လူသစ်

နိုင်သည်။ နွေရာသီသို့ ထိုးထွင်း ဝင်ရောက်လာသည်နှင့်အတူ ခင်းကျင်းထားသော သူ၏ စားကုန်ပစ္စည်းများကိုလည်း အခင်းအကျင်း ပြောင်းလဲရပေတော့မည်။ တချို့မုန့်များကို နေပူထဲတွင် ကြာကြာ ထားနိုင်သော်လည်း တချို့မှာ ထိုသို့ ထားရန် မသင့်လျော်သည်များ ရှိသည်။
အရိပ်တစ်ခု မြေပြင်ပေါ်တွင် ရွေ့လျားသွားသည်ကို သတိထားမိသောကြောင့် ဦးကျော်ဌေးသည် သူ၏ နောက်ဘက်တွင် လူတစ်ယောက် ရပ်နေကြောင်း သဘောပေါက်လိုက်သည်။ “ဘာ အလိုရှိပါသလဲ” ဟု မေးမည် ဟန်ပြင်ပြီးကာမှ ထိုစကားလုံးများကို မျိုချလိုက်ရသည်။ ထိုသူကို သူသိနေသည့်အပြင် မြင်ရသည်ကိုပင် အနည်းငယ် စိုးရွံ့နေမိသည်။ “ဒီနေ့လည်း အတော် ပူတာပဲဗျ” ထိုသူထံမှ အသံထွက်ပေါ်လာသည်။
“ဟုတ်တယ်ဗျာ။ ဒါနဲ့ ဦးသမီးကို လာရှာတာလား။ သူ ပြန်မရောက်သေးဘူး”
ကိုဝေဖြိုးသည် လက်ကို ဖြည်းဖြည်းချင်း ခါယမ်းပြသည်။ “ကျွန်တော် ဦးကို မေးစရာ ရှိလို့ပါ။ အချိန် နည်းနည်း ပေးလို့ရမလား”
“အင်း ….” ဦးကျော်ဌေးသည် ကိုဝေဖြိုးကို လှမ်းကြည့်လိုက်သည်။ မိမိအား စိုက်ကြည့်နေသည်ကို မြင်သောအခါ ခေါင်းကို ချက်ချင်း ပြန်ငုံ့လိုက်မိသည်။ “အထဲကို ကြွပါ” သူသည် လက်လှမ်းကာ တံခါးမကြီးကို ဆွဲဖွင့်ပေးနေသည်။
“ဦးရဲ့ အမေရော”
“ဦးအမေလား။ အိမ်ထဲမှာ ရှိပါတယ်။ သူ့ကို ခေါ်ပေးရမလား”
“မဟုတ်ပါဘူး။ တကယ်လို့ ဦးရဲ့အမေ အိမ်မှာ ရှိနေတယ်ဆိုရင် ကျွန်တော်တို့ တခြားနေရာမှာ သွားပြောကြရအောင်လား”
ဦးကျော်ဌေးသည် သူ့အောက် အသက်တစ်ပြန်မျှ ငယ်သော ထိုရဲအရာရှိထံမှ ပြောမပြတတ်သော ဖိအားတစ်မျိုးမျိုးကို ခံစားနေရသည်။ ထိုရဲအရာရှိသည် ယခုလို သူ့ထံသို့ ရောက်လာခြင်းမှာ သတင်းတစ်ခုခု စုံစမ်းရန် သက်သက်မျှ မဟုတ်ကြောင်းကို သူ ယုံကြည်နေမိသည်။
ဦးကျော်ဌေးသည် လမ်းဘက်သို့ တံတွေးတစ်ချက် ထွေးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဆိုင်ထဲသို့ ဝင်သွားပြီး အတွင်းဘက်သို့ လှမ်းအော်ပြောနေသည်။ “အမေ၊ မအိပ်ဘူး မလား”
ဒေါ်စိန်လှသည် အိမ်အတွင်းမှ ချက်ချင်း ထွက်လာသည်။ “ဘာဖြစ်လို့လဲ”
“ကျွန်တော် အပြင်ခဏ သွားလိုက်ဦးမယ်။ ဆိုင် ကြည့်ပေးထားဦး”
“ဘိလိယက်ခုံ သွားဦးမလို့လား။ နင်ကတော့ တကယ်ပဲ” ဆိုင်ထဲသို့ ဝင်လာသော ဒေါ်စိန်လှသည် သူ့သားအနောက်တွင် ရပ်နေသောသူအား မြင်သွားအခါ “အော် ဟို ခပ်ဖြောင့်ဖြောင့် မောင်ရဲသားပဲ။ ဦးလွန်းဆွေကို အခုထိ သံသယ ရှိနေကြတုန်းပဲလား”
“ကျွန်တော်တို့ စုံစမ်းနေဆဲပါ ခင်ဗျ”
“အားကိုးပါတယ်ကွယ်။ သူက လူကောင်းတစ်ယောက်ပါ။ လူသတ်မှာ မဟုတ်ပါဘူး။ အမေ အာမခံပါတယ်”
“ကျွန်တော် သဘောပေါက်ပါတယ်။ မကြာခင်ကမှ အဖွား ဆေးရုံဆင်းထားတယ်လို့ ကြားမိတယ်။ နေရထိုင်ရတာ သက်သာရဲ့လားခင်ဗျ”
“ကျေးဇူးပါပဲကွယ်။ အိမ်ပြန်ရောက်ရင် အားလုံး ကောင်းသွားတာပါပဲ။ အလောတကောကြီး ဆေးရုံ မတက်မိရင်တောင် ကောင်းလိမ့်ဦးမယ်” ဒေါ်စိန်လှသည် သူ့သားကို လှမ်းကြည့်လိုက်သည်။
“သားက သူနဲ့ စကားသွားပြောမလို့လား။ ဦးလွန်းဆွေဟာ ဘယ်လို လူစားမျိုးလည်း ဆိုတာ သူ့ကို ကောင်းကောင်း ရှင်းပြလိုက်စမ်းပါအေ”
“အမေကလည်း တကယ်ပဲ။ ကျွန်တော် သိပါတယ်ဗျာ။ ……. ဦးတို့ သွားရအောင်” ဦးကျော်ဌေးသည် ကိုဝေဖြိုးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
ကိုဝေဖြိုးသည် ဒေါ်စိန်လှကို တရိုတသေ ပြောနေသည်။ ”ကျွန်တော်ကို သွားခွင့်ပြုပါဦး”
“ဦး အမေကို ကြည့်ရတာ ကျန်းမာနေတာပဲ။ တော်တော်ကို မာမာချာချာပဲ” ဆိုင်ပြင်သို့ ရောက်သောအခါ ကိုဝေဖြိုးက ပြောသည်။
“လေပဲ မာနိုင်တော့တာ”
သူတို့ နှစ်ယောက်သည် ဆိုင်မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင်ထဲသို့ ဝင်ခဲ့ကြသည်။ ထိုစဉ် ဦးကျော်ဌေးသည် သူ့သမီးပြောခဲ့သော စကားများကို ပြန်ပြီး ကြားယောင်နေမိသည်။
သူတို့သည် ကော်ဖီအေးတစ်ခွက်စီ မှာလိုက်ကြသည်။ ဦးကျော်ဌေးသည် ဆေးလိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်သောအခါ ကိုဝေဖြိုးသည် ဆေးလိပ်ပြာခွက်အား သူ့ရှေ့သို့