် နေတာမျိုးပါ ။
တချို့က ပို ဆိုးပါတယ် ။ ကိုယ် ချစ် နေတာ ကို သူ က မသိဘဲ သူ့ ဟာ သူ ရည်းစား တွေ ရ ၊ အိမ်ထောင် တွေ ကျ ပေါ့ ။ ကိုယ် က တော့ ကျိတ် ကြေကွဲပေါ့ ။
တချို့ဆို အဲဒီ တစ်ယောက် ကို ပဲ ကြိုက်ပြီး သူ က မသိလိုက်ဘဲ အိမ်ထောင် တွေ ကျ ကလေး တွေ ရ ချိန် ထိ လူပျိုကြီး ၊ အပျိုကြီး တွေ ဖြစ်ပြီး လွမ်းဆွေး ကျန်ရစ် နေတာ မျိုး ပါ ။ ( ကျွန်တော် မပါ )
ကျွန်တော် က တော့ အကြံ ပေးချင် ပါတယ် ။
“ တကယ် ချစ် ရင် ဖွင့် ပြော သင့်ပါတယ် ”
ဘာလို့လဲ ဆိုတော့ …
“ လောက မှာ လုပ်ဖူး တဲ့ အမှား တွေ ထက် မလုပ် ဖြစ် ခဲ့တဲ့ အမှန်တရား ဟာ ပိုပြီး နောင်တ ရ တတ်ကြပါတယ် ”
လူ ဖြစ်ခဲ့တဲ့ အတွက် အမှား ဆိုတာ အနည်း နဲ့ အများ တော့ ရှိ ပါလိမ့်မယ် ။
အမှား တချို့ ကို မှတ်မိပေမဲ့ အမှန် တချို့ ကို တော့ မှတ်မိတော့မယ် မထင်ပါဘူး ။
ဒါပေမဲ့ သေချာပါတယ် ။
မလုပ် ဖြစ်ခဲ့တဲ့ အမှန်တရား အတွက် တော့ သေချာပေါက် နောင်တ ရနေကြမှာပါ ။
အချစ် ကိစ္စ မှာတော့ ဒါဟာ အင်မတန် ဆိုးရွားတဲ့ အမှန်တရား ပါ ပဲ ။
ချစ်သူ ကို ဖွင့် ပြောပြီး သူ နဲ့ ပေါင်းသင်း နေစဉ် အတော အတွင်း အမှားတွေ များစွာ နဲ့ ဖြတ်သန်း ရင်း နောက်ဆုံး ပြတ်စဲသည် အထိ ဖြစ်ဖူးသူတွေ ရှိ မှာပါ ။
အဲဒီ သူတွေ က ကိုယ့် ရဲ့အမှား ကို ပြန် တွေးမိပြီး တစိမ့်စိမ့် ပြန် တွေးရင်း နောင်တ ရ နေကြမှာပါ ။
ဒါဟာ ဖြေ သာ ပါတယ် ။
ဒီထက် ပို နောင်တ ရစရာ ကောင်းတာ က …
ကိုယ် က သူ့ ကို ချစ် နေတာ လည်း မှန် တယ် ။ ဒါပေမဲ့ လုံးဝ ဖွင့် မပြောမိ ပဲ သူ များ နောက်ပါ သွား ကာ မှ တစိမ့်စိမ့် နောင်တ ရ နေ တာ မျိုး ပါ ။
“ ကိုယ် က ဖွင့် ပြောပြီး ချစ်သူ ဖြစ် ကာ မှ ကိုယ့် ရဲ့ အမှားတွေ ကြောင့် လမ်းခွဲ ခဲ့ရတဲ့ နောင်တ နဲ့ ”
“ ကိုယ် က ချစ် နေပါ လျက် နဲ့ ဖွင့် မပြောရဲလို့ နောက်ကျ ကျန်ခဲ့တဲ့ နောင်တ ”
ဘယ်ဟာ က ပို တန်ဖိုး ရှိမယ် ထင်ပါသလဲ ။
ချစ်သူ ကို ချစ်ခွင့် ရခဲ့ တဲ့ သူ က ပိုပြီး သာ မနေဘူးလား ။
ဒါကြောင့် ကျွန်တော် ပြောပါတယ် ။
အချစ် ကိစ္စ နဲ့ ပတ်သက်ရင်
“ လုပ်ခဲ့ရတဲ့ အမှား အတွက် ရခဲ့တဲ့ နောင်တ ထက် စာရင် မလုပ် ဖြစ်ခဲ့တဲ့ အမှန်တရား အတွက် ရခဲ့တဲ့ နောင်တ က အမြဲ ပို ပါတယ် ”
ကျွန်တော် ခုလို ပြောတာ လွန်ကျူး ဖို့ မဟုတ်ပါဘူး ။
“ သူ ပြောတာ မှန်တယ် ၊ ငါ ချစ်တဲ့ ကောင်မလေး ကို ကားတင် ပြေး မယ်ကွာ ”
အဲလို မဟုတ်ပါဘူး ။
လူ့ ဂုဏ်သိက္ခာ နဲ့ အညီ ဆုံးဖြတ် ဖို့ ပြောတာပါ ။
ကိုယ် က တော့ ချစ်တာ မှန်ပေမဲ့ တစ်ဖက်သား ရဲ့ ဆုံးဖြတ်ချက် ကို လည်း လေးစား ရ မှာ ဖြစ် ပါတယ် ။
“ ငါ သူ့ ကို ချစ်တယ် ကွာ ၊ ငါ ချစ်တဲ့ အတွက် ငါ့ စိတ် ဆန္ဒ အတိုင်း ဖြစ်အောင် ငါ လုပ်မယ် ”
ဆိုတာမျိုး က လူ့ ဂုဏ်သိက္ခာ နဲ့ တိုင်းတာရင် အဆင့် မီတာမျိုး မဟုတ်ပါဘူး ။
အချစ် ဆိုတာ က သိမ်မွေ့နူးညံ့ လွန်းပါတယ် ။
ကိုယ် ထင် ရာ စွတ်ရွတ် လုပ်ခြင်း ဟာ အမှား ကျူးလွန် နေခြင်း ပါ ပဲ ။