ထိုအမျိုးသားသည် ခေါင်းတညိတ်ညိတ်ဖြင့် “ဪ … အတော်ပဲပေါ့” ဟု ပြောကာ အထဲသို့ ဝင်သွားသည်။
ဆိုင်အတွင်းမှ ဦးကျော်ဌေးသည် သူ့သမီးနှင့် အတူ ဝင်လာသော ယောက်ျားကို တစ်လှည့်၊ သူ့သမီးကို တစ်လှည့် ကြည့်ကာ အံ့အားသင့်နေသည်။ “ကြိုဆိုပါတယ်ခင်ဗျာ။ ဘာအလိုရှိပါသလဲ”
သို့သော် ထိုအမျိုးသားက ပြုံးလျက် လက်ကို ခါယမ်းပြကာ ပြောနေသည်။ “ဆောရီးဗျာ။ ကျွန်တော် မုန့်လာဝယ်တာ မဟုတ်ပါဘူး။ ကျွန်တော်က ချောင်းဆုံရဲစခန်းက ရဲအရာရှိတစ်ယောက်ပါ” ထိုအမျိုးသားသည် သူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ ရဲသက်သေခံကတ်ပြားကို ထုတ်ယူပြီး ဦးကျော်ဌေးအား ပြလိုက်သည်။
မနှင်းဖြူ သိသလောက် ဆိုရလျှင် သူ့အိမ်သို့ တစ်ခါမျှ ရဲများ မလာစဖူး။ သူသည် ရဲအရာရှိ၏ လက်မှ ကတ်ပြားကို လှမ်းကြည့်နေသည်။ ကတ်ပြားပေါ်တွင် “ဦးဝေဖြိုး” ဟု ရေးထားသည်။ ထို့နောက် မနှင်းဖြူသည် ထိုသူ၏ အသက်ကို ခန့်မှန်းကြည့်နေမိသည်။ အသက် ၃၀ ကျော်တော့ ဖြစ်ရမည်။ အတိအကျကိုတော့ တွက်ဆရန် ခက်လှသည်။
“မနေ့က ဦးလွန်းဆွေ ဆိုတဲ့ လူတစ်ယောက် ဒီကို လာသေးလား ခင်ဗျာ။ အာမခံကုမ္ပဏီကပါ” ကိုဝေဖြိုး၏ မေးခွန်းက သူ့အား အံ့အားသင့်စေခဲ့သည်။ သူ မထင်မှတ်ထားသော နာမည်။
“ဟုတ်၊ လာပါတယ်” မနှင်းဖြူက ဖြေသည်။
“အဲဒီတုန်းက ညီမရော ဆိုင်မှာ ရှိတာလား”
“ဟုတ်တယ်။ ကျွန်မနဲ့ အဖွားရောပဲ”
ကိုဝေဖြိုးက ခေါင်းညိတ်ပြသည်။ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးအဖွဲ့က ခင်ဗျားတို့ကို မေးစရာလေး နည်းနည်း ရှိလို့ပါ။ ကျွန်တော် သူတို့ကို အထဲ ခေါ်လိုက်ရမလား”
‘ထောက်လှမ်းရေး’ ဟူသော စကားကြောင့် မနှင်းဖြူသည် အနည်းငယ် တုန်လှုပ်သွားသည်။ “အဲ ……” သူသည် သူ့အဖေကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“ကိစ္စတော့ မရှိပါဘူး။ ဒါပေမယ့် ဘာပြဿနာများ ရှိလို့ပါလဲ” ဦးကျော်ဌေးက ဝင်မေးသည်။
ordelix_consent
Cookie
Declared by integrationObserved
Stores your cookie consent preferences and policy version.
After consentAfter reload
- Source
- Configured integration metadata
- Duration
- Persistent
- Domain
- shwekaraoke.com
- Type
- HTTP
- Party
- First-party
- Observed at
- 2026-03-16T05:16:14.992Z
- Source page
- https://shwekaraoke.com/